နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရန်

၂၀၂၃ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် နာဂက်စ် မိုဟာမက်ဒီကို အီရန်တွင် ဖမ်းဆီး၊ ထောက်ခံသူများက ပြောကြား

BBC- ၂၀၂၅ခုနှစ်ဒီဇင်ဘာလ ၁၃ရက်

အီရန်လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်နှင့် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ နာဂက်စ် မိုဟာမက်ဒီ ကို အကြမ်းဖက်စွာ ဖမ်းဆီးခဲ့သည်” ဟု ၎င်း၏ ဖောင်ဒေးရှင်းက ပြောကြားခဲ့သည်။

နာဂက်စ် ဖောင်ဒေးရှင်း က အသက် ၅၃ နှစ်အရွယ် မိုဟာမက်ဒီကို အခြားလှုပ်ရှားသူများ နှင့်အတူ အရှေ့ပိုင်းမြို့ဖြစ်သော မက်ရှက်ဒ် (Mashhad) တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ပြောသည်။

နိုဘယ်လ်ကော်မတီက “ယနေ့ နာဂက်စ် မိုဟာမက်ဒီကို ရက်ရက်စက်စက် ဖမ်းဆီးမှုအတွက် အလွန်စိုးရိမ်မိသည်” ဟု ပြောကြားခဲ့ပြီး အာဏာပိုင်များအား “မိုဟာမက်ဒီ၏ တည်နေရာကို ချက်ချင်းရှင်းလင်းပြောကြားပေးရန်၊ သူမ၏ လုံခြုံရေးနှင့် ဂုဏ်သိက္ခာကို အာမခံရန်နှင့် ဖမ်းဆီးမထားဘဲ လွှတ်ပေးရန်” တောင်းဆိုခဲ့သည်။ အီရန်ကမူ မှတ်ချက်ပေးခြင်း မရှိသေးပါ။

မိုဟာမက်ဒီသည် အီရန်နိုင်ငံရှိ အမျိုးသမီးများအပေါ် ဖိနှိပ်မှုများကို ဆန့်ကျင်သည့် ၎င်း၏ လှုပ်ရှားမှုများနှင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးခဲ့မှုများအတွက် ၂၀၂၃ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခြင်း ခံခဲ့ရသည်။

သူမသည် ၂၀၂၁ ခုနှစ်ကတည်းက တီဟီရန်ရှိ နာမည်ဆိုးဖြင့် ကျော်ကြားသော အီဗင် (Evin) အကျဉ်းထောင်တွင် အကျဉ်းကျခံခဲ့ရပြီးနောက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ဆေးကုသမှု ခံယူရန်အတွက် သုံးပတ်ကြာ ယာယီလွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့သည်။

သူမသည် ပြစ်ဒဏ်များစွာကို ကျခံနေရသည့် အကျဉ်းထောင်သို့ မကြာမီ ပြန်သွားရမည်ဟု မျှော်လင့်ရသည်။

သူမကို နောက်ဆုံးအကြိမ် ဖမ်းဆီးမှုသည် ရှေ့နေတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့်သီတင်းပတ်က ရုံးခန်းတွင် သေဆုံးနေသည်ကို တွေ့ရှိရသော ခိုစရော အလီကောဒီ (Khosrow Alikordi) အတွက် ကျင်းပသည့် အောက်မေ့ဖွယ် အခမ်းအနားသို့ တက်ရောက်နေစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နော်ဝေအခြေစိုက်အီရန်လူ့အခွင့်အရေး အဖွဲ့ က ၎င်း၏သေဆုံးမှုပတ်ဝန်းကျင်မှ အခြေအနေများသည် သံသယဖြစ်ဖွယ်” ရှိနေသည်ဟု ပြောကြားကာ မည်သို့သေဆုံး ခဲ့သည်ကို စုံစမ်းရန် လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

အခမ်းအနားတွင် “အာဏာရှင် သေပါစေ” နှင့် “အီရန်နိုင်ငံ သက်တော်ရာကျော် ရှည်ပါစေ” ကဲ့သို့သော ကြွေးကြော်သံများကို ဟစ်အော်ခဲ့ကြသည်ဟု သတင်းရရှိပြီး၊ အခြားလှုပ်ရှား သူများစွာကိုလည်း ထိုအခမ်းအနား၌ ထိန်းသိမ်းခဲ့သည်။

မိုဟာမက်ဒီ၏ ခင်ပွန်းဖြစ်သူ တာဂီ ရာမနီ (Taghi Rahmani) က ဘီဘီစီ ပါရှန်ဘာသာသို့ ပြောကြားရာတွင် “သူတို့က နာဂက်စ်ကို အကြမ်းဖက် ဖမ်းဆီးခဲ့တယ်။ အောက်မေ့ဖွယ် အခမ်းအနားမှာ ရှေ့နေရဲ့အစ်ကိုကိုယ်တိုင် သူ့ကို ဖမ်းဆီးတာ မြင်ခဲ့ရတယ်။ ဒီလုပ်ရပ်ဟာ လူ့အခွင့်အရေးဥပဒေတွေကို ဆန့်ကျင်ပြီး လက်စားချေတဲ့ သဘောမျိုး ဖြစ်ပါတယ်။ ဒါက ဒီနေ့ မက်ရှက်ဒ်မှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး မကြာသေးမီက အစိုးရရဲ့ နှိမ်နင်းမှုတွေ တင်းမာ လာနေတဲ့အတွက် စိုးရိမ်စရာဖြစ်ပါတယ်” ဟု ပြောသည်။

ဆက်လက်ဆန့်ကျင်မှုနှင့် ခြိမ်းခြောက်မှုများ

မိုဟာမက်ဒီသည် အစ္စရေးနှင့် ဇွန်လတွင် အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း အီရန်အာဏာပိုင် များက ဖိနှိပ်မှုများကို ပိုမိုပြင်းထန်လာကြောင်း မကြာသေးမီက စွပ်စွဲခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်က သူမသည် Time မဂ္ဂဇင်းအတွက် ဆောင်းပါး တစ်ပုဒ်ကို ရေးသားခဲ့ပြီး အီရန်အစိုးရသည် ပုဂ္ဂိုလ်ရေးနှင့် လူမှုဘဝ၏ ရှုထောင့်အားလုံးကို ထိန်းချုပ်နေပုံအကြောင်း ရေးသားခဲ့သည်။

သူမက “သူတို့ရဲ့ ငြိမ်းချမ်းမှုကို စောင့်ကြည့်ထောက်လှမ်းမှု၊ ဆင်ဆာဖြတ်တောက်မှု၊ ဥပဒေမဲ့ ဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ အကြမ်းဖက်မှုရဲ့ အမြဲတမ်းခြိမ်းခြောက်မှုတွေက ဖျက်ဆီးနေပါတယ်” ဟု ပြောသည်။

သူမသည် “အစိုးရ၏ ကိုယ်စားလှယ်များ” ထံမှ သွယ်ဝိုက်သောနည်းလမ်းများနှင့် ၎င်း၏ ရှေ့နေများမှတစ်ဆင့် သတိပေးချက်များ လက်ခံရရှိခဲ့သည် ဟု နိုဘယ်လ်ကော်မတီသို့ ပြောကြားခဲ့သည်။

နိုဘယ်လ်ကော်မတီ၏ ထုတ်ပြန်ချက်က “မိုဟာမက်ဒီကို ပေးပို့တဲ့ ခြိမ်းခြောက်မှုတွေက သူမအနေနဲ့ အီရန်အတွင်း လူမှုရေးလုပ်ငန်းတွေအားလုံးကို အဆုံးသတ်ဖို့၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထောက်ခံတဲ့ နိုင်ငံတကာလှုပ်ရှားမှု ဒါမှမဟုတ် မီဒီယာတွေ့ဆုံမှုအားလုံးကို ရပ်တန့်ဖို့ ကတိမပေးရင် သူမရဲ့ လုံခြုံရေး အန္တရာယ်ရှိနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြနေပါတယ်” ဟု ထပ်လောင်း ပြောခဲ့သည်။

လွန်ခဲ့သောတစ်နှစ်တာကာလအတွင်း သူမသည် မဖြစ်မနေ ဝတ်ဆင်ရသော ခေါင်းစည်း ပဝါကို ဝတ်ဆင်ရန် ငြင်းဆန်ခြင်းနှင့် တစ်နိုင်ငံလုံးရှိ လှုပ်ရှားသူများနှင့် တွေ့ဆုံခြင်းဖြင့် စိန်ခေါ်မှုကို ဆက်လက် ထိန်းသိမ်းထားခဲ့သည်။

သူမ၏ ဘဝတစ်လျှောက်လုံးတွင် မိုဟာမက်ဒီသည် ဖောင်ဒေးရှင်း၏ အဆိုအရ ၁၃ ကြိမ် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၃၆ နှစ်ကျော်နှင့် ကြိမ်ဒဏ် ၁၅၄ ချက် ချမှတ်ခံခဲ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 71 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 83 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 81 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 84 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 80 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက