နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဟားဗတ်တက္ကသိုလ်ကို တောင်းပန်ဖို့ ထရန့်အစိုးရက တောင်းဆို

ဧပြီလ (၁၆) ရက်။

တနင်္လာနေ့တွင် ကျောင်းအတွက် နှစ်ရှည်ထောက်ပံ့ငွေ ဒေါ်လာ ၂.၂ ဘီလီယံကို ရပ်တန့်လိုက်ပြီးနောက် ဟားဗတ်တက္ကသိုလ်အား တောင်းပန်ရန် ထရန့်အစိုးရက အင်္ဂါနေ့က တောင်းဆိုခဲ့ပြီး ဖက်ဒရယ်ရန်ပုံငွေဘာကြောင့် ပေးရသည်ဆိုသည့် ရည်ရွယ်ချက်ကို မေးခွန်းထုတ်ခဲ့သည်။

အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလဲဗစ် (Karoline Leavitt) က ကောလိပ်ကျောင်းများတွင် ဂျူးကိုးကွယ်ယုံကြည်မှုကို တားဆီးရန် ပျက်ကွက်မှုဖြင့် အုပ်ချုပ်ရေး၏ လုပ်ဆောင်ချက်ကို ဝေဖန်ထားသည်။ ထို့ပြင် အစိုးရအုပ်ချုပ်ရေးပိုင်းက တက္ကသိုလ်တွင် မတူကွဲပြားမှု၊ သာတူညီမျှမှုနှင့် ပါဝင်မှုအစီအစဉ်များကို ဖယ်ရှားရန်၊ ကျောင်းဝင်းဆန္ဒပြပွဲများတွင် မျက်နှာဖုံးများတပ်ခြင်းကို တားမြစ်ရန်စသည်တို့ကို သေချာစေရန်လည်း တောင်းဆိုထားသည်။

ဟားဗတ်ကို နိုင်ငံရေးအဖွဲ့အစည်းတစ်ခုအဖြစ် အခွန်ကောက်ခံရန်နှင့် ၎င်း၏အခွန်ကင်းလွတ်ခွင့် အခြေအနေကို ဖယ်ရှားရန် အင်္ဂါနေ့အစောပိုင်းတွင် သမ္မတ ‌ဒေါ်နယ်ထရန့်က ခြိမ်းခြောက် တွန်းအားပေးခဲ့ပြီး လီဗစ်က ပြည်တွင်းအခွန်များဝန်ဆောင်မှုနှင့်ပတ်သက်သည့် မေးခွန်းများကို မဖြေဆိုခဲ့ပါ။ သို့ရာတွင် သူမက “ဟားဗတ်တက္ကသိုလ်အနေနဲ့”တောင်းပန်ဖို့လိုတယ်ဟု အကျယ်တဝင့် ပြောခဲ့သည်။

လီဗစ်က “ထရန့်အနေနဲ့ ဟားဗတ်က တောင်းပန်တာကို မြင်ချင်ပြီး ဂျူးအမေရိကန်ကျောင်းသားတွေအပေါ် သူတို့ရဲ့ ကောလိပ်ကျောင်းဝင်းထဲမှာ ဖြစ်ပွားခဲ့တဲ့ ဂျူးလူမျိုးတွေ ကိုးကွယ်ယုံကြည်မှုအပေါ် ဆိုးရွားတဲ့တိုက်ခိုက်ခံရမှုတွေအတွက် ဟားဗတ်က တောင်းပန်သင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

လီဗစ်သည် ဂျူးလူမျိုးများကို လူမျိုးတုံးသတ်ဖြတ်မှုပြုလုပ်ရန် တောင်းဆိုခဲ့သည့် တက္ကသိုလ်၏ ဥက္ကဌဟောင်း ကလာဒိုင်း ဂေး (Claudine Gay) ၏ ကွန်ဂရက်ကြားနာမှုအတွင်း မှတ်ချက်စကားများကို ထောက်ပြခဲ့ပြီး ဟားဗတ်၏ ချမှတ်ထားသော အနိုင်ကျင့်မှုနှင့် နှောင့်ယှက်မှုဆိုင်ရာ စည်းမျဉ်းများသည် “အကြောင်းအရာပေါ်မူတည်၍” ချိုးဖောက်နိုင်သည်ဟု ပြောကြားခဲ့သည်။ ဂေးသည် အဆိုပါမှတ်ချက်အတွက် တောင်းပန်ခဲ့သည်။

လီဗစ်သည် ကျောင်းဝင်းအတွင်း စခန်းချခြင်းနှင့် အတန်းများကို နှောင့်ယှက်ခြင်းတွင် ပါဝင်သည့် ကျောင်းသားများကို ဟားဗတ်တက္ကသိုလ်တွင် စည်းကမ်းလိုက်နာရန် လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့သည်ဟု ထောက်ပြခဲ့သည်။ “ဒီလို ယုတ်မာတဲ့အပြုအမူကို ခွင့်ပြုတဲ့အတွက် ဟားဗတ်က သူ့ရဲ့ဂျူးအမေရိကန်ကျောင်းသားတွေကို တောင်းပန်သင့်တယ်လို့ သမ္မတက ယုံကြည်ပါတယ်” ဟု လီဗစ်က ပြောကြားခဲ့သည်။

သူမသည် တက္ကသိုလ်၏ ဖက်ဒရယ်ရန်ပုံငွေ၏အနာဂတ်နှင့်ပတ်သက်သည့် မေးခွန်း ထုတ်လိုက်ပြီး ထရန့် အစိုးရအနေနှင့် နိုင်ငံရေးပြဿနာတွင် အနိုင်ရခဲ့သောတိုက်ပွဲဖြစ်သည်ဟု ရှင်းရှင်းလင်းလင်းယုံကြည်နေသည်။

“သမ္မတက မေးခွန်းကောင်းတစ်ခုတောင်းနေတယ်ထင်တယ်။ သူတို့မှာ ဒေါ်လာ ၅၀ ဘီလီယံကျော်ရှိနေတဲ့ ဟားဗတ်မှာ ဒေါ်လာ ၂ ဘီလီယံကျော် ထောက်ပံ့ကြေးရရင် အမေရိကန်အခွန်ထမ်းတွေက ဘဏ်ထဲမှာ ဒေါ်လာဘီလီယံပေါင်းများစွာရှိတဲ့ တက္ကသိုလ်ကို ဘာကြောင့် ထောက်ပံ့နေကြတာလဲ။ ပြီးတော့ ဒီလိုမျိုး ဂျူးကိုးကွယ် ယုံကြည်မှုတွေကို ကြီးကြီးမားမား ဆန့်ကျင်မှု ရှိတဲ့နေရာကို ငွေကြေးထောက်ပံ့တာမျိုး မလုပ်သင့်ပါဘူး” ဟု သူမက ပြောကြားခဲ့သည်။

ဓာတ်ပုံများ

ဟားဗတ်တက္ကသိုလ်ပါမောက္ခချုပ် အာလန်ဂါဘာ
အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူကာရိုလိုင်းလဲဗစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 83 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက