နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဖမ်းမိခဲ့တဲ့ PNLA ရဲဘော် (၅)ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့

ဇန်နဝါရီလ (၁၅)ရက်။

ဇန်နဝါရီလ (၁၃)ရက်နေ့ နံနက် (၁၀)နာရီ (၁၅)မိနစ်အချိန်က တိုက်ပွဲထဲ ဖမ်းမိခဲ့တဲ့ ရဲဘော် (၅)ဦးကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က နှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ PNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ဆီဆိုင်မြို့ ထီစုံရွာအနီး တိုက်ပွဲထဲမှာ ဖမ်းဆီးခံရတဲ့ ရဲဘော် (၅)ဦးကို စကစလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က နှိပ်စက်သတ်ဖြတ်ခဲ့တာ။ အသတ်မခံရခင်အချိန်က အဲ့ဒီရဲဘော်တွေ အသက်ရှင်နေတာကို PNO ထုတ်ပြန်ခဲ့တဲ့အထဲ တွေ့ရပါတယ်”လို့ ဆိုပါတယ်။

ဇန်နဝါရီလ (၁၂)ရက်နေ့က ဆီဆိုင်မြို့ ထီစုံရွာအနီး စစ်ကောင်စီနဲ့ PNO ပူးပေါင်းစစ်ကြောင်းနဲ့ PNLA စစ်ကြောင်းတို့ တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်ကောင်စီဘက်က စစ်ကြောင်းမှူး (၁)ဦးအပါအဝင် (၂၀)ကျော်သေဆုံးပြီး PNLA ဘက်က ရဲဘော်တစ်ဦး ကျဆုံးကာ (၅)ဦး ဖမ်းခံခဲ့ရပါတယ်။

တိုက်ပွဲထဲ ဖမ်းမိခဲ့တဲ့ PNLA ရဲဘော်တွေကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က စစ်သုံ့ပန်းဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်တာမရှိဘဲ ပအိုဝ်းလူမျိုးအချင်းချင်း နှိပ်စက်သတ်ဖြတ်တာလို့ ပြောဆိုထားပါတယ်။

PNLA တပ်ဖွဲ့အနေနဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေထဲ ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်းတွေနဲ့ PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို နှိပ်စက်သတ်ဖြတ်တာ မပြုလုပ်ခဲ့သလို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတာလို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် စက်တင်ဘာလတုန်းကလဲ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက ရွာအလည်ပြန်တဲ့ PNLA ရဲဘော် (၅)ဦးကို ဖမ်းဆီးသတ်ဖြတ်ခံ့ဖူးတယ်လို့ ပြောဆိုထားပါတယ်။

ပအိုဝ်းလူမျိုးအချင်းချင်းဟာ ရန်သူမဟုတ်ဘဲ စစ်အာဏာရှင်စနစ်ကသာ တတိုင်းပြည်လုံးရဲ့ ရန်သူဖြစ်ကာ အခု တနိုင်ငံလုံး ဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ စစ်အာဏာရှင်စနစ် တိုက်ဖျက်နေတဲ့ တိုက်ပွဲလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဓာတ်ပုံအပြည့်အစုံကို တယ်လီဂရမ်ချန်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 108 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 82 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို