နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 14 ရက်

ပြင်သစ်

ပြင်သစ် ဗြိတိန် ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ရုရှားအပေါ် “ဖိအားပေးခြင်းကိုဆက်လက်ထိန်းထားရန်” အချိန်ဖြစ်သည်ဟု – ဥရောပ ခေါင်းဆောင်များက ဇလန်းစကီးကို တုံ့ပြန်အားပေးခဲ့သည်။

ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးနှင့် တွေ့ဆုံပြီးနောက် ဥရောပခေါင်းဆောင်များထံမှ မှတ်ချက်များ ထပ်မံထွက်ပေါ်လာသည်။

ယူကရိန်းမှာ ငြိမ်းချမ်းရေး မပြီးမချင်း ရုရှားအပေါ် ဖိအားတွေကို ဆက်လက်ထိန်းထားဖို့ ဥရောပခေါင်းဆောင်တွေက လုပ်ဆောင်ဖို့ မရှိမဖြစ် လိုအပ်တယ်” ဟု ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ပြောခဲ့သည်။

ယူကရိန်း ငြိမ်းချမ်းရေးသည် မယိမ်းယိုင်သော လုံခြုံရေး အာမခံချက်များ ပါ၀င်ရမည် ဟူသော ၎င်းတို့၏ ရပ်တည်ချက်နှင့်လည်း လိုက်လျောညီထွေမှုရှိနေကြောင်း မက်ခရွန်က ပြောကြားခဲ့သည်။

ဖင်လန်သမ္မတ အလက်ဇန်းဒါး စတပ်ဘ် (Alexander Stubb) က “ ခိုင်မာပြီး ယုံကြည်ရလောက်တဲ့ လုံခြုံရေးအာမခံချက်” ဟာ ယူကရိန်းငြိမ်းချမ်းရေးအတွက် အလွန်အရေးကြီးတယ်” ဟု Macron ရဲ့ ပြောဆိုချက်ကို ပဲ့တင်ထပ်‌ပြောခဲ့သည်။

အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ (Giorgia Meloni) က ယူကရိန်းမှာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မျှော်လင့်ချက် အလင်းရောင် တောက်ပပွင့်လာပြီ ဖြစ်တဲ့အတွက် အီတလီဟာ အနောက်မဟာမိတ်တွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်နေပါတယ် ” ဟု ပြောကြားခဲ့သည်။

ယူကေ၀န်ကြီးချုပ် ကီရာစတာမာ(Keir Starmer) က ယူကရိန်းစစ်ပွဲအဆုံးသတ်ရန်အတွက် “ သမ္မတထရန့်ရဲ့ ကြိုးပမ်းမှုတွေက ကျွန်တော်တို့ကို အရင်ကထက် ပိုမိုနီးကပ်စေတယ်” ဟု ပြောကြားခဲ့သည်။

ကြေညာချက်တစ်ခုတွင် စတာမာက ဇလန်းစကီးသည် နောက်အဆင့်များတွင် ပါဝင်ရမည်ဟု ဆိုထားပြီး ငြိမ်းချမ်းရေးကို သူမပါဘဲ ဆုံးဖြတ်၍မရဟု ဆိုသည်။

အောက်တွင် သူ၏ ထုတ်ပြန်ချက် အပြည့်အစုံ ဖြစ်ပါသည်။

သမ္မတထရန့် ၏ကြိုးပမ်းမှုများသည် ယူကရိန်းတွင် ရုရှား၏တရားမ၀င်စစ်ကို အဆုံးသတ်ရန် ယခင်ကထက် ပိုမိုနီးကပ်လာစေသည်။ သတ်ဖြတ်မှုအဆုံးသတ်ရေးတွင် သူ၏ခေါင်းဆောင်မှုကို ချီးမွမ်းသင့်သည်။

တိုးတက်မှု ရှိလာသော်လည်း၊ နောက်တဆင့် ဆွေးနွေးပွဲတွင် သမ္မတဇလန်းစကီး ပါ၀င်သော ဆွေးနွေးပွဲများ ဖြစ်ရပါမည်။ ယူကရိန်း၏ ငြိမ်းချမ်းရေးလမ်းစကို သူမပါဘဲ ဆုံးဖြတ်၍ မရနိုင်ပါ။

ယနေ့နံနက်တွင်၊ သမ္မတ ဇလန်းစကီး၊ သမ္မတထရန်နှင့် အခြားဥရောပ လုပ်ဖော်ကိုင်ဖက်များ နှင့် စကားပြောခဲ့ပြီး ကျွန်ုပ်တို့အားလုံးသည် ဤနောက်ထပ်အဆင့်ကို ပံ့ပိုးရန် အဆင်သင့် ရှိနေပါသည်။

ကျွန်တော့်အနေနှင့် အမေရိကန်ပြည်ထောင်စု၏ ပွင့်လင်းမှုကို ကြိုဆိုပြီး ဥရောပနှင့်အတူ မည်သည့်သဘောတူညီချက် အစိတ်အပိုင်းတွင်မဆို ယူကရိန်းအတွက် တောင့်တင်း ခိုင်မာသော လုံခြုံရေး အာမခံချက်ကို ပေးရန်ဖြစ်သည်။ ဤအချက်သည် အရေးကြီးသည့် တိုးတက်မှုဖြစ်ပြီး ပူတင်ကို နောက်ထပ်ကျူးကျော်လာနိုင်မှုကို ဟန့်တားရာမှာ အရေးကြီးပါလိမ့်မည်။

ဤအတောအတွင်း သူ၏ရိုင်းစိုင်းသည့်တိုက်ခိုက်မှုကို မရပ်တန့်မချင်း၊ ကျွန်ုပ်တို့အနေနှင့် ရုရှား၏စစ်ယန္တရားကို ပိုမိုတင်းကြပ်သည့်ပိတ်ဆို့မှုများကို ပြုလုပ်ပြီး ဤကဲ့သို့ ဒဏ်ခတ် အရေးယူပိတ်ဆို့မှုများသည် ရုရှားပြည်သူများနှင့် စီးပွားရေးအပေါ် သက်ရောက်မှုများ ရှိလာခဲ့ပြီဖြစ်သည်။

ဥရောပခေါင်းဆောင်များကလည်း ၎င်းတို့သည် သုံးပွင့်ဆိုင်ထိပ်သီးအစည်းအဝေးသို့ ဦးတည်လုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေပြီဟု ပြောကြားခဲ့သည်။

ထရန့်နှင့် ဇလန်းစကီးတို့နှင့် ယနေ့ နံနက်ပိုင်းတွင် စကားပြောဆို ဆွေးနွေးပြီးနောက် ဥရောပခေါင်းဆောင်များ အဖွဲ့သည် ပူးပေါင်းထုတ်ပြန်ချက်ကို ထုတ်ဝေခဲ့သည်။ “ နောက်တဆင့်သည် ယခု သမ္မတဇလန်းစကီး အပါအဝင် နောက်ထပ် ဆွေးနွေးမှုများ ဖြစ်ရမည်” ဟု ပြောဆိုခဲ့သည်။

ခေါင်းဆောင်များက “ ဥရောပထောက်ခံမှုဖြင့် သုံးပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲအတွက် သမ္မတထရန့်နှင့် သမ္မတ ဇလန်းစကီး တို့နှင့်အတူ လက်တွဲလုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေပါပြီ” ဟု ခေါင်းဆောင်များက ပြောကြားခဲ့သည်။

“ ရုရှားနိုင်ငံအပေါ် ဖိအားတွေကို ဆက်လက်ထိန်းသိမ်းထားဖို့ ကျွန်တော်တို့ အသင့်ရှိ နေပါတယ်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့ပြီး ” ယူကရိန်းသည် ငြိမ်းချမ်းရေးကို ရရှိအောင် လုပ်ဆောင်ရာတွင်ကျွန်ုပ်တို့၏ မယိမ်းယိုင်သော စည်းလုံးညီညွတ်မှုကို အားကိုးနိုင်ပြီး ထိုအချက်သည် ဥရောပ၏ အရေးပါသော လုံခြုံရေး အကျိုးစီးပွားများကို ကာကွယ်သည့် ငြိမ်းချမ်းရေးသို့ ဦးတည်နေသောကြောင့်ဖြစ်သည်။

“ ယူကရိန်းပိုင်နက်နယ်မြေအတွက် ဆုံးဖြတ်ချက်ချရမည့်ကိစ္စဖြစ်သည်။ နိုင်ငံတကာ နယ်နိမိတ်များကို အင်အားသုံးပြီး မပြောင်းရပါ” ဟု ကြေညာချက်တွင် ဆက်လက်ဖော်ပြထားပြီး ခေါင်းဆောင်များသည် တိုက်ပွဲများ အဆုံးသတ်ကာ တရားမျှတပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိရန် ယူကရိန်းအား ခိုင်ခံ့မြဲမြံစေရန် ပိုမိုလုပ်ဆောင်ရန် သန္နိဋ္ဌာန်ချထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ပူးတွဲထုတ်ပြန်ချက်တွင်ပါဝင်သောနိုင်ငံများမှာ-

• ဥရောပကော်မရှင်ဥက္ကဋ္ဌ အန်ဆူလာ ဗွန်ဒါလီယွန် (Ursula von der Leyen)

• ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron)

• အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ (Giorgia Meloni)

• ဂျာမန်အဓိပတိ ဖက်ဒရစ် မာ့ဇ် (Friedrich Merz)

• ယူကေဝန်ကြီးချုပ် ကီယာစတာမာ (Keir Starmer)

• ဖင်လန်သမ္မတ အယ်လက်ဇန်းဒါးဆတူး (Alexander Stubb)

• ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ် တပ်ခ် (Donald Tusk)

• ဥရောပကောင်စီဥက္ကဌ အန်တိုနီယိုကော်စတာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 20 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 24 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 28 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 28 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 22 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 24 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားတွင် ယနေ့ သင်္ဘော ၂ စီးကို အီရန် တိုက်ခိုက်ခဲ့ကြောင်း IRGC ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက် ဟော်မုဇ် ရေလက်ကြားရှိ သင်္ဘောနှစ်စင်းကို အီရန်က ယနေ့ တိုက်ခိုက်ခဲ့ကြောင်း အီရန်နိုင်ငံ၏ တစ်ပိုင်းတစ်စ အစိုးရပိုင် Fars သတင်းဌာန၏ ဖော်ပြချက်အရ အစ္စလာမ္မစ်