နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ လွှတ်တော်(၃)ခုက မဲဆန္ဒနယ်စာရင်း စစ်ကော်မရှင်ထုတ်ပြန်

အများစုက တိုက်ပွဲဖြစ်ပွားနေတဲ့နေရာနဲ့ တော်လှန်ရေးအင်အားစုတွေ စိုးမိုးထိန်းချုပ်ထားတဲ့နေရာတွေဖြစ်

စက်တင်ဘာလ (၁၅)ရက်။

ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ လွှတ်တော် (၃)ရပ်က မဲဆန္ဒနယ် စုစုပေါင်း (၁၂၁)နယ်စာရင်းကို စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ‌မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲမပြုလုပ်နိုင်တဲ့နေရာတွေက ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၅၆)နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၉)နယ်နဲ့ တိုင်း/ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၅၆)နယ်တို့ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၅၆)နယ်ဟာ ကချင်မှာ (၄)မြို့နယ်၊ ကယားမှာ (၃)မြို့နယ်၊ ချင်းမှာ (၄)မြို့နယ်၊ 
စစ်ကိုင်းမှာ (၁၀)မြို့နယ်၊ မကွေးမှာ (၅)မြို့နယ်၊ မန္တလေးမှာ (၃)မြို့နယ်၊ ရခိုင်မှာ (၁၀)မြို့နယ်နဲ့ ရှမ်းမှာ (၁၇)မြို့နယ်တို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၉)နယ်ဟာ ကယားမှာ ဖားဆောင်း၊ မယ်စဲ့နဲ့ ရှားတောမြို့၊ ချင်းမှာ ပလက်ဝ၊ မတူပီနဲ့ မင်းတပ်ခရိုင်၊ ရခိုင်မှာ မောင်တောနဲ့ မြောက်ဦးခရိုင်၊ ရှမ်းမှာ ပလောင်နဲ့ ကိုးကန့်ဒေသတို့ ပါဝင်ပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ တိုင်း/ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် (၅၆)နယ်ဟာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွေနဲ့ အတူတူဖြစ်တာကိုလဲ တွေ့ရပါတယ်။

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးဆိုပြီး ထုတ်ပြန်ထားတဲ့ မဲဆန္ဒနယ်တွေဟာ KIA၊ AA၊ ချင်းတော်လှန်ရေးတပ်၊ ကရင်နီတပ်ပေါင်းစုနဲ့ MNDAA အပါအဝင် PDF တွေ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေတွေဖြစ်ပါတယ်။

အခုလို စစ်ကော်မရှင်က သူတို့အကျိုးစီးပွားအတွက် ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုတွေဘက်က လက်မခံဘဲ ထိန်းချုပ်နယ်မြေတွေမှာ ကျင်းပခွင့်မရစေရဘူးလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း”

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 8 Views
(ရုပ်သံတင်ဆက်မှုစာသားမူရင်း) ဒီနေ့ ကျွန်တော် တင်ပြချင်တဲ့ အကြောင်းအရာကတော့ စိတ်ဝင်စားစရာကောင်းတဲ့ ဟန်ဂေရီနိုင်ငံရဲ့ ရွေးကောက်ပွဲ အပြောင်းအလဲနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အခြေအနေကို
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိတာကို သက်သေပြဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 20 Views
ဧပြီလ (၂၁)ရက်။ ‌အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာ ရှိနေသေးတာကို သက်သေပြဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတခု All in One
မြန်မာသတင်း

မင်းအောင်လှိုင် ငြိမ်းချမ်းရေးဖိတ်ခေါ်တာကို CNF ငြင်း

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 20 Views
ဧပြီလ (၂၁)ရက်။ မင်းအောင်လှိုင်က ငြိမ်းချမ်းရေး ဖိတ်ခေါ်တဲ့အပေါ် ချင်းအမျိုးသားတပ်ဦး(CNF)က ငြင်းဆိုလိုက်တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ NCA ကအစ ၂၀၀၈ဖွဲ့စည်းပုံအောက်ကနေ လုပ်ဆောင်တာမှန်သမျှကို ကန့်ကွက်ငြင်းပယ်တယ်။ SCEF ရဲ့ နိုင်ငံရေးရပ်တည်ချက်အတိုင်းပဲ ဆက်လက်လုပ်ဆောင် ရပ်တည်သွားမှာ”
မြန်မာသတင်း

ရက်ပေါင်း (၁၀၀)ထဲ PDF တွေ အလင်းဝင်ဖို့ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 20 Views
ဧပြီလ (၂၁)ရက်။ ဇူလိုင်လ (၃၁)ရက်နေ့အထိ ရက်ပေါင်း (၁၀၀)ထဲ PDF တွေ အလင်းဝင်လာကြဖို့ဆိုပြီး မင်းအောင်လှိုင်က မနေ့က ကျင်းပတဲ့ အမည်ခံအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ရက် (၁၀၀)မှာ PDF
မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 28 Views
ဧပြီလ (၂၀)ရက်။ မတရားဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ သမ္မတ ဦးဝင်းမြင့်ဟာ ဧပြီလ (၁၇)ရက်နေ့က တောင်ငူထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီး နေပြည်တော်ရှိ နေအိမ်မှာ မိသားစုနဲ့အတူ နေထိုင်နေတာပါ။
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေ၊ လက်လုပ်ရော့ကတ်တွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 29 Views
ဧပြီလ (၂၀)ရက်။ မကွေးတိုင်း ဆိပ်ဖြူမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁)ကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တိုင်းပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အကြမ်းဖက်စစ်တပ်ရဲ့ နိုင်ငံအနှံ့ ထိုးစစ်၊ ခံစစ်တွေ လျော့နည်းစေဖို့နဲ့ ပြည်သူကို
မြန်မာသတင်း

မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီတွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 23 Views
ဧပြီလ (၂၀)ရက်။ ဧပြီလ (၁၈)ရက်နေ့က NUG လက်အောက်ခံ မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေရဲ့ မနေ့က ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ ပူးပေါင်းသူတွေဟာ မင်းကွန်းတိုက်နယ်ပလဖက စစ်ရေးတာဝန်ခံ ဟိန်းထက်ဇော်(ခ)ကျောက်ခဲ ဦးဆောင်တဲ့ အမျိုးသား (၁၃)ဦးနဲ့
မြန်မာသတင်း

ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 25 Views
ဧပြီလ (၂၀)ရက်။ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထားကြတယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်အသိအမှတ်ပြု