နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေး၏အနောက်ဘက်ကမ်းတွင် အခြေချနေထိုင်ရေး အစီအစဉ်သည် ပါလက်စတိုင်း နိုင်ငံပေါ်ထွန်းလာမည့် အလားအလာကို မြှုပ်နှံပစ်နိုင်သည်။ ဘာကြောင့်လဲ။

CNN- ၂၀၂၅ခုနှစ်၊ သြဂုတ်လ ၁၅ရက်

ဂျေရုဆလင် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းတွင် အိမ်ရာယူနစ် ထောင်ပေါင်း များစွာကို အသစ်တည်ဆောက်ရန် အငြင်းပွားဖွယ်အစီအစဉ်များဖြင့် ရှေ့တိုးဆောင်ရွက် နေကြောင်း ဖွံ့ဖြိုးတိုးတက်ရေးလက်ယာစွန်းဘဏ္ဍာရေးဝန်ကြီး ဘယ်ဇယ် စမိုထရစ်ချ် (Bezalel Smotrich) က ကြာသပတေးနေ့တွင် ပြောကြားခဲ့ပြီး အစ္စရေးက “ပါလက်စတိုင်း နိုင်ငံတစ်ခုထူထောင်ရန် စိတ်ကူးကို အပြီးတိုင်မြှုပ်နှံမည်” ဟု ပြောကြားခဲ့သည်။

စ်သက်သဘောကျ သော်လည်း ပါလက်စတိုင်းများနှင့် အခြေချနေထိုင်သူများကိုစောင့်ကြည့်နေသူများအတွက် ထိုဆောင်ရွက်မှုသည် ထိတ်လန့်စိုးရိမ်စရာကောင်းသည်။ ဂျေရုဆလင် အရှေ့ဘက်တွင် အစိုးရသည် ကာလရှည်ကြာ ရပ်တန့်နေသော စီမံကိန်းကို ပြန်လည် အသက်သွင်းနေပြီ ဖြစ်ကြောင်း စမိုထရစ်ချ် (Smotrich) က အတည်ပြုခဲ့သည်။ လာမည့်အပတ်တွင် အတည်ပြု နိုင်မည်ဟု မျှော်လင့်ရသည်ဟုဆိုသည်။

ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုရန် ရည်ရွယ်ချက်ဖြင့် မကြာသေးမီက ကြေညာ ခဲ့သောနိုင်ငံများ၏ လှိုင်းလုံးကြီးရိုက်ခတ်လာမှုအပေါ် အစ္စရေး၏ တုံ့ပြန်မှုအဖြစ် ၎င်းက ယင်းလုပ်ရပ်ကို တင်ပြခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၏ အစိုးရသည် ပါလက်စတိုင်း နိုင်ငံတော်၏ အလားအလာကို ပြတ်ပြတ်သားသား ပယ်ချခဲ့ပြီး ယမန်နှစ်က အစ္စရေး လွှတ်တော်က အတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်တစ်ခုကို အားဖြည့်ထားသည့် ရပ်တည်ချက် ဖြစ်သည်။

စမိုထရစ်ချ် သည် နေတန်ယာဟုအား သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းကို နိုင်ငံပိုင်အဖြစ် သိမ်းယူပြီး နယ်မြေတစ်ခုလုံးတွင် အစ္စရေး၏ အချုပ်အခြာအာဏာကို ကျင့်သုံးရန် အကြိမ်ကြိမ် စည်းရုံးခဲ့သည်။

အခြေချနေထိုင်မှုများသည် အဘယ်နည်း၊ အဘယ်ကြောင့် ဤမျှ အထိမခံနိုင်သနည်း။

အနောက်ဘက်ကမ်းရှိ အစ္စရေးအခြေချနေထိုင်မှုဆိုသည်မှာ ဂျူးလူမျိုးများ နေထိုင်ရာရွာများ မြို့များ တည်ထောင်လာခြင်းဖြစ်ပြီး ထိုနေရာသည် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း က ပါလက်စတိုင်းနိုင်ငံအတွက် သတ်မှတ်ပေးထားသည့် မြေနေရာပေါ်တွင် ကျူးကျော် တည်ဆောက်ထားသည့် ဂျူးလူမျိုးများ နေထိုင်ရာမြို့များဖြစ်သည်။

အခြေချနေထိုင်မှုများ တိုးချဲ့ခြင်းသည် အစ္စရေးနှင့် ပါလက်စတိုင်းတို့ကြား စေ့စပ်ညှိနှိုင်းမှုကို အတားအဆီးဖြစ်စေကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံးနီးပါးက ရှုမြင်ကြသည်။ အခြေချနေထိုင်မှုလုပ်ငန်း တိုးချဲ့နေမှုကို ခြေရာခံသည့် Peace Now အဖွဲ့၏ အဆိုအရ ယမန်နှစ်အထိ အနောက်ဘက်ကမ်းတွင် အခြေချနေထိုင်မှု ၁၄၁ ခုရှိလာခဲ့သည်ဟုဆိုသည်။

ဘယ်အရာကို အတည်ပြုပြီးပြီလဲ။

နိုင်ငံတကာ၏ ပြင်းထန်သော ဆန့်ကျင်မှုများကြောင့် ဆယ်စုနှစ်များစွာ အေးခဲနေသော E1 အခြေချစီမံကိန်းသည် ဂျေရုဆလင်အား တိုးချဲ့လာသည့် Maale Adumim အခြေချ နေထိုင်ရာ နှင့် ချိတ်ဆက်ပေးမည်ဖြစ်ပြီး အရှေ့ဂျေရုဆလင်တွင် အနာဂတ် ပါလက်စတိုင်း မြို့တော် ဖြစ်လာရန် မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။ ထို့ပြင် အနောက်ဘက်ကမ်းကို တစ်ဝက်ခွဲခွဲကာ ဆက်စပ်နေသော ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးကို တားဆီးမည်ဖြစ်သည်။

စမိုထရစ်ချ် သည် ဆိုင်းငံ့ထားသော အိမ်ရာသစ် ၃,၄၀၁ လုံးတိုးချဲ့တည်ဆောက်ခွင့်ရရှိသည့် ခွင့်ပြုချက်ကို ကြာသပတေးနေ့တွင် စီစဉ်ထားသော ဆောက်လုပ်ရေးနေရာ၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။

“သူတို့က ပါလက်စတိုင်းအိပ်မက်အကြောင်း ပြောကြမှာဖြစ်ပြီး ငါတို့က ဂျူးတွေရဲ့ လက်တွေ့အိမ်တွေကို ဆက်လက်တည်ဆောက်သွားမှာပါ” ဟု စမိုထရစ်ချ်က ပြောကြား ခဲ့သည်။ “ဒီအဖြစ်မှန်က ပါလက်စတိုင်းနိုင်ငံတစ်ခုပေါ်ပေါက်လာရေးအယူအဆကို အပြီးအပိုင် မြှုပ်နှံပစ်ရမယ့်အရာပါ၊ ဘာကြောင့်လဲဆိုတော့ အသိအမှတ်မပြု နိုင်စရာ မရှိသလို ဘယ်သူကမှ အသိအမှတ်မပြုနိုင်လို့ပါ။

တုံ့ပြန်မှုက ဘာလဲ။

သိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့် (Golan Heights) ၊ ဂါဇာနှင့် အနောက်ဘက်ကမ်းရှိ ဂျူးအခြေချနေထိုင်မှုများကို ထောက်ခံအားပေးသည့် ရေရှာ ကောင်စီ (Yesha Council) ၏ အကြီးအကဲ ရစ်စရေး ဂန့်ဇ် (Yisrael Gantz) က အစီအစဉ်များကို ကြိုဆိုထောက်ခံခဲ့သည်။

“ ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာ မျှော်မှန်းချက်ဆီကို နောက်ထပ်ခြေတစ်လှမ်း ပိုနီးကပ်လာစေမယ့် သမိုင်းဝင်နံနက်ခင်းတစ်ခု တည်ရှိလာတာပါ” ဟု ဂန့်ဇ်မှ ပြောကြားခဲ့သည်။ “ကျွန်တော်တို့ ဘိုးစဥ်ဘောင်ဆက်တွေရဲ့ သမိုင်းဝင်မြေနေရာမှာ ကျွန်တော်တို့ရဲ့ အခွင့်အရေးကို ကျင့်သုံးနေပါတယ်။”

ပါလက်စတိုင်းအမျိုးသားကောင်စီဥက္ကဋ္ဌသည် ထိုစီမံကိန်း၏ တိုးတက်မှုကို ပြစ်တင် ရှုတ်ချခဲ့ပြီး ယင်းကို “စံနစ်တကျ မြေယာတွေ ခိုးယူပြီး ဂျူးအခြေချဖို့နဲ့ ပဋိပက္ခမှာ သမ္မာကျမ်းစာနဲ့ တာလ်မြူဒစ် အချက်အလက် (Talmudic facts) ကို အသုံးချဖို့ စနစ်တကျ အစီအစဉ်တစ်ခု” အဖြစ် ဖော်ပြခဲ့သည်။

လွှတ်တော်ဥက္ကဋ္ဌ ယောဟီ ဖက်တော့ချ် (Rawhi Fattouh) က ပါလက်စတိုင်းများအပေါ် အခြေချနေထိုင်သည့် အကြမ်းဖက်မှုနှင့်အတူ အနောက်ဘက်ကမ်းကို သိမ်းပိုက်မည့် “ကိုလိုနီပြုသည့် အစီအစဥ်သည် လျှို့ဝှက်သိမ်းပိုက်ရေးမူဝါဒအတွင်း အကျုံးဝင်သည်” ဟု ပြောကြားခဲ့သည်။

အစ္စရေး အခြေချနေထိုင်ရေးကို စောင့်ကြည့်ရေးအဖွဲ့ ဖြစ်သည့် “Peace Now” ကလည်း အဆိုပါ အစီအစဉ်သည် “ငြိမ်းချမ်းသော ပြည်နယ်နှစ်ရပ် ဖြေရှင်းချက် ရရှိနိုင်မည့် အခွင့်အလမ်းအတွက် အစ္စရေး၏ အနာဂတ်အတွက် သေမင်းတမန်နှင့်ကစားမှု” ဖြစ်သည်ဟု ယူဆခဲ့သည်။

သူတို့၏ကြေညာချက်တွင် “ ကျွန်ုပ်တို့သည် ချောက်ကြီးတစ်ခု၏အစွန်းတွင် ရပ်နေပြီး အစိုးရသည် ကျွန်ုပ်တို့အား အရှိန်အဟုန်ဖြင့် ရှေ့သို့ မောင်းနှင်နေပါသည်။ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခနှင့် ဂါဇာတွင် ကြောက်မက်ဖွယ်ကောင်းသော စစ်ပွဲအတွက် ဖြေရှင်းနိုင်သည့် အဖြေတစ်ခုရှိပြီး – ထိုအဖြေမှာနောက်ဆုံးတွင် အစ္စရေးနှင့်အတူ ပါလက်စတိုင်းနှစ်နိုင်ငံထူထောင်ရေးပင်ဖြစ်သည်။ အစိုးရ၏ သိမ်းယူထားသော လုပ်ဆောင်မှုများသည် ဖြေရှင်းရေးကို ဝေးကွာသွားစေပြီး နှစ်ပေါင်းများစွာ ကြာအောင် သွေးထွက်သံယိုများကို ယူဆောင်လာမည် ဖြစ်ပါသည်။”

ဂျေရုဆလင်မြို့နှင့် အနီးတစ်ဝိုက်တွင် ဖြစ်ပေါ်တိုးတက်မှုများကို စောင့်ကြည့်လေ့လာသည့် အစ္စရေးအဖွဲ့အစည်း Ir Amim က E1 ၏ ဂျူးအခြေချနေထိုင်မှုများသည် အနောက်ဘက်ကမ်း ကို အစ္စရေး၏ သိမ်းပိုက်မှုကို အပြီးအပိုင် ခိုင်ခံ့စေမည်ဖြစ်ပြီး “အသားအရောင်ခွဲခြားမှု ဆိုင်ရာလက်တွေ့ဘဝ” ကို ဖန်တီးပေးမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။ ၎င်းသည် ပါလက်စတိုင်းများအတွက် စီးပွားရေးနှင့် လူမှုရေးအခြေအနေများတွင် “အရှိန်အဟုန်နှင့် ဆိုးရွားစွာ ယိုယွင်းပျက်စီးမှု” ကို ဖြစ်စေပြီး ပိုမိုကြီးမားသော မတည်မငြိမ်မှုနှင့် အကြမ်းဖက်မှုများကို ဖြစ်ပေါ်စေမည်ဖြစ်သည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီက ယူကေအနေနှင့် “နိုင်ငံတကာဥပဒေကို ထင်ရှားစွာချိုးဖောက်ခြင်း” ဟု ဖော်ပြထားသည့် အဆိုပါ အစီအစဉ်များကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။

“ အစီအစဥ်တွေကို အခုရပ်တန့်ရမယ်” ဟု လမ်မီက ကြာသပတေးနေ့တွင် ထုတ်ပြန်ချက် တစ်ခုတွင် ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ကာဂျာကဲလ်လတ်စ် (Kaja Kallas) ကလည်း အစ္စရေးအား ရပ်တန့်ရန် တိုက်တွန်းခဲ့ပြီး အဆိုပါအစီအစဉ်သည် “နှစ်ပြည်နယ်ဆိုင်ရာ ဖြေရှင်းချက်ကို ပိုမိုထိခိုက်စေသည်” ဟု ပြောကြားခဲ့သည်။

အခြေချနေထိုင်သူများ၏ အကြမ်းဖက်မှုနှင့် စစ်ရေးစစ်ဆင်ရေးများနှင့် ပေါင်းစပ်ထားသော အခြေချရေးမူဝါဒသည် “ မြေပြင်မှာ တင်းမာစေပြီး ငြိမ်းချမ်းရေးအတွက် ဖြစ်နိုင်ခြေ အားလုံးကို မီးလောင်မြိုက်မှုပေးနေပါတယ် ” ဟု ကဲလ်လတ်စ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တစ်ချိန်တည်းတွင်၊ E1 ၏တစ်စိတ်တစ်ပိုင်းအနေဖြင့် အခြေချအိမ်ရာအသစ်များ ဆောက်လုပ်မည့် အစီအစဉ်ကို အမေရိကန် နိုင်ငံခြားရေးဌာနက ရှုတ်ချခြင်း မရှိပေ။ ထိုအစား ဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက အနောက်ဘက်ကမ်းမှာ တည်ငြိမ်မှု လိုအပ်ကြောင်း အလေးပေး ပြောဆိုခဲ့သည်။

နောက်ထပ် အချက်အလက်များအတွက် ပြောရေးဆိုခွင့်ရှိသူက CNN ကို အစ္စရေးအစိုးရထံ လွှဲပြောင်းပေးခဲ့သည်။

“တည်ငြိမ်တဲ့ အနောက်ဘက်ကမ်းက အစ္စရေးကို လုံခြုံအောင် ထိန်းထားပြီး ဒေသတွင်း ငြိမ်းချမ်းရေးရရှိဖို့ ဒီအစိုးရရဲ့ ရည်မှန်းချက်နဲ့ ကိုက်ညီပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

“ဂါဇာကမ်းမြောင်စစ်ပွဲကို အဆုံးသတ်ဖို့ ကျွန်တော်တို့ အာရုံစိုက်နေပြီး ဟားမတ်စ်တွေက ဂါဇာကို ဘယ်တော့မှ အုပ်ချုပ်နိုင်စေမှာ မဟုတ်ဘူး၊ အမေရိကန် နှစ်ယောက်ရဲ့ ရုပ်အကြွင်း အကျန်တွေ အပါအဝင် ဓားစာခံတွေကို လွှတ်ပေးဖို့နဲ့ အလွန်လိုအပ်နေတဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးဝေရာမှာ လွယ်ကူချောမွေ့စေဖို့အတွက် အာရုံစိုက် နေပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

အစ္စရေးက တရားဝင် ဥပဒေအတိုင်း လုပ်နေတာလား။

အနောက်ဘက်ကမ်းရှိ အစ္စရေးအခြေချနေထိုင်မှုများကို နိုင်ငံတကာဥပဒေအရ တရားမဝင်ဟု သတ်မှတ်သည်။ သိမ်းပိုက်ထားသောနယ်မြေတွင် ဂျူးအခြေချနေထိုင်မှုများသည် နိုင်ငံတကာ ဥပဒေအား ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး “တရားဝင်တရားဝင်မှုမရှိ” ဟုကြေငြာထားသည့် လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၂၃၃၄ ဖြင့် ကုလသမဂ္ဂက ၂၀၁၆ ခုနှစ်တွင် အဆိုပါသတ်မှတ်ခြင်းကို ဆုံးဖြတ်ခဲ့သည်။

သို့သော် အဆိုပါဆုံးဖြတ်ချက်နှင့် အခြားဆယ်စုနှစ်များစွာကို နောက်ပြန်ဆုတ်သွားခဲ့ ခြင်းသည် အမေရိကန်သမ္မတဒေါ်နယ်ထရန့်လက်ထက်တွင် လျင်မြန်စွာပြန်လည် ကြီးထွားလာခဲ့ပြီး အစ္စရေး၏တိုးချဲ့အခြေချလုပ်ငန်းကို ရပ်တန့်ရန် အနည်းငယ်မျှသာ လုပ်ဆောင်ခဲ့သည်။ ပထမဆုံး ထရန့် အုပ်ချုပ်စဉ်အတွင်း၊ နိုင်ငံခြားရေးဌာနသည် အခြေချနေထိုင်မှုများသည် နိုင်ငံတကာဥပဒေနှင့် “မကိုက်ညီ”ဆိုသည့် ကာလရှည်ကြာ တည်မြဲသော အမေရိကန်မူဝါဒကို ပြောင်းပြန်လှန်ခဲ့သည်။ ဘိုင်ဒင် အုပ်ချုပ်ရေးက ထိုမူဝါဒကို ဆက်ထိန်းထားခဲ့သည်။

ဟားမတ်စ်ဦးဆောင်သော အောက်တိုဘာ ၇ ရက်က အစ္စရေးကို တိုက်ခိုက်ပြီးနောက် အစ္စ‌ရေးအစိုးရသည် အခြေချနေထိုင်မှုများ သိသိသာသာ တိုးလုပ်လာခဲ့သည်။

လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကျော်က အော်စလိုသဘောတူညီချက်ကို လက်မှတ်ရေးထိုး ပြီးနောက် အနောက်ဘက်ကမ်းတွင် ဂျူးအခြေချနေထိုင်မှု အကြီးမားဆုံး တိုးချဲ့မှုကို အစ္စရေးက မေလတွင် အတည်ပြုခဲ့သည်။ လုံခြုံရေးဝန်ကြီးက အခြေချနေထိုင်မှုအသစ် ၂၂ခုကိုပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးထိုအထဲမှတချို့သည် အနောက်ဖက်ကမ်း အတွင်းထဲအထိပါဝင်ပြီး အစိုးရမှယခင်က ဆုတ်ခွာလာခဲ့သည့် နေရာများပါ ပါဝင်ခဲ့သည်။

ပါလက်စတိုင်းအာဏာပိုင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အဆိုပါအစီအစဉ်ကို “အန္တရာယ်ရှိသော တိုးမြင့်မှုနှင့် နိုင်ငံတကာမှ တရားဝင်သတ်မှတ်မှုနှင့် နိုင်ငံတကာ ဥပဒေများကို စိန်ခေါ်မှုတစ်ရပ်” အဖြစ် ရှုတ်ချခဲ့သည်။

ဩဂုတ် ၄ ရက်တွင် အနောက်ဘက်ကမ်း တောင်ဘက် ဟေဘရွန်တောင်တန်းရှိ ကာမဲလ် (Carmel) အခြေချရာအနီး အဝေးပြေးလမ်းမကြီးတစ်လျှောက် အစ္စရေးအလံ လွှင့်ထူထားသည်။ Tamir Kalifa/Getty Images(ဓာတ်ပုံ)
အစ္စရေးလက်ယာစွန်းဘဏ္ဍာရေးဝန်ကြီး Bezalel Smotrich သည် ဩဂုတ် ၁၄ ရက်တွင် သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းရှိ Maale Adumim အခြေချနေထိုင်ရာအနီးရှိ ဧရိယာမြေပုံကို ကိုင်ဆောင်ပြသထားသည်။
Menahem Kahana/AFP/Getty ပုံများ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အီရန်

အမေရိကန် စက်သုံးဆီဆိုင်များရှိ ဆီတိုင်ကီဖတ်စနစ်များကို ဟက်ကာများ ဖောက်ထွင်း ဝင်ရောက်၊ အီရန်တွင် တာဝန်ရှိသည်ဟု တာဝန်ရှိသူများ သံသယရှိ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက် အမေရိကန်ပြည်ထောင်စု ပြည်နယ်အများအပြားရှိ စက်သုံးဆီဆိုင်များတွင် အသုံးပြုနေသည့် သိုလှောင်ကန်များအတွင်းရှိ ဆီပမာဏကို စောင့်ကြည့်စစ်ဆေးသော စနစ်များကို ဟက်ကာ များက ဖောက်ထွင်းဝင်ရောက်ခဲ့သည့် ဖြစ်စဉ်များ၏ နောက်ကွယ်တွင် အီရန်ဟက်ကာများ
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်-တရုတ် ထိပ်သီးအစည်းအဝေး – ရှီကျင့်ဖျင်နှင့် ထိုင်ဝမ်သို့ လက်နက်ရောင်းချရေးကိစ္စ ဆွေးနွေးခဲ့ကြောင်း ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက် အီရန်စစ်ပွဲသည်လည်း အဆိုပါအစည်းအဝေးများအတွင်း အဓိကဆွေးနွေးခဲ့သည့် အခြားအကြောင်းအရာတစ်ခု ဖြစ်ခဲ့ပြီး၊ အရေးကြီးသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ မည်သည့်ရေရာပြတ်သားသော သဘောတူညီချက်မျှ ကြေညာနိုင်ခြင်းမရှိဘဲ အစည်းအဝေးများ ပြီးဆုံးခဲ့သည်။ ထရမ့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ထရမ့် နှင့် ရှီ တို့သည် ကြိုဆိုပွဲအခမ်းအနားတစ်လျှောက် ရင်းနှီးပွင့်လင်းစွာ စကားပြောဆိုခဲ့ကြသည်

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 29 Views
၂၀၂၆ခုနှစ်၊ မေလ ၁၄ရက် ဘီဂျင်း။ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်အတွက် ကော်ဇောနီခင်းကာ ကြိုဆိုခဲ့သည်။ ထရန့်သည် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး (Great Hall of
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

အဆုံးအဖြတ်ပေးမည့် ရှီနှင့်တွေ့ဆုံပွဲမတိုင်မီ ထရမ့် တရုတ်နိုင်ငံသို့ ဆိုက်ရောက်

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 23 Views
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့သည် နည်းပညာ၊ ကုန်သွယ်ရေး၊ အီရန်နှင့် ထိုင်ဝမ် အရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကြရမည်ဖြစ်သည်။ CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက် ဘေဂျင်းသို့ ဆိုက်ရောက်ခြင်း: ကမ္ဘာ့အကြီးဆုံး
တရုတ် နိုင်ငံတကာသတင်း

တရုတ်လူငယ်များသည် ပြင်းထန်သောပြိုင်ဆိုင်မှုများကို စွန့်လွှတ်နေကြခြင်းမှာ နိုင်ငံခြားတိုင်းပြည်များတွင် တာဝန်ရှိသည်ဟု တရုတ်ထောက်လှမ်းရေးများကဆို

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၃ရက် ဟောင်ကောင် — တရုတ်နိုင်ငံ၏ ထိပ်တန်းထောက်လှမ်းရေးအေဂျင်စီသည် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလာခဲ့သည်။  တရုတ်လူငယ်များသည် နိုင်ငံခြားအင်အားစုများ၏ လှည့်ဖြားမှုကို ခံနေရကြောင်း၊ ထိုအင်အားစုများက လူငယ်များကို အလုပ်ကြိုးစားမှုအား ရှောင်လွှဲရန်နှင့် အမျိုးသားဖွံ့ဖြိုးတိုးတက်မှုထက်
နိုင်ငံတကာသတင်း အမေရိကန်

“ မင်းသားခေါင်းထဲကိုကျဥ်ဆံပစ်ထည့်လိုက်မယ်” တက္ကဆက် ပြည်နယ်အောက်လွှတ်တော်အမတ်ဟောင်း မာဂျော်ရီတေလာဂရင်း (Marjorie Taylor Greene) ၏ ရင်ဖွင့်သံ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 36 Views
၂၀၂၆ ခုနှစ်၊ မေလ ၃ ရက် ကျွန်မ အသတ်ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ စတင်ရရှိခဲ့တယ်၊ အဲဒါက ကျွန်မကို “သစ္စာဖောက်” လို့ ခေါ်ဆိုတာနဲ့ ပတ်သက်နေပါတယ်။ “မင်းက သစ္စာဖောက်ပဲ၊ မင်း သေထိုက်တယ်”။ “မင်းက