နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ ပြဋ္ဌာန်း

ဇွန်လ (၁၄)ရက်။

NUG ရဲ့ CDM အောင်မြင်ရေးကော်မတီက ပေးပို့လာတဲ့ “ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ” ကို ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်တယ်လို့ CRPH ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီလိုပြဋ္ဌာန်းလိုက်တဲ့ “ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ” မှာ အခန်းစုစုပေါင်း (၇)ခန်းပါဝင်တယ်လို့ ဆိုပါတယ်။

အဲ့ဒီဥပဒေဟာ CDM ဝန်ထမ်းတွေကို အကာအကွယ်ပေးဖို့၊ အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ဖို့၊ အကူအညီတွေ ပံ့ပိုးပေးဖို့နဲ့ နစ်နာမှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေကို ရှာဖွေဖော်ထုတ်ပြီး ပြန်လည်ကုစားပေးတာနဲ့ အမှန်တရားနဲ့ တရားမျှတမှု ရှာဖွေဖော်ထုတ်ဖို့ ရည်ရွယ်တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနဲ့ ကိုက်ညီတဲ့ နိုင်ငံ့ဝန်ထမ်းယန္တရားကို ဖော်ဆောင်ရာမှာ အထောက်အကူဖြစ်ဖို့၊ CDM ဝန်ထမ်းတွေရဲ့ မြင့်မြတ်တဲ့ ခံယူချက်နဲ့ စိတ်ဓါတ်တွေ ရေရှည်တည်တံ့စေဖို့နဲ့ CDM မလုပ်တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အရေးယူဖို့ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် ဥပဒေပါပြဋ္ဌာန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်း စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းရမယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီကော်မရှင်ကို “ မ” ဂဏန်းဦးရေနဲ့ သတ်မှတ်ဖွဲ့စည်းရမှာဖြစ်သလို ကော်မရှင်အနေနဲ့ CDM မလုပ်တဲ့ နိုင်ငံ့ဝန်ထမ်းတွေက CDM ဝန်ထမ်းတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေကို မှတ်တမ်းတင်တာ၊ ထိန်းသိမ်းတာနဲ့ အစိုးရထံ အစီရင်ခံတင်ပြရမယ်လို့ ပါရှိပါတယ်။

ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်အနေနဲ့ CDM မလုပ်တဲ့ နိုင်ငံ့ဝန်ထမ်းတွေစာရင်း ပြုစုတင်ပြတာ၊ လိုအပ်တဲ့ ကော်မတီနဲ့ လုပ်ငန်းအဖွဲ့ဖွဲ့တာနဲ့ CDM မလုပ်တဲ့ နိုင်ငံ့ဝန်ထမ်းတွေအပေါ် တိုင်ကြားတဲ့ တိုင်ကြားစာတွေ လက်ခံတာတွေ ပါဝင်တယ်လို့လဲ ဖော်ပြထားပါတယ်။

ဥပ‌ဒေထဲ အရေးယူတာမခံရတဲ့ CDM မလုပ်တဲ့ နိုင်ငံ့ဝန်ထမ်းတွေဟာ ပြည်သူ့ဘက်မရပ်ဘဲ စစ်အုပ်စုရဲ့ အာဏာသိမ်းကာလထဲ ရပ်တည်ခဲ့တာအပေါ် အများပြည်သူကို ဝန်ချတောင်းပန်တာကို အစိုးရရဲ့ ညွှန်ကြားချက်နဲ့အညီ ဆောင်ရွက်ဖို့ ပြဋ္ဌာန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကမ္ဘာလုံးဆိုင်ရာ အခြေအနေ အကျဉ်းချုပ် (၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ)

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 23 Views
လက်ရှိ နိုဝင်ဘာလတွင် နိုင်ငံတကာရေးရာနှင့် ပတ်သက်၍ အဓိက အာရုံစိုက်နေရသော အခြေအနေများမှာ- ၁။ ရုရှား-ယူကရိန်း တင်းမာမှုများနှင့် စိုးရိမ်မှုများ အပူပေးစနစ်နှင့်
မြန်မာသတင်း

ရေးမြို့မြောက်ပိုင်း ကနင်ကမော့ရွာအနီး စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၁)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 38 Views
နိုဝင်ဘာလ (၁၄)ရက်။ နိုဝင်ဘာလ (၁၁)ရက်နေ့က ရေးမြို့မြောက်ပိုင်း ကနင်ကမော့ရွာအနီးမှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

မောတောင်မြို့သိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်း (၄၀)ကျော် ဖမ်းမိခဲ့တယ်လို့ BPLA ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 34 Views
နိုဝင်ဘာလ (၁၄)ရက်။ ဒီကနေ့မှာ တနင်္သာရီတိုင်းထဲရှိ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မောတောင်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA)ရဲ့ အတည်ပြုထုတ်ပြန်ထားချက်အရ သိရပါတယ်။ မောတောင်မြို့သိမ်းတိုက်ပွဲမှာ KNLA၊ BPLA နဲ့ Force for Federal Democracy(FFD)တို့ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့
မြန်မာသတင်း

နေပြည်တော် တပ်ကုန်းမြို့ရှိ စစ်တပ်လုံခြုံရေးကင်းစခန်း စီးနင်းရှင်းလင်းခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 27 Views
နိုဝင်ဘာလ (၁၄)ရက်။ နိုဝင်ဘာလ (၁၂)ရက်နေ့ ညနေပိုင်းအချိန်က နေပြည်တော် တပ်ကုန်းမြို့ရှိ စစ်တပ်ရဲ့ ရတနာမြေအခြေပြုလုံခြုံရေးကင်းစခန်းကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစခန်းမှာ စစ်တပ်က (၂)နှစ်လောက် တပ်စွဲထားတာ။ စခန်းကို
မြန်မာသတင်း

ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 24 Views
နိုဝင်ဘာလ (၁၄)ရက်။ ဒီကနေ့ နေ့လယ်ပိုင်းအချိန်မှာ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မောတောင်မြို့ကို KNLA ပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ (၄)ရက်လောက် တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာ တော်လှန်ရေးတပ်တွေရဲ့ မြို့ဧရိယာအားလုံးကို သိမ်းပိုက်နိုင်ခဲ့တာ။ အသေးစိတ်ကတော့ သက်ဆိုင်ရာတပ်ဖွဲ့တွေက
မြန်မာသတင်း

ပြည်သူ့စစ်မှုထမ်းတပ်သားအချို့ကို နှုတ်ထွက်ခွင့်ပေးတယ်ဆိုပြီး စစ်ကော်မရှင် ပုံဖော်ဝါဒဖြန့်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 25 Views
နိုဝင်ဘာလ (၁၄)ရက်။ မနေ့က စစ်ကော်မရှင်ရဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ပြည်သူ့စစ်မှုထမ်း တပ်သားအချို့ကို စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ထုတ်ပေးတဲ့အခမ်းအနားကို ကျင်းပခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်မှုထမ်းပြီးကြောင်း လက်မှတ်ပေးအပ်တာဟာ တာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်းတွေထဲက စစ်မှုထမ်းကာလ (၃)ပုံ (၁)ပုံ လျှော့ပေါ့ခွင့်ရရှိတဲ့
မြန်မာသတင်း

တလထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၈၅)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 39 Views
နိုဝင်ဘာလ (၁၃)ရက်။ ပြီးခဲ့တဲ့ အောက်တိုဘာလထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၈၅)ဦး သေဆုံးခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ပေါင်း (၂၅၀)အထိ ကျူးလွန်ခဲ့ပြီး ‌ပြည်သူ
မြန်မာသတင်း

ရန်ကုန်မှာ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 13 ရက်
  • 47 Views
ရန်ကုန်မှာ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ နိုဝင်ဘာလ (၁၃)ရက်။ ရန်ကုန်တိုင်းရှိ မြို့နယ်အချို့က ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စာလှယ်လောင်း မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ကျောက်တန်းဘက်မှာ ကြံ့ဖွတ်ပါတီက မဲဆွယ်တဲ့ ကိုယ်စားလှယ်လောင်းဆိုင်းဘုတ်တွေ