နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ကို နိုင်ငံတကာခုံရုံးတွေနဲ့ တောင်ကိုရီးယားနိုင်ငံမှာ တရားစွဲဆိုနိုင်ဖို့ ဆွေးနွေး

မေလ (၁၅)ရက်။

မနေ့က တောင်ကိုရီးယားနိုင်ငံမှာ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ SAC-M အဖွဲ့ဝင် Professor Yanghee Lee တို့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီတွေ့ဆုံပွဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတာကို နိုင်ငံတကာခုံရုံးတွေနဲ့ တောင်ကိုရီးယားနိုင်ငံမှာ တရားစွဲဆိုနိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

တွေ့ဆုံပွဲကို NUG ရဲ့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း၊ တောင်ကိုရီးယားရှေ့နေတွေနဲ့ အရပ်ဖက်အဖွဲ့တွေက ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အပစ်ရပ်တယ်ဆိုပြီး ကြေညာထားတဲ့ စစ်ကောင်စီဟာ နိုင်ငံတဝန်းမှာ ပြည်သူတွေကို ပစ်မှတ်ထားပြီး အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေသလို အစုလိုက်အပြုံလိုက်သတ်ဖြတ်တာတွေ ပြုလုပ်နေတာပါ။

စစ်ကောင်စီရဲ့ အခုလိုလုပ်ရပ်တွေကို ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအဖွဲ့တွေအနေနဲ့ ထိရောက်စွာ တားဆီးအရေးယူပေးဖို့ တော်လှန်ရေးအင်အားစုတွေက တောင်းဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းထဲ စစ်ကောင်စီက ဒီပဲယင်းနယ် အိုးတိန်တွင်းရွာ စာသင်ကျောင်းနဲ့ ရသေ့တောင်မြို့နယ် ထွန်းရဝေရွာတို့ကို ဗုံးကြဲခဲ့တဲ့ဖြစ်စဉ်ဟာ အဆိုးရွားဆုံးဖြစ်ပြီး ပြည်သူတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ ကပစ(၂၄) ရှော့တိုက်ဒုံးတွေ၊ လက်လုပ်ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 15 Views
ဧပြီလ (၂၄)ရက်။ ဧပြီလ (၂၀)ရက်နေ့က ပေါက်မြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ ကပစ(၂၄)ကို ရှော့တိုက်ဒုံးတွေ၊ လက်လုပ် ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မကွေးတိုင်းပကဖရဲ့
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အာရှ၏ တရိပ်ရိပ်တက်နေသော ကုန်စည်ပြတ်လပ်မှု ဂယက်သည် အမေရိကဆီသို့ ဦးတည်နေသည်

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၄ရက် ဓာတ်ဆီဆိုင်များတွင် လောင်စာဆီကို ခွဲတမ်းနှင့် ရောင်းချနေရသည်။ ဆေးရုံများတွင် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပြတ်လပ်နေသည်။
မြန်မာသတင်း

ဝက်လက်နယ်ရှိ စာသင်ကျောင်းကို စစ်တပ်က အသေခံဒရုန်းတွေနဲ့ လေကြောင်းတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 19 Views
အရပ်သားတဦးသေဆုံးပြီး စာသင်နေတဲ့ ကျောင်းသားကျောင်းသူတွေ ထိခိုက်ဒဏ်ရာရခဲ့ ဧပြီလ (၂၄)ရက်။ မနေ့က နေ့လယ် (၁၁)နာရီခွဲအချိန်က ဝက်လက်မြို့ မုဆိုးခြုံ(ရွာမ)ရွာ စာသင်ကျောင်းကို စစ်တပ်က အသေခံဒရုန်းတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖထံက သိရပါတယ်။ “ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မုဆိုးခြုံ(ရွာမ)ရွာစာသင်ကျောင်းကို
မြန်မာသတင်း

မင်းအောင်လှိုင်ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ဂုဏ်ပြုတယ်ဆိုတဲ့ သဝဏ်လွှာအတု ထွက်ပေါ်နေတယ်လို့ MNDAA ပြော

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 19 Views
ဧပြီလ (၂၄)ရက်။ မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ကြိုဆိုဂုဏ်ပြုတဲ့ သဝဏ်လွှာအတု ထွက်ပေါ်နေတာကြောင့် သတိပြုကြဖို့ ကိုးကန့်တပ်(MNDAA)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခုအခါ လူမှုကွန်ရက်စာမျက်နှာတွေမှာ “ The Kokang” နဲ့ တရုတ်ဘာသာနဲ့
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ ထိုင်းနိုင်ငံ‌ခြားရေးဝန်ကြီးပြောတယ်ဆိုပြီး စစ်လော်ဘီတွေဖြန့်ဝေနေ

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 19 Views
ဧပြီလ (၂၄)ရက်။ ‌အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေက ရေးသားဖြန့်ဝေနေကြတယ်လို့ သိရပါတယ်။ အခုရက်ပိုင်းထဲ နေပြည်တော်ကို ရောက်ရှိလာတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ထည့်သွင်းပြောဆိုခဲ့တာလို့
မြန်မာသတင်း

မြို့နယ်ပေါင်း (၆၀)ကို ကိုယ်တိုင်ခန့်သမ္မတမင်းအောင်လှိုင် အရေးပေါ်အခြေအနေကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 18 Views
ဧပြီလ (၂၄)ရက်။ မြို့နယ်ပေါင်း (၆၀)မြို့ကို ကိုယ်တိုင်ခန့်သမ္မတမင်းအောင်လှိုင်က အရေးပေါ်အခြေအနေ ကြေညာခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်က လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့နဲ့ နယ်မြေဒေသ တည်ငြိမ်အေးချမ်းဖို့ဆိုပြီး တိုင်းနဲ့ပြည်နယ်အချို့က မြို့နယ် (၆၀)ကို အရေးပေါ်အခြေအနေ ကြေညာခဲ့တာလို့ သိရပါတယ်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ မနက်ဖြန်ရပ်တန့်လျှင်ပင် လူပေါင်း ၃၀ သန်းကျော် ဆင်းရဲတွင်းသို့ ကျဆင်းနိုင်ကြောင်း ကုလသမဂ္ဂ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်စစ်ပွဲ ပဋိပက္ခသည် မနက်ဖြန်တွင်ပင် အဆုံးသတ်သွားစေကာမူ ကမ္ဘာတစ်ဝန်းရှိ လူပေါင်း ၃၀ သန်းကျော်မှာ ဆင်းရဲတွင်းသို့ ပြန်လည်ကျဆင်းသွားလိမ့်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ (UN) က
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

‘စက်ရုပ်တွေက သွေးမထွက်ဘူး’ – လူသားစစ်သားများအစား စက်ကိရိယာများကို စစ်မြေပြင်သို့ ယူကရိန်းစေလွှတ်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ဤမြင်ကွင်းသည် စစ်ပွဲများရှိကတည်းက ရှိနေခဲ့သည့် မြင်ကွင်းဟောင်းတစ်ခု ဖြစ်သည်။ စစ်သားနှစ်ဦးသည် လက်ကိုလေထဲမြှောက်ကာ လက်နက်ချနေပြီး တစ်ဖက်ခြမ်းမှ ဟိန်းဟောက်စေခိုင်းနေသည့် အမိန့်များကို ဂရုတစိုက် လိုက်နာနေကြသည်။