နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ပူတင် အနိုင်ရတဲ့ပွဲလား။

ထရန့် နှင့် ပူတင် တို့သည် “ အလွန်အမင်း စကားပြောဆိုထားခဲ့သဖြင့် ပင်ပန်းနေသောကြောင့် အမေးအဖြေအခန်းကို မပြုလုပ်ခဲ့” ဟု ကရင်မလင်ပြောရေးဆိုခွင့်ရှိသူက ပြောကြား ခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ၏ ထုတ်ပြန်ချက် များသည် အကြောင်းအရာအားလုံးကို ပြောကြားထားသောကြောင့် သောကြာနေ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် အမေးအဖြေ တုံ့ပြန်ပြောဆိုခြင်းအခန်းကို ဖြုတ်ချ ခဲ့ကြောင်း ကရင်မလင်၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် ခေါင်းဆောင်နှစ်ဦးက အဘယ်ကြောင့် မှတ်ချက်များသာ ပေးခဲ့သနည်းဟု မေးမြန်းသောအခါတွင် “ပြီးပြည့်စုံသော ကြေညာချက်များကို ထုတ်ထားခဲ့ပြီး ဖြစ်သည့်အတွက်” ဟု ဒီမီထရီ ပက်စ်ကော့ဗ် (Dmitry Peskov) က ပြောကြားခဲ့ကြောင်း ရုရှား၏ RIA Novosti သတင်းဌာနထံမှသိရသည်။

“ စကားဝိုင်းက တကယ်ကို အပြုသဘောဆောင်ပြီး သမ္မတနှစ်ဦးက ဒီအကြောင်းကို ပြောခဲ့ပါတယ်။ ဒီစကားဝိုင်းက ဆုံးဖြတ်ချက်ရွေးချယ်စရာတွေကို ရှာဖွေတဲ့လမ်းကြောင်းမှာ ယုံကြည်မှုရှိရှိ အတူတကွ ရှေ့ကိုဆက်သွားနိုင်အောင် လုပ်ဆောင်ပေးမယ့် စကားဝိုင်း ဖြစ်ပါတယ်” ဟု ပက်စ်ကော့ဗ်က RIA သတင်းတွင် ဖော်ပြထားသည်။

နိုဘယ်လ်ဆုပေးရန် မှတ်ချက်များနှင့်ပတ်သက်၍ ဟီလာရီကလင်တန်ကို ထရန့် က “သိပ်သဘောကောင်းသည်” ဟု ပြောခဲ့သည်။

ယူကရိန်းမှာ ငြိမ်းချမ်းရေးအတွက် ကြားဝင်ဆောင်ရွက်ပေးနိုင်ခဲ့ရင် ဟီလာရီကလင်တန်က “သူ့ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်းမယ်” ဟုပြောတာကို ကျေးဇူးတင်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့ပါသည်။

“အဲဒီလိုကိစ္စတွေမှာ ကျွန်တော် မပါဝင်ချင်ပါဘူး” ဟု ဆိုပြီး ၎င်း၏ သမ္မတလောင်းပြိုင်ဘက် ဟောင်း၏ မှတ်ချက်စကားများသည် “အလွန်ကောင်းပါတယ်” ဟု မှတ်ချက်ပြုခဲ့သည်။ သူမက ထိုကဲ့သို့ ပြောခဲ့လျှင် အလွန်ကောင်းတဲ့ ပြောကြားချက်ပါ။ ကျွန်တော်ကလည်း တကယ့်ကို ကျေးဇူးတင်ပါတယ်” ဟု ပြောကြားခဲ့သည်။

အကယ်၍ သူသည် ရုရှား၏စစ်ပွဲကို အဆုံးသတ်ရန် ယူကရိန်းပိုင်နက်ကို ရုရှားလက်သို့ အပ်နှင်းခြင်း မပြုဘဲ “ဗိသုကာတယောက်အနေနှင့်” ဆောင်ရွက်နိုင်ပါက ယင်းဆုကို ဆွတ်ခူးနိုင်ရန် ပုဂ္ဂိုလ်ရေးအရ ထောက်ခံစာရင်း တင်သွင်းပေးမည် ဟု ကလင်တန်က သောကြာနေ့အစောပိုင်းတွင် ပြောကြားခဲ့သည်။

ပူတင်နဲ့ ဇလန်းစကီးတို့က အနာဂတ် ပူးတွဲအစည်းအဝေးမှာ သူပါဝင်နေတာကို အလိုရှိနေတယ်လို့ ထရန့်ကဆိုပြီး- “ ကျွန်တော်အဲဒီမှာရှိနေမယ်” ဟုပြောခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အာလာစကာပြည်နယ်အင်ကောရိတ်ဂျ် (Anchorage) မြို့တွင်သောကြာနေ့က ပူးတွဲအခြေစိုက်စခန်း အယ်မန်ဒရော့ဖ် ရတ်ချတ်ဆင် (Elmendorf-Richardson) တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် သတင်းစာရှင်းလင်းပွဲအတွင်း ကြေငြာချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်။ (ဓာတ်ပုံ)

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီးတို့နှစ်ဦးစလုံးသည် ငြိမ်းချမ်းရေးလမ်းကြောင်းကို ဆွေးနွေးရန် ခေါင်းဆောင်နှစ်ဦးကြား အနာဂတ်အလား အလာရှိသော တွေ့ဆုံပွဲသို့ တက်ရောက်စေလိုကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ပြောကြား ခဲ့သည်။

Fox News သတင်းသမား ရှောင်းဟန်နစ်တီ (Sean Hannity) နှင့်အင်တာဗျူးတွင် ထရန့်က “ သူတို့နှစ်ယောက်လုံးက ကျွန်တော့်ကို အဲဒီမှာ ရှိနေတာကို လိုလားကြတယ်။ “ သူတို့ နှစ်ယောက်လုံး ကျွန်တော် ရှိနေတာ လိုချင်တယ်၊ ကျွန်တော်လည်း ရှိနေမှာပါ ” ဟု ဆိုသည်။

အချိန်တိုအတွင်း ငြိမ်းချမ်းရေး ဖြစ်ပေါ်လာနိုင်သည်ဟု ယုံကြည်ပါသလားဟု မေးမြန်းရာ ထရန့်က “ဟုတ်တယ်တိုတောင်းတဲ့အချိန်အတွင်းပေါ့” ဟု ပြန်လည်ဖြေကြားခဲ့သည်။

ရုရှား-ယူကရိန်း ပဋိပက္ခသည် ပဋိပက္ခအားလုံးကို ဖြေရှင်းရန်တွင် အလွယ်ကူဆုံးဖြစ်မည်ဟု ထင်မြင်ခဲ့ခြင်းမှာ မှားယွင်းကြောင်း ထရန့်မှ ဝန်ခံခဲ့ပြီး ၂၄ နာရီအတွင်း စစ်ပွဲကို အဆုံးသတ်ရန် ၎င်း၏မဲဆွယ်စည်းရုံးရေးကတိကို ပြန်လည်အမှတ်ရစေခဲ့သည်။

“ဒါက အားလုံးထဲမှာ အလွယ်ဆုံး ဖြစ်မယ်လို့ ကျွန်တော်ထင်တယ်၊ ဒါပေမဲ့ အခက်ဆုံးပဲ” ဟု ထရန့်က ပြောကြားခဲ့သည်။

ထရန့်သည် ရုရှားအတွက် “ ပြင်းထန်သောအကျိုးဆက်များ” ၏ခြိမ်းခြောက်မှုကို လောလောဆယ် ပယ်ချထားသည်။

သမ္မတ ဒေါ်နယ်ထရန့်သည် ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ သို့မဟုတ် အခြားသော “ပြင်းထန်သော အကျိုးဆက်များ” ကို ဆိုင်းငံ့ထားမည်ဟု အချက်ပြခဲ့ပြီး ယနေ့ ဗလာဒီမာပူတင်နှင့် တွေ့ဆုံမှုမှာ ကောင်းမွန်သွားကြောင်း နိဂုံးချုပ်ခဲ့သည်။

“ ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကြောင့် အခုအချိန်မှာ အဲဒါကို စဉ်းစားနေစရာ မလိုတော့ဘူး ထင်တယ်” ဟု Fox News ၏ ရှောင်းဟန်နတီနှင့် အင်တာဗျူးတွင် ထရန့်က ပြောကြား ခဲ့သည်။ “ ငါက အဲဒါကို နှစ်ပတ် ဒါမှမဟုတ် သုံးပတ် ဒါမှမဟုတ် တစ်ခုခုတော့ စဉ်းစား ရလိမ့်မယ်၊ ဒါပေမယ့် ငါတို့ အဲဒါကို အခုအချိန်မှာ စဉ်းစားနေစရာ မလိုဘူး။”

တစ်ချိန်က ထရန့် သည် ရုရှားအပေါ် ပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် ယခုလအစောပိုင်းတွင် ခြိမ်းခြောက်ခဲ့ပြီး ပူတင်အား ၎င်း၏ ယူကရိန်းစစ်ပွဲကို ရပ်တန့်ရန် ဖိအားပေးခဲ့သည်။ သို့သော် ပူတင်သည် မျက်နှာချင်းဆိုင်တွေ့ဆုံရန် သဘောတူပြီးနောက် ထိုနောက်ဆုံးရက်ကို ထရန့်က ပယ်ချခဲ့သည်။

မြေယာလဲလှယ်မှုနှင့်ပတ်သက်၍ သူနှင့် ပူတင်တို့ သည်အများစုကို သဘောတူခဲ့ကြသည်ဟု ထရန့်က ပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲသည် မြေယာလဲလှယ်မှုနှင့် အမေရိကန်ထံမှ လုံခြုံရေးအာမခံချက်အချို့ဖြင့် အဆုံးသတ်မည်ဖြစ်ကြောင်း သောကြာနေ့တွင် ဆွေးနွေးမှုတွင် ရုရှားသမ္မတက ဒေါ်နယ်ထရန့် နှင့် သဘောတူညီခဲ့ကြောင်း ပြောကြားခဲ့သည်။

Fox News မှ ရှောင်ဟန်နတီ က အမေရိကန်၏ယူကရိန်းအပေါ် လုံခြုံရေး အာမခံချက်တွင် ယခင်က ရုရှားကို မြေပေးလိုက်ရန် မပါဝင်ခဲ့ပဲယခု အမေရိကန်၏ လုံခြုံရေး အာမခံချက် ပေးမည့် ပိုင်နက်ဆိုင်ရာ လိုက်လျောမှုများအကြောင်း မေးမြန်းရာတွင် ထရန့် က ဗလာဒီမာပူတင်က ထိုအချက်ကို သဘောတူညီခဲ့ကြောင်း ပြောကြားခဲ့သည်။

“အင်း၊ အဲဒါတွေက ကျွန်တော်တို့ ညှိနှိုင်းထားတဲ့ အချက်တွေလို့ ကျွန်တော်ထင်တယ်၊ အဲဒါတွေက ကျွန်တော်တို့ အများကြီး သဘောတူထားတဲ့ အချက်တွေပါ” ဟု ၎င်းက ဆိုသည်။ “တကယ်တော့ ကျွန်တော်ကတော့ အများကြီး သဘောတူတယ်လို့ ထင်ပါတယ်။ အစည်းအဝေးက နွေးထွေးတဲ့ တွေ့ဆုံမှုလို့ ပြောလို့ရပါတယ်။

သူက ပူတင်ကို “သန်မာတဲ့လူ” နဲ့ “ငရဲလောက်ကြံခိုင်တယ်” လို့ ခေါ်ပေမယ့် အစည်းအဝေးက အပြုသဘောဆောင်တယ်လို့ ပြောခဲ့သည်။

“ ကျွန်တော်တို့ အဆုံးသတ်ဖို့ တော်တော်လေး နီးစပ်နေပြီလို့ ကျွန်တော်ထင်ပါတယ်။ ယူကရိန်းက ဒါကို သဘောတူရမယ်” ဟု ၎င်းက ဆိုသည်။

ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီးအား ထရန့်၏အကြံပေးချက်- “ သဘောတူညီချက်ကို လုပ်လိုက်ပါ။”

ပူတင်နှင့် ထိပ်သီးဆွေးနွေးပွဲကို အဆင့်ဘယ်လောက်သတ်မှတ်မလဲ” ဟု မေးသည့်အခါ ထရန့်က “တွေ့ဆုံမှုဟာ ၁၀ လို့ ထင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နှင့် ယနေ့တွေ့ဆုံမှုတွင် အပစ်အခတ်ရပ်စဲရေးကို မရရှိခဲ့သော်လည်း တွေ့ဆုံမှုမှာ အဆင့် ၁၀ ဟု အမှတ်ပြည့်ပေးခဲ့ပြီး အစောပိုင်းက သတင်းထောက်များအား ပြောကြားခဲ့ရာတွင် အပစ်အခတ်ရပ်စဲရေး မအောင်မြင်ပါက သူသည် ပျော်ရွှင်မည်မဟုတ်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။

ယင်းအစား Fox News မှ “ ဟန်နတီ” တွင် တွေ့ဆုံမေးမြန်းခဲ့သည့် ထရန့်သည် ၎င်းတို့ အဆင်ပြေစွာပြောဆို ပြေလည်သွားသောကြောင့် အစည်းအဝေးကို အမှတ်များများ ပေးမည်ဟု ပြောကြားခဲ့သည်။

“ ဒါကြောင့် တွေ့ဆုံမှုဟာ အမှတ်ပြည့် ၁၀ ရရှိတဲ့ တွေ့ဆုံမှုလို့ ကျွန်တော်ထင်ပါတယ်။ ပြီးတော့ အင်အားကြီးနှစ်နိုင်ငံ အထူးသဖြင့် နျူကလီးယားအင်အားကြီးနိုင်ငံတွေ ပေါင်းစည်းတဲ့အခါမှာ ကောင်းပါတယ်။ ကျွန်တော်တို့က နံပါတ်တစ်၊ သူတို့ဟာ ကမ္ဘာမှာ နံပါတ်နှစ်ပါ။ ပြီးတော့ ဒါက ကြီးမားတဲ့ သဘောတူညီချက်တစ်ခုပါ။” ဟု ထရန့် က ပြောကြားခဲ့သည်။

ဇလန်းစကီး နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့အကြား မကြာမီ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးရန် ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီးအား သမ္မတ ‌ဒေါ်နယ်ထရန့်က တာဝန်ပေးအပ်ထားကြောင်း သောကြာနေ့ညနေပိုင်းတွင် ပြောကြားခဲ့သည်။

အာလာစကာမှာ ပူတင်နဲ့ အတူထိုင်ပြီး Fox News အင်တာဗျူးတစ်ခုမှာ “အခုတော့ သမ္မတ ဇလန်းစကီးအနေနဲ့ ကိစ္စကို ပြီးမြောက်ဖို့ သူ့အပေါ်မှာပဲ မူတည်ပါတယ်” ဟု ထရန့်က ပြောကြားခဲ့သည်။ “ သူတို့က သမ္မတဇလန်းစကီးနဲ့ သမ္မတ ပူတင်တို့ကြား တွေ့ဆုံမှု တစ်ခု ကို အခုထူထောင်တော့မယ်လို့ ကျွန်တော် ထင်ပါတယ်။ နောက်ပြီး ကျွန်တော်လဲ အပါအဝင် ဖြစ်မယ်လို့ ထင်ပါတယ်”

တွေ့ဆုံမေးမြန်းခန်းအတွင်း ထရန့်သည် သဘောတူညီချက်တစ်ရပ်ကို ဆုပ်ကိုင်ထားသည့် နောက်ဆုံးပြဿနာများကို အသေးစိတ်ဖော်ပြရန် ငြင်းဆိုခဲ့ပြီး ၎င်းက “ ကျွန်တော်တို့ ဘာတွေ လုပ်နိုင်မလဲဆိုတာကို မြင်ချင်ပါတယ်” ဟုသာ ပြောဆိုခဲ့သည်။ ဒါပေမယ့် သောကြာနေ့က သဘောတူညီချက်မရရှိခဲ့ပေမယ့်လည်း ထိပ်သီးအစည်းအဝေးကို အောင်မြင်တယ်လို့ ကြွေးကြော်ခဲ့ပြီး အစည်းအဝေးကို ပေးမှတ် ၁၀ မှာ ၁၀ မှတ်ရတယ်“ကျွန်တော်တို့ ပေါင်းစည်းလိုက်တာ ကောင်းတယ်” ဆိုပြီး အဆင့်သတ်မှတ်ခဲ့ပါသည်။

“ကျွန်တော် ကသေချာအောင်ပြီးစီးအောင် လုပ်ချင်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။ “ ပြီးတော့ ကျွန်တော်တို့ မှာ အောင်မြင်ဖို့ အခွင့်အရေးကောင်းတွေ ရှိပါတယ်။”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ဟိမဝန္တာတောင်တန်းရှိ တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်အပေါ် အဓိကအချက်များ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 2 Views
ကမ္ဘာ့အကြီးဆုံး စီမံကိန်းဖြစ်လာမည်။ တရုတ်နိုင်ငံသည် ဒေါ်လာ ၁၆၈ ဘီလီယံ အကုန်အကျခံကာ တိဗက်ဒေသရှိ ရာလန် စန်ပို(Yarlung Tsangpo) မြစ်ပေါ်တွင်
နိုင်ငံတကာသတင်း အမေရိကန်

ရိမ်နာ (Reiner)လင်မယားအသတ်ခံရမှု အပေါ် ထရန့်၏ မှတ်ချက်ပေးမှုများသည် ‘ကြောက်စရာကောင်းပြီး’ ‘ရက်စက်သည်’ ဟု ၎င်း၏ မဟာမိတ်များက ဆိုသည်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 25 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၆ရက် ရော့ဘ် ရိမ်နာ(Rob Reiner) နှင့် မစ်ရှယ် ရိမ်နာ(Michele Reiner) တို့ ဇနီးမောင်နှံ သေဆုံးမှုအပေါ် သမ္မတ ဒေါ်နယ်ထရန့်က လူမှုကွန်ရက်တွင် ပို့စ်တစ်ခုတင်မှုနှင့် ပတ်သက်၍ ရီပတ်ဘလီကန်
နိုင်ငံတကာသတင်း ဥရောပ

နေတိုးအကြီးအကဲက ဥရောပမဟာမိတ်များကို ရုရှား၏နောက်ထပ်ပစ်မှတ် ဖြစ်နိုင်ကြောင်း သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 34 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် မတ်ခ် ရုတ္တီ (Mark Rutte) က ကြာသပတေးနေ့တွင် မဟာမိတ်အဖွဲ့ဝင်နိုင်ငံများသည် “ ရုရှား၏ နောက်ထပ်ပစ်မှတ်” ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပြီး၊ ယခင်မျိုးဆက်များ ကြုံတွေ့ခဲ့ရသော
တရုတ် နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင်မီဒီယာသူဌေးကြီး ဂျင်မီ လိုင်း (Jimmy Lai) ကို အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပ‌ဒေနဲ့ အပြစ်ရှိကြောင်းဟောင်ကောင်တရားရုံးကချမှတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 28 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် ဒီမိုကရေစီလိုလားသူ မီဒီယာသူဌေးကြီး ဂျင်မီ လိုင်းကို တရုတ်က ချမှတ်ထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေ (NSL) အရ ပြစ်မှုထင်ရှားကြောင်း ဟောင်ကောင်တရားရုံးက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရန်

၂၀၂၃ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် နာဂက်စ် မိုဟာမက်ဒီကို အီရန်တွင် ဖမ်းဆီး၊ ထောက်ခံသူများက ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 52 Views
BBC- ၂၀၂၅ခုနှစ်ဒီဇင်ဘာလ ၁၃ရက် အီရန်လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်နှင့် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ နာဂက်စ် မိုဟာမက်ဒီ ကို “ အကြမ်းဖက်စွာ ဖမ်းဆီးခဲ့သည်” ဟု ၎င်း၏ ဖောင်ဒေးရှင်းက ပြောကြားခဲ့သည်။ နာဂက်စ် ဖောင်ဒေးရှင်း က
နိုင်ငံတကာသတင်း ယူကရိန်း ဥရောပ

အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းလိုက်ခြင်းကြောင့် ဘီလာရုစ်က အကျဉ်းသား ၁၂၃ ဦးကို လွှတ်ပေးလိုက်ခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 47 Views
BBC-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် အမေရိကန်ပြည်ထောင်စုက ဘီလာရုစ်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းပေးရန် သဘောတူပြီးနောက် ဘီလာရုစ်က ထင်ရှားသော အတိုက်အခံလှုပ်ရှားသူ မာရီယာ ကိုလ်စနီကိုဗာ(Maria Kolesnikova) အပါအဝင် အကျဉ်းသား ၁၂၃ ဦးကို လွှတ်ပေးခဲ့သည်။ နိုဘယ်လ်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်းနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် ကမ္ဘောဒီးယားက နယ်စပ်ဂိတ်များကို ပိတ်ချထား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 44 Views
BBC – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက် ထရန့်က အိမ်နီးချင်းနှစ်နိုင်ငံအကြား တိုက်ပွဲများရပ်တန့်ရန် သဘောတူညီချက်ကို ကြေညာခဲ့ပြီးဖြစ်သော်လည်းတိုက်ခိုက်မှုဆက်လက်ဖြစ်ပွားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့်က အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြောင်း အစောပိုင်းတွင် ပြောကြားခဲ့သော်လည်း စနေနေ့တွင်