နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

လက်ယာစွန်းအစ္စရေးဝန်ကြီးက ထင်ရှားသော ပါလက်စတိုင်းအကျဉ်းသားကို ကဲ့ရဲ့ရှုတ်ချခဲ့သည်။

ဆိုရှယ်မီဒီယာပေါ်တွင် မျှဝေထားသည့် ဗီဒီယိုဖိုင်အသစ်တွင် လက်ယာစွန်းအစ္စရေးဝန်ကြီး အီတာမာဘင်ဂဲဗီယာ (Itamar Ben Gvir) သည် အစ္စ‌ရေးအကျဉ်းထောင်အတွင်း အထင်ရှားဆုံး ပါလက်စတိုင်းအကျဉ်းသား မာရာဝမ် ဘာရုဂူတီ (Marwan Barghouti) ကို ဝင်ရောက်တွေ့ပြီးနောက် ကဲ့ရဲ့ရှုတ်ချခဲ့ ခြင်းဖြစ်သည်။

အဆိုပါ ဗီဒီယိုကို ပါလက်စတိုင်းအာဏာပိုင်များက ရှုတ်ချခဲ့ကြသည်။ ၎င်း၏ဒုတိယသမ္မတ ဟူစိန် အယ် ရှိတ် (Hussein al-Sheikh) က ၎င်းလုပ်ဆောင်မှုအား “ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ကျင့်တရားနှင့် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ဝါဒ၏ နိမိတ်ပုံ” အဖြစ် ဖော်ပြခဲ့သည်။

၁၃ စက္ကန့်ကြာ ဗီဒီယိုကလစ်သည် နှစ်များစွာအတွင်း ဘာရုဂူတီကို လူသိရှင်ကြား ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ သူသည် အသက်ကြီးပုံပေါက်ပြီး ပိန်ပိန်ပါးပါး ဖြစ်နေသည်။

အစ္စရေးအမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာဘင်ဂဲဗီယာ (Ben Gvir) က “ မင်းအနိုင်ရမှာမဟုတ်ဘူး။ အစ္စရေးတွေကို နှောင့်ယှက်တဲ့သူ၊ ငါတို့သားသမီးတွေကို သတ်မယ့်သူ၊ ငါတို့မိန်းမတွေကို သတ်မယ့်သူကို ငါတို့ရှင်းပစ်မယ်” လို့ ပြောခဲ့သည်။

ဘာရုဂူတီက ကြားဖြတ်ပြောရန် ကြိုးစားစဉ် ဘင်ဂဲဗီယာက “ သမိုင်းတစ်လျှောက်လုံး မင်း ဒါကို သိဖို့လိုတယ်။” ဟု ဆက်လက်ပြောဆိုခဲ့သည်။

အသက် ၆၆ နှစ်အရွယ် မာရာဝမ် ဘာရုဂူတီကို အစ္စရေးအရပ်သားငါးဦး သေဆုံးစေခဲ့သော တိုက်ခိုက်မှုများအတွက် စီစဉ်မှုဖြင့် စီရင်ချက်ချခံရပြီးနောက် လွန်ခဲ့သည့်အနှစ် ၂၀ ကျော်က အစ္စရေးမှ ထောင်ဒဏ်ချမှတ်ခဲ့သည်။ သူသည် တစ်သက်တစ်ကျွန်း ထောင်ဒဏ် ငါးနှစ်နှင့် အနှစ် ၄၀ ကျခံနေရသည်။

သဘောထားစစ်တမ်းများက သူသည် ရေပန်းအစားဆုံး ပါလက်စတိုင်းခေါင်းဆောင်အဖြစ် ဆက်လက်တည်ရှိနေကြောင်းနှင့် လက်ရှိပါလက်စတိုင်းသမ္မတ မိုဟာမက်အာဘတ်စ် (Mahmoud Abbas) သို့မဟုတ် ဟားမတ်စ်ခေါင်းဆောင်များထက် သမ္မတရွေးကောက်ပွဲတွင် ပါလက်စတိုင်းလူမျိုးများက သူ့ကို မဲပေးကြမည်ဖြစ်ကြောင်း စဉ်ဆက်မပြတ် ညွှန်ပြနေသည်။

၎င်းသည် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) ကို လွှမ်းမိုးထားသည့် ဖာတာ (Fatah) အဖွဲ့တွင် အကြီးတန်း ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဆက်လက်ရှိနေဆဲဖြစ်သည်။ ဒုတိယပါလက်စတိုင်း အင်တီဖာတာ (Intifada) သို့မဟုတ် ၂၀၀၀-၂၀၀၅- ခုနှစ် လူထုအုံကြွမှုတွင် ၎င်း၏ ဦးဆောင်အခန်းကဏ္ဍကြောင့် အစ္စရေးမှ ပစ်မှတ်ထားခံခဲ့ရသည်။

အဆိုပါဗီဒီယိုကို ဘင်ဂဲဗီယာ၏ထောက်ခံသူများအတွက် ကြာသပတေးနေ့တွင် စာတိုပေးပို့သည့်အဖွဲ့များတွင် ပေါ်လာခဲ့သော်လည်း ယခုအခါ ၎င်း၏ X အကောင့်တွင် ပြန်လည်တင်ထားသည်။

ပါလက်စတိုင်းအာဏာပိုင် (PA) ရှိ “ အကြီးတန်းအရာရှိများ” က သူပြောသည်ကို မကြိုက်ကြောင်းကို ဖော်ပြပါက “ တောင်းပန်ခြင်း မရှိဘဲ ထပ်ခါထပ်ခါ” သူကလုပ်ဆောင်မည်ဟု ဘင်ဂဲဗီယာကပြောကြားခဲ့သည်။

ပါလက်စတိုင်း အကျဉ်းသားအခွင့်အရေး အဖွဲ့အစည်းများက ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် အစ္စရေးကို ဟားမတ်စ် ဦးဆောင်သော တိုက်ခိုက်မှုများ ဖြစ်ပွားပြီးကတည်းက ဘာရုဂူတီ (Barghouti) ကို တစ်ဦးတည်း အကျဉ်းချထားခြင်း ဖြစ်သည်ဟု ပါလက်စတိုင်း အကျဉ်းသားအခွင့်အရေး အဖွဲ့အစည်းများက ပြောဆိုကြသည်။ ပြီးခဲ့သောနှစ်တွင် အစောင့်များအား သူ၏အကျဉ်းခန်းအတွင်းဝင်ရောက်ပြီး “ရက်ရက်စက်စက် စော်ကားမှု” လုပ်ခဲ့သည်ဟု ဆိုခြင်းကို အစ္စရေး အကျဉ်းထောင်က ငြင်းဆိုထားသည်။

ဗီဒီယိုအသစ်ကို တုံ့ပြန်သည့်အနေဖြင့် ပါလက်စတိုင်းအကျဉ်းသားများအသင်း၏ အကြီးအကဲ အဗ္ဗဒူလာ အယ် ဇာဟာရီ (Abdullah al-Zaghari) က အစ္စရေးသည် “သူ့ကို ရှင်းလင်းရန်နှင့် ၎င်း၏အကျဉ်းထောင်များတွင် နေထိုင်နေသော ခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းနေကြောင်း” စွပ်စွဲခဲ့သည်။

ဘာရုဂူတီသည် ကျန်ရှိနေသော ဓားစာခံများအတွက် လဲလှယ်ရေး သဘောတူညီချက် ၏ တစ်စိတ်တစ်ပိုင်း အဖြစ် ဟားမတ်စ်မှ လွှတ်ပေးရန်လိုလားသော အကျဉ်းသားများထဲမှ တစ်ဦး ဖြစ်သည်။ သို့သော်လည်း အစ္စရေးက သူ့ကို လွှတ်ပေးရန် မဖြစ်နိုင်ဟု ယူဆရသည်။

ဗီဒီယိုတွင် ဘင်ဂဲဗီယာပြောသည့် ဟီးဘရူးဘာသာစကားကို ကျွမ်းကျင်နားလည်သော ဘာရုဂူတီသည် ခေါင်းညိတ်ပြကာ ပြန်လည်တုံ့ပြန်ပြောကြားရန် ကြိုးစားသည်ကို တွေ့မြင်နိုင်သော်လည်း ကလစ်အတိုလေးမှာ ပြီးဆုံးသွားပါသည်။

သူ့ဇနီး ဖက်(ဒ)ဝါ (Fadwa) က သူ့ခင်ပွန်း၏နောက်လိုက်များကို သူ့ယုံကြည်ချက်နှင့် သူ့ ခွန်အား ပြသထားသည့် ဗီဒီယိုကို ကြည့်ရှုရန် အကြံပြုထားသည်။

ပါလက်စတိုင်းသားများသည် မတူညီသော နိုင်ငံရေးအုပ်စုများကို ပေါင်းစည်းကာ အစ္စရေးနှင့် ငြိမ်းချမ်းရေးကို စေ့စပ်ညှိနှိုင်းရန် အကောင်းဆုံးခေါင်းဆောင်အဖြစ် ဘာရုဂူတီကို ရှုမြင်ကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ အကြီးစားကယ်ဆယ်ရေးမစ်ရှင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ အီရန်နိုင်ငံ အတွင်း တစ်ရက်ကျော်ကြာ ဖမ်းဆီးမခံရစေရန် တိမ်းရှောင်နေခဲ့သည့် လေသူရဲကို ကယ်ထုတ်နိုင်ခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ဧပြီလ (၅)ရက် ညတွင်းချင်း ကယ်ဆယ်ရေးသတင်းကို ကြေညာခဲ့သည့် သမ္မတ ဒေါ်နယ်ထရန့်က အီရန်အနေဖြင့် သဘောတူညီချက်တစ်ခု မရယူနိုင်လျှင် သို့မဟုတ် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပြန်မဖွင့်ပေးလျှင် နောက်ထပ် စစ်ရေးအရေးယူမှုများ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားသည် အပစ်အခတ်ရပ်စဲရေးအစား ‘အီစတာပွဲတော်ကာလ စစ်ရှိန်မြှင့်တင်မှု’ ကို ရွေးချယ်ခဲ့သည်ဟု ဇလန်းစကီး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 24 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ယူကရိန်းနိုင်ငံအပေါ် ရုရှားက နောက်ထပ် အကြီးအကျယ် သေဆုံးမှုများရှိသည့် ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မော်စကိုသည် အီစတာပွဲတော်ကာလ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်မှ အမေရိကန် တိုက်လေယာဉ် နှစ်စင်း ပစ်ချလိုက်သည်ဟု ဆိုသောသတင်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 27 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ (၄)ရက် သောကြာနေ့က အီရန်တောင်ပိုင်းတွင် F-15E တိုက်လေယာဉ်တစ်စင်း ပစ်ချခံခဲ့ရပြီးနောက် ပျောက်ဆုံးနေသော အမေရိကန် လေယာဉ်အမှုထမ်းတစ်ဦးကို ရှာဖွေရန် အမေရိကန်နှင့် အီရန်တို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြသည်။ F-15E ၏ လေယာဉ်မှူးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံအတွင်း ပျောက်ဆုံးနေသော အမေရိကန် လေယာဉ် အမှုထမ်းကို ရှာဖွေရာတွင် ကယ်ဆယ်ရေးအဖွဲ့များအတွက် ‘ကြောက်မက်ဖွယ်ကောင်းပြီး အန္တရာယ်ရှိသော’ အခြေအနေများနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 24 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ရန်သူ့နယ်မြေအတွင်း ပျက်ကျသွားသော လေယာဉ်အမှုထမ်းများကို ပြန်လည်ကယ်တင်ရန် အမေရိကန်လေတပ်မှ Pararescue (လေထီးခုန်ကယ်ဆယ်ရေး) တပ်ဖွဲ့ဝင်များသည် အထူးလေ့ကျင့်ထားကြသူများဖြစ်သည်။ အီရန်နိုင်ငံပေါ်တွင် ပစ်ချခံခဲ့ရသည့် အမေရိကန် F-15
ကျူးဘား နိုင်ငံတကာသတင်း လက်တင်အမေရိက အမေရိကန်

အမေရိကန်၏ ဖိအားပေးမှုအောက်တွင် စီးပွားရေးအကျပ်အတည်း ပိုမိုနက်ရှိုင်းလာစဉ် ကျူးဘားမှ အကျဉ်းသား ၂,၀၀၀ ကျော်ကို ပြန်လည်လွှတ်ပေးမည်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 24 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ဟာဗားနား — ကျူးဘားကျွန်းသည် ထရန့်အစိုးရ၏ တိုးမြှင့်လာသော ဖိအားများအောက် တွင် ယိုင်နဲ့နေစဉ်အတွင်း၊ ကျူးဘားအစိုးရသည် နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံးသော လွှတ်ပေးမှုအဖြစ် အကျဉ်းသား ၂,၀၁၀
နိုင်ငံတကာသတင်း အမေရိကန်

အိမ်ဖြူတော်မှ ကာကွယ်ရေးအသုံးစရိတ် အကြီးအကျယ်တိုးမြှင့်ရန် ဘတ်ဂျက်အသစ်တွင် ဒေါ်လာ ၁.၅ ထရီလီယံ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 29 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ထရန့်အစိုးရသည် အီရန်နှင့် စစ်မက်ဖြစ်ပွားနေစဉ်အတွင်း စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို ခေတ်သစ်သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်သို့ မြှင့်တင်ရန် ၂၀၂၇ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်တောင်းဆိုမှု၏ အစိတ်အပိုင်းအဖြစ် ကာကွယ်ရေးအတွက် ခန့်မှန်းခြေ