နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 19 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးဓားစာခံသုံးဦး ပြန်လည်လွတ်မြောက်

ဖေဖော်ဝါရီလ (၁၅) ရက်။

အစ္စရေးဓားစာခံသုံးဦးကို ပါလက်စတိုင်းတိုက်ခိုက်ရေးသမားတွေက ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှာ ကြက်ခြေနီလက်ကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ ဆက်လက်တည်ရှိနေမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီအကြိမ်က ခြောက်ကြိမ်မြောက် ဓားစာခံလဲလှယ်မှု ဖြစ်ပါတယ်။

ထိန်းသိမ်းခံထားရသူ သုံးဦးဖြစ်သည့် အမေရိကန်-အစ္စရေး Sagui Dekel-Chen, ရုရှား-အစ္စရေး Alexandre Troufanov နဲ့ အာဂျင်တီးနား-အစ္စရေ Argentine-Israeli Iair Horn တို့ဟာ ဂါဇာတောင်ပိုင်း ခန်းယူနစ်စ်မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီဝန်းကျင်မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲ့ဒီ ဓားစာခံသုံးဦးဟာ တိုက်ခိုက်ရေးသမားတွေ ဝိုင်းထားတဲ့ မော်တော်ကားတွေကနေ ထွက်လာပြီး စင်မြင့်ပေါ်ကို ခေါ်ဆောင်သွားခံခဲ့ရပါတယ်။ အဲ့ဒီစင်မြင့်ပေါ်ကနေ လူစုလူဝေးကို စကားပြောခဲ့ကြပါတယ်။

သူတို့ သုံးဦးဟာ အရင်အပတ်က ပြန်လွှတ်ပေးခဲ့တဲ့ ဓားစာခံ သုံးဦးထက် ကျန်းမာရေး ပိုကောင်းပုံရပါတယ်။ အရင်အပတ်က ဓားစာခံတွေရဲ့ ကျန်းမာရေး အခြေအနေကို အစ္စရေး အရာရှိတွေက ဝေဖန်ခဲ့ကြပါတယ်။

အပေါ်က စင်မြင့်မှာ ချိတ်ထားတဲ့ ဆိုင်းဘုတ်က “ ဂျေရုဆလင်ကိုကျော်ပြီး မပြောင်းရွှေ့ဘူး” လို့ ရေးထားပါတယ်။ ဒါဟာ အမေရိကန်သမ္မတထရန့်ကို ပြစ်တင်ရှုံ့ချတာလို့ မြင်ပါတယ်။ ဂါဇာကမ်းမြောင်က ပါလက်စတိုင်းတွေကို အစုလိုက်အပြုံလိုက် ပြောင်းရွှေ့နေရာချထားရေး အစီအစဉ်တွေကို ထရန့်က ကြေညာခဲ့ပါတယ်။

အစ္စရေးဘက်က နောက်ပိုင်းမှာ ပါလက်စတိုင်း အကျဉ်းသား ၃၆၉ ဦးကို လွှတ်ပေးမယ် မျှော်လင့်ရတယ်လို့ ပါလက်စတိုင်း အကျဉ်းသားများ အစည်းအရုံးက ၁၄ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ အဲ့ဒီထဲက ၃၃၃ ဦးဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့နောက်ပိုင်း ဂါဇာမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့သူတွေလို့ သိရပါတယ်။

၁၅ ရက်နေ့တွင် ပြန်လွတ်လာတဲ့ ဓားစာခံ သုံးဦးစလုံးဟာ အောက်တိုဘာလ ၇ ရက်နေ့ စီးနင်းမှုအတွင်း Nir Oz kibbutz (လယ်ယာစိုက်ပျိုးရေးလုပ်ငန်း) မှ ခေါ်ဆောင်သွားခဲ့ပြီး ရက်ပေါင်း ၅၀၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ ရေလက်ကြားပိတ်ဆို့ရန် နောက်ဆုံးဆုံးဖြတ်ချက်က မကြာမီ သဘောတူညီချက်ရတော့မည်ဟူသော ထရန့်၏ ပြောဆိုချက်အပေါ် သံသယဖြစ်စေ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 18 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် နစ်ဘိခ် (Nick Beake) ဂျေရုဆလင်မြို့မှ သတင်းပေးပို့ချက် ဟော်မုဇ်ရေလက်ကြားတွင် အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ရေလက်ကြားပိတ်ဆို့ရန် နောက်ဆုံးဆုံးဖြတ်ချက်က မကြာမီ သဘောတူညီချက်ရတော့မည်ဟူသော ထရန့်၏ ပြောဆိုချက်အပေါ် သံသယဖြစ်စေ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 20 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် နစ်ဘိခ် (Nick Beake) ဂျေရုဆလင်မြို့မှ သတင်းပေးပို့ချက် ဟော်မုဇ်ရေလက်ကြားတွင် အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို
နိုင်ငံတကာသတင်း ပြင်သစ် လက်ဘနွမ် အရှေ့အလယ်ပိုင်း

လက်ဘနွန်တွင် ပြင်သစ်စစ်သည်တစ်ဦး သေဆုံးကြောင်း မက်ခရွန် ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 21 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် လက်ဘနွန်နိုင်ငံတွင် နိုင်ငံတကာ ငြိမ်းချမ်းရေးထိန်းသိမ်းမှု မစ်ရှင်၌ ပါဝင်ဆောင်ရွက်နေသော ပြင်သစ်စစ်သည်တစ်ဦးသည် ယနေ့နံနက်ပိုင်းက နိုင်ငံတောင်ပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း သမ္မတ မက်ခရွန်က X တွင် ပို့စ်တင်ခဲ့သည်။ လက်ဘနွန်ရှိ ကုလသမဂ္ဂ
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

နာမည်ကြီး ရုရှားလူမှုရေးအလှအပဘလော့ဂါများ ပူတင်၏မူဝါဒများအပေါ် ဒေါသတကြီးဖြင့် ရှားရှားပါးပါး လူသိရှင်ကြား ဝေဖန်တိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၈ ရက် “ဗလာဒီမာ ဗလာဒီမာရိုဗစ်ချ်၊ လူတွေက ရှင့်ကို ကြောက်နေကြတယ်” — ဤစကားများသည် မိတ်ကပ်လိမ်းခြယ်နည်းနှင့် လူမှုဘဝပုံစံ (lifestyle) အကြောင်းအရာများကြောင့် လူသိများသည့် ရုရှားအလှမယ်ဘလော့ဂါ
တောင်ကိုးရီးယား တောင်ကိုရီးယား နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း

လူသားတို့၏ ဆင်းရဲဒုက္ခနှင့်ပတ်သက်ပြီး သဘောထားဖော်ပြရာတွင် ဗီဒီယိုအဟောင်းအား အသုံးပြုခဲ့ခြင်းကြောင့် တောင်ကိုရီးယားသမ္မတ အစ္စရေး၏ ဒေါသထွက်မှုကို ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 21 Views
CNN- တောင်ကိုရီးယား – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် ဆိုးလ်မြို့ — သိမ်းပိုက်ခံထားရသော အနောက်ဘက်ကမ်းခြေ (West Bank) ရှိ အဆောက်အအုံတစ်ခုပေါ်မှ လူသေအလောင်းတစ်ခုအား အစ္စရေးစစ်သားများ တွန်းချနေသည့် ၂၀၂၄
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က အမေရိကန်၏ ‘ယုံကြည်မှုကိုချိုးဖောက်ခြင်း’ များကြောင့် ဟော်မုဇ်ရေလက်ကြား ကန့်သတ်ချက်များ ပြန်လည်သတ်မှတ်လိုက်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၈ ရက် အီရန်ဆိပ်ကမ်းများကို အမေရိကန်က ရေတပ်ဖြင့် ပိတ်ဆို့ထားမှုအား ငြိမ်းချမ်းရေး သဘောတူညီချက် မရမချင်း ဆက်လက်ထားရှိမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အခိုင်အမာပြောကြားနေချိန်တွင်၊ အီရန်၏ ကြေညာချက်ကြောင့်
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် ဥရောပ

ဟန်ဂေရီသမ္မတနှင့် တွေ့ဆုံဆွေးနွေးရာတွင် အာဏာကို အမြန်ဆုံးလွှဲပြောင်းပေးရန်မာဂျာ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 20 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၇ရက် ဗစ်တာ အော်ဘန် (Viktor Orbán) ၏ ၁၆ နှစ်ကြာ အုပ်ချုပ်မှုကို အဆုံးသတ်လိုက်သည့် ပီတာ မာဂျာ(Péter Magyar)နှင့် ၎င်း၏ပါတီသည် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိပြီး
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်နှင့် အငြင်းပွားပြီးနောက် စစ်ပွဲများအတွက် ဘီလီယံနှင့်ချီ သုံးစွဲနေသည့် ‘အာဏာရှင်များ’ ကို ပုပ်ရဟန်းမင်းကြီးကထပ်မံဝေဖန်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 16 ရက်
  • 29 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက် ပုပ်ရဟန်းမင်းကြီး လီယို (Pope Leo) သည် ကင်မရွန်းနိုင်ငံသို့ သွားရောက်သည့် ခရီးစဉ် အတွင်း ပုံမှန်ထက် ပိုမိုပြင်းထန်သော မှတ်ချက်များဖြင့် စစ်ပွဲများအတွက်