နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်၏မွေးနေ့တွင် စစ်ရေးပြမှုအား ဆန့်ကျင်သည့် ချီတက်ဆန္ဒပြမှုတွင် လူသန်းပေါင်းများစွာ ပါဝင်လာမလား?

ဇွန်လ (၁၄) ရက်။

သမ္မတထရန့်၏ ၇၉ နှစ်မြောက် မွေးနေ့ဖြစ်သည့် ဇွန်လ ၁၄ ရက်နေ့၌ ဝါရှင်တန်ဒီစီတွင် စစ်ရေးပြချီတက်ပွဲ ကျင်းပမည်ဖြစ်သည်။ ၎င်းအား ဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် လူသန်းပေါင်းများစွာ ပါဝင်မည်ဟု မျှော်လင့်ရပြီး သမ္မတထရန့်တက်လာပြီးနောက်ပိုင်း အင်အားအကြီးဆုံး ဆန္ဒပြပွဲ ဖြစ်လာမည်ဟု စီစဉ်သူများက ခန့်မှန်းကြသည်။

“ ဘုရင်များ မရှိဘူး – No Kings” လှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ပြည်နယ် ၅၀ လုံးတွင် ဆန္ဒပြပွဲပေါင်း ၂၀၀၀ ကျော်ကို စီစဉ်ထားသည်။ ရည်ရွယ်ချက်မှာ “ အာဏာရှင်စနစ်၊ ချမ်းသာသူများကို ဦးစားပေးသော နိုင်ငံရေးနှင့် ဒီမိုကရေစီစနစ်ကို စစ်အာဏာရှင်စနစ်သို့ ပြောင်းလဲမှုကို ငြင်းပယ်ရန်” ဟု ပွဲစီစဉ်သူများက ရှင်းပြသည်။

ဤဆန္ဒပြပွဲသည် အမေရိကန်တပ်မတော် တည်ထောင်ခြင်း နှစ် ၂၅၀ ပြည့် နှစ်ပတ်လည် စစ်ရေးပြ ချီတက်ပွဲကို တိုက်ရိုက်တုံ့ပြန်မှုတစ်ခု ဖြစ်ပါသည်။ ထိုနေ့သည် ထရန့်၏ ၇၉ နှစ်မြောက်မွေးနေ့နှင့် တိုက်ဆိုင်နေပါသည်။

လော့စ်အိန်ဂျလိစ်သည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း အာရုံစူးစိုက်မှုဗဟိုချက်ဖြစ်လာခဲ့သည်။ ရွှေ့ပြောင်းအခြေချနေထိုင်သူများကို ဖမ်းဆီးမှုကို ကန့်ကွက်သည့် ကြီးမားသော ဆန္ဒပြပွဲများကို တုံ့ပြန်သည့်အနေနှင့်လော့စ်အိန်ဂျလိစ်မြို့တွင် အမျိုးသားအစောင့်တပ်နှင့် မရိန်းတပ်သားများကို ထရန့်ကဖြန့်ကျက်ချထားလိုက်ပါသည်။ ဤပုံမှန်မဟုတ်သော ဆောင်ရွက်မှုသည် အာဏာရှင်စနစ်ကို ဆန့်ကျင်သူများကို ပါဝင်သူလာအောင် အမှန်တကယ် လှုံ့ဆော်ပေးခဲ့သည်ဟု ပွဲစီစဉ်သူများက ပြောသည်။

ထိုအချိန်မှစ၍ နယူးယောက်၊ ဆီယက်တဲလ်၊ ရှီကာဂို၊ အော်စတင်၊ လာ့စ်ဗီးဂတ်စ်နှင့် ဝါရှင်တန်ဒီစီ အပါအဝင် အမေရိကန်တစ်ဝှမ်းရှိ မြို့ကြီးများတွင် စီးနင်းစီးနင်းမှုများနှင့် ပြည်နှင်ဒဏ်ပေးမှုများကို ဆန့်ကျင်ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားခဲ့ပြီး ထရန့်အစိုးရသည် ၎င်း၏နိုင်ငံသားများအပေါ် စစ်တပ်သုံးပြီး အင်အားပြခဲ့သည်။

