နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

လက်ယာစွန်းအစ္စရေးဝန်ကြီးက ထင်ရှားသော ပါလက်စတိုင်းအကျဉ်းသားကို ကဲ့ရဲ့ရှုတ်ချခဲ့သည်။

ဆိုရှယ်မီဒီယာပေါ်တွင် မျှဝေထားသည့် ဗီဒီယိုဖိုင်အသစ်တွင် လက်ယာစွန်းအစ္စရေးဝန်ကြီး အီတာမာဘင်ဂဲဗီယာ (Itamar Ben Gvir) သည် အစ္စ‌ရေးအကျဉ်းထောင်အတွင်း အထင်ရှားဆုံး ပါလက်စတိုင်းအကျဉ်းသား မာရာဝမ် ဘာရုဂူတီ (Marwan Barghouti) ကို ဝင်ရောက်တွေ့ပြီးနောက် ကဲ့ရဲ့ရှုတ်ချခဲ့ ခြင်းဖြစ်သည်။

အဆိုပါ ဗီဒီယိုကို ပါလက်စတိုင်းအာဏာပိုင်များက ရှုတ်ချခဲ့ကြသည်။ ၎င်း၏ဒုတိယသမ္မတ ဟူစိန် အယ် ရှိတ် (Hussein al-Sheikh) က ၎င်းလုပ်ဆောင်မှုအား “စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ကျင့်တရားနှင့် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ဝါဒ၏ နိမိတ်ပုံ” အဖြစ် ဖော်ပြခဲ့သည်။

၁၃ စက္ကန့်ကြာ ဗီဒီယိုကလစ်သည် နှစ်များစွာအတွင်း ဘာရုဂူတီကို လူသိရှင်ကြား ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ သူသည် အသက်ကြီးပုံပေါက်ပြီး ပိန်ပိန်ပါးပါး ဖြစ်နေသည်။

အစ္စရေးအမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာဘင်ဂဲဗီယာ (Ben Gvir) က “မင်းအနိုင်ရမှာမဟုတ်ဘူး။ အစ္စရေးတွေကို နှောင့်ယှက်တဲ့သူ၊ ငါတို့သားသမီးတွေကို သတ်မယ့်သူ၊ ငါတို့မိန်းမတွေကို သတ်မယ့်သူကို ငါတို့ရှင်းပစ်မယ်” လို့ ပြောခဲ့သည်။

ဘာရုဂူတီက ကြားဖြတ်ပြောရန် ကြိုးစားစဉ် ဘင်ဂဲဗီယာက “သမိုင်းတစ်လျှောက်လုံး မင်း ဒါကို သိဖို့လိုတယ်။” ဟု ဆက်လက်ပြောဆိုခဲ့သည်။

အသက် ၆၆ နှစ်အရွယ် မာရာဝမ် ဘာရုဂူတီကို အစ္စရေးအရပ်သားငါးဦး သေဆုံးစေခဲ့သော တိုက်ခိုက်မှုများအတွက် စီစဉ်မှုဖြင့် စီရင်ချက်ချခံရပြီးနောက် လွန်ခဲ့သည့်အနှစ် ၂၀ ကျော်က အစ္စရေးမှ ထောင်ဒဏ်ချမှတ်ခဲ့သည်။ သူသည် တစ်သက်တစ်ကျွန်း ထောင်ဒဏ် ငါးနှစ်နှင့် အနှစ် ၄၀ ကျခံနေရသည်။

သဘောထားစစ်တမ်းများက သူသည် ရေပန်းအစားဆုံး ပါလက်စတိုင်းခေါင်းဆောင်အဖြစ် ဆက်လက်တည်ရှိနေကြောင်းနှင့် လက်ရှိပါလက်စတိုင်းသမ္မတ မိုဟာမက်အာဘတ်စ် (Mahmoud Abbas) သို့မဟုတ် ဟားမတ်စ်ခေါင်းဆောင်များထက် သမ္မတရွေးကောက်ပွဲတွင် ပါလက်စတိုင်းလူမျိုးများက သူ့ကို မဲပေးကြမည်ဖြစ်ကြောင်း စဉ်ဆက်မပြတ် ညွှန်ပြနေသည်။

၎င်းသည် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) ကို လွှမ်းမိုးထားသည့် ဖာတာ (Fatah) အဖွဲ့တွင် အကြီးတန်း ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဆက်လက်ရှိနေဆဲဖြစ်သည်။ ဒုတိယပါလက်စတိုင်း အင်တီဖာတာ (Intifada) သို့မဟုတ် ၂၀၀၀-၂၀၀၅- ခုနှစ် လူထုအုံကြွမှုတွင် ၎င်း၏ ဦးဆောင်အခန်းကဏ္ဍကြောင့် အစ္စရေးမှ ပစ်မှတ်ထားခံခဲ့ရသည်။

အဆိုပါဗီဒီယိုကို ဘင်ဂဲဗီယာ၏ထောက်ခံသူများအတွက် ကြာသပတေးနေ့တွင် စာတိုပေးပို့သည့်အဖွဲ့များတွင် ပေါ်လာခဲ့သော်လည်း ယခုအခါ ၎င်း၏ X အကောင့်တွင် ပြန်လည်တင်ထားသည်။

ပါလက်စတိုင်းအာဏာပိုင် (PA) ရှိ “အကြီးတန်းအရာရှိများ”က သူပြောသည်ကို မကြိုက်ကြောင်းကို ဖော်ပြပါက “တောင်းပန်ခြင်း မရှိဘဲ ထပ်ခါထပ်ခါ”သူကလုပ်ဆောင်မည်ဟု ဘင်ဂဲဗီယာကပြောကြားခဲ့သည်။

ပါလက်စတိုင်း အကျဉ်းသားအခွင့်အရေး အဖွဲ့အစည်းများက ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် အစ္စရေးကို ဟားမတ်စ် ဦးဆောင်သော တိုက်ခိုက်မှုများ ဖြစ်ပွားပြီးကတည်းက ဘာရုဂူတီ (Barghouti) ကို တစ်ဦးတည်း အကျဉ်းချထားခြင်း ဖြစ်သည်ဟု ပါလက်စတိုင်း အကျဉ်းသားအခွင့်အရေး အဖွဲ့အစည်းများက ပြောဆိုကြသည်။ ပြီးခဲ့သောနှစ်တွင် အစောင့်များအား သူ၏အကျဉ်းခန်းအတွင်းဝင်ရောက်ပြီး “ရက်ရက်စက်စက် စော်ကားမှု” လုပ်ခဲ့သည်ဟု ဆိုခြင်းကို အစ္စရေး အကျဉ်းထောင်က ငြင်းဆိုထားသည်။

ဗီဒီယိုအသစ်ကို တုံ့ပြန်သည့်အနေဖြင့် ပါလက်စတိုင်းအကျဉ်းသားများအသင်း၏ အကြီးအကဲ အဗ္ဗဒူလာ အယ် ဇာဟာရီ (Abdullah al-Zaghari) က အစ္စရေးသည် “သူ့ကို ရှင်းလင်းရန်နှင့် ၎င်း၏အကျဉ်းထောင်များတွင် နေထိုင်နေသော ခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းနေကြောင်း” စွပ်စွဲခဲ့သည်။

ဘာရုဂူတီသည် ကျန်ရှိနေသော ဓားစာခံများအတွက် လဲလှယ်ရေး သဘောတူညီချက် ၏ တစ်စိတ်တစ်ပိုင်း အဖြစ် ဟားမတ်စ်မှ လွှတ်ပေးရန်လိုလားသော အကျဉ်းသားများထဲမှ တစ်ဦး ဖြစ်သည်။ သို့သော်လည်း အစ္စရေးက သူ့ကို လွှတ်ပေးရန် မဖြစ်နိုင်ဟု ယူဆရသည်။

ဗီဒီယိုတွင် ဘင်ဂဲဗီယာပြောသည့် ဟီးဘရူးဘာသာစကားကို ကျွမ်းကျင်နားလည်သော ဘာရုဂူတီသည် ခေါင်းညိတ်ပြကာ ပြန်လည်တုံ့ပြန်ပြောကြားရန် ကြိုးစားသည်ကို တွေ့မြင်နိုင်သော်လည်း ကလစ်အတိုလေးမှာ ပြီးဆုံးသွားပါသည်။

သူ့ဇနီး ဖက်(ဒ)ဝါ (Fadwa) က သူ့ခင်ပွန်း၏နောက်လိုက်များကို သူ့ယုံကြည်ချက်နှင့် သူ့ ခွန်အား ပြသထားသည့် ဗီဒီယိုကို ကြည့်ရှုရန် အကြံပြုထားသည်။

ပါလက်စတိုင်းသားများသည် မတူညီသော နိုင်ငံရေးအုပ်စုများကို ပေါင်းစည်းကာ အစ္စရေးနှင့် ငြိမ်းချမ်းရေးကို စေ့စပ်ညှိနှိုင်းရန် အကောင်းဆုံးခေါင်းဆောင်အဖြစ် ဘာရုဂူတီကို ရှုမြင်ကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 80 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 74 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 84 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက