နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရ တောင်းဆိုချက်တွေကို ပယ်ချခဲ့သည့် ဟားဗတ်တက္ကသိုလ်ကို အစိုးရထောက်ပံ့ကြေး ဒေါ်လာ ၂.၂ ဘီလီယံကို ရပ်ဆိုင်းလိုက်ကြောင်း ချက်ချင်းကြေညာ

ဧပြီလ (၁၄) ရက်။

“ကျွန်ုပ်တို့သည် ပညာရေးဆိုင်ရာ လွတ်လပ်မှုကို ကာကွယ်ပါမည်” ဟု ဆိုကာ တောင်းဆိုချက်များကို ပယ်ချသည်လိုက်သည့် ဟားဗတ်တက္ကသိုလ်ကို အမေရိကန်အစိုးရက ထောက်ပံ့ကြေးများ ရပ်ဆိုင်းထားကြောင်း ချက်ချင်း ကြေညာလိုက်ပါတယ်။

ဟားဗတ်တက္ကသိုလ်က ထရန့်အစိုးရရဲ့ တောင်းဆိုထားတဲ့ မူဝါဒအပြောင်းအလဲတွေကို ဧပြီလ (၁၄) ရက်နေ့မှာ ပယ်ချခဲ့ပါတယ်။ အဲ့ဒီဆုံးဖြတ်ချက်ကြောင့် အမေရိကန် အစိုးရရဲ့ ထောက်ပံ့ငွေ ဒေါ်လာ ၉ ဘီလီယံခန့်ကို အန္တရာယ် ဖြစ်ပေါ်စေခဲ့ပါတယ်။

ဟားဗတ်တက္ကသိုလ်ရဲ့ ဆုံးဖြတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ ဟားဗတ်တက္ကသိုလ်အတွက် နှစ်ရှည်ထောက်ပံ့ကြေးဒေါ်လာ ၂.၂ ဘီလီယံနဲ့ နှစ်ရှည်ကန်ထရိုက်အတွက် ဒေါ်လာသန်း ၆၀ တို့ကို ရပ်ဆိုင်းလိုက်ကြောင်း ထရမ့်အစိုးရက အဲ့ဒီနေ့မှာပဲ ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့အပတ်က ဟားဗတ်တက္ကသိုလ်ကို “ဖက်ဒရယ်အစိုးရနဲ့ ဟားဗတ်ရဲ့ဘဏ္ဍာရေးဆက်ဆံရေးကို ထိန်းသိမ်းထားရန် အခြေအနေတစ်ရပ်အဖြစ် နောက်ထပ်မူဝါဒအပြောင်းအလဲတွေကို ပြုလုပ်ဖို့ ထရမ့်အစိုးရက တောင်းဆိုခဲ့ပါတယ်။

ဟားဗတ်တက္ကသိုလ်ပါမောက်ခချုပ် အာလန်ဂါဘာ (Alan Garber) က “ဒီတောင်းဆိုချက်ကို လက်ခံမှာ မဟုတ်ဘူးလို့ အုပ်ချုပ်ရေးပိုင်းကို အသိပေးထားတယ်” လို့ ကြေညာခဲ့ပါတယ်။ “တက္ကသိုလ်အနေနဲ့ ပညာရေးဆိုင်ရာ လွတ်လပ်မှု ဒါမှမဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခွင့်အရေးတွေကို စွန့်လွှတ်မှာမဟုတ်ဘူး” လို့ သူက ဆိုပါတယ်။

မူဝါဒအပြောင်းအလဲတွေအတွက် တောင်းဆိုချက်တွေကို မလိုက်နာပါက နိုင်ငံတစ်ဝှမ်းရှိ တက္ကသိုလ်အားလုံးကို ရန်ပုံငွေဖြတ်တောက်မယ်လို့ ထရမ့်အစိုးရက ခြိမ်းခြောက်ထားပါတယ်။ ဟားဗတ်တက္ကသိုလ်ဟာ အိမ်ဖြူတော်ရဲ့ တောင်းဆိုမှုကို ငြင်းပယ်သည့် ပထမဆုံး ဂုဏ်သိက္ခာရှိတဲ့ တက္ကသိုလ် ဖြစ်လာပါတယ်။

ဟားဗတ်တက္ကသိုလ်ဟာ ဟားဗတ်ရဲ့ မတူကွဲပြားမှု၊ ညီမျှမှုနဲ့ ပါဝင်မှု (DEI) အကောင်အထည်ဖော်မှုကို ဖျက်သိမ်းဖို့၊ ကျောင်းဝင်းအတွင်း ဆန္ဒပြမှုတွေအတွင်း မျက်နှာဖုံးတွေ ဝတ်ဆင်ခြင်းကို တားမြစ်ဖို့၊ အရည်အချင်းအပေါ် အခြေခံပြီး အလုပ်ခန့်အပ်ဖို့နဲ့ တက္ကသိုလ်ဝင်ခွင့် ပြုပြင်ပြောင်းလဲဖို့ “ပညာရပ်များထက် အားကစားကို ပိုမိုလုပ်ဆောင်ဖို့” “ပညာရေးဝန်ထမ်းတွေရဲ့ လုပ်ပိုင်ခွင့် လျှော့ချဖို့” တောင်းဆိုထားပါတယ်။

ဂါဇာကမ်းမြှောင်မှာ အစ္စရေးနဲ့ အစ္စလမ္မစ်အဖွဲ့ ဟားမတ်စ်တို့ကြား ဖြစ်ပွားနေတဲ့စစ်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေဟာ နိုင်ငံတစ်ဝှမ်းရှိ တက္ကသိုလ်တွေ ပျံ့နှံ့သွားတဲ့အတွက် အမေရိကန်မှာ ဂျူးဆန့်ကျင်ရေး နှိမ်နင်းရေးကို ထရမ့်အစိုးရဟာ အရှိန်မြှင့် လုပ်ဆောင်လျက်ရှိပါတယ်။

သတင်းရင်းမြစ်။ CNN ဂျပန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 52 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 52 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 47 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 49 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 63 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 58 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက