နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 12 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ဥရောပ

အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းလိုက်ခြင်းကြောင့် ဘီလာရုစ်က အကျဉ်းသား ၁၂၃ ဦးကို လွှတ်ပေးလိုက်ခြင်း

BBC-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက်

အမေရိကန်ပြည်ထောင်စုက ဘီလာရုစ်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းပေးရန် သဘောတူပြီးနောက် ဘီလာရုစ်က ထင်ရှားသော အတိုက်အခံလှုပ်ရှားသူ မာရီယာ ကိုလ်စနီကိုဗာ(Maria Kolesnikova) အပါအဝင် အကျဉ်းသား ၁၂၃ ဦးကို လွှတ်ပေးခဲ့သည်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် အဲလ်စ် ဘီယာလျက်စကီး (Ales Bialiatski)သည်လည်း အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့်၏ ဘီလာရုစ်ဆိုင်ရာ အထူးသံတမန် ဂျွန် ကိုလ်နှင့် မင့်စ်ခ် (Minsk) မြို့၌ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများအပြီးတွင် လွှတ်ပေးခံရသူများထဲတွင် ပါဝင်သည်။

အမေရိကန်သည် မြေသြဇာအတွက် အဓိကပါဝင်ပစ္စည်းဖြစ်ပြီး ရုရှား၏ အနီးကပ်မဟာမိတ် ဘီလာရုစ်အတွက် အရေးကြီးသော ပို့ကုန်တစ်ခုဖြစ်သည့် ပိုတက်ရှ် (potash) အပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းရန် သဘောတူခဲ့သည်။

ကိုလ်က “ နိုင်ငံနှစ်ခုအကြား ဆက်ဆံရေး ပုံမှန်ဖြစ်လာသည်နှင့်အမျှ ပိတ်ဆို့အရေးယူမှုများကို ပို၍ပို၍ ရုပ်သိမ်းသွားမည်” ဟု ပြောကြားခဲ့သည်။

ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို ကို EU က သမ္မတအဖြစ် အသိအမှတ် မပြု ထားပါ။

ကိုလ်စနီကိုဗာသည် ၂၀၂၀ ပြည့်နှစ်ကတည်းက အကျဉ်းကျခံခဲ့ရပြီး အချိန်အများစုကို တစ်ဦးတည်း သီးခြားထားရှိခြင်း ခံခဲ့ရသည်။ သူမ လွတ်မြောက်ပြီးနောက်တွင် “ ကျွန်မအတွက် ချစ်ခင်ရတဲ့” လူတွေကို မြင်တွေ့ခွင့်၊ ပွေ့ဖက်ခွင့်ရသည့်အတွက် မယုံနိုင်စရာ ပျော်ရွှင်မှု ခံစားရတယ်” ဟု ပြောကြားခဲ့သည်။

သူမက “ ကျွန်မရဲ့ လွတ်လပ်မှု ပထမဆုံး နေဝင်ချိန်ကို မြင်ရတာ၊ ဒီလောက် အံ့သြစရာ ကောင်းတဲ့ အလှတရားကို မြင်ရတာ ကြီးမားတဲ့ ပျော်ရွှင်မှုပါပဲ။ ဒါပေမဲ့ မလွတ်မြောက် သေးတဲ့သူတွေကိုလည်း ကျွန်မတို့ သတိရနေပါတယ်။ အားလုံး လွတ်မြောက်ပြီး အချင်းချင်း ပွေ့ဖက်နိုင်မယ့် အချိန်ကို ကျွန်မ စောင့်မျှော်နေပါတယ်” ဟု ပြောသည်။

စစ်သုံ့ပန်းများ စောင့်ရှောက်ရေးအတွက် ကိယက်ဗ်၏ ညှိနှိုင်းရေးဌာနချုပ်၏ အဆိုအရ ကိုလ်စနီကိုဗာသည် အခြားအကျဉ်းသား ၁၁၃ ဦးနှင့်အတူ ယူကရိန်းသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။

ယူကရိန်းက တယ်လီဂရမ် (Telegram) မှ ထုတ်ပြန်ချက်တွင် အကျဉ်းသားများသည် လိုအပ်သော ဆေးဝါးအကူအညီများ ရရှိပြီးနောက် ပိုလန်နှင့် လစ်သူယေးနီးယားသို့ ပို့ဆောင်ပေးမည်ဟု ပြောကြားခဲ့သည်။