လော့စ်အိန်ဂျလိစ်တွင် အမျိုးသားအစောင့်တပ်ကို ဖက်ဒရယ်ကွပ်ကဲမှုအောက်တွင် ထားရှိရန်အသုံးပြုသည့်အမိန့်အပေါ် အခြေခံ၍ အခြားပြည်နယ်များရှိ ဆန္ဒပြပွဲများကို အလားတူ အရေးယူမှုများပြုလုပ်နိုင်ကြောင်း ကာကွယ်ရေးဝန်ကြီး ဟက်ဆက်က အကြံပြုခဲ့သည်။ တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး သည် ၁၄ ရက်နေ့တွင် San Antonio အတွက်စီစဉ်ထားသည့် “ No King” ချီတက်ပွဲအတွက် ပြင်ဆင်မှုအနေဖြင့် ယခုအပတ်တွင် အမျိုးသားအစောင့်တပ်ကို ချထားခဲ့သည်။

မစ်ဆိုရီပြည်နယ် ပြည်နယ်အုပ်ချုပ်ရေးမှူး Keough သည် “ နိုင်ငံတစ်ဝှမ်းမကြာသေးမီကမငြိမ်သက်မှုများကြောင့်ကြိုတင်ကာကွယ်မှု” အဖြစ် ၁၂ ရက်နေ့တွင် အမျိုးသားအစောင့်တပ်ကို စုစည်းထားခဲ့သည်။

ကြေညာချက်တွင် ရီပတ်ဘလီကန် အုပ်ချုပ်ရေးမှူး Keough က “ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ကို ကျွန်ုပ်တို့ လေးစားသော်လည်း အကြမ်းဖက်မှုနှင့် တရားမဲ့မှုများကို ကျွန်ုပ်တို့ ပြည်နယ်တွင် သည်းခံလိမ့်မည် မဟုတ်ပါ။” ဟု ဖော်ပြခဲ့သည်။

ဤနွေဦးရာသီတွင် “ လက်ရှောင်လိုက် Hands Off ” နှင့် “ 50501” ဟူသောအမည်ဖြင့် ဆန္ဒပြပွဲများကို မြင်တွေ့ခဲ့ရပြီး ထရန့်၏မူဝါဒများကို ပယ်ချသည့် ပထမဆုံးသော နိုင်ငံလုံးဆိုင်ရာ ဆန္ဒပြပွဲ မဟုတ်ပါ။ သို့သော် ပွဲစီစဉ်သူများက အကြီးကျယ်ဆုံးဖြစ်မည်ဟု မျှော်လင့်ထားသည်။

“ No King” လှုပ်ရှားမှုကို ထောက်ခံသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Indivisible မှ အကြီးတန်းအမှုဆောင်အရာရှိ အစ်ဇရာ လီဗင် (Ezra Levin) က “ ခန့်မှန်းချက်အရ ဧပြီလရဲ့ Hands Off ဆန္ဒပြပွဲမှာ လူပေါင်း 3.5 သန်း ပါဝင်ခဲ့ပြီး၊ ဒါဟာ အမေရိကန်လူဦးရေရဲ့ 1% ဖြစ်နေပါပြီ။ No Kings ဟာ သန်းရာကျော် ပါဝင်မယ့် လမ်းကြောင်းပေါ်ရောက်နေပြီ၊ သမိုင်းဝင်ဖြစ်လိမ့်မယ်” ဟု ပြောကြားခဲ့သည်။

CNN ဂျပန်သတင်း

ဓာတ်ပုံများ

(၁) ထရန့်အစိုးရကို ဆန့်ကျင်သည့် Hands Off ဆန္ဒပြပွဲ – ၂၀၂၅ ခုနှစ်၊ ၄ လ၊ ၅ ရက်နေ့/Bryan Dozier/Middle East Images/AFP/Getty Images

Leah Greenberg and Ezra Levin at Greenlight Bookstore in Brooklyn, NY on Monday, November 4th, 2019.

(၂) Indivisible မှ အကြီးတန်းအမှုဆောင်အရာရှိ အစ်ဇရာ လီဗင် (Ezra Levin)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော