နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရွှေမှော်ကပြန်လာတဲ့ ပြည်သူ (၇)ဦးကို စစ်တပ်နဲ့ ပျူစောထီးတွေက ဖမ်းဆီးရိုက်နှက်ပြီး မီးရှို့သတ်ဖြတ်

စက်တင်ဘာလ (၁၆)ရက်။

စက်တင်ဘာလ (၁၂)ရက်နေ့ ညနေပိုင်းက ကန့်ဘလူမြို့မှာ ရွှေမှော်ကနေ ပြန်လာတဲ့ ပြည်သူ (၇)ဦးကို စစ်တပ်နဲ့ ပျူစောထီးတွေက ဖမ်းဆီးရိုက်နှက်ပြီး မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ လွတ်မြောက်လာသူတစ်ဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။

“ကျွန်‌တော်တို့က စက်တင်ဘာ (၉)ရက်နေ့ မနက် (၈)နာရီလောက်ထွက်ခဲ့တာ၊ ဖမ်းခံရတော့ နေ့လယ် (၃)နာရီလောက်ရှိပြီ။ အကုန်လုံး ငှက်ပျောတိုင်းရွာဟောင်းသား‌တွေပဲ (၇)ယောက်အဖွဲ့၊ စဉ့်ကူးဘက်က ရွှေမှော်မှာ အလုပ်လုပ်တာအဆင်မ‌ပြေလို့ ဆိုင်ကယ်(၃)စီးနဲ့ ပြန်လာကြတာဗျ။ လိုင်း‌ပေါ်မှာ ကားသမားတွေ ပြည်သူတွေတင်ထားတာ ဗျူဟာလမ်းအတိုင်း အေးအေးဆေးဆေး အစစ်ဆေးမရှိ သွားလို့ရပြီ၊ ဘာမှ‌ကြောက်စရာမရှိဘူးဘာညာတင်ထားတော့ ကျွန်တော်တို့လဲ အေး‌ဆေးပြန်ခဲ့ကြတာဗျ။‌ ရေကြည်ဦးကျော်အထိ အေးဆေးပဲ၊ ဘူးကုန်းလမ်းခွဲနားက ဇရပ်ရောက်မှ ဖမ်းခံရတာ”လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ အသက်(၁၅)နှစ်အရွယ် လူငယ်က ဆိုပါတယ်။

သူတို့ဟာ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်း ရွှေဘိုဘက်ကနေ ကန့်ဘလူဘက်ကို မောင်းနှင်လာရာ ကန့်ဘလူမြို့နယ်၊‌ ရေကြည်ဦးရွာနဲ့ ဘူးကုန်းရွာကြားက ဘူးကုန်းလမ်းခွဲဇရပ်ရှိ စစ်တပ်နဲ့ ပျူစောထီးအထိုင်ဂိတ်မှာ ရိုက်နှက်ဖမ်းဆီးခံခဲ့ရပြီး ဘူးကုန်းဘုန်းကြီးကျောင်းကို ခေါ်ဆောင်ခံရတာလို့ သိရပါတယ်။

အဲ့ဒီနောက် သူတို့ကို ဘုန်းကြီးကျောင်းမှာ (၄)ရက်ဆက်တိုက် အကြမ်းဖက် နှိပ်စက်ရိုက်နှက်ခဲ့ကြပြီး   စက်တင်ဘာလ (၁၂)ရက်နေ့ ညနေပိုင်းအချိန်မှာ ကြိုးတုပ်ကာ ကားတာယာတွေနဲ့ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တာပါ။

“ကျောင်းထဲရောက်တာ့ အင်္ကျီတွေချွတ်ခိုင်းပြီး ဝါးအစိုနဲ့ထပ်ရိုက်တယ်။ (၄)ရက်လုံး ထမင်းမကျွေးဘဲ  လက်ပြန်ကြိုးတုပ်ပြီး နှိပ်စက်နေခဲ့တာ။ စက်တင်ဘာလ (၁၂)ရက်နေ့ ညနေအချိန်တော့ အတိအကျမသိဘူး၊ ကျွန်တာ်တို့ (၇)ယောက်လုံးကို လက်ပြန်ကြိုးတုပ်နဲ့ပဲ တာယာပုံပေါ်တက်ခိုင်းတယ်၊ ပြီး‌တော့ ခေါင်းတွေကို တုတ်တွေနဲ့ရိုက်တယ်၊ မေ့မျောလို့ မပြေးနိုင်တော့ဘူးဆိုမှ မီးရှို့ပစ်ထားခဲ့တာ၊ အဲ့ထဲမှာ ကျွန်တာ်က ကံကောင်းပြီး သတိရလို့ ထွက်ပြေးလွတ်မြောက်ခဲ့တာ”လို့ သူက ဆက်ပြောပါတယ်။

မီးရှို့သတ်ဖြတ်ခံရသူတွေဟာ အသက် (၄၅)နှစ်အရွယ် ဦးစိုးတင့်၊ (၂၃)နှစ်အရွယ် ကိုချစ်သဲ‌မောင်နဲ့ ကိုသန်း‌ဇော်ထွန်း၊ (၁၈)နှစ်အရွယ် ကိုရီ‌ဝေမိုးအပြင် အသက်မပြည့်သေးတဲ့ (၁၆)နှစ်အရွယ် မိုးသက်ခနဲ့ (၁၄)နှစ်အရွယ် ချမ်းဖြိုးဝေတို့ဖြစ်တယ်လို့ သိရပါတယ်။

“မိုးသက်ခနဲ့ ချမ်းဖြိုး‌ဝေက ကျွန်တော့်သူငယ်ချင်းတွေ၊ ကျွန်တော်နဲ့‌အသက်မကွာဘူး၊ တစ်နှစ်ကြီးတစ်နှစ်ငယ်တွေပဲ၊ ကျွန်‌တော်က (၁၅)နှစ်ပါ။ အသက်မပြည့်‌သေး‌ပေမယ့် မိသားစုမပြေလည်တာကြောင့် အလုပ်ထွက်လုပ်ကြတာပါ၊ အခုလို အဖြစ်ဆိုးမျိုး တွေးတောင်မကြည့်ဖူးတော့ သွေးပျက်မတတ် တအားလဲလန့်ပြီး ကြောက်တယ်”လို့ သူက ဆိုပါတယ်။

အဲ့ဒီစစ်တပ်နဲ့ ပျူစောထီးတွေဟာ ကန့်ဘလူမြို့နယ်မှာ လှည့်ပတ်စစ်ကြောင်းထိုးနေတာ တစ်လနီးပါးကြာမြင့်နေပြီဖြစ်ပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာနဲ့ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

ဒါ့အပြင် စစ်တပ်က ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်းကို အလုံးစုံစိုးမိုးနိုင်ဖို့ ကြိုးပမ်းနေကာ အခုအခါ ရေကြည်ဦး၊ ဘူးကုန်းရွာလမ်းခွဲနဲ့ ဇီးကုန်း-မလယ်လမ်းဆုံတို့မှာ ထပ်တိုးနေရာယူပြီး ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေတာကြောင့် ခရီးသွားပြည်သူတွေ အထူးသတိထားသွားလာကြဖို့ တော်လှန်ရေးအင်အားစုတွေက အသိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 140 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 122 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 113 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 106 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 86 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို