နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

ပြင်သစ်

ပြင်သစ် ဗြိတိန် ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ရုရှားအပေါ် “ဖိအားပေးခြင်းကိုဆက်လက်ထိန်းထားရန်” အချိန်ဖြစ်သည်ဟု – ဥရောပ ခေါင်းဆောင်များက ဇလန်းစကီးကို တုံ့ပြန်အားပေးခဲ့သည်။

ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးနှင့် တွေ့ဆုံပြီးနောက် ဥရောပခေါင်းဆောင်များထံမှ မှတ်ချက်များ ထပ်မံထွက်ပေါ်လာသည်။

ယူကရိန်းမှာ ငြိမ်းချမ်းရေး မပြီးမချင်း ရုရှားအပေါ် ဖိအားတွေကို ဆက်လက်ထိန်းထားဖို့ ဥရောပခေါင်းဆောင်တွေက လုပ်ဆောင်ဖို့ မရှိမဖြစ် လိုအပ်တယ်” ဟု ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ပြောခဲ့သည်။

ယူကရိန်း ငြိမ်းချမ်းရေးသည် မယိမ်းယိုင်သော လုံခြုံရေး အာမခံချက်များ ပါ၀င်ရမည် ဟူသော ၎င်းတို့၏ ရပ်တည်ချက်နှင့်လည်း လိုက်လျောညီထွေမှုရှိနေကြောင်း မက်ခရွန်က ပြောကြားခဲ့သည်။

ဖင်လန်သမ္မတ အလက်ဇန်းဒါး စတပ်ဘ် (Alexander Stubb) က “ခိုင်မာပြီး ယုံကြည်ရလောက်တဲ့ လုံခြုံရေးအာမခံချက်” ဟာ ယူကရိန်းငြိမ်းချမ်းရေးအတွက် အလွန်အရေးကြီးတယ်” ဟု Macron ရဲ့ ပြောဆိုချက်ကို ပဲ့တင်ထပ်‌ပြောခဲ့သည်။

အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ (Giorgia Meloni) က ယူကရိန်းမှာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မျှော်လင့်ချက် အလင်းရောင် တောက်ပပွင့်လာပြီ ဖြစ်တဲ့အတွက် အီတလီဟာ အနောက်မဟာမိတ်တွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်နေပါတယ် ” ဟု ပြောကြားခဲ့သည်။

ယူကေ၀န်ကြီးချုပ် ကီရာစတာမာ(Keir Starmer) က ယူကရိန်းစစ်ပွဲအဆုံးသတ်ရန်အတွက် “သမ္မတထရန့်ရဲ့ ကြိုးပမ်းမှုတွေက ကျွန်တော်တို့ကို အရင်ကထက် ပိုမိုနီးကပ်စေတယ်” ဟု ပြောကြားခဲ့သည်။

ကြေညာချက်တစ်ခုတွင် စတာမာက ဇလန်းစကီးသည် နောက်အဆင့်များတွင် ပါဝင်ရမည်ဟု ဆိုထားပြီး ငြိမ်းချမ်းရေးကို သူမပါဘဲ ဆုံးဖြတ်၍မရဟု ဆိုသည်။

အောက်တွင် သူ၏ ထုတ်ပြန်ချက် အပြည့်အစုံ ဖြစ်ပါသည်။

သမ္မတထရန့် ၏ကြိုးပမ်းမှုများသည် ယူကရိန်းတွင် ရုရှား၏တရားမ၀င်စစ်ကို အဆုံးသတ်ရန် ယခင်ကထက် ပိုမိုနီးကပ်လာစေသည်။ သတ်ဖြတ်မှုအဆုံးသတ်ရေးတွင် သူ၏ခေါင်းဆောင်မှုကို ချီးမွမ်းသင့်သည်။

တိုးတက်မှု ရှိလာသော်လည်း၊ နောက်တဆင့် ဆွေးနွေးပွဲတွင် သမ္မတဇလန်းစကီး ပါ၀င်သော ဆွေးနွေးပွဲများ ဖြစ်ရပါမည်။ ယူကရိန်း၏ ငြိမ်းချမ်းရေးလမ်းစကို သူမပါဘဲ ဆုံးဖြတ်၍ မရနိုင်ပါ။

ယနေ့နံနက်တွင်၊ သမ္မတ ဇလန်းစကီး၊ သမ္မတထရန်နှင့် အခြားဥရောပ လုပ်ဖော်ကိုင်ဖက်များ နှင့် စကားပြောခဲ့ပြီး ကျွန်ုပ်တို့အားလုံးသည် ဤနောက်ထပ်အဆင့်ကို ပံ့ပိုးရန် အဆင်သင့် ရှိနေပါသည်။

ကျွန်တော့်အနေနှင့် အမေရိကန်ပြည်ထောင်စု၏ ပွင့်လင်းမှုကို ကြိုဆိုပြီး ဥရောပနှင့်အတူ မည်သည့်သဘောတူညီချက် အစိတ်အပိုင်းတွင်မဆို ယူကရိန်းအတွက် တောင့်တင်း ခိုင်မာသော လုံခြုံရေး အာမခံချက်ကို ပေးရန်ဖြစ်သည်။ ဤအချက်သည် အရေးကြီးသည့် တိုးတက်မှုဖြစ်ပြီး ပူတင်ကို နောက်ထပ်ကျူးကျော်လာနိုင်မှုကို ဟန့်တားရာမှာ အရေးကြီးပါလိမ့်မည်။

ဤအတောအတွင်း သူ၏ရိုင်းစိုင်းသည့်တိုက်ခိုက်မှုကို မရပ်တန့်မချင်း၊ ကျွန်ုပ်တို့အနေနှင့် ရုရှား၏စစ်ယန္တရားကို ပိုမိုတင်းကြပ်သည့်ပိတ်ဆို့မှုများကို ပြုလုပ်ပြီး ဤကဲ့သို့ ဒဏ်ခတ် အရေးယူပိတ်ဆို့မှုများသည် ရုရှားပြည်သူများနှင့် စီးပွားရေးအပေါ် သက်ရောက်မှုများ ရှိလာခဲ့ပြီဖြစ်သည်။

ဥရောပခေါင်းဆောင်များကလည်း ၎င်းတို့သည် သုံးပွင့်ဆိုင်ထိပ်သီးအစည်းအဝေးသို့ ဦးတည်လုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေပြီဟု ပြောကြားခဲ့သည်။

ထရန့်နှင့် ဇလန်းစကီးတို့နှင့် ယနေ့ နံနက်ပိုင်းတွင် စကားပြောဆို ဆွေးနွေးပြီးနောက် ဥရောပခေါင်းဆောင်များ အဖွဲ့သည် ပူးပေါင်းထုတ်ပြန်ချက်ကို ထုတ်ဝေခဲ့သည်။ “နောက်တဆင့်သည် ယခု သမ္မတဇလန်းစကီး အပါအဝင် နောက်ထပ် ဆွေးနွေးမှုများ ဖြစ်ရမည်” ဟု ပြောဆိုခဲ့သည်။

ခေါင်းဆောင်များက “ဥရောပထောက်ခံမှုဖြင့် သုံးပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲအတွက် သမ္မတထရန့်နှင့် သမ္မတ ဇလန်းစကီး တို့နှင့်အတူ လက်တွဲလုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေပါပြီ” ဟု ခေါင်းဆောင်များက ပြောကြားခဲ့သည်။

“ရုရှားနိုင်ငံအပေါ် ဖိအားတွေကို ဆက်လက်ထိန်းသိမ်းထားဖို့ ကျွန်တော်တို့ အသင့်ရှိ နေပါတယ်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့ပြီး ” ယူကရိန်းသည် ငြိမ်းချမ်းရေးကို ရရှိအောင် လုပ်ဆောင်ရာတွင်ကျွန်ုပ်တို့၏ မယိမ်းယိုင်သော စည်းလုံးညီညွတ်မှုကို အားကိုးနိုင်ပြီး ထိုအချက်သည် ဥရောပ၏ အရေးပါသော လုံခြုံရေး အကျိုးစီးပွားများကို ကာကွယ်သည့် ငြိမ်းချမ်းရေးသို့ ဦးတည်နေသောကြောင့်ဖြစ်သည်။

“ယူကရိန်းပိုင်နက်နယ်မြေအတွက် ဆုံးဖြတ်ချက်ချရမည့်ကိစ္စဖြစ်သည်။ နိုင်ငံတကာ နယ်နိမိတ်များကို အင်အားသုံးပြီး မပြောင်းရပါ” ဟု ကြေညာချက်တွင် ဆက်လက်ဖော်ပြထားပြီး ခေါင်းဆောင်များသည် တိုက်ပွဲများ အဆုံးသတ်ကာ တရားမျှတပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိရန် ယူကရိန်းအား ခိုင်ခံ့မြဲမြံစေရန် ပိုမိုလုပ်ဆောင်ရန် သန္နိဋ္ဌာန်ချထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ပူးတွဲထုတ်ပြန်ချက်တွင်ပါဝင်သောနိုင်ငံများမှာ-

• ဥရောပကော်မရှင်ဥက္ကဋ္ဌ အန်ဆူလာ ဗွန်ဒါလီယွန် (Ursula von der Leyen)

• ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron)

• အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ (Giorgia Meloni)

• ဂျာမန်အဓိပတိ ဖက်ဒရစ် မာ့ဇ် (Friedrich Merz)

• ယူကေဝန်ကြီးချုပ် ကီယာစတာမာ (Keir Starmer)

• ဖင်လန်သမ္မတ အယ်လက်ဇန်းဒါးဆတူး (Alexander Stubb)

• ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ် တပ်ခ် (Donald Tusk)

• ဥရောပကောင်စီဥက္ကဌ အန်တိုနီယိုကော်စတာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 22 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