နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 25 ရက်

Israel -Iran

Israel -Iran နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

ဘာမှမကျန်တော့မဲ့အဖြစ် မရောက်ခင် သဘောတူညီချက်တစ်ခုယူဖို့ အီရန်ကို ထရန့် သတိပေး

အီရန်ကို အစ္စရေးတိုက်ခိုက်ရာမှာ နောက်ကွယ်က အမေရိကန် ပါဝင်နေသလား။

ဇွန်လ ၁၃ ရက်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေးကို အမေရိကန်က “အသေအချာ ထောက်ခံတယ်” လို့ ပြောခဲ့ပြီး “ အီရန်အပေါ် ညတွင်းချင်း တိုက်ခိုက်မှုဟာ အလွန်အောင်မြင်တဲ့ တိုက်ခိုက်မှု ဖြစ်တယ်” ဟု ဆိုခဲ့သည်။ အီရန်ကို နူကလီးယား သဘောတူစာချုပ်ချုပ်ဆိုဖို့ သတိပေးနေချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က CNN နှင့် တိုတောင်းသည့် ဖုန်းခေါ်ဆိုမှုအတွင်း ပြောကြားခဲ့သည်။

အမေရိကန်အနေနှင့် အစ္စရေးလုပ်ဆောင်မှုတွင် မပါဝင်ဘဲ ခပ်ခွာခွာနေခဲ့ခြင်းကို ကြိုးပမ်းသည့် နိုင်ငံခြားရေးဝန်ကြီး မာကိုရိုဘီယို၏ ကြာသပတေးနေ့ကြေညာချက်နှင့် ပတ်သက်၍ မေးမြန်းရာ ထရန့်က ဒါနာဘတ်ရှ် (Dana Bash) သို့ ပြောကြားရာတွင် “ကျုပ်တို့က အစ္စရေးကို ထောက်ခံပါတယ်၊ ဘယ်သူမှ မထောက်ခံဖူးသလိုမျိုး ထောက်ခံပါတယ်” ဟု ပြောကြားခဲ့သည်။

သမ္မတထရန့်က “ အီရန်ကို သဘောတူညီချက်တစ်ခု ရအောင်လုပ်ဖို့” တိုက်တွန်းခဲ့သည်။

“ ငါပြောတုန်းက အီရန်က နားထောင်သင့်တယ်။ မင်းသိတယ်၊ ငါ (အချိန်)ပေးခဲ့တယ်၊ မင်းသိလားတော့ မသိဘူး၊ ဒါပေမယ့် ငါ သူတို့ကို ရက် ၆၀ အချိန်ပေးခဲ့ပြီး ဒီနေ့က ၆၁ ရက်နေ့ပဲ” ဟု သူက CNN သို့ ပြောကြားခဲ့သည်။

“ သူတို့က အချိန်မနှောင်းခင် စာချုပ်ချုပ်ဖို့ စားပွဲကို လာသင့်တယ်။ သူတို့အတွက် အရမ်းနောက်ကျလိမ့်မယ်။ ငါနဲ့ ဆက်ဆံနေတဲ့လူတွေက သေကုန်ပြီ၊ သူတို့က သဘောထားတင်းမာသူတွေပဲ” ဟု သမ္မတက ပြောကြားခဲ့သည်။ သူဘယ်လူတွေကို ရည်ညွှန်းတယ်ဆိုတာကို သတ်မှတ်၍ မပြောခဲ့ပါ။

ထရန့်သည် သောကြာနေ့တွင် အစ္စရေး၀န်ကြီးချုပ် ဘင်ဂျမင်နေတင်ရာဟုနှင့် စကားပြောရန် စီစဉ်ထားကြောင်း အမေရိကန်နှင့် အစ္စရေး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ဘာမှမကျန်တော့တာ မဖြစ်သေးခင် နျူကလီးယား သဘောတူညီချက်ကို သဘောတူဖို့ သမ္မတက သောကြာနေ့ အစောပိုင်းမှာ အီရန်ကို သတိပေးခဲ့ပြီး “ အီရန်နိုင်ငံအပေါ် အစ္စရေးရဲ့ နောက်ဆက်တွဲ တိုက်ခိုက်မှုတွေက ပိုလို့တောင် ရက်စက်လာလိမ့်မယ်” ဟု ဆိုရှယ်မီဒီယာတွင် ရေးသားဖော်ပြခဲ့ပါသည်။

အစ္စရေးသည် အီရန်၏ နျူကလီးယားအစီအစဉ်နှင့် စစ်ဘက်ခေါင်းဆောင်များကို ပစ်မှတ်ထားတိုက်ခိုက်မှုများ စတင်ပြီးနောက် ထရန့်၏ ပထမဆုံးသော လူသိရှင်ကြား မှတ်ချက်ပေးသည့်ပို့စ်တွင် အမေရိကန်သမ္မတက အီရန်ခေါင်းဆောင်များကို သံတမန်ရေးရာအရ အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့သော်လည်း သဘောတူရန် ပျက်ကွက်ခဲ့သည့်အတွက် အပျက်အစီးများစွာကို ဖြစ်စေခဲ့သည်ဟု ထရန့်ကဆိုခဲ့သည်။

“ သဘောတူညီချက်တစ်ခုလုပ်ဖို့ အခွင့်အရေးကျုပ်က အီရန်ကို အခွင့်အရေးပေးခဲ့တယ်။ အပြင်းထန်ဆုံး စကားလုံးတွေ သဘောတူလိုက်ပါ’ လို့ ပြောခဲ့ပေမယ့် ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ ဘယ်လောက်ပဲ နီးစပ်နေပါစေ ပြီးမြောက်အောင် သူတို့က မလုပ်နိုင်ခဲ့ပါ ဘူး” ဟု ထရန့်က ရေးသားခဲ့သည်။

အီရန်ခေါင်းဆောင်များသည် “ မည်သို့ ဖြစ်ပျက်လာမည်ကို မသိခဲ့ပါ။ သူတို့အားလုံး အခု သေဆုံးသွားကြပြီဖြစ်ပြီး ပို၍ဆိုးလာမယ်” ဟု ထရန့်က ရေးသားခဲ့သည်။

“သေခြင်းတရားနဲ့ ပျက်သုဉ်းမှုတွေ ကြီးကြီးမားမား ရှိနေပြီ၊ ဒါပေမယ့် ဒီလုပ်ကြံသတ်ဖြတ်မှုကို ရပ်ဖို့ အချိန် ရှိပါသေးတယ်၊ နောက်ထပ် စီစဉ်ထားပြီးသား တိုက်ခိုက်မှုတွေက အဆုံးမှာ ပိုလို့တောင် ရက်စက်ကြမ်းကြုတ်ပြီးသွားမှာဖြစ်ပြီး အီရန်အနေနဲ့ ဘာမှမကျန်တော့ခင်မှာ သဘောတူညီချက်တစ်ခု လုပ်ရမှာပဲ” ဟု ထရန့်က ပြောကြားခဲ့သည်။

ထရန့်၏ရန်လိုသောလေသံနှင့် ဆန့်ကျင်ဘက် ရူဘီယိုသည် ကြာသပတေးနေ့နှောင်းပိုင်း ထုတ်ပြန်ချက်တစ်ခုတွင် အမေရိကန်သည် တိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

“မနေ့ညမှာ အစ္စရေးက အီရန်ကို တစ်ဖက်သတ် တိုက်ခိုက်အရေးယူခဲ့ပါတယ်။ အီရန်ကို တိုက်ခိုက်မှုတွေမှာ ကျွန်တော်တို့ မပါဝင်ဘဲ ဒေသတွင်းမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေကို အကာအကွယ်ပေးဖို့ ထိပ်တန်းဦးစားပေးဖြစ်ပါတယ်” ဟု ရူဘီယိုက ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင်ပင် ထရန့်အစိုးရအဖွဲ့သည် အီရန်နှင့် ခြောက်ကြိမ်မြောက် နျူကလီးယား သဘောတူညီချက်ဆိုင်ရာ ဆွေးနွေးပွဲကို ယခင်စီစဉ်ထားသည့်အတိုင်း အိုမန်၌ တနင်္ဂနွေနေ့တွင် ကျင်းပရန် မျှော်လင့်ဆဲဖြစ်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ်နှစ်ခုအရ သိရသည်။

အထူးသံတမန် စတိ့ဗ်ဝတ်ကော့ဗ်သည် ယခုသီတင်းပတ်ကုန်တွင် အစီအစဉ်များ လမ်းကြောင်းမှန်ပေါ်ရောက်စေရန် ကြိုးပမ်းရာတွင် အိုမန်များ (Omanis) နှင့် ညတွင်းချင်း ဆက်သွယ်ခဲ့သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။ သို့ရာတွင် “ ဒီသီတင်းပတ်ကုန်မှာ ဆွေးနွေးပွဲကျင်းပဖို့ဆိုတာ မဖြစ်နိုင်ဘူး” ဟု ယင်းသတင်းရင်းမြစ်များက အသိအမှတ်ပြုခဲ့သည်။ အိုမန်သည် ယနေ့အထိ အမေရိကန်-အီရန် ဆွေးနွေးပွဲကို စီစဥ်ဆောင်ရွက်ပေးခဲ့သည်။

နျူကလီးယားသဘောတူညီချက်သစ်ကို ချေဖျက်ရန် အီရန်နှင့် အမေရိကန်တို့ကြား အကြိမ်ကြိမ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း အဓိက အတားအဆီးဖြစ်နေသည့်အချက်များ ကျန်ရှိနေဆဲဖြစ်ပြီး ၎င်း၏နျူကလီးယား သန့်စင်ရေးဆိုင်ရာ အခွင့်အရေးကို အီရန်က အခိုင်အမာ တောင်းဆိုထားသည်။ တီဟီရန်သည် သဘောတူညီချက်ကို နှောင့်နှေးစေနိုင်သည်ဟု ယခုသီတင်းပတ်အစောပိုင်းက တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ထရန့်က ယခုသီတင်းပတ်အစောပိုင်းတွင် ပြောကြားခဲ့ပြီး သဘောတူညီချက်တစ်ရပ်ကို အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်ချက်နည်းပါးလာကြောင်း ပြောကြားခဲ့သည်။

ထရန့်သည် အရှေ့အလယ်ပိုင်းတွင် “ မကြာမီဖြစ်ပွားနိုင်သည်” “ ကြီးမားသောပဋိပက္ခ” ဖြစ်နိုင်ခြေကိုကြာသပတေးနေ့အစောပိုင်းတွင် သတိပေးခဲ့သည်။

နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီက အီရန်နိုင်ငံသည် ၎င်း၏ နျူကလီးယား မပြန့်ပွားရေး ကတိကဝတ်များကို လိုက်နာခြင်းမရှိဟု ပြောကြားခဲ့ပြီး ကြာသပတေးနေ့တွင် တီဟီရန်က ၎င်း၏ နျူကလီးယား လှုပ်ရှားမှုများ အရှိန်မြှင့်မည်ဟု ကြာသပတေးနေ့တွင် ပြောကြားပြီးနောက် အစ္စရေးက အီရန်အား တိုက်ခိုက်မည့် အန္တရာယ် မြင့်တက်လာမည်ကို အမေရိကန်တာဝန်ရှိသူများက စိုးရိမ်နေကြကြောင်း အမေရိကန် အကြီးတန်းအရာရှိများက CNN သို့ ပြောကြားခဲ့သည်။

ကြာသပတေးနေ့ အစောပိုင်းက တိုက်ခိုက်မှု ဖြစ်နိုင်ချေနှင့် ပတ်သက်၍ မေးခွန်းထုတ်ရာတွင် ထရန့်က ၎င်းသည် “အလွန်ဖြစ်နိုင်သည်” ဟု ပြောကြားခဲ့သည်။

“ကျုပ်အနေနဲ့ကတော့ ဖြစ်ကိုဖြစ်မယ်လို့ မပြောလိုပါဘူး၊ ဒါပေမယ့် အဲဒါက အရမ်းဖြစ်နိုင်ချေရှိတယ်” ဟု ထရန့်က အိမ်ဖြူတော်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

အရှေ့အလယ်ပိုင်းရှိ အမေရိကန်သံရုံးများသည် ယခုသီတင်းပတ်အတွင်း အရေးပေါ် လုပ်ဆောင်ရမည့် အကဲဖြတ်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီး ဒေသတွင်း ခြိမ်းခြောက်မှု ပတ်ဝန်းကျင်ကို အမေရိကန်က စောင့်ကြည့်နေချိန်တွင် ယင်းလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင် နေကြောင်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဒေသတွင်းမှ အမေရိကန်အမှုထမ်းများ ထွက်ခွာရန် အစ္စရေးက သူ့ကို ပြောခဲ့သလားဟု မေးမြန်းရာ ထရန့် က “သူတို့က ကျုပ်ကို ဘာမှမပြောပါဘူး၊ ဒါပေမယ့် ကျုပ်က ပြောတယ် ပဋိပက္ခ ကြီးကြီးမားမား ဖြစ်ဖို့ အလားအလာ ရှိတယ်လို့” ဟု ဆိုခဲ့သည်။

” ဒီဒေသမှာ ကျုပ်တို့ အမေရိကန်တွေ အများကြီးရှိတယ်၊ တစ်ခုခုဖြစ်လာနိုင်လို့ မြန်မြန်ထွက်သွားဖို့ သူတို့ကိုပြောရမယ်၊ သတိပေးချက် မပေးဘဲ ဒုံးကျည်တွေက အဆောက်အအုံထဲကို ဝင်သွားတာ မဖြစ်စေချင်ဘူး။ ဒါကဖြစ်နိုင်တယ်။ အဲဒါကိုကျုပ်လုပ်ရမယ်။ မင်းသိတဲ့အတိုင်း သူတို့ကို နေရာရွှေ့မလား မ‌ရွှေ့ပြောင်းဘဲထားမလား။ အဲဒီလို ရွှေ့ပြောင်းလိုက်တာက ဆိုးတာလည်း ဖြစ်နိုင်သလို ကောင်းတာလည်း ဖြစ်နိုင်တယ်။ တကယ်လို့ ဖြစ်လာရင်တော့ အသက်တွေ အများကြီး ကယ်တင်နိုင်မယ်။ ဒီလိုမဖြစ်ဘူးလို့တော့ မျှော်လင့်ရတာပဲ။”

ကြာသပတေးနေ့နှောင်းပိုင်းတွင် ထရန့်သည် Truth Social ပို့စ်တစ်ခုတွင် အီရန်နှင့် သံတမန် ဆက်ဆံရေးအတွက် သူ၏ဦးစားပေးမှုကို အလေးပေးဖော်ပြခဲ့ပြီး သူ၏အုပ်ချုပ်ရေးယန္တရားသည် “ အီရန်နျူကလီးယား ပြဿနာအတွက် သံတမန်ရေးရာ ဆုံးဖြတ်ချက်တစ်ခု ရဖို့ရန်အတွက် ဆက်လက်လုပ်ဆောင်ရန် ကတိပြုသည်” ဟု ပြောကြားခဲ့သည်။

အလားအလာရှိသောနျူကလီးယားသဘောတူညီချက်အပေါ် စေ့စပ်ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်နေချိန်တွင် အစ္စရေးအား ပစ်မှတ်ထားရန် မလိုလားကြောင်း ထရန့်မှ ပြောကြားခဲ့ပြီး အိုမန်တွင် တနင်္ဂနွေနေ့တွင် ခြောက်ကြိမ်မြောက် ဆွေးနွေးပွဲပြုလုပ်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။

ဖြစ်နိုင်ချေရှိတဲ့ အစ္စရေး၏တိုက်ခိုက်နိုင်မှုနှင့် ပတ်သက်၍ ထရန့်ကို မေးသည့်အခါ “ အီရန်နဲ့ သဘောတူညီချက်တစ်ခု ရချင်ပါတယ်။ ကျွန်တော်တို့ သဘောတူညီချက်တစ်ခုရဖို့ အတော်လေး နီးစပ်နေပါပြီ။ သဘောတူညီချက်တစ်ခုရဖို့ရှိနေတယ်လို့ ထင်နေသရွေ့တော့ အဲဒါကို မပျက်သွား စေချင်ဘူး။” ဟု ပြန်ဖြေခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အာရှ၏ တရိပ်ရိပ်တက်နေသော ကုန်စည်ပြတ်လပ်မှု ဂယက်သည် အမေရိကဆီသို့ ဦးတည်နေသည်

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၄ရက် ဓာတ်ဆီဆိုင်များတွင် လောင်စာဆီကို ခွဲတမ်းနှင့် ရောင်းချနေရသည်။ ဆေးရုံများတွင် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပြတ်လပ်နေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ မနက်ဖြန်ရပ်တန့်လျှင်ပင် လူပေါင်း ၃၀ သန်းကျော် ဆင်းရဲတွင်းသို့ ကျဆင်းနိုင်ကြောင်း ကုလသမဂ္ဂ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်စစ်ပွဲ ပဋိပက္ခသည် မနက်ဖြန်တွင်ပင် အဆုံးသတ်သွားစေကာမူ ကမ္ဘာတစ်ဝန်းရှိ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

‘စက်ရုပ်တွေက သွေးမထွက်ဘူး’ – လူသားစစ်သားများအစား စက်ကိရိယာများကို စစ်မြေပြင်သို့ ယူကရိန်းစေလွှတ်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ဤမြင်ကွင်းသည် စစ်ပွဲများရှိကတည်းက ရှိနေခဲ့သည့် မြင်ကွင်းဟောင်းတစ်ခု ဖြစ်သည်။ စစ်သားနှစ်ဦးသည် လက်ကိုလေထဲမြှောက်ကာ လက်နက်ချနေပြီး တစ်ဖက်ခြမ်းမှ ဟိန်းဟောက်စေခိုင်းနေသည့် အမိန့်များကို ဂရုတစိုက် လိုက်နာနေကြသည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဒရုန်းစစ်ပွဲများ- ယူကရိန်းနှင့် အီရန်အကြား မဟာဗျူဟာမြောက် ဆုံချက်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ပြီးခဲ့သည့်အပတ်က လူမဲ့ဒရုန်းများနှင့် စက်ရုပ်များ အသုံးပြုတိုက်ခိုက်မှုတစ်ခုသည် ရန်သူ့မြေပြင်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။ “ အနာဂတ်ဆိုတာ ရောက်ရှိလို့လာပါပြီ” ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းအရေး ဆွေးနွေးမှုများကို အီရန်စစ်ပွဲပြီးသည့်အထိ စောင့်ဆိုင်း၍မရနိုင်ကြောင်း ဇလန်းစကီးက CNN သို့ ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ၎င်း၏နိုင်ငံအပေါ် ရုရှား၏ ကျူးကျော်စစ် အပေါ် အာရုံစိုက်မှု လျော့နည်းသွားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဝန်ခံပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားကို အမြန်ဖြတ်ကျော်ပြေးရန် ကြိုးပမ်း ခဲ့ကြသလား

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 30 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၂ရက် အီရန်၏ ပစ်မှတ်ထားခြင်းခံရသည့် သင်္ဘောသုံးစင်းအနက် နှစ်စင်းမှာ ကမ္ဘာ့အကြီးဆုံး သင်္ဘောလိုင်းဖြစ်သည့် MSC ပိုင် သင်္ဘောအုပ်စုတွင် ပါဝင်ကြောင်း တွေ့ရှိရသည်။ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေသည့် သင်္ဘောနှစ်စင်းကို သိမ်းဆည်းလိုက်ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 32 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက် သင်္ဘောများ သိမ်းဆည်းခံရမှု။ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း သင်္ဘောနှစ်စင်းကို သိမ်းဆည်းပြီး အီရန်ပိုင်နက်ရေပြင်သို့ ရွှေ့ပြောင်းလိုက်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ် (IRGC)
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်၏ ထိခိုက်လွယ်သော သုတေသနလုပ်ငန်းများနှင့် ဆက်နွှယ်နေသည့် သိပ္ပံပညာရှင် အနည်းဆုံး ၁၀ ဦး မကြာသေးမီနှစ်များအတွင်း သေဆုံး သို့မဟုတ် ပျောက်ဆုံးနေမှုအပေါ် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးအဖွဲ့များ အရှိန်မြှင့်လုပ်ဆောင်နေ

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက် အမေရိကန် အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီသည် ထိခိုက်လွယ်သော သိပ္ပံဆိုင်ရာ အချက်အလက်များကို ကိုင်တွယ်ခွင့်ရှိသူ သိပ္ပံပညာရှင်များ သေဆုံးခြင်းနှင့် ပျောက်ဆုံးခြင်း ဆိုင်ရာ အစီရင်ခံစာများကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း