ဗီလ်နီးယပ်စ်မြို့ရှိ အမေရိကန်သံရုံးအပြင်ဘက်တွင် စောင့်ဆိုင်းနေသော ပြည်ပရောက် ဘီလာရုစ်အတိုက်အခံခေါင်းဆောင် ဆဗတ်လာနာ တီခါနော့ဗ်စကာယာ က ဘီဘီစီသို့ ပြောကြားရာတွင် ၎င်းတို့ကို ယူကရိန်းသို့ ပို့ရန် ဆုံးဖြတ်ချက်မှာ မမျှော်လင့်ဘဲ လူကာရှန်ကိုက ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဘီယာလျက်စကီးအပါအဝင် လူအနည်းငယ်ကို လစ်သူယေးနီးယားမြို့တော်သို့ ပို့ဆောင်ခဲ့သည်။

တီခါနော့ဗ်စကာယာကို ပွေ့ဖက်ပြီးနောက် ဘီယာလျက်စကီးက “ လူထောင်ပေါင်းများစွာ အကျဉ်းကျခံခဲ့ရပြီး ဆက်လက် အကျဉ်းကျနေဆဲဖြစ်လို့… ကျွန်တော်တို့ရဲ့ ရုန်းကန် လှုပ်ရှားမှု တွေ ဆက်လက်ရှိနေဦးမှာပါ” ဟု ပြောသည်။

လူကာရှန်ကိုအတွက် ကြီးမားသော အောင်မြင်မှု

ကိုလ်စနီကိုဗာနှင့် စကားပြောဆိုရာတွင် ပထမဆုံး ပြောသည့်စကားမှာ “ အမေရိကန် အုပ်ချုပ်ရေးအဖွဲ့၊ သမ္မတ ထရန့် [နှင့်] ဘီလာရုစ်အစိုးရကိုပါ ဦးဆောင်ပြီး ပြောဆိုဆွေးနွေး ညှိနှိုင်းခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း” ဖြစ်သည်ဟု ခိုမီချ်က ပြောသည်။

ဤသဘောတူညီချက်သည် လူကာရှန်ကိုအတွက် အဓိက အောင်မြင်မှုတစ်ခု ဖြစ်သည်။ အာဏာရှင်ခေါင်းဆောင်သည် အမေရိကန်များက ၎င်း၏ နိုင်ငံတကာအထီးကျန်မှုကို အဆုံးသတ်ပေးခဲ့ခြင်းကိုလည်း ကြိုဆိုဖွယ်ရှိသည်။

EU ကဲ့သို့ပင် အမေရိကန်သည်လည်း လွန်ခဲ့သောငါးနှစ်က မတရားသော ရွေးကောက်ပွဲများ အပြီး လူကာရှန်ကိုအား သမ္မတအဖြစ် အသိအမှတ်မပြုခဲ့ပေ။ ထိုရွေးကောက်ပွဲများကြောင့် ဖြစ်ပွားခဲ့သော လမ်းပေါ်ဆန္ဒပြပွဲများကို ရဲတပ်ဖွဲ့က ရက်ရက်စက်စက် နှိမ်နင်းခဲ့သည်။

ထိုစဉ်က ကိုလ်စနီကိုဗာအပါအဝင် လူရာပေါင်းများစွာကို ဖမ်းဆီးခဲ့ပြီး ပြင်းထန်သော နိုင်ငံရေး ဖိနှိပ်မှုများ ဆက်လက်ဖြစ်ပွားနေခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ရုရှား၏ ယူကရိန်းသို့ အပြည့်အဝ ကျူးကျော်မှုအပြီးတွင် အနောက်နိုင်ငံ များ၏ ပိတ်ဆို့အရေးယူမှုများ ပိုမို တင်းကျပ်လာခဲ့ပြီး၊ ထိုစဉ်က ရုရှားတပ်များသည် ဘီလာရုစ်မှတစ်ဆင့် ဝင်ရောက်ခဲ့ကြပြီး ဒုံးကျည်များကိုလည်း ဘီလာရုစ်ပိုင်နက်မှ ပစ်လွှတ်ခဲ့သည်။

ကိုလ်ကို ဘီလာရုစ်အစိုးရပိုင် မီဒီယာက ကိုးကားဖော်ပြရာတွင် ပိုတက်ရှ်အပေါ် ပိတ်ဆို့အရေးယူမှုများကို ချက်ချင်း ရုပ်သိမ်းမည် ဟု ပြောကြားခဲ့သည်။

အမေရိကန်သံတမန်က ယူကရိန်းအရေးနှင့် ပူတင်နှင့် ဆွေးနွေးရာတွင် မင့်စ်ခ်က မည်သည့် အကူအညီများ ပေးနိုင်သည်ကို လူကာရှန်ကိုနှင့် ဆွေးနွေးခဲ့ကြောင်းလည်း ပြောသည်။

