နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရ တောင်းဆိုချက်တွေကို ပယ်ချခဲ့သည့် ဟားဗတ်တက္ကသိုလ်ကို အစိုးရထောက်ပံ့ကြေး ဒေါ်လာ ၂.၂ ဘီလီယံကို ရပ်ဆိုင်းလိုက်ကြောင်း ချက်ချင်းကြေညာ

ဧပြီလ (၁၄) ရက်။

“ ကျွန်ုပ်တို့သည် ပညာရေးဆိုင်ရာ လွတ်လပ်မှုကို ကာကွယ်ပါမည်” ဟု ဆိုကာ တောင်းဆိုချက်များကို ပယ်ချသည်လိုက်သည့် ဟားဗတ်တက္ကသိုလ်ကို အမေရိကန်အစိုးရက ထောက်ပံ့ကြေးများ ရပ်ဆိုင်းထားကြောင်း ချက်ချင်း ကြေညာလိုက်ပါတယ်။

ဟားဗတ်တက္ကသိုလ်က ထရန့်အစိုးရရဲ့ တောင်းဆိုထားတဲ့ မူဝါဒအပြောင်းအလဲတွေကို ဧပြီလ (၁၄) ရက်နေ့မှာ ပယ်ချခဲ့ပါတယ်။ အဲ့ဒီဆုံးဖြတ်ချက်ကြောင့် အမေရိကန် အစိုးရရဲ့ ထောက်ပံ့ငွေ ဒေါ်လာ ၉ ဘီလီယံခန့်ကို အန္တရာယ် ဖြစ်ပေါ်စေခဲ့ပါတယ်။

ဟားဗတ်တက္ကသိုလ်ရဲ့ ဆုံးဖြတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ ဟားဗတ်တက္ကသိုလ်အတွက် နှစ်ရှည်ထောက်ပံ့ကြေးဒေါ်လာ ၂.၂ ဘီလီယံနဲ့ နှစ်ရှည်ကန်ထရိုက်အတွက် ဒေါ်လာသန်း ၆၀ တို့ကို ရပ်ဆိုင်းလိုက်ကြောင်း ထရမ့်အစိုးရက အဲ့ဒီနေ့မှာပဲ ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့အပတ်က ဟားဗတ်တက္ကသိုလ်ကို “ ဖက်ဒရယ်အစိုးရနဲ့ ဟားဗတ်ရဲ့ဘဏ္ဍာရေးဆက်ဆံရေးကို ထိန်းသိမ်းထားရန် အခြေအနေတစ်ရပ်အဖြစ် နောက်ထပ်မူဝါဒအပြောင်းအလဲတွေကို ပြုလုပ်ဖို့ ထရမ့်အစိုးရက တောင်းဆိုခဲ့ပါတယ်။

ဟားဗတ်တက္ကသိုလ်ပါမောက်ခချုပ် အာလန်ဂါဘာ (Alan Garber) က “ ဒီတောင်းဆိုချက်ကို လက်ခံမှာ မဟုတ်ဘူးလို့ အုပ်ချုပ်ရေးပိုင်းကို အသိပေးထားတယ်” လို့ ကြေညာခဲ့ပါတယ်။ “တက္ကသိုလ်အနေနဲ့ ပညာရေးဆိုင်ရာ လွတ်လပ်မှု ဒါမှမဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခွင့်အရေးတွေကို စွန့်လွှတ်မှာမဟုတ်ဘူး” လို့ သူက ဆိုပါတယ်။

မူဝါဒအပြောင်းအလဲတွေအတွက် တောင်းဆိုချက်တွေကို မလိုက်နာပါက နိုင်ငံတစ်ဝှမ်းရှိ တက္ကသိုလ်အားလုံးကို ရန်ပုံငွေဖြတ်တောက်မယ်လို့ ထရမ့်အစိုးရက ခြိမ်းခြောက်ထားပါတယ်။ ဟားဗတ်တက္ကသိုလ်ဟာ အိမ်ဖြူတော်ရဲ့ တောင်းဆိုမှုကို ငြင်းပယ်သည့် ပထမဆုံး ဂုဏ်သိက္ခာရှိတဲ့ တက္ကသိုလ် ဖြစ်လာပါတယ်။

ဟားဗတ်တက္ကသိုလ်ဟာ ဟားဗတ်ရဲ့ မတူကွဲပြားမှု၊ ညီမျှမှုနဲ့ ပါဝင်မှု (DEI) အကောင်အထည်ဖော်မှုကို ဖျက်သိမ်းဖို့၊ ကျောင်းဝင်းအတွင်း ဆန္ဒပြမှုတွေအတွင်း မျက်နှာဖုံးတွေ ဝတ်ဆင်ခြင်းကို တားမြစ်ဖို့၊ အရည်အချင်းအပေါ် အခြေခံပြီး အလုပ်ခန့်အပ်ဖို့နဲ့ တက္ကသိုလ်ဝင်ခွင့် ပြုပြင်ပြောင်းလဲဖို့ “ ပညာရပ်များထက် အားကစားကို ပိုမိုလုပ်ဆောင်ဖို့” “ပညာရေးဝန်ထမ်းတွေရဲ့ လုပ်ပိုင်ခွင့် လျှော့ချဖို့” တောင်းဆိုထားပါတယ်။

ဂါဇာကမ်းမြှောင်မှာ အစ္စရေးနဲ့ အစ္စလမ္မစ်အဖွဲ့ ဟားမတ်စ်တို့ကြား ဖြစ်ပွားနေတဲ့စစ်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေဟာ နိုင်ငံတစ်ဝှမ်းရှိ တက္ကသိုလ်တွေ ပျံ့နှံ့သွားတဲ့အတွက် အမေရိကန်မှာ ဂျူးဆန့်ကျင်ရေး နှိမ်နင်းရေးကို ထရမ့်အစိုးရဟာ အရှိန်မြှင့် လုပ်ဆောင်လျက်ရှိပါတယ်။

သတင်းရင်းမြစ်။ CNN ဂျပန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ အကြီးစားကယ်ဆယ်ရေးမစ်ရှင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ အီရန်နိုင်ငံ အတွင်း တစ်ရက်ကျော်ကြာ ဖမ်းဆီးမခံရစေရန် တိမ်းရှောင်နေခဲ့သည့် လေသူရဲကို ကယ်ထုတ်နိုင်ခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ဧပြီလ (၅)ရက် ညတွင်းချင်း ကယ်ဆယ်ရေးသတင်းကို ကြေညာခဲ့သည့် သမ္မတ ဒေါ်နယ်ထရန့်က အီရန်အနေဖြင့် သဘောတူညီချက်တစ်ခု မရယူနိုင်လျှင် သို့မဟုတ် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပြန်မဖွင့်ပေးလျှင် နောက်ထပ် စစ်ရေးအရေးယူမှုများ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားသည် အပစ်အခတ်ရပ်စဲရေးအစား ‘အီစတာပွဲတော်ကာလ စစ်ရှိန်မြှင့်တင်မှု’ ကို ရွေးချယ်ခဲ့သည်ဟု ဇလန်းစကီး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 27 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ယူကရိန်းနိုင်ငံအပေါ် ရုရှားက နောက်ထပ် အကြီးအကျယ် သေဆုံးမှုများရှိသည့် ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မော်စကိုသည် အီစတာပွဲတော်ကာလ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်မှ အမေရိကန် တိုက်လေယာဉ် နှစ်စင်း ပစ်ချလိုက်သည်ဟု ဆိုသောသတင်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 27 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ (၄)ရက် သောကြာနေ့က အီရန်တောင်ပိုင်းတွင် F-15E တိုက်လေယာဉ်တစ်စင်း ပစ်ချခံခဲ့ရပြီးနောက် ပျောက်ဆုံးနေသော အမေရိကန် လေယာဉ်အမှုထမ်းတစ်ဦးကို ရှာဖွေရန် အမေရိကန်နှင့် အီရန်တို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြသည်။ F-15E ၏ လေယာဉ်မှူးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံအတွင်း ပျောက်ဆုံးနေသော အမေရိကန် လေယာဉ် အမှုထမ်းကို ရှာဖွေရာတွင် ကယ်ဆယ်ရေးအဖွဲ့များအတွက် ‘ကြောက်မက်ဖွယ်ကောင်းပြီး အန္တရာယ်ရှိသော’ အခြေအနေများနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 25 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ရန်သူ့နယ်မြေအတွင်း ပျက်ကျသွားသော လေယာဉ်အမှုထမ်းများကို ပြန်လည်ကယ်တင်ရန် အမေရိကန်လေတပ်မှ Pararescue (လေထီးခုန်ကယ်ဆယ်ရေး) တပ်ဖွဲ့ဝင်များသည် အထူးလေ့ကျင့်ထားကြသူများဖြစ်သည်။ အီရန်နိုင်ငံပေါ်တွင် ပစ်ချခံခဲ့ရသည့် အမေရိကန် F-15
ကျူးဘား နိုင်ငံတကာသတင်း လက်တင်အမေရိက အမေရိကန်

အမေရိကန်၏ ဖိအားပေးမှုအောက်တွင် စီးပွားရေးအကျပ်အတည်း ပိုမိုနက်ရှိုင်းလာစဉ် ကျူးဘားမှ အကျဉ်းသား ၂,၀၀၀ ကျော်ကို ပြန်လည်လွှတ်ပေးမည်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 26 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ဟာဗားနား — ကျူးဘားကျွန်းသည် ထရန့်အစိုးရ၏ တိုးမြှင့်လာသော ဖိအားများအောက် တွင် ယိုင်နဲ့နေစဉ်အတွင်း၊ ကျူးဘားအစိုးရသည် နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံးသော လွှတ်ပေးမှုအဖြစ် အကျဉ်းသား ၂,၀၁၀
နိုင်ငံတကာသတင်း အမေရိကန်

အိမ်ဖြူတော်မှ ကာကွယ်ရေးအသုံးစရိတ် အကြီးအကျယ်တိုးမြှင့်ရန် ဘတ်ဂျက်အသစ်တွင် ဒေါ်လာ ၁.၅ ထရီလီယံ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 29 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ထရန့်အစိုးရသည် အီရန်နှင့် စစ်မက်ဖြစ်ပွားနေစဉ်အတွင်း စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို ခေတ်သစ်သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်သို့ မြှင့်တင်ရန် ၂၀၂၇ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်တောင်းဆိုမှု၏ အစိတ်အပိုင်းအဖြစ် ကာကွယ်ရေးအတွက် ခန့်မှန်းခြေ