နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးဓားစာခံသုံးဦး ပြန်လည်လွတ်မြောက်

ဖေဖော်ဝါရီလ (၁၅) ရက်။

အစ္စရေးဓားစာခံသုံးဦးကို ပါလက်စတိုင်းတိုက်ခိုက်ရေးသမားတွေက ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှာ ကြက်ခြေနီလက်ကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ ဆက်လက်တည်ရှိနေမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီအကြိမ်က ခြောက်ကြိမ်မြောက် ဓားစာခံလဲလှယ်မှု ဖြစ်ပါတယ်။

ထိန်းသိမ်းခံထားရသူ သုံးဦးဖြစ်သည့် အမေရိကန်-အစ္စရေး Sagui Dekel-Chen, ရုရှား-အစ္စရေး Alexandre Troufanov နဲ့ အာဂျင်တီးနား-အစ္စရေ Argentine-Israeli Iair Horn တို့ဟာ ဂါဇာတောင်ပိုင်း ခန်းယူနစ်စ်မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီဝန်းကျင်မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲ့ဒီ ဓားစာခံသုံးဦးဟာ တိုက်ခိုက်ရေးသမားတွေ ဝိုင်းထားတဲ့ မော်တော်ကားတွေကနေ ထွက်လာပြီး စင်မြင့်ပေါ်ကို ခေါ်ဆောင်သွားခံခဲ့ရပါတယ်။ အဲ့ဒီစင်မြင့်ပေါ်ကနေ လူစုလူဝေးကို စကားပြောခဲ့ကြပါတယ်။

သူတို့ သုံးဦးဟာ အရင်အပတ်က ပြန်လွှတ်ပေးခဲ့တဲ့ ဓားစာခံ သုံးဦးထက် ကျန်းမာရေး ပိုကောင်းပုံရပါတယ်။ အရင်အပတ်က ဓားစာခံတွေရဲ့ ကျန်းမာရေး အခြေအနေကို အစ္စရေး အရာရှိတွေက ဝေဖန်ခဲ့ကြပါတယ်။

အပေါ်က စင်မြင့်မှာ ချိတ်ထားတဲ့ ဆိုင်းဘုတ်က “ ဂျေရုဆလင်ကိုကျော်ပြီး မပြောင်းရွှေ့ဘူး” လို့ ရေးထားပါတယ်။ ဒါဟာ အမေရိကန်သမ္မတထရန့်ကို ပြစ်တင်ရှုံ့ချတာလို့ မြင်ပါတယ်။ ဂါဇာကမ်းမြောင်က ပါလက်စတိုင်းတွေကို အစုလိုက်အပြုံလိုက် ပြောင်းရွှေ့နေရာချထားရေး အစီအစဉ်တွေကို ထရန့်က ကြေညာခဲ့ပါတယ်။

အစ္စရေးဘက်က နောက်ပိုင်းမှာ ပါလက်စတိုင်း အကျဉ်းသား ၃၆၉ ဦးကို လွှတ်ပေးမယ် မျှော်လင့်ရတယ်လို့ ပါလက်စတိုင်း အကျဉ်းသားများ အစည်းအရုံးက ၁၄ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ အဲ့ဒီထဲက ၃၃၃ ဦးဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့နောက်ပိုင်း ဂါဇာမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့သူတွေလို့ သိရပါတယ်။

၁၅ ရက်နေ့တွင် ပြန်လွတ်လာတဲ့ ဓားစာခံ သုံးဦးစလုံးဟာ အောက်တိုဘာလ ၇ ရက်နေ့ စီးနင်းမှုအတွင်း Nir Oz kibbutz (လယ်ယာစိုက်ပျိုးရေးလုပ်ငန်း) မှ ခေါ်ဆောင်သွားခဲ့ပြီး ရက်ပေါင်း ၅၀၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အီရန်

အာဏာပိုင်များ၏ နှိမ်နင်းမှုအပြီး ဆေးရုံများတွင် ‘အလောင်းများ ပုံနေသည်’ ကို မြင်တွေ့ခဲ့ရကြောင်း တီဟီရန်ရှိ ဆန္ဒပြသူများ ပြောကြား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 14 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အီရန်နိုင်ငံ၌ ဆန္ဒပြခဲ့ကြသူ အများအပြားက တီဟီရန် လမ်းမများ ပေါ်တွင် လူအုပ်ကြီးနှင့်အတူ
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏ စစ်ဆင်ရေးအပြီး တစ်ပတ်မပြည့်မီမှာပင် ဗင်နီဇွဲလားအစိုးရက “ငြိမ်းချမ်းရေးကို ရှာဖွေရန်” ဟုဆိုကာ အတိုက်အခံ နိုင်ငံရေးသမားများ
နိုင်ငံတကာသတင်း အီရန်

တဟီရန်တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး အုံကြွမှုများ ပြန့်နှံ့လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 37 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကြာသပတေးနေ့က အီရန်နိုင်ငံ တဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာခဲ့သည်။ ယိမ်းယိုင်နေသော စီးပွားရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုများအပေါ် ဒေါသထွက်နေကြသော အီရန်ပြည်သူများသည် မြို့တော်၏
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 42 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနူံးမ်(Kristi Noem) က အဆိုပါအေးဂျင့်ဘက်မှ ခုခံကာကွယ် ပြောကြားခဲ့သည်။ ထိုအမျိုးသမီးသည်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 29 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 43 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။ ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