မင့်စ်ခ်နှင့် ထိတွေ့ဆက်ဆံရန် ကြိုးပမ်းမှုသည် အမေရိကန်၏ မူဝါဒတွင် အဓိက ပြောင်းလဲမှု ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး၊ ယင်းသည် ပိတ်ဆို့အရေးယူမှုနှင့် သီးခြားခွဲထုတ်ရေး ချဉ်းကပ်မှု ကို ကျင့်သုံးသော ဥရောပနှင့် များစွာ ကွဲလွဲနေသည်။

လွန်ခဲ့သောငါးနှစ်က ဖမ်းဆီးခံခဲ့ရသော ဘီလာရုစ် အတိုက်အခံနိုင်ငံရေးသမား ဗစ်တာ ဘာဘာရီကို (Viktor Babaryko) ကိုလည်း လွတ်လပ်သော သတင်းဝက်ဘ်ဆိုက် Tut.by ၏ အယ်ဒီတာချုပ်ဖြစ်သူ မာရီနာ ဇိုလိုတိုဗာ (Marina Zolotova) နှင့်အတူ စနေနေ့တွင် လွှတ်ပေးခဲ့သည်။

လွတ်ငြိမ်းခွင့်များအတွက် လဲလှယ်သည့်အနေဖြင့် ပိုတက်ရှ်တင်ပို့မှုများနှင့် ပတ်သက်၍ အမေရိကန်၏ ဘီလာရုစ်နှင့် သဘောတူညီချက်အပေါ် တီခါနော့ဗ်စကာယာက မှတ်ချက် ပေးရာတွင် ပိတ်ဆို့အရေးယူမှုများသည် “ အာဏာရှင်တွေကို တစ်ခုခုလုပ်ဖို့ ဖိအားပေးတဲ့ နည်းလမ်း” ဖြစ်သည်ဟု ပြောသည်။

သူမက “ လူကာရှန်ကိုက လူသားဆန်လာလို့ လူတွေကို လွှတ်ပေးတာမျိုး မဟုတ်ဘူး၊ လူတွေကို တတ်နိုင်သမျှ ဈေးကြီးယူပြီး ရောင်းချင်တာ။ ဟုတ်ပါတယ်၊ ဒါက ဈေးနှုန်းပါပဲ။ ဒါပေမဲ့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ လိုက်လျောညီထွေရှိတယ်ဆိုတာ ကျွန်မတို့ နားလည်ပါတယ်။ သဘောတူညီချက်တချို့ မပြည့်မီဘူးဆိုရင် မနက်ဖြန်မှာ သူတို့ ဒါတွေကို ပြန်ရုပ်သိမ်းနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အဲလက်စ် ဘီယယ်လီယက်စကီ ဗီလ်နီးယပ်စ်မြို့သို့ ရောက်ရှိ(ဓါတ်ပုံ)။

မာရီယာ ကိုလက်စ်နီကိုဗာနှင့် အခြားအကျဉ်းသား ၁၁၃ ဦးကို ဘီလာရုစ်မှ ယူကရိန်းသို့ ပို့ဆောင်ခဲ့သည်။(ဓါတ်ပုံ)

မာရီယာ ကိုလက်စ်နီကိုဗာအဖမ်းဆီးခံထားရစ်။(ဓါတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

“ မင်းသားခေါင်းထဲကိုကျဥ်ဆံပစ်ထည့်လိုက်မယ်” တက္ကဆက် ပြည်နယ်အောက်လွှတ်တော်အမတ်ဟောင်း မာဂျော်ရီတေလာဂရင်း (Marjorie Taylor Greene) ၏ ရင်ဖွင့်သံ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 18 Views
၂၀၂၆ ခုနှစ်၊ မေလ ၃ ရက် ကျွန်မ အသတ်ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ စတင်ရရှိခဲ့တယ်၊ အဲဒါက ကျွန်မကို “သစ္စာဖောက်”
နိုင်ငံတကာသတင်း ရုရှား အာဖရိက

သူပုန်များက ပူတင်၏တပ်များကို အရေးပါသော အာဖရိကမြို့တစ်မြို့မှ မောင်းထုတ်၊ ရုရှား၏ ဒေသတွင်းဩဇာ လျော့ပါးလာနေ

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 16 Views
CNN-၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အဘူဂျာ (Abuja) — ပြီးခဲ့သည့်လက မာလီနိုင်ငံမြောက်ပိုင်းရှိ မဟာဗျူဟာမြောက် ခံတပ်မြို့ ဖြစ်သော ကီဒယ်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ပူတင်က ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်ခြေရှိကြောင်း အရိပ်အမြွက်ပြသ၊ သို့သော် အဘယ်ကြောင့် ယခုမှပြောလာသနည်း

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 16 Views
CNN- နစ်ခ် ပါတန် ဝေါ့ရှ် (Nick Paton Walsh) ၏ ဝေဖန်ဆန်းစစ်ချက်  ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် ပြင်းထန်သော ဖိအားများ ကြုံတွေ့နေရသည့် အချိန်တွင် ထွက်ပေါ်လာသော ထူးခြားသည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်ထံ တင်ပြသည့် ကမ်းလှမ်းချက်မှာ “ကျိုးကြောင်းဆီလျော်မှုရှိကြောင်း” ထရမ့်၏ ပယ်ချမှုအပြီးတွင် အီရန် ပြောကြား

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ် ဘာဂါယီ (Esmail Baghaei) က စစ်ပွဲအဆုံးသတ်ရန် အမေရိကန်ထံ တင်ပြခဲ့သည့် အီရန်၏ နောက်ဆုံးကမ်းလှမ်းချက်မှာ ကျိုးကြောင်းဆီလျော်ပြီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အစိုးရနှင့် ဆက်လက်ဆွေးနွေးသွားမည်ဟု ထရမ့် အရိပ်အမြွက်ပြောကြား

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်ဘက်မှ နောက်ဆုံးကမ်းလှမ်းချက်ကို ပယ်ချခဲ့သော်လည်း လက်ရှိအီရန်အစိုးရနှင့် သံတမန်နည်းလမ်းအရ ဆက်လက်ဖြေရှင်း သွားမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် အရိပ်အမြွက် ပြောကြားခဲ့သည်။ အီရန်အစိုးရအတွင်းရှိ သဘောထားတင်းမာသူများနှင့် ပတ်သက်၍လည်းကောင်း၊ ခေါင်းဆောင်မှုပိုင်း
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အီရန် ဆွေးနွေးပွဲတိုးတက်မှုသည် ထရမ့်၏ တရုတ်ခရီးစဉ် ရလဒ်အပေါ် မူတည်နိုင်ဟု သတင်းရင်းမြစ်ဆို

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား ဆွေးနွေးမှုများသည် ယခုသီတင်းပတ် နှောင်းပိုင်းတွင် သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ မတွေ့ဆုံမီအထိ သိသာထင်ရှားသော တိုးတက်မှုများ ရှိလာမည်မဟုတ်ကြောင်း ညှိနှိုင်းမှုလုပ်ငန်းစဉ်နှင့် နီးစပ်သည့် ဒေသတွင်းသတင်းရင်းမြစ်တစ်ခုအရ
နိုင်ငံတကာသတင်း မြန်မာ့နိုင်ငံရေး အရှေ့တောင်အာရှ

အာဆီယံနိုင်ငံအချို့က ခွဲခြားဆက်ဆံတယ်ဆိုပြီး စစ်ကော်မရှင်နိုင်ငံခြားရေးပြော

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 16 Views
မေလ (၁၁)ရက်။ ပြီးခဲ့တဲ့ (၅)နှစ်ထဲ အာဆီယံနိုင်ငံအချို့ရဲ့ သဘောထားနဲ့ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံတာတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အာဆီယံနိုင်ငံတွေထဲက နိုင်ငံအနည်းငယ်ဟာ ကန့်သတ်တာတွေ၊ ခွဲခြားဆက်ဆံတာတွေနဲ့ တန်းတူကိုယ်စားပြုတာကို ချန်လှပ်ထားတာတွေကို ‌ဆက်လက်ပြုလုပ်ဖို့
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

‘အမေရိကန်နှင့် သဘောတူညီချက်ရယူမှုကို နှောင့်ယှက်ဖျက်ဆီးနေသည့် အီရန်၏ အစွန်းရောက်သဘောထားတင်းမာသူများ

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 31 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၀ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်တို့အကြား ဆွေးနွေးပွဲများသည် အရေးပါသော အဆင့်သို့ ရောက်ရှိလာချိန်တွင်၊ သြဇာညောင်းသည့် သဘောထားတင်းမာသော အဖွဲ့ငယ်တစ်ခုသည် ဝါရှင်တန်နှင့် ဖြစ်ပေါ်လာနိုင်သော သဘောတူညီချက်ကို နှောင့်ယှက်ရန် ကြိုးပမ်းမှုများကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့သည်။ ၎င်းလုပ်ရပ်များသည်