နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

နေတိုးအကြီးအကဲက ဥရောပမဟာမိတ်များကို ရုရှား၏နောက်ထပ်ပစ်မှတ် ဖြစ်နိုင်ကြောင်း သတိပေး

CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက်

နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် မတ်ခ် ရုတ္တီ (Mark Rutte) က ကြာသပတေးနေ့တွင် မဟာမိတ်အဖွဲ့ဝင်နိုင်ငံများသည် ရုရှား၏ နောက်ထပ်ပစ်မှတ်” ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပြီး၊ ယခင်မျိုးဆက်များ ကြုံတွေ့ခဲ့ရသော စစ်ပွဲမျိုးကို ကာကွယ်ရန် ကာကွယ်ရေးအသုံးစရိတ်များကို လျင်မြန်စွာ တိုးမြှင့်ရန် တောင်းဆိုခဲ့သည်။

ရုတ္တီ၏ မှတ်ချက်များသည် ဘာလင်မြို့ရှိ မြူးနစ်လုံခြုံရေးညီလာခံ (Munich Security Conference) တွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ ဥရောပခေါင်းဆောင်များသည် ရုရှား၏ ယူကရိန်း စစ်ပွဲကို အဆုံးသတ်ရန် ရည်ရွယ်သည့် ငြိမ်းချမ်းရေးအဆိုပြုချက်ကို အမေရိကန်၏ ဖိအားပေးမှုများ မြင့်တက်လာသည့် နောက်ခံတွင် ဆွေးနွေးနေကြချိန်နှင့် တိုက်ဆိုင်နေသည်။

“ကျွန်တော်တို့ အဆင်သင့်ဖြစ်ဖို့ လိုပါတယ်၊ ဘာကြောင့်လဲဆိုတော့ ပဋိပက္ခတွေဟာ … လက်တစ်ကမ်းမှာ တိုက်နေကြတာ မဟုတ်တော့ပါဘူး။ ပဋိပက္ခဟာ ကျွန်တော်တို့ တံခါးဝကို ရောက်နေပါပြီ” ဟု ၎င်းက ပြောကြားသည်။ “ရုရှားက စစ်ပွဲကို ဥရောပဆီ ပြန်လည်ရောက်ရှိ စေခဲ့ပြီး၊ ကျွန်တော်တို့ရဲ့ အဘိုး၊ အဘွားတွေ ကြံ့ကြံ့ခံခဲ့ရတဲ့ စစ်ပွဲအတိုင်းအတာအတွက် ကျွန်တော်တို့ ပြင်ဆင်ထားရပါမယ်။”

သို့သော် ၎င်းက နေတိုးသည် “ကျွန်တော်တို့ရဲ့ ကတိကဝတ်တွေကို မလိုက်နာဘူးဆိုရင်၊ ဒါဟာ ကျွန်တော်တို့ ကာကွယ်နိုင်မယ့် ကြေကွဲစရာတစ်ခု ဖြစ်ပါတယ်” ဟုလည်း ဖြည့်စွက် ပြော သည်။

ရုတ္တီက “ရုရှားဟာ ငါးနှစ်အတွင်းမှာ နေတိုးကို စစ်ရေးအင်အားသုံးဖို့ အဆင်သင့် ဖြစ်လာနိုင်တယ်” ဟု သတိပေးခဲ့သည်။

“စိတ်အေးလက်အေး နေသူတွေ အရမ်းများနေပါတယ်။ … အချိန်က ကျွန်တော်တို့ဘက်မှာ ရှိနေတယ်လို့ ယုံကြည်သူတွေ များလွန်းနေပါတယ်။ ဒါဟာ မဟုတ်ပါဘူး” ဟု ၎င်းက သတိပေးပြောဆိုခဲ့သည်။ “လုပ်ဆောင်ဖို့ အချိန်က အခုပါပဲ။ မဟာမိတ်များရဲ့ ကာကွယ်ရေးအသုံးစရိတ်နဲ့ ထုတ်လုပ်မှုတွေဟာ လျင်မြန်စွာ မြင့်တက်လာရပါမယ်။

ပြီးခဲ့သည့် ဇွန်လတွင် နေတိုးအဖွဲ့ဝင်များသည် ၎င်းတို့၏ ကာကွယ်ရေး အသုံးစရိတ် ပစ်မှတ်များကို ၂၀၃၅ ခုနှစ်တွင် ၎င်းတို့၏ ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) ၏ ၂% မှ ၅% အထိ တိုးမြှင့်ရန် သဘောတူညီခဲ့ကြသည်။ ဤတိုးမြှင့်မှုသည် လက်ရှိပစ်မှတ်ထက် နှစ်ဆကျော်ဖြစ်ပြီး၊ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က နှစ်ပေါင်းများစွာ တောင်းဆို ခဲ့သည့် တိုးမြှင့်မှုမျိုးနှင့် ကိုက်ညီနေသည်။

ထရမ့်၏ ‘အရေးပါသော’ အခန်းကဏ္ဍကို ချီးကျူး

ရုတ္တီက “ဥရောပမှာ အတိုင်းအတာတစ်ခုအထိ၊ ကျွန်တော်တို့ ကိုယ့်ကာကွယ်ရေးကို ပိုမို ဂရုစိုက်ရပါလိမ့်မယ်” ဟု အသိအမှတ်ပြုခဲ့သော်လည်း၊ ၎င်းက အမေရိကန်၏ နေတိုး အပေါ် ကတိကဝတ်ကိုလည်း အလေးထားဖော်ပြခဲ့သည်။ ၎င်းသည် ထရမ့်အစိုးရက ဥရောပအပေါ် မကြုံစဖူး ထိပ်တိုက်ရင်ဆိုင်သည့် သဘောထားကို လက်ခံကျင့်သုံးသော ၎င်း၏ အမျိုးသား လုံခြုံရေးမဟာဗျူဟာကို သောကြာနေ့တွင် ထုတ်ပြန်ပြီးနောက် မှတ်ချက် ပေးခဲ့ခြင်း ဖြစ်သည်။

“ထရန်က အတ္တလန္တိတ် (Transatlantic) ချိတ်ဆက်မှုကို ဒီနေ့အတိုင်းပဲ ထိန်းသိမ်းထားဖို့က အရေးကြီးပါတယ်” ဟု ၎င်းက ပြောကြားခဲ့ပြီး “ဘေးကင်းလုံခြုံတဲ့ သမုဒ္ဒရာအတ္တလန္တိတ် မရှိဘဲ အမေရိကန်ကို မကာကွယ်နိုင်ဘူး၊ ပြီးတော့ အတ္တလန္တိတ်ကို ဘေးကင်းအောင် ထိန်းထားဖို့ နေတိုးကို လိုအပ်ပါတယ်” ဟု ထောက်ပြခဲ့သည်။

ရုတ္တီက ရုရှားနှင့် ယူကရိန်းဆိုင်ရာ ဆွေးနွေးပွဲများကို စတင်ပေးခဲ့သည့်အတွက် သမ္မတထရမ့် ကို ချီးကျူးခဲ့ပြီး၊ အမေရိကန်သမ္မတသည် “(ရုရှားသမ္မတ ဗလာဒီမာ) ပူတင်နဲ့ ပိတ်ဆို့နေတဲ့ အခြေအနေကို ချေဖျက်နိုင်တဲ့ တစ်ဦးတည်းသောသူ” ဖြစ်သည်ဟု CNN သတင်းထောက် ဖရက်ဒ် ပလိ့တ်ဂျန် (Fred Pleitgen) ကို ပြောကြားခဲ့သည်။

ထရမ့်သည် မကြာသေးမီ သီတင်းပတ်များအတွင်း သဘောတူညီချက်ရရှိရန် စိတ်မရှည် ကြောင်း ထုတ်ဖော်ခဲ့သော်လည်း၊ ဥရောပသားများကမူ လုံခြုံရေးဆိုင်ရာ အာမခံချက်များနှင့် နယ်မြေဆိုင်ရာ လိုက်လျောမှုများအပေါ် ထပ်မံဆွေးနွေးရန် ကြိုးပမ်းခြင်းဖြင့် ပိုမိုသတိထား ပုံရသည်။

ရုတ္တီက “ပူတင် ထပ်ကြိုးစားလာရင် အကျိုးဆက်က အကြီးအကျယ် ဖြစ်လိမ့်မယ်ဆိုတာ သူသိအောင် အရည်အသွေးနဲ့ အဆင့်အတန်းမြင့်တဲ့ လုံခြုံရေးအာမခံချက်တွေကို (ယူကရိန်းအတွက်) ထားရှိရပါလိမ့်မယ်” ဟု ဆိုသည်။

“နယ်မြေနဲ့ပတ်သက်လို့ သိမ်မွေ့ပြီး ခက်ခဲတဲ့ ဆွေးနွေးမှု ရှိလာမယ်ဆိုတာ ကျွန်တော်တို့ အားလုံး သိပါတယ်။ အဆုံးမှာတော့ ယူကရိန်းလူမျိုးတွေသာ ဆုံးဖြတ်နိုင်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ခဲ့သည်။

တစ်ပြိုင်နက်တည်းမှာပင်၊ ရုရှားက ယူကရိန်းတွင် သေဆုံးခဲ့သော ဗြိတိသျှစစ်သားတစ်ဦး ထိုနေရာတွင် ဘာလုပ်နေခဲ့ကြောင်းကို “ဝန်ခံရန်” ဗြိတိန်ကို တောင်းဆိုခဲ့ပြီး၊ ဗြိတိသျှ တပ်ဖွဲ့များ သည် လူသိရှင်ကြား ထုတ်ဖော်ထားသော တာဝန်များထက် ပိုမိုလုပ်ဆောင် နေကြောင်း သက်သေအထောက်အထားမရှိဘဲ စွပ်စွဲခဲ့သည်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် အဆိုပါ စစ်သားသည် “ရှေ့တန်း စစ်မျက်နှာနှင့် ဝေးရာတွင် ယူကရိန်းတပ်ဖွဲ့များက ကာကွယ်ရေးစွမ်းရည်အသစ်ကို စမ်းသပ်နေသည်ကို လေ့လာစောင့်ကြည့်နေစဉ် ကြေကွဲဖွယ် မတော်တဆမှုကြောင့်” သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 36 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 39 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 40 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 37 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 40 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 49 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 46 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက