နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်သမ္မတဟောင်း ဘိုင်ဒင် ရာထူးမှ နှုတ်ထွက်ပြီး နောက်ပိုင်း ပထမဆုံးမိန့်ခွန်းမှာ ထရမ့်အစိုးရကို ဝေဖန်

ဧပြီလ (၁၆) ရက်။

အမေရိကန်သမ္မတဟောင်း ဘိုင်ဒင်သည် ရာထူးမှနုတ်ထွက်ပြီးနောက်ပိုင်း ပထမဆုံးမိန့်ခွန်းမှာ ထရမ့်အစိုးရကို “ ပျက်စီးခြင်းနဲ့ ဖျက်စီးတာတွေ ဖြစ်လာပြီ ” လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

အမေရိကန် သမ္မတဟောင်း ဘိုင်ဒန် ရာထူးက ဆင်းပြီးနောက်ပိုင်း ပထမဆုံး လူသိရှင်ကြား မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ သူဟာ ထရန့်အစိုးရကို “ ပျက်စီးခြင်းနဲ့ ဖျက်စီးခြင်းကို ရောက်ရှိစေတယ်” လို့ ဝေဖန်ခဲ့ပြီး တိုင်းပြည်ရဲ့ ကွဲပြားမှုအပေါ် အလွန်စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။

“ ရက်ပေါင်း ၁၀၀ အောက် ကာလအတွင်းမှာပဲ အစိုးရသစ်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေ အများကြီးရှိခဲ့ပါတယ်။” “ဖျက်စီးတဲ့ အရှိန်ကလည်း အလွန်မြန်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

“ အမေရိကကို တခြားနိုင်ငံတွေနဲ့ ဘယ်အရာက ခွဲခြားထားတာလဲ။ ကျွန်တော့်အမြင်အရတော့ ဒါဟာ ကျွန်တော့်တို့ရဲ့ အခြေခံ အမေရိကန် စံနှုန်းတွေပါပဲ၊ ဘယ်သူကမှ ဘုရင်မဟုတ်ဘူး။ ဘယ်သူမှ သူဌေးမဟုတ်ဘူး။ လူတိုင်းမှာ အခွင့်အရေးရှိတယ်။”

သမ္မတထရန့်၏ ထောက်ခံသူများကိုလည်း ထည့်သွင်းပြောခဲ့ပြီး တိုင်းပြည်ရဲ့ ကွဲလွဲမှုအပေါ် မှာလည်း အလွန်စိုးရိမ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

“ ဒီလောက်တောင် ကွဲလွဲနေတဲ့ တိုင်းပြည်အခြေအနေ ရောက်အောင် မလုပ်ရပါဘူး။ ကျွန်တော် နိုင်ငံရေးလုပ်လာတာ ကြာပြီ၊ ဒါပေမယ့် ဒီလို ကွဲလွဲနေတာ တခါမှ မတွေ့ဖူးဘူး။ ဒါပေမယ့် (ထရန့်ထောက်ခံသူ) ၃၀ ရာခိုင်နှုန်းလောက်သာ ရှိပြီး အဲဒီ ၃၀ ရာခိုင်နှုန်းက နှလုံးသား မရှိဘူး”

ဘိုင်ဒင်က သမ္မတအဖြစ်စဉ်က မိန့်ခွန်းတွေမှာ သူအမြဲပြောလေ့ရှိတဲ့ “စည်းလုံးရင် အမေရိကမှာ ပြီးမြောက်အောင် မလုပ်နိုင်တာ ဘာမှမရှိဘူး” လို့ အလေးပေးပြောကြားလိုက်ပြီး သူ့မိန့်ခွန်းကို နိဂုံးချုပ်လိုက်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားနိုင်ငံကို တန်ပြန်ရန် လစ်သူယေးနီးယားသို့ ဂျာမန်တပ်ဖွဲ့များ စေလွှတ်

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 16 Views
မေလ (၂၃) ရက်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရုရှားနိုင်ငံကို တန်ပြန်ရန် ပထမဆုံးအကြိမ် လစ်သူယေးနီးယားနိုင်ငံသို့ ဂျာမန်တပ်ဖွဲ့များကို စေလွှတ်ခဲ့သည်။ ဂျာမန်တပ်များသည် လစ်သူယေးနီးယားနိုင်ငံ
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရသည် ဟားဗတ်တက္ကသိုလ်၏ နိုင်ငံတကာ ကျောင်းသားများကို ကျောင်းလက်ခံနိုင်မှုအား တားမြစ်လိုက်ပြီး လက်ရှိ ကျောင်းသားများကို လွှဲပြောင်းပေးရန် တောင်းဆို၊ ဟားဗတ်တက္ကသိုလ်က ပြန်လည်တရားစွဲ

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 16 Views
မေလ (၂၃) ရက်။ ထရန့်အစိုးရသည် ဟားဗတ်တက္ကသိုလ်၏ နိုင်ငံတကာ ကျောင်းသားများကို ကျောင်းလက်ခံနိုင်မှုအား ရုပ်သိမ်းလိုက်သည်။ တက္ကသိုလ်နှင့်ပတ်သက်၍ အစိုးရမှ တောင်းဆိုသော မူဝါဒအပြောင်းအလဲများကို ငြင်းဆန်သည့်အခါမှ စတင်ခဲ့သော တက္ကသိုလ်နှင့် ထရန့်အစိုးရတို့၏ ပဋိပက္ခသည် ပိုမိုနက်ရှိုင်းလာသည်။ “
နိုင်ငံတကာသတင်း အမေရိကန်

ဒီတစ်နှစ်အတွင်း အမေရိကန်မှာ သဌေးတွေ ပိုပြီး ချမ်းသာသွားပြီ။ ထက်ဝက်ကျော် အီလွန်မတ်အက်စ်ဆီ ရောက်သွား

  • 2025 ခုနှစ်၊ မေလ 22 ရက်
  • 37 Views
++++++++++++++++++++++++ မေလ (၂၂) ရက်။ အမေရိကန်၏ အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးသည် ပြီးခဲ့သောနှစ်တွင် ၎င်းတို့၏ အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ ၅၃ ထရီလီယံ တိုးလာခဲ့ပြီး ထက်ဝက်ကျော်သည် အီလွန်မတ်စ်ဆီသို့ ရောက်သွားခဲ့သည်။ ရေတိုဈေးကွက် ကမောက်ကမ
နိုင်ငံတကာသတင်း အာရှ

ဆန်တစ်ခါမှ မဝယ်ဖူးဘူးလို့ ပြောခဲ့တဲ့ ဂျပန်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီး နှုတ်ထွက်

  • 2025 ခုနှစ်၊ မေလ 21 ရက်
  • 42 Views
မေလ (၂၁) ရက်။ စိုက်ပျိုးရေးဝန်ကြီးအသစ်အဖြစ် “ ကိုအိဇူမီ” ကို အစားထိုးခန့်အပ် စိုက်ပျိုးရေးဝန်ကြီးအသစ်က “ ကိုအိဇူမီ” က ဝယ်လိုအားရှိပါက သိုလှောင်ထားတဲ့ ဆန်ပမာဏ အကန့်အသတ်မရှိ ပံ့ပိုးပေးမယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
နည်းပညာ နိုင်ငံတကာသတင်း ရာသီဥတု

ကမ္ဘာ့ရေခဲလွှာများပျော်ကျလာသည့်အတွက် ကမ်းရိုးတမ်းများသည် ရေမြုပ်မည့် အန္တရာယ်ကျရောက်လာမည်။

  • 2025 ခုနှစ်၊ မေလ 21 ရက်
  • 27 Views
ကမ္ဘာ့ရေခဲလွှာများသည် ပျော်ကျပျောက်ကွယ်သွားတော့မည့် ဆိုးရွားသော ကြိုတင်ခန့်မှန်းချက်တစ်ခုကို ရရှိထားပြီး ကမ်းရိုးတန်းများသည် ယင်းအတွက် ခံစားရတော့မည်ဖြစ်သည်။ ကမ္ဘာကြီးပူနွေးလာမှုကို ၁.၅ ဒီဂရီစင်တီဂရိတ်အတွင်း ထိန်းထားနိုင်သော်လည်း ကမ္ဘာ့ရေခဲလွှာများပျော်ကျနေခြင်းသည် ပင်လယ်ရေမျက်နှာပြင်ကို မြင့်တက်လာပြီး ကမ်းရိုးတန်းများဆီသို့ “ ကပ်ဆိုးကြီး” ရွှေ့ပြောင်းရောက်ရှိလာခြင်းများကို ဖြစ်ပေါ်စေမည်
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ထရန့်ကို မလိုအပ်ကြောင်း ပူတင်က ပုံစံအမျိုးမျိုးနဲ့ ပြသနေ

  • 2025 ခုနှစ်၊ မေလ 21 ရက်
  • 27 Views
ထရန့်အဆိုပြုခဲ့သည့် ခြွင်းချက်မရှိ ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေးကို ယူကရိန်းနှင့် ဥရောပမဟာမိတ်များက ထောက်ခံခဲ့ကြပြီး ပူတင်အတွက်ဖိအားပေးမှုဖြစ်လာခဲ့သည်။ ပူတင်ကမည်ကဲ့သို့ တုံ့ပြန်မည်အပေါ် မှုပေါ် မူတည်၍ နှစ်ပတ် သို့မဟုတ် သုံးလကြာ အပစ်အခတ်ရပ်စဲရေးကို တည်ဆောက်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်၏
နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

မြန်မာတဦးနှင့် ဗီယက်နမ်တဦးကို ထရန့်အစိုးရမှ တောင်ဆူဒန်သို့ ပို့ဆောင်ပြည်နှင်ဒဏ်ပေးခဲ့

  • 2025 ခုနှစ်၊ မေလ 21 ရက်
  • 39 Views
မေလ (၂၁) ရက်။ စစ်ဘေးသင့် တောင်ဆူဒန်သို့ ပြည်နှင်ဒဏ်ပေးထားသော ရွှေ့ပြောင်းနေထိုင်သူများကို ‘အစိုးရထိန်းသိမ်းမှုအောက်တွင်’ ဆက်လက်ထားရှိရန် ထရန့်အစိုးရကို တရားသူကြီး အမိန့်ပေးခဲ့သည်။ ရွှေ့ပြောင်းအခြေချများ၏ ရှေ့နေများက တောင်ဆူဒန်မှမဟုတ်သည့်သူများကို ထိုနိုင်ငံသို့ ပို့ဆောင်ခဲ့ခြင်းသည် တရားရုံးအမိန့်ကို ဖောက်ဖျက်ကြောင်း ထောက်ပြခဲ့ကြပြီး