နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 26 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မြို့တော်အဖြစ် စီမံကိန်းသည် ‘ချွေးတပ်စခန်း ‘ ဖြစ်လာမည်ဟု အစ္စရေးခေါင်းဆောင်ဟောင်းက ပြောကြား

CNN – ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၄ရက်

ဂျေရုဆလင် CNN — ပါလက်စတိုင်းထောင်ပေါင်းများစွာကို ထားရှိရန် ရည်ရွယ်ထားသည့် ဂါဇာရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ “မြို့” ဆိုသည်မှာ “ချွေးတပ်စခန်း”တခု ဖြစ်လာမည် ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ဟောင်း အီဟွတ်အော်လ်မတ်(Ehud Olmert) က သတိပေးခဲ့သည်။

ကာကွယ်ရေးဝန်ကြီး အစ္စရေး ကတ်ဇ်(Israel Katz) က နောက်ဆုံးတွင် ဂါဇာကမ်းမြောင် ဒေသရှိ လူဦးရေတစ်ခုလုံးကို လွှမ်းခြုံနိုင်စေမည့် ဇုန်အတွက် အစီအစဥ်များကို ကြိုတင် ပြင်ဆင်ထားရန် စစ်တပ်အား ပြောကြားခဲ့ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ပြောကြား ခဲ့သည်။ အဆိုပါ ဧရိယာသည် ဂါဇာတောင်ပိုင်းရှိ ရာဖာမြို့၏ အပျက်အစီးများ ပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး ပါလက်စတိုင်းများ ဇုန်ထဲသို့ ဝင်ရောက်ပါက ၎င်းတို့ကို ထွက်ခွာခွင့် မပြုပေ။ ကတ်ဇ် (Katz) ကဂါဇာမှ ပါလက်စတိုင်းများ ရွှေ့ပြောင်းနေထိုင်ရေး အစီအစဉ်ကို အကောင်အထည်ဖော်မည်ဟု ကတိပြုခဲ့သည်။

“ ဒါဟာ ချွေးတပ်စခန်းတစ်ခုပါ။ စိတ်မကောင်းပါဘူး” ဟု အော်လ်မတ်(Olmert) က The Guardian သတင်းစာအား တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ “သူတို့ (ပါလက်စတိုင်း) ကို ‘လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မြို့သစ်’ သို့ နှင်ထုတ်မည်ဆိုပါက၊ ၎င်းသည် လူမျိုးတုံး သုတ်သင်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု သင်ပြောနိုင်သည်ဟုသူကဆိုသည်။

အော်လ်မတ်(Olmert) ၏ မှတ်ချက်ကို တုံ့ပြန်သည့်အနေဖြင့် ဝန်ကြီးချုပ်ရုံးက သူ့ကို CNN တွင် “အစ္စရေးကို အရှက်ရစေသော ရာဇ၀တ်ကောင်” ဟု ခေါ်ဆိုခဲ့သည်။ ဝန်ကြီးချုပ်ရုံးက ဆက်လက်ပြီး“ကျနော်တို့က အရပ်သားတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးတယ်။ ဟားမတ်စ်က သူတို့ကို ပိတ်ဆို့ထားတယ်။ အဲဒါကို စစ်ရာဇ၀တ်မှုလို့ ခေါ်သလား”ဟု ပြန်မေးခွန်း ထုတ်ခဲ့သည်။ အော်လ်မတ်(Olmert) သည် အကျင့်ပျက်ခြစားမှု စွဲချက်များဖြင့် ၁၆ လကြာ ကျခံနေရပြီးနောက် ၂၀၁၇ ခုနှစ်တွင် ထောင်မှ လွတ်မြောက်လာခဲ့သည်။

အော်လ်မတ်(Olmert) သည် ဂါဇာတွင် အစ္စရေးစစ်တပ်၏ အပြုအမူနှင့် နိုင်ငံ၏ နိုင်ငံရေး ခေါင်းဆောင်မှုကို ယခင်က ပြစ်တင်ဝေဖန်ခဲ့သည်။ မေလတွင် ၎င်းက အစ္စရေးသည် စစ်ရာဇ၀တ်မှုများအပေါ် စွပ်စွဲမှုများကို သူ့အနေနှင့်ခုခံကာကွယ်မှုမရှိတော့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ “ စစ်ရာဇ၀တ်မှုမဟုတ်ရင် ဘာဖြစ်မလဲ” CNN နှင့် အင်တာဗျူးတွင် သူကထိရောက်စွာ မေးမြန်းခဲ့သည်။ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် ၎င်း၏အစိုးရ၏ လက်ယာစွန်းအဖွဲ့ဝင်များသည် အခြားမည်သည့်နည်းဖြင့်မျှ အဓိပ္ပာယ်မဖော်နိုင်သော လုပ်ရပ် များကို ကျူးလွန်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

စစ်ပွဲစတင်ကတည်းက ဂါဇာတွင် လူပေါင်း ၅၈,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

၂၀၀၆ မှ ၂၀၀၉ ခုနှစ်အထိ အစ္စရေး ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော အော်လ်မတ် ၏ နောက်ဆုံးထွက်မှတ်ချက်များသည် ဂါဇာပေါ်နိုင်ငံ၏ ရည်ရွယ်ချက်များကို ဝေဖန်ခြင်းတွင် ပိုမိုပါဝင်လာသော်လည်း အထူးသဖြင့် အစ္စရေးရှိ နာဇီချွေးတပ်စခန်းများနှင့် နှိုင်းယှဉ်ပါက မတွေးဝံ့စရာအဖြစ် ယူဆပါသည်။ သို့သော် အော်လ်မတ် (Olmert) က ၎င်းသည် အစီအစဉ်များ၏ “ မလွှဲမရှောင်သာသော အဓိပ္ပာယ်ဖွင့်ဆိုချက်” ဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ ဂါဇာကမ်းမြောင်ရဲ့ တစ်ဝက်ကျော်ကိုရှင်းလင်းဖို့ စီစဉ်ထားတဲ့ စခန်းတစ်ခုကို တည်ဆောက် လိုက်တဲ့အခါ၊ ဒီဗျူဟာရဲ့ မလွှဲမရှောင်သာ နားလည်မှုဟာ (ပါလက်စတိုင်းတွေကို ကယ်တင်ဖို့ မဟုတ်ပါဘူး။) သူတို့ကို ပြည်နှင်ဒဏ်ပေးဖို့၊ တွန်းထုတ်ဖို့၊ စွန့်ပစ်ဖို့ပါပဲ” ဟု အော်လ်မတ် (Olmert) က Guardianသတင်း သို့ ပြောကြားခဲ့သည်။

“လူသားချင်းစာနာထောက်ထားမှုဆိုင်ရာမြို့တော်” ဟု ကာ့ဇ်(Katz) ၏အမည်ပေးထားသည့် အစီအစဉ်များကို တနင်္ဂနွေနေ့ ညနေပိုင်းတွင် နေတန်ယာဟုနှင့် တွေ့ဆုံမှုတွင် ဆွေးနွေးခဲ့ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ ဒါပေမယ့် အစ္စရေးသတင်းတွေက ဇုန်တည်ဆောက်ဖို့ လနဲ့ချီပြီး ဒေါ်လာဘီလီယံနဲ့ ချီကြာမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် နေတန်ယာဟုက သူ့ရဲ့တည်ထောင်မှုကို အချိန်တိုတိုနဲ့ စျေးပိုသက်သာအောင်လုပ်ဖို့ တောင်းဆိုခဲ့တယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။

အစ္စရေးအတိုက်အခံခေါင်းဆောင် ယာအာလပစ် (Yair Lapid) က နေတင်ယာဟုသည် လက်ယာစွန်း အစိုးရလုပ်ဖော်ကိုင်ဖက်များအား ၎င်း၏ညွန့်ပေါင်းအစိုးရကို ထိန်းသိမ်း ထားနိုင်ရန်အတွက် ကြိုးပမ်းမှုတစ်ခု အဖြစ် အဆိုပါစိတ်ကူးယဥ်အစီအစဉ်ကို ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့သည်။ ဆိုရှယ်မီဒီယာပေါ်ရှိ ကြေငြာချက်တစ်ခုတွင်လပစ်(Lapid) က “ စစ်ပွဲကိုအဆုံးသတ်ပြီး ဓားစာခံများကို ပြန်လည်ခေါ်ဆောင်လာရန်” တောင်းဆိုခဲ့သည်။

အစ္စရေးလူ့အခွင့်အရေးရှေ့နေ မိုက်ကယ် ရှဖတ်(Michael Sfard) က ကာ့ဇ်(Katz) ၏အစီအစဉ်သည် ပြည်နှင်ဒဏ်ပေးရန်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် လူဦးရေများကို အတင်းအကျပ်လွှဲပြောင်းပေးခြင်းနှင့် ပတ်သက်သည်ဟု ပြီးခဲ့သည့်အပတ်က CNN သို့ ပြောကြားခဲ့သည်။ ၎င်းတို့နှစ်ဦးစလုံးသည် စစ်ရာဇ၀တ်မှုများကျူးလွန်ခြင်း ဖြစ်သည်ဟု ရှဖတ်(Sfard)က ပြောသည်။

“သူတို့ကို ကြီးမားတဲ့ အတိုင်းအတာနဲ့ လုပ်ဆောင်ခဲ့ရင် လူ့အဖွဲ့အစည်း တစ်ခုလုံးက လူသားတွေကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှုတွေ ဖြစ်လာနိုင်တယ်” ဟု ရှဖတ်(Sfard)က ထပ်လောင်း ပြောကြားပြီး ဂါဇာကမ်းမြောင်မှ ထွက်ခွာမည်ဆိုပါက မိမိဆန္ဒ အလျောက်သာ ဖြစ်ကြောင်း ယူဆနိုင်သည်ဆိုသော အယူအဆကို ပယ်ချခဲ့သည်။

အစ္စရေးဝန်ကြီးချုပ်ဟောင်း အီဟွတ်အော်လ်မတ်(Ehud Olmert) (ပုံ-၁)

အစ္စရေးနှင့် ဟားမတ်စ်တို့ကြား စစ်ပွဲတွင် ပျက်ပြယ်သွားပြီဖြစ်သော အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု အသက်ဝင်ပြီးနောက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ဂါဇာရှိ Rafah ရှိ အိမ်အပျက်အစီးများကိုလူများ ကျော်ဖြတ်လာခဲ့ကြပုံ။(ပုံ-၂ )

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 13 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 14 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော