နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးဓားစာခံသုံးဦး ပြန်လည်လွတ်မြောက်

ဖေဖော်ဝါရီလ (၁၅) ရက်။

အစ္စရေးဓားစာခံသုံးဦးကို ပါလက်စတိုင်းတိုက်ခိုက်ရေးသမားတွေက ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှာ ကြက်ခြေနီလက်ကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ ဆက်လက်တည်ရှိနေမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီအကြိမ်က ခြောက်ကြိမ်မြောက် ဓားစာခံလဲလှယ်မှု ဖြစ်ပါတယ်။

ထိန်းသိမ်းခံထားရသူ သုံးဦးဖြစ်သည့် အမေရိကန်-အစ္စရေး Sagui Dekel-Chen, ရုရှား-အစ္စရေး Alexandre Troufanov နဲ့ အာဂျင်တီးနား-အစ္စရေ Argentine-Israeli Iair Horn တို့ဟာ ဂါဇာတောင်ပိုင်း ခန်းယူနစ်စ်မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီဝန်းကျင်မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲ့ဒီ ဓားစာခံသုံးဦးဟာ တိုက်ခိုက်ရေးသမားတွေ ဝိုင်းထားတဲ့ မော်တော်ကားတွေကနေ ထွက်လာပြီး စင်မြင့်ပေါ်ကို ခေါ်ဆောင်သွားခံခဲ့ရပါတယ်။ အဲ့ဒီစင်မြင့်ပေါ်ကနေ လူစုလူဝေးကို စကားပြောခဲ့ကြပါတယ်။

သူတို့ သုံးဦးဟာ အရင်အပတ်က ပြန်လွှတ်ပေးခဲ့တဲ့ ဓားစာခံ သုံးဦးထက် ကျန်းမာရေး ပိုကောင်းပုံရပါတယ်။ အရင်အပတ်က ဓားစာခံတွေရဲ့ ကျန်းမာရေး အခြေအနေကို အစ္စရေး အရာရှိတွေက ဝေဖန်ခဲ့ကြပါတယ်။

အပေါ်က စင်မြင့်မှာ ချိတ်ထားတဲ့ ဆိုင်းဘုတ်က “ ဂျေရုဆလင်ကိုကျော်ပြီး မပြောင်းရွှေ့ဘူး” လို့ ရေးထားပါတယ်။ ဒါဟာ အမေရိကန်သမ္မတထရန့်ကို ပြစ်တင်ရှုံ့ချတာလို့ မြင်ပါတယ်။ ဂါဇာကမ်းမြောင်က ပါလက်စတိုင်းတွေကို အစုလိုက်အပြုံလိုက် ပြောင်းရွှေ့နေရာချထားရေး အစီအစဉ်တွေကို ထရန့်က ကြေညာခဲ့ပါတယ်။

အစ္စရေးဘက်က နောက်ပိုင်းမှာ ပါလက်စတိုင်း အကျဉ်းသား ၃၆၉ ဦးကို လွှတ်ပေးမယ် မျှော်လင့်ရတယ်လို့ ပါလက်စတိုင်း အကျဉ်းသားများ အစည်းအရုံးက ၁၄ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ အဲ့ဒီထဲက ၃၃၃ ဦးဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့နောက်ပိုင်း ဂါဇာမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့သူတွေလို့ သိရပါတယ်။

၁၅ ရက်နေ့တွင် ပြန်လွတ်လာတဲ့ ဓားစာခံ သုံးဦးစလုံးဟာ အောက်တိုဘာလ ၇ ရက်နေ့ စီးနင်းမှုအတွင်း Nir Oz kibbutz (လယ်ယာစိုက်ပျိုးရေးလုပ်ငန်း) မှ ခေါ်ဆောင်သွားခဲ့ပြီး ရက်ပေါင်း ၅၀၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ထရန့်အစိုးရသည် ဥရောပကို ကြမ်းတမ်းသော စကားလုံးများ အသုံးပြု၍ စကားပြောဆိုခဲ့သည်။

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 13 Views
သူတို့အချင်းချင်း သီးသန့်ပြောကြလျှင် ပို၍ကြမ်းတမ်းသည့် အသုံးအနှုန်းကို သုံးစွဲကြသည်။ ယီမင်ဟူသီများအပေါ် အမေရိကန်စစ်တပ်၏ ထိုးနှက်တိုက်ခိုက်မှုအကြောင်းကို ထရန့်အစိုးရအဖွဲ့ ထိပ်တန်းခေါင်းဆောင်များ အချင်းချင်း အများသူငှာသုံးစွဲသည့်မက်ဆေ့ချ်
နိုင်ငံတကာသတင်း ဥရောပ

စစ်ပွဲကျရောက်မည့် အန္တရာယ်ကြောင့် ၃ ရက် (၇၂ နာရီ) စာ ရိက္ခာများကို သိုလှောင်ထားရန် နိုင်ငံသားများအား ဥရောပသမဂ္ဂက တိုက်တွန်းထားသည်။

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 2 Views
မတ်လ (၂၆) ရက်။ ဥရောပသမဂ္ဂ နိုင်ငံသားများသည် အကျပ်အတည်းဖြစ်ချိန်တွင် အနည်းဆုံး ၃ ရက် (၇၂ နာရီ) စာ
နိုင်ငံတကာသတင်း အာရှ

ကမ္ဘာ့ပထမဆုံးတိုက်တေနီယံနှလုံး အစားထိုးခွဲစိတ်မှုခံယူသူ ဆေးရုံမှဆင်းလာ

  • 2025 ခုနှစ်၊ မတ်လ 26 ရက်
  • 2 Views
++++++++++++++++++ တိုက်တေနီယံသတ္ထုနဲ့ပြုလုပ်ထားတဲ့ နှလုံးအတုကို အစားထိုးပြီး ဆေးရုံကဆင်းလာတဲ့  ဩစတြေးလျနိုင်ငံသား တစ်ဦးဟာ အလုံးစုံနှလုံးတုတပ်ဆင်တဲ့ ကမ္ဘာ့ပထမဆုံး လူသားတစ်ယောက်ဖြစ်လာခဲ့ကြောင်း ဆရာဝန်တွေနဲ့ သုတေသနပညာရှင်တွေက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ BiVACOR နှလုံးတု တပ်ဆင်မှုကို 2024 ခုနှစ် နိုဝင်ဘာလ အတွင်း
နိုင်ငံတကာသတင်း အမေရိကန်

ဥရောပမှာ EV ကား ဝယ်လိုအားတက်လာပေမယ့် တယ်စလာကားများ ရောင်းအားထိုးကျ

  • 2025 ခုနှစ်၊ မတ်လ 26 ရက်
  • 2 Views
+++++++++++++++++++++++++ အီလွန်မက်စ်ရဲ့ တယ်စလာကားရောင်းအားဟာ ဥရောပမှာ အခုနှစ် ပထမနှစ်လအတွင်း 49 ရာခိုင်နှုန်းကျဆင်းသွားတယ်လို့ ဥရောပမော်တော်ယာဉ်ထုတ်လုပ်သူများအဖွဲ့ရဲ့ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနမှာ ဖော်ပြခဲ့ပါတယ်။ တယ်စလာလျှပ်စစ်ကားတွေရဲ့ မော်ဒယ်ဟာ သက်တမ်းအိုမင်းလာခြင်းနဲ့အတူ CEO အီလွန်မက်စ်နဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့ရဲ့ ဆက်နွှယ်မှုအပေါ် တုံ့ပြန်မှုတွေကြောင့်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာမှာ သတင်းထောက်တွေကို အစ္စရေးပစ်မှတ်ထားတိုက်ခိုက်

  • 2025 ခုနှစ်၊ မတ်လ 25 ရက်
  • 13 Views
မတ်လ (၂၅) ရက်။ ဂါဇာမှာ အသက် ၂၃ နှစ်အရွယ် သတင်းထောက် ဟော့စမ်ရှားဘတ် (Hossam Shabat) ဟာ တနင်္လာနေ့အစောပိုင်းမှာ အစ္စရေးရဲ့ တိုက်ရိုက်တိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးသွားခဲ့ပါတယ်။ ဟော့စမ်ဟာ ဂါဇာမှာ အစ္စရေးစစ်ပွဲကို ၁၇
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရ၏အမျိုးသားလုံခြုံရေးအဖွဲ့မှ စစ်ရေးလျှို့ဝှက်ချက်များကို မဂ္ဂဇင်းအယ်ဒီတာထံပေးပို့ခဲ့

  • 2025 ခုနှစ်၊ မတ်လ 25 ရက်
  • 16 Views
ထရန့်အစိုးရသည် ၎င်း၏ အမျိုးသားလုံခြုံရေးအဖွဲ့မှ စစ်ရေးအစီအစဥ်များကို မဂ္ဂဇင်းအယ်ဒီတာထံ မည်သို့ ပေးပို့မိသည်ကို ပြန်လည်သုံးသပ်နေပါသည်။ ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်က The Atlantic သို့ စစ်‌ရေးသတင်းပေးပို့မှုနှင့် ပတ်သက်၍ ၎င်း၏ ပထမဆုံး လူသိရှင်ကြား မှတ်ချက်တွင် “
နိုင်ငံတကာသတင်း အမေရိကန်

အစမ်းခန့် ဖက်ဒရယ်ဝန်ထမ်းများကို ပြန်လည်ခန့်အပ်ရန် တရားသူကြီး၏အမိန့်ကို ရပ်ဆိုင်းရန် ထရန့် အစိုးရက တရားရုံးချုပ်ကို တောင်းဆိုထားသည်။

  • 2025 ခုနှစ်၊ မတ်လ 24 ရက်
  • 15 Views
မတ်လ (၂၄) ရက်။ ဝါရှင်တန် (AP)။ ထရန့်အစိုးရက ဖက်ဒရယ်အစိုးရ အရွယ်အစားကို သိသိသာသာ လျှော့ချဖို့ ရည်ရွယ်တဲ့ ထောင်နဲ့ချီတဲ့ ဝန်ထမ်းတွေကို အစုလိုက်အပြုံလိုက် ထုတ်ပစ်မှုကို ရပ်ဆိုင်းပြီး ပြန်လည်ခန့်အပ်ဖို့ အမိန့်ချမှတ်မှုကို ဗဟိုတရားရုံးချုပ်က ရပ်ဆိုင်းပေးဖို့
နိုင်ငံတကာသတင်း ဥရောပ

‘အမေရိကန်တွေက သူတို့ရဲ့ သင်ခန်းစာကို မသင်ယူခဲ့ကြဘူး’ – အမေရိကန်ကုန်ပစ္စည်းတွေကို ဥရောပသားတွေ သပိတ်မှောက်

  • 2025 ခုနှစ်၊ မတ်လ 24 ရက်
  • 14 Views
မတ်လ (၂၄) ရက်။ မိုယာ အိုစူလေဗန် (Moya O’Sullivan) သည် သူမ၏ ဗီဒိုများကို ကြည့်လိုက်ရာ ပြဿနာတစ်ခုကို တွေ့လိုက်သည်။ သူမ၏ ခရင်မ်ချိစ်၊ သွားတိုက်ဆေး၊ ခံတွင်းဆေး၊ ဝီစကီနှင့် အချိုရည်အားလုံးသည် အမေရိကန်ထုတ်ကုန်တွေ