နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့တောင်အာရှ အာရှ

ထရန့်၏ အခွန်စည်းကြပ်မှုကို ရင်ဆိုင်ရန် “ရှီ” သည် ‘တစ်ဖက်သတ်အနိုင်ကျင့်မှုကို တွန်းလှန်ရန်’ ဗီယက်နမ်ကို တရုတ်က တိုက်တွန်းလိုက်သည်။

ဧပြီလ (၁၅) ရက်။

ရှီကျင့်ဖျင်သည် တရုတ်နိုင်ငံအား အမေရိကန်နှင့်ဆန့်ကျင်ဘက် တည်ငြိမ်သော မိတ်ဖက်နိုင်ငံအဖြစ် ရပ်တည်ရန် ကြိုးပမ်းမှုဖြင့် ဒေသတွင်း အဓိကစီးပွားရေးမိတ်ဖက်နိုင်ငံများကို သံတမန်ခရီးစဉ်ကို စတင်လိုက်သည်။

၎င်း၏ ဗီယက်နမ်ခရီးစဉ်တွင် တစ်ဖက်သတ်အနိုင်ကျင့်မှုကို တွန်းလှန်ရန်နှင့် လွတ်လပ်ပွင့်လင်းသော ကုန်သွယ်မှုကို ထိန်းသိမ်းရန် ဗီယက်နမ်ကို ရှီကျင့်ဖျင် တိုက်တွန်းခဲ့သည်။

တရုတ်ခေါင်းဆောင်သည် တနင်္လာနေ့တွင် ကွန်မြူနစ်အုပ်ချုပ်သော ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိလာပြီး မလေးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ အင်္ဂါနေ့မှ သောကြာနေ့အထိ သွားရောက်ရန် စီစဉ်ထားပြီး မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံမှုများ တိုးပွားလာနေသည့်နိုင်ငံများတွင် ၎င်းကို တွေ့မြင်ရမည် ဖြစ်သည်။

ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များနှင့် တနင်္လာနေ့ တွေ့ဆုံမှုတွင် ရှီက “ကမ္ဘာ့လွတ်လပ်သော ကုန်သွယ်မှုစနစ်နှင့် စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက်များ တည်ငြိမ်ရေး” ကို ထိန်းသိမ်းရန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သင့်သည်ဟု တရုတ်အစိုးရ သတင်းဌာန ဆင်ဟွာက ဖော်ပြခဲ့သည်။

တရုတ်နှင့် ဗီယက်နမ်တို့သည် မဟာဗျူဟာမြောက် အာရုံစိုက်မှုကို အားကောင်းစေပြီး တစ်ဖက်သတ် အနိုင်ကျင့်မှုကို ဆန့်ကျင်ကြောင်း ရှီ၏ ပြောကြားချက်ကို ဆင်ဟွာ (Xinhua) သတင်းက ကိုးကားဖော်ပြခဲ့ပြီး “တရုတ်၏ ကြီးမားသော ဈေးကွက်သည်” ဗီယက်နမ် အတွက် အမြဲဖွင့်ထားသည်ဟုဆိုသည်။

“တဦးတည်းရွက်လွှင့်နေတဲ့ လှေငယ်တစ်စင်းဟာ မုန်တိုင်းလှိုင်းဒဏ်ကို ခံနိုင်ရည် မရှိနိုင် သလိုဘဲ အတူတကွ ပူးပေါင်းလုပ်ဆောင်မှသာ ဝေးဝေး မှန်မှန် ရွက်လွှင့်နိုင်မှာပါ” ဟု ၎င်းက ဆိုသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် နိုင်ငံအများစုအပေါ် ရက်ပေါင်း ၉၀ ကြာ အခွန်စည်းကြပ်မှုကို ခေတ္တရပ်ဆိုင်းထားပြီးနောက် တရုတ်နိုင်ငံအပေါ် ၎င်း၏ကုန်သွယ်ရေး စစ်ပွဲအာရုံစိုက်မှုကို ကျရောက်လာစေခဲ့ပြီး ရက်ပိုင်းအကြာတွင် ရှီ၏ လူကိုယ်တိုင်လည်ပတ်သည့် အာရှနိုင်ငံများ ခရီးစဉ်ဖြစ်ပေါ်လာခဲ့သည်။

ဝါရှင်တန်နှင့် ဘေဂျင်းတို့သည် စံချိန်တင် စည်းကြပ်ခွန်များ မြင့်မားလာခြင်းကြောင့်၊ ယခု ဆိုင်းငံ့ထားသော အမေရိကန် အခွန်စည်းကြပ်မှုမှ အရှေ့တောင်အာရှ နိုင်ငံများသည် ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်နိုင်ငံကြား ပစ်ခတ်မှုအတွင်း ကြားညပ်ခံရမည်ကို စိုးရိမ်မှုများ တိုးမြင့်လျက်ရှိသည်။

ထရန့်၏ အခွန်စည်းကြပ်မှုကြောင့် ဖြစ်ပေါ်လာသော မတည်ငြိမ်မှုများအပေါ် အခွင့်အရေးတရပ်အဖြစ် အသုံးချရန် ရှီက တရုတ်နိုင်ငံအား ယုံကြည်စိတ်ချရသော မိတ်ဖက်နှင့် ကမ္ဘာ့ကုန်သွယ်မှုကို ကာကွယ်သူအဖြစ် ထင်မြင်လာစေရန် ကြိုးပမ်းနေသည်။

ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့သည် ထရန့်၏ စည်းကြပ်ခွန်များ ခေတ္တရပ်နားခြင်းမပြုမီက ၄၆% နှင့် ၄၉% အသီးသီး သတ်မှတ်ထားသောကြောင့် ထိခိုက်နစ်နာမှု အများဆုံးနိုင်ငံများဖြစ်သည်။

သို့သော် နိုင်ငံများသည် ရှီအတွက် ကော်ဇောနီခင်း၍ ကြိုဆိုနေစဉ်တွင် ဂရုတစိုက် ခြေလှမ်းရန် လိုအပ်ကြောင်း လေ့လာသူများက အကြံပြုထားသည်

တရုတ်ဖက် ယိမ်းနေသည့် အသွင်အပြင်ကို ရှောင်ရှားကာ ဆိုင်းငံ့ခံထားသည့် အခွန်စည်းကြပ်မှုဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများအတွင်း ထရန့်အား ရန်မစရန်လိုအပ်သည်ဟု ဆိုသည်။

ရှီနှင့် ဗီယက်နမ်သမ္မတ တိုလမ်တို့ကြား တွေ့ဆုံမှုသည် အမေရိကန်ကို ထိခိုက်စေရန် ရည်ရွယ်ကြောင်း တနင်္လာနေ့တွင် ထရန့်က ဘဲဥပုံရုံးမှ ပြောကြားခဲ့သည်။

“ကျွန်တော် တရုတ်ကို အပြစ်မတင်ပါဘူး။ ဗီယက်နမ်ကို အပြစ်မတင်ပါဘူး” ဟု ၎င်းက ဆိုသည်။ “ဒါဟာ ချစ်စရာကောင်းတဲ့ တွေ့ဆုံမှုပါပဲ’ အမေရိကန်ပြည်ထောင်စုကို ငါတို့ ဘယ်လို ရုန်းထွက်ရင်ဆိုင်ကြမလဲ’ ဆိုတာကို အဖြေရှာဖို့ ကြိုးစားနေတဲ့ တွေ့ဆုံမှုတစ်ခုဆိုတာ မမေ့ပါနဲ့၊ ဥရောပသမဂ္ဂကလဲ ဒီလိုလုပ်ဖို့ ဖွဲ့ထားတာဖြစ်တယ်”ဟု ထရန့်က ဆိုသည်။

အကြီးမားဆုံး ပို့ကုန်ဈေးကွက်

အရှေ့တောင်အာရှနိုင်ငံအချို့သည် ယခုအခါ အမေရိကန်ဈေးကွက်တွင် စည်းကြပ်ခွန်များ တိုးမြင့်လာခြင်းကြောင့် တရုတ်ကုန်ပစ္စည်းများ အမေရိကန်ဈေးကွက်တွင် ပိတ်သွားခဲ့ပြီး စျေးပေါသော တရုတ်ကုန်ပစ္စည်း အများအပြားသည် မိမိတို့နိုင်ငံတွင်းသို့ ဝင်လာမည်ကို သတိထားနေကြပြီ ဖြစ်သည်။

တရုတ်နိုင်ငံသည် ဗီယက်နမ်နှင့် ကုန်သွယ်မှုပိုငွေဖြင့် လည်ပတ်နေပြီး ၎င်း၏ တောင်ပိုင်းအိမ်နီးချင်းထံမှ သွင်းကုန်တန်ဖိုးထက် ၁.၆ ဆပို၍ တင်ပို့နေသည်။

အစုအဖွဲ့တစ်ခုအနေဖြင့်၊ အရှေ့တောင်အာရှနိုင်ငံများအသင်းသည် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ကို ကျော်လွန်ကာ ၂၀၂၃ ခုနှစ်မှစ၍ တရုတ်နိုင်ငံ၏ အကြီးဆုံး ပို့ကုန် ဈေးကွက်အဖြစ်ရောက်ရှိလာကြောင်း တရုတ်အကောက်ခွန်အချက်အလက်များအရ သိရသည်။

မြင့်မားသော ကုန်ထုတ်စွမ်းအားစုဖြစ်သည့် ဗီယက်နမ်သည် မကြာသေးမီနှစ်များအတွင်း တရုတ်ရင်းနှီးမြုပ်နှံမှုများ မြင့်တက်လာသည်ကို တွေ့မြင်ရပြီး လုပ်သားစရိတ်သက်သာကာ အမေရိကန်၏ကောက်ခံမှုအပေါ် အကာအကွယ်ယူရန် ထောက်ပံ့ရေးကွင်းဆက်များကို တရုတ်နိုင်ငံမှ ရွေ့ပြောင်းပေးခဲ့သည်။ ဗီယက်နမ်နှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုသည် ၂၀၁၇ မှ ၂၀၂၄ ခုနှစ် အတွင်း နှစ်ဆနီးပါး တိုးလာခဲ့ပြီး အရှေ့တောင်အာရှတွင် တရုတ်၏ အကြီးမားဆုံးသော ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံ ဖြစ်လာခဲ့သည်။

ဟနွိုင်းတွင် ရှီကျင့်ဖျင်က အဆိုပါ ဆက်ဆံရေးကို ပိုမိုခိုင်မာစေမည်ဟု မျှော်လင့်ပါသည်။ ရထားလမ်း၊ စိုက်ပျိုးရေး ကုန်သွယ်မှုနှင့် ဒစ်ဂျစ်တယ်နှင့် စိမ်းလမ်းသော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အပါအဝင် ကဏ္ဍမျိုးစုံတွင် သဘောတူညီချက် ၄၀ ခန့်ကို လက်မှတ်ရေးထိုးရန် စီစဉ်ထားကြောင်း ဗီယက်နမ် ဒုတိယဝန်ကြီးချုပ် ဘူသန်ဆောင် (Bui Thanh Son) က စနေနေ့တွင် ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းအရ သိရသည်။

ဗီယက်နမ်သည် ၎င်း၏ မြောက်ပိုင်းဆိပ်ကမ်းမြို့ ဟိုင်ဖောင်(Haiphong) ကို တရုတ်နှင့် ဆက်သွယ်ပေးမည့် ဒေါ်လာ ၈ ဒသမ ၃ ဘီလီယံ ရထားလမ်း တည်ဆောက်ရန် အစီအစဉ်ကို အတည်ပြုခဲ့ပြီး တရုတ်ချေးငွေဖြင့် တစ်စိတ်တစ်ပိုင်း ထောက်ပံ့ပေးမည်ဖြစ်သည်။ ဗီယက်နမ်နိုင်ငံသည် တရုတ်အစိုးရပိုင် လေယာဉ်ထုတ်လုပ်သူ COMAC မှ ထုတ်လုပ်သည့် တရုတ်နိုင်ငံ၏ ပြည်တွင်းဖြစ် အဓိကခရီးသည်တင် လေယာဉ်ကိုလည်း ဝယ်ယူရန် ကြည့်နေသည်။

အတ္တလန်တိတ်ကောင်စီ၏ ဝမ်တိုင်ဆန်း (Wen-ti Sung) က ရှီ၏ ထင်ရှားကျော်ကြားသော ခရီးစဉ်သည် ရည်ရွယ်ချက် နှစ်မျိုးရှိကြောင်း ပြောကြားခဲ့သည်။ စီးပွားရေးအရ၊ ကမ္ဘာတစ်ဝှမ်းတွင် တရုတ်နိုင်ငံ၏ စီးပွားရေးခြေရာကို ချနိုင်စေမည့် နည်းလမ်းရှာဖွေရန်နှင့် နိုင်ငံခြားရေးမူဝါဒ မျက်နှာစာတွင် ထရန့် ၏ အခွန်အကောက်များ အပေါ်တွင် မပြေမလည်ဖြစ်နေချိန်တွင် တရုတ်နိုင်ငံနှင့် ပိုမိုနီးကပ်သော နိုင်ငံများကို ဆွဲဆောင်စည်းရုံးရန် ရည်ရွယ်ပါသည်။

“အခုရှီ လုပ်ဖို့ကြိုးစားနေတာက အဲဒီကို လူကိုယ်တိုင်သွားပြီး အကြောက်တရားနဲ့ ချိမ်းခြောက် ဖိအားတွေအစား ရှီက သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ပြသမှာဖြစ်ပြီး၊ တချို့သော ‘အမှတ်တရပစ္စည်း’ တွေကို လမ်းတစ်လျှောက်မှာ ဖြစ်နိုင်ချေရှိတဲ့ ကုန်သွယ်မှု သဘောတူညီချက်အသစ်တွေနဲ့ သူတို့ရဲ့ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တွေကို အဆင့်မြှင့်တင်မှုတွေကို ရည်ညွှန်းပြီးလုပ်ဆောင်တာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

“ဒါတွေအားလုံးက မင်းဘက်မှာ ငါရှိနေတယ်ဆိုတာ ပြသဖို့ တရုတ်အတွက် နည်းလမ်းတွေပဲ။ အထူးသဖြင့် မင်း အမေရိကန်နဲ့ပတ်သက်လို့ စိတ်ပူပန်နေခဲ့ရင် တရုတ်နဲ့ ပေါင်းသင်းရတာ မင်းအတွက် လုံခြုံတယ်ဆိုတာ ပြသဖို့ပါပဲ” ဟုဆိုသည်။

သို့သော် တောင်တရုတ်ပင်လယ်တွင် အငြင်းပွားနေသော အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အခိုင်အမာတောင်းဆိုမှုများကြောင့် မကြာသေးမီနှစ်များအတွင်း တရုတ်နှင့် ၎င်း၏ အိမ်နီးချင်းများကြား ဆက်ဆံရေး တင်းမာလာခဲ့သည်။

ဖေဖော်ဝါရီတွင် တရုတ်စစ်သင်္ဘော များသည် ဟနွိုင်းရှိ ၎င်း၏ပိုင်နက်ဆိုင်ရာ မြေပုံကို ထုတ်ပြန်ပြီးနောက် တရုတ်နိုင်ငံရှိ ဘေဘူ (Beibu) ပင်လယ်ကွေ့ဟု လူသိများသော တုံကင်ပင်လယ်ကွေ့ရှိ ဗီယက်နမ်ရေပြင်တွင် တိုက်ရိုက် ပစ်ခတ်လေ့ကျင့်မှုကို ပြုလုပ်ခဲ့သည်။

ဗီယက်နမ်နိုင်ငံ Nhan Dan သတင်းစာတွင် ရေးထိုးထားသည့် ဆောင်းပါးတွင် ရှီက နှစ်နိုင်ငံအကြား “ကွဲပြားမှုများကို မှန်ကန်စွာ စီမံခန့်ခွဲရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ကာကွယ်ရန်” တိုက်တွန်းခဲ့သည်။

“မြေယာနဲ့ ဘေဘူပင်လယ်ကွေ့မှာ ကျွန်တော်တို့ရဲ့နယ်နိမိတ်မျဉ်းတွေကို အောင်မြင်စွာ ပိုင်းခြားသတ်မှတ်ခြင်းဟာ အမျှော်အမြင်ရှိရှိ ညှိနှိုင်းဆွေးနွေးခြင်းနဲ့ စေ့စပ်ညှိနှိုင်းခြင်းကတစဆင့် ရေကြောင်းဆိုင်ရာပြဿနာတွေကို ကောင်းစွာဖြေရှင်းနိုင်မှာပါ” ဟု ရှီက ပြောဆိုထားကြောင်း ရေးသားဖော်ပြခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 75 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 75 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက