နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

ငလျင်ဒဏ်ခံနိုင်ရည်ရှိတဲ့ အဆောက်အအုံတွေ တည်ဆောက်ရေးမှာ အပျက်အစီးပုံတွေကို ဖယ်ရှားခြင်းဟာ အရေးကြီးတဲ့ ပထမခြေလှမ်း ဖြစ်တယ်လို့ UNDP ပြော

ဧပြီလ (၁၅) ရက်။

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၇ ငလျင်ကြောင့် စုပုံနေတဲ့ အပျက်အစီး တန်ချိန် နှစ်သန်းခွဲကို အနည်းဆုံး ကုန်တင်ကား ၁၂၅ ၀၀၀ စီး ခန့် အသုံးပြုပြီး အပျက်အစီးတွေကို ဖယ်ရှားရမယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က ဧပြီလ ၁၄ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီအပျက်အစီးတွေကို remote sensing ခွဲခြမ်းစိတ်ဖြာနည်းနဲ့ တွက်ချက်ခဲ့ပြီး ငလျင်ကြောင့် ဘယ်လောက်ပျက်စီးဆုံးရှုံးခဲ့တယ်ဆိုတာကို UNDP က ဖော်ပြခဲ့ပြီး အပျက်အစီးပုံတွေကို အမြန်ဆုံး ဖယ်ရှားဖို့နဲ့ အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေကို ပြန်လည်တည်ဆောက်ဖို့နဲ့ နေအိမ်တွေ ပြန်လည်တည်ဆောက်တာတွေဟာ အရေးကြီးတဲ့ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က ထုတ်ပေးတဲ့ အထောက်အထား မှတ်တမ်းသစ်က အလေးပေး ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် အိမ်ခြေ ၁၀,၀၀၀ ကျော်နဲ့ ပြည်သူ့ဝန်ဆောင်မှု အဆောက်အအုံတွေ သိသိသာသာ ပျက်ဆီးခဲ့ပြီး ကျန်းမာရေး အဆောက်အအုံ ၁၂၈ ခုဟာလည်း သိသိသာသာ ပျက်စီးခြင်း ဒါမှမဟုတ် ပျက်စီးသွားနိုင်ခြေ မြင့်မားတယ်လို့ ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့လူတွေကို ဝန်ဆောင်မှုပေးဖို့ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံတွေ နည်းပါးလာတဲ့အတွက် နောက်ပိုင်းမှာ အရေးကြီးတဲ့ ဆေးဝါးကုသမှု ပေးဆောင်နိုင်မှုနဲ့ပတ်သက်ပြီး စိုးရိမ်စရာရှိတယ်လို့ ဆိုပါတယ်။

ခန့်မှန်းခြေ အဆောက်အအုံ ၁.၆ သန်းဟာ ငလျင်ပြင်းထန်မှု အဆင့် ၇ နှင့် အထက်ရှိတဲ့ ဧရိယာတွေမှာ တည်ရှိနေတယ်ဆိုတာ ခွဲခြမ်းစိတ်ဖြာချက်တွေအရ သိရတယ်လို့ ဖော်ပြထားပါတယ်။ အဆင့် ၇ တုန်ခါမှုဟာ အလွန်ပြင်းထန်ပြီး တည်ဆောက်ထားတဲ့ အဆောက်အအုံ အများအပြားဟာ အင်အားပြင်း ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိစေဖို့ ဒီဇိုင်းထုတ်ပြီး တည်ဆောက်ထားတာ မရှိဘူးလို့ ဆိုပါတယ်။

UNDP ရဲ့ ခွဲခြမ်းစိတ်ဖြာချက်ဟာ ခေတ်မီဂြိုလ်တုကနေတဆင့်ရရှိတဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး လေ့လာတဲ့ အဆောက်အအုံ ပျက်စီးမှုတွေကို ခွဲခြမ်းစိတ်ဖြာခြင်း (လုံးဝပျက်စီးသွားခြင်း၊ တစိတ်တပိုင်းပျက်စီးနဲ့ ထိခိုက်နိုင်ခြေရှိခြင်း) UNOSAT နဲ့ Copernicus က Microsoft ရဲ့ အဆောက်အအုံ ခြေရာခံဒေတာနဲ့ အဆောက်အအုံအမြင့်အထပ် ဘယ်လောက်ရှိတယ်ဆိုတာကို တွက်ချက်ထားတဲ့ ဒေတာအမျိုးအစားတွေကို ပေါင်းစပ်ထားတယ်လို့ ဖော်ပြထားပါတယ်။

လူနာတွေနဲ့ ရွှေ့ပြောင်းခံရသူတွေကို ခိုင်မာတဲ့ အမိုးအကာတွေအောက်မှာ ပြန်လည်ထားရှိကာ အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေကို စတင်ပြုပြင်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ UNDP ဌာနေကိုယ်စားလှယ် တီတန် မစ်ရာ (Titon Mitra) က စစ်ကိုင်းငလျင်ဗဟိုချက်မစ်ရှင်မှာ ပြောကြားခဲ့ပါတယ်။

“အခုဆိုရင် လူနာတွေကို ၄၀ ဒီဂရီ အပူဒဏ်နဲ့ မိုးသည်းထန်စွာရွာလို့ ကားပါကင်နေရာတွေမှာ ထားရတယ်။ လူပေါင်း ၆၀,၀၀၀ ကျော်ဟာ ယာယီ အိုးမဲ့အိမ်မဲ့တွေ ဖြစ်ကြပြီး နေရပ်ပြန်ရမှာ ကြောက်လွန်းနေကြတယ်။ သယ်ယူပို့ဆောင်ရေး ဆက်သွယ်ရေးတွေ ချို့ယွင်းနေပြီး ရေပေးဝေမှုကလည်း အလုပ်မလုပ်ပါဘူး” လို့ သူကဆိုပါတယ်။

Remote sensing ဒေတာကနေ UNDP ကို အကြီးစားအပျက်အစီးတွေ ဖယ်ရှားခြင်းနဲ့ ပြန်လည်အသုံးပြုခြင်းတို့ကို ပံ့ပိုးပေးဖို့ ဦးစားပေးနေရာတွေကို ခွဲခြားသတ်မှတ်နိုင်စေတယ်လို့ ဆိုပါတယ်။ ပြည်သူ့ဝန်ဆောင်မှုအဆောက်အအုံတွေ၊ အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေနဲ့ ထိခိုက်ခံရတဲ့နေအိမ်တွေကို လျင်မြန်စွာ အဆောက်အအုံ ဖွဲ့စည်းပုံဆိုင်ရာ အကဲဖြတ်မှုတွေကို ပြုလုပ်ဖို့ အမျိုးသားအင်ဂျင်နီယာတွေကို စေလွှတ်ပေးဖို့ လိုတယ်လို့ ဆိုပါတယ်။ အကဲဖြတ်မှုတွေကနေ ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးအစီအစဉ်တွေကို အသိပေးသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

“သဘာဝဘေးအန္တရာယ်ရဲ့ အကျိုးသက်ရောက်မှုကို ရှင်းရှင်းလင်းလင်းနဲ့ အချိန်နဲ့တစ်ပြေးညီ ပုံဖော်ပေးနိုင်ဖို့ ဂြိုဟ်တုဓာတ်ပုံတွေကို ဒေသတွင်း ဒေတာတွေနဲ့ ပေါင်းစပ်ပေးထားပြီး အစွမ်းထက်တဲ့ ရုပ်လုံးဖော်ပေးတဲ့ ကိရိယာတစ်ခုပါ” လို့ UNDP ရဲ့ သဘာဝဘေး အဆင်သင့်ဖြစ်မှု၊ တုံ့ပြန်မှုနဲ့ ပြန်လည်ထူထောင်ရေး၊ ကပ်ဘေးဗျူရို၏ ဒါရိုက်တာ Devanand Ramiah က ပြောကြားခဲ့ပါတယ်။

“လူဦးရေခန့်မှန်းချက်၊ အဆောက်အအုံဒေတာနှင့် ပျက်စီးဆုံးရှုံးမှုတွေကို ခွဲခြမ်းစိတ်ဖြာခြင်းနဲ့ တုံ့ပြန်ဆောင်ရွက်ပေးသူတွေဟာ ထိခိုက်မှုအများဆုံးဒေသတွေကို လျင်မြန်စွာ ဖော်ထုတ်နိုင်ပြီး အဲ့ဒီအချက်အလက်တွေထဲက ဘယ်နေရာကို ဦးစားပေးရမယ်ဆိုတာကို သိရှိနိုင်ပြီး ကူညီကြိုးပမ်းမှုတွေကို လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။

UNDP အနေနဲ့ ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးကို ကျယ်ကျယ်ပြန့်ပြန့် ပံ့ပိုးပေးဖို့ နိုင်ငံတကာရဲ့ ကူညီပံ့ပိုးမှုကို အရှိန်အဟုန်မြှင့်တင်ဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။ အကျပ်အတည်းကြား စုပြုံကျရောက်နေတဲ့နိုင်ငံတစ်ခုရဲ့ လုပ်ငန်းဆောင်ရွက်မှုမှာ ရှုပ်ထွေးမှုတွေ ရှိနေတာကို အသိအမှတ်ပြုခြင်းအားဖြင့် ဒီကြိုးပမ်းမှုတွေဟာ ထိခိုက်မှုရှိတဲ့ မြို့ပြနဲ့ ကျေးလက်ဒေသ နှစ်ခုစလုံး အကူအညီရရှိရေးအတွက် အရေးပါတယ်လို့ ဆိုပါတယ်။

စီးပွားရေးအချက်အချာကျတဲ့နေရာတွေဖြစ်ကြတဲ့ မန္တလေးနဲ့ စစ်ကိုင်းလို မြို့ပြစင်တွေဟာ စျေးကွက်လှုပ်ရှားမှုတွေ ပြန်လည်စတင်နိုင်ရေးအတွက် လျင်မြန်တဲ့ ဝင်ရောက်စွက်ဖက်မှုတွေ လိုအပ်ပါတယ်။ စိုက်ပျိုးရေးထုတ်လုပ်မှုနဲ့ စျေးကွက်ရရှိရေး ပြတ်တောက်နေတဲ့ ကျေးလက်ဒေသတွေမှာ စပါးရိတ်သိမ်းပြီး ထုတ်ကုန်တွေကို ဈေးကွက်ကို လျင်မြန်စွာရောက်ရှိစေဖို့အတွက် အရေးပေါ် အခြေခံအဆောက်အအုံတွေ ပြုပြင်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေ လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။

အအခု ကျွန်တော်တို့မှာ အချက်အလက်တွေ ရရှိထားပါတယ်။ ကျွန်တော်တို့ဟာ ကယ်ဆယ်ရေးကနေ ပြန်လည်ထူထောင်ရေးကို လျင်မြန်စွာ ပြောင်းရွှေ့နိုင်ဖို့ ရရှိထားတဲ့ အချက်အလက်တွေအို အသုံးပြုရပါမယ်။ UNDP အနေနဲ့ မြန်မာနိုင်ငံမှာ ရေရှည်ပြန်လည်ထူထောင်ရေးနဲ့ ငလျင်ဒဏ် ခံနိုင်ရည်ရှိတဲ့ တည်ဆောက်ရေးတို့အတွက် နိုင်ငံတွင်းနဲ့ နိုင်ငံတကာပါတနာများနဲ့အတူ ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ပြီး ရေရှည်ပြန်လည်နလံထူနိုင်ရေးနဲ့ မြန်မာနိုင်ငံမှာ ငလျင်ဒဏ်ခံနိုင်ရည်ရှိတဲ့ အဆောက်အအုံတွေ တည်ဆောက်ရေးမှာ အပျက်အစီးပုံတွေကို ဖယ်ရှားခြင်းဟာ အရေးကြီးတဲ့ ပထမခြေလှမ်း ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

May be an image of 4 people and text

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 24 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 36 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က (၅)နှစ်ထဲ တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမယ်ဆိုတာနဲ့ ရက်ပေါင်း(၁၀၀)စီမံချက်ထဲ ငြိမ်းချမ်းရေး‌အတွက် ဆွေးနွေးကြဖို ပြောဆိုခဲ့ပါတယ်။ “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး
မြန်မာသတင်း

ရေကြည်နဲ့ သာပေါင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ခံစစ်ပြင်ဆင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ ‌ရခိုင်ရိုးမခြေရင်းရှိ ရေကြည်မြိုနဲ့ သာပေါင်းမြိုတိုမှာ စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်တိုအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ “တိုက်ပွဲက နေ့တိုင်း ပြင်းထန်နေတာ၊ စစ်ကောင်စီဘက်ကလဲ စစ်ကူတွေ ဆက်တိုက်ပိုနေတာ၊ တချိုရွာတွေမှာဆို ခံစစ်ပြင်တဲ့အနေနဲ့
မြန်မာသတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ရပ်ကို ပြန်သုံးသပ်ဖိုအဆို စစ်တပ်လွှတ်တော်မှာ တင်သွင်း

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ မနေ့ကပြုလုပ်တဲ့ စစ်တပ်ရဲ့ အတုအယောင်ပြည်ထောင်စုလွှတ်တော်မှာ အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ်ကို ပြန်သုံးသပ်ဖိုဆိုတဲ့ တိုက်တွန်းတဲ့အဆိုတခုကို တင်သွင်းခဲ့ကြတယ်လို သိရပါတယ်။ အဲ့ဒီအဆိုကို ကြံ့ခိုင်ရေးပါတီရဲ့ ကလောမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်က တင်သွင်းခဲ့တာလို ဆိုပါတယ်။ သူက
မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 27 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော် ငဖြိုးက တပ်ရင်းမှူးဖြစ်သူ ရဲဘော် ပုလဲမောင်ကို ပစ္စတိုနဲ့ ပစ်ခတ်ခဲ့ရာ
မြန်မာသတင်း

မြန်မာနိုင်ငံရှိ ကျားဖြန့်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိ နေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့ ပြောကြားအဆိုပါ ဝင်းများအတွင်း ပိတ်မိနေသူများထဲတွင် တရုတ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှားနှင့် ဘရာဇီးနိုင်ငံသားများ ပါဝင်သည်။

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 29 Views
အယ်လ်ဂျာဇီးယား – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် လွန်ခဲ့သည့်နှစ်က ဒေသတွင်း၌ နိုင်ငံစုံပူးပေါင်း နှိမ်နင်းမှုများ ပြုလုပ်ခဲ့သော်လည်း ထိုင်းနယ်စပ်အနီးရှိ မြန်မာနိုင်ငံတွင်းမှ အွန်လိုင်းငွေလိမ်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိနေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခုက
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 21 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို