နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 14 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ရိမ်နာ (Reiner)လင်မယားအသတ်ခံရမှု အပေါ် ထရန့်၏ မှတ်ချက်ပေးမှုများသည် ‘ကြောက်စရာကောင်းပြီး’ ‘ရက်စက်သည်’ ဟု ၎င်း၏ မဟာမိတ်များက ဆိုသည်

CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၆ရက်

ရော့ဘ် ရိမ်နာ(Rob Reiner) နှင့် မစ်ရှယ် ရိမ်နာ(Michele Reiner) တို့ ဇနီးမောင်နှံ သေဆုံးမှုအပေါ် သမ္မတ ဒေါ်နယ်ထရန့်က လူမှုကွန်ရက်တွင် ပို့စ်တစ်ခုတင်မှုနှင့် ပတ်သက်၍ ရီပတ်ဘလီကန် လွှတ်တော်အမတ်များနှင့် ကွန်ဆာဗေးတစ် ပုဂ္ဂိုလ်များက ထရန့်နှင့် သဘောထား ကွဲလွဲခဲ့ကြပြီး ထိုမှတ်ချက်ကို “ မှားယွင်းသည်” ၊ “ လေးစားမှုမရှိ” နှင့် “ မသင့်လျော်” ဟု ခေါ်ဆိုခဲ့ကြသည်။

ဒါရိုက်တာ Rob Reiner နှင့် ၎င်း၏ဇနီး Michele တို့သည် ထရန့်ကို ဆန့်ကျင်သောကြောင့် အသတ်ခံရခြင်းဖြစ်သည်ဟူသော ဒေါ်နယ်ထရန့်၏ အခြေအမြစ်မရှိသည့် ပြောဆိုချက်များ အပေါ် ကန့်ကွက်ရှုတ်ချသူများထဲတွင် ၎င်း၏ အမာခံမဟာမိတ် ရီပတ်ဘလီကန်အချို့လည်း ပါဝင်နေသည်။

ထရန့်၏ ရှေ့နေဟောင်း ဂျင်နာ အဲလစ်(Jenna Ellis) က ထရန့်၏ မှတ်ချက်အပေါ် တုံ့ပြန် ရာတွင် X (ယခင် Twitter) ၌ ဤသို့ ရေးသားခဲ့သည် – “ မနေ့ညက အမျိုးသားတစ်ဦးနဲ့ သူ့ဇနီး အသတ်ခံခဲ့ရတယ်။ ဒါဟာ သင့်တော်တဲ့ တုံ့ပြန်မှု မဟုတ်ဘူး။”

“ ချာလီကာ့ဒ်(Charlie Kirk) သေဆုံးမှုအပေါ် နိုင်ငံရေးအရ တုံ့ပြန်မှုတွေနဲ့ အောင်ပွဲခံတဲ့ တုံ့ပြန်မှုတွေကို လက်ယာယိမ်းတွေက တညီတညွတ်တည်း ကန့်ကွက်ခဲ့ကြတယ်” ဟု Ellis က ဆက်လက်ပြောကြားသည်။ “ ဒါဟာ ထရန့်ဆီက (သူ့ကိုယ်တိုင် လုပ်ကြံခံရမှု နှစ်ကြိမ် ဖြစ်ပွား ခဲ့တာကို ထည့်သွင်းစဉ်းစားရင် အံ့ဩစရာကောင်းတဲ့) ကြောက်စရာကောင်းတဲ့ စံနမူနာဖြစ်ပြီး သိက္ခာရှိတဲ့သူတိုင်းက ဒါကို ကန့်ကွက်ရှုတ်ချသင့်တယ်။”

အမျိုးသမီးအားကစားအသင်းများတွင် ထရန်စဂျန်ဒါ (လိင်ပြောင်း) အမျိုးသမီးများ ပါဝင်မှုကို ဆန့်ကျင်ပြောဆိုခြင်းဖြင့် လူသိများသည့် Turning Point USA ၏ ပံ့ပိုးကူညီသူ ရဲလ်လီ ဂိမ်း (Riley Gaines) က “ ဟူး… တကယ့်ကို အရသာမရှိတဲ့ (စက်ဆုပ်ဖွယ်) အပြုအမူပဲ။ ဒီလိုမျိုးမြင်ရတာ တကယ်စိတ်မကောင်းဘူး” ဟု X တွင် ရေးသားခဲ့သည်။

“ ဒါဟာ တကယ့်ကို ဆိုးရွားရက်စက်ပြီး သမ္မတထရန့်ရဲ့ ဂုဏ်သိက္ခာနဲ့ မထိုက်တန်တဲ့ အပြုအမူပါ” ဟု ကွန်ဆာဗေးတစ် ဝေဖန်ရေးသမား မက်ဟန် မက်ကိန်း(Meghan McCain) က ရေးသားခဲ့သည်။ “ ဘဝမှာ နိုင်ငံရေးထက် အရေးကြီးတဲ့အရာတွေ အများကြီးရှိပါတယ်။”

“ အသတ်ခံလိုက်ရတဲ့သူတစ်ယောက်အပေါ် ဒီလိုပြောတာဟာ တကယ့်ကို ထိတ်လန့်စရာ ကောင်းတဲ့အရာပါပဲ” ဟု ကွန်ဆာဗေးတစ် ရုပ်သံတင်ဆက်သူ ပီးရားစ်မော်ဂင်(Piers Morgan) က ထပ်လောင်းပြောကြားခဲ့သည်။

ထရန့်၏ ၂၀၁၆ နှင့် ၂၀၂၀ ရွေးကောက်ပွဲ လှုပ်ရှားမှုများတွင် အကြံပေးခဲ့သူ ဒေးဗစ် အာဘန် (David Urban) ကလည်း အလားတူပင် – “ ခုခံကာကွယ်ပေးလို့ မရနိုင်တဲ့ ကိစ္စပဲ” ဟု X တွင် ရေးသားခဲ့သည်။ “ ဘာလို့ ရိုးရိုးလေးပဲ ‘ဒီလို ခက်ခဲတဲ့အချိန်မှာ ကျွန်တော်နဲ့ မယ်လန်နီယား တို့က ရိန်နာ မိသားစုအတွက် အနက်ရှိုင်းဆုံး ဝမ်းနည်းကြေကွဲမှုနဲ့အတူ နှစ်သိမ့်စကား ပါးလိုက်ပါတယ်’ လို့ မပြောနိုင်ရတာလဲ?”

ထို့အပြင် အနည်းဆုံး ရီပတ်ဘလီကန် လွှတ်တော်အမတ် ငါးဦးကလည်း ထရန့်၏ မှတ်ချက် များသည် “ မှားယွင်းသည်” ၊ “ လေးစားမှုမရှိ” နှင့် “ မသင့်လျော်” ဟု ဆိုကာ ဝေဖန်ခဲ့ ကြသည်။

နီဘရာစကာပြည်နယ် အောက်လွှတ်တော်အမတ် ဒွန်ဘေကွန် (Don Bacon) က ထရန့်၏ ပြောဆိုချက်မှာ “ ရွံရှာဖွယ်ကောင်းသည်” ဟု ဆိုကာ “ ကျွန်ုပ်တို့၏ သမ္မတကို သမ္မတပီသစွာ ပြုမူစေချင်သည်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ဂျော်ဂျီယာပြည်နယ် အောက်လွှတ်တော်အမတ် မာဂျော်ရီတေလာဂရင်း(Marjorie Taylor Greene) က ရိမ်နာ(Reiner) တို့ မိသားစု သေဆုံးမှုသည် “ မိသားစု အဖြစ်ဆိုးတစ်ခုဖြစ်ပြီး၊ နိုင်ငံရေး သို့မဟုတ် နိုင်ငံရေးရန်သူများအကြောင်း မဟုတ်ကြောင်း” X တွင် ပြောကြား ခဲ့သည်။

“ မိသားစုဝင်တစ်ဦး မူးယစ်ဆေးစွဲတာ ဒါမှမဟုတ် စိတ်ကျန်းမာရေးပြဿနာရှိနေတာကို မိသားစုအများကြီး ရင်ဆိုင်နေကြရတယ်” ဟု Greene က ဆက်ပြောသည်။ “ ဒါဟာ အင်မတန် ခက်ခဲတဲ့ကိစ္စဖြစ်ပြီး အထူးသဖြင့် လူသတ်မှုနဲ့ အဆုံးသတ်သွားတဲ့အခါမျိုးမှာ စာနာနားလည်မှုနဲ့ ပြောဆိုသင့်ပါတယ်။”

ကင်တပ်ကီပြည်နယ် အောက်လွှတ်တော်အမတ် သောမတ်စ် မက်ဆီ(Thomas Massie) က ထရန့်၏ မှတ်ချက်များကို “ ရက်ရက်စက်စက် အသတ်ခံရသူတစ်ဦးအပေါ် မသင့်လျော်ပြီး လေးစားမှုမရှိသော ပြောဆိုမှု” ဟု ခေါ်ဆိုခဲ့သည်။

“ ရွေးကောက်ခံ GOP လုပ်ဖော်ကိုင်ဖက်တွေ၊ ဒုသမ္မတနဲ့ အိမ်ဖြူတော်ဝန်ထမ်းတွေက သူတို့ ကြောက်နေကြလို့ပဲ ဒါကို လျစ်လျူရှုထားကြမှာလား?” ဟု မက်ဆီ(Massie) က ဆက်လက်ပြောကြားသည်။ “ ဒါကို ခုခံကာကွယ်ဝံ့သူရှိရင် ကျွန်တော် စိန်ခေါ်ပါတယ်။”

“ ဒီထုတ်ပြန်ချက်ဟာ မှားယွင်းပါတယ်” ဟု နယူးယောက်ပြည်နယ် အောက်လွှတ်တော်အမတ် မိုက်လောလာ(Mike Lawler) က ရေးသားခဲ့သည်။ “ ဘယ်သူ့ရဲ့ နိုင်ငံရေးအမြင်ပဲဖြစ်ဖြစ်၊ ကိုယ့်သားအရင်းရဲ့ လက်ချက်နဲ့ အသတ်ခံရတာမျိုးအပါအဝင် ဘယ်လို အကြမ်းဖက်မှုကိုမှ မခံစားသင့်ပါဘူး။ ဒါဟာ ကျွန်ုပ်တို့နိုင်ငံက လူတိုင်းဆီက စာနာမှုနဲ့ ကရုဏာတရားကို ရရှိ သင့်တဲ့ ကြောက်စရာကောင်းတဲ့ အဖြစ်ဆိုးတစ်ခုပါပဲ။”

အိုကလာဟိုးမားပြည်နယ် အောက်လွှတ်တော်အမတ် စတက်ဖနီ ဘိုက်စ် (Stephanie Bice) ကလည်း “ စိတ်မကျန်းမာတဲ့ သားဖြစ်သူရဲ့ လက်ချက်နဲ့ ဖခင်နဲ့ မိခင် အသတ်ခံခဲ့ရတာပါ။ ကျွန်မတို့ဟာ ဒီမိသားစုအတွက် ဆုတောင်းပေးသင့်တာဖြစ်ပြီး ဒါကို နိုင်ငံရေးအဖြစ် မပြောင်းလဲသင့်ပါဘူး” ဟု ရေးသားခဲ့သည်။

တနင်္လာနေ့က ထုတ်ပြန်ခဲ့သည့် Los Angeles ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ Reiner ၏သားဖြစ်သူ အသက် ၃၂ နှစ်အရွယ် နစ်ခ်(Nick) ကို ၎င်း၏ မိဘရုပ်အလောင်းများ တွေ့ရှိပြီး ၆ နာရီမပြည့်မီ တနင်္ဂနွေနေ့ ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် ဖမ်းဆီးခဲ့ပြီးနောက် လူသတ်မှုစွဲချက် ဖြင့် အာမခံမပေးဘဲ ထိန်းသိမ်းထားကြောင်း သိရသည်။

Rob Reiner သည် နှစ်ပေါင်းများစွာအတွင်း MSNBC သို့ အကြိမ်ပေါင်းများစွာ တက်ရောက် ခဲ့သူ ဖြစ်သည်။ အောက်တိုဘာလတွင် နောက်ဆုံးအကြိမ် ပါဝင်ခဲ့စဉ်က Reiner က ထရန့် အစိုးရ၏ မီဒီယာများအပေါ် ဖိအားပေးမှုကို မက်ကာသီ( “ McCarthy) ခေတ်ကထက်တောင် ပိုဆိုးသည်” ဟု ဖော်ပြခဲ့သည်။

“ ဒါဟာ အစပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီကို ကျွန်တော်တို့ဆီကနေ လုယူနေပြီဆိုတာ လူတွေ နားလည်ဖို့ လိုပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

တနင်္လာနေ့ မွန်းလွဲပိုင်းတွင် အိမ်ဖြူတော်၌ သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ရီပတ်ဘလီကန်အချို့က ကန့်ကွက်နေသည့်ကြားမှ ထရန့်က ၎င်း၏ အစောပိုင်းမှတ်ချက်များကို ထပ်လောင်း အတည်ပြုခဲ့သည်။ “ ကျွန်တော် Rob Reiner ကို လုံးဝ မကြိုက်ပါဘူး” ဟု ထရန့်က ဆိုသည်။ “ သူဟာ ကျွန်တော်တို့ နိုင်ငံအတွက် အင်မတန် ဆိုးရွားတဲ့သူတစ်ယောက်လို့ ကျွန်တော် ထင်ပါတယ်။”

ဒေါ်နယ်ထရန့်ကို လူတွေအပြင်းအထန် ကန့်ကွက်နေကြရတဲ့ အဓိကအကြောင်းရင်းမှာ Rob Reiner တို့ ဇနီးမောင်နှံ အသတ်ခံရမှုကို နိုင်ငံရေးအရ အမြတ်ထုတ်ပြီး အခြေအမြစ်မရှိ စွပ်စွဲပြောဆိုခဲ့ခြင်း ကြောင့် ဖြစ်ပါတယ်။

ထရန့်က ၎င်း၏ လူမှုကွန်ရက်တွင် အောက်ပါအတိုင်း မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်ဟု သတင်းများအရ သိရသည် –

အခြေအမြစ်မရှိ စွပ်စွဲချက်။ Rob Reiner နှင့် ၎င်း၏ဇနီး Michele တို့သည် ထရန့်ကို ဆန့်ကျင်ကန့်ကွက်သူများ ဖြစ်သည့်အတွက်ကြောင့်သာ အသတ်ခံရခြင်းဖြစ်သည်ဟု ဆိုလိုသည့် မှတ်ချက်ကို ပေးခဲ့ခြင်းဖြစ်သည်။

စာနာမှုကင်းမဲ့ခြင်း။  မိဘနှစ်ဦးစလုံးသည် ၎င်းတို့၏ စိတ်ကျန်းမာရေးမကောင်းသော သားဖြစ်သူ Nick Reiner ၏ လက်ချက်ဖြင့် ရက်ရက်စက်စက် အသတ်ခံခဲ့ရသည့် မိသားစုအဖြစ်ဆိုးကြီးကို ဝမ်းနည်းကြောင်းမပြဘဲ၊ ၎င်းအပေါ် ဝေဖန်ခဲ့ဖူးသည့် ရန်သူများအဖြစ်သာ ရှုမြင်ပြီး ပြောဆိုခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးအရ ပုဂ္ဂိုလ်တစ်ဦးနှင့်သဘောထားမတိုက်ဆိုင်ခြင်း။  ရီပတ်ဘလီကန် အမတ်အချို့က ထရန့်အနေဖြင့် “ သမ္မတပီသစွာ” မပြုမူဘဲ လူသတ်မှုတစ်ခုကို နိုင်ငံရေးတိုက်ကွက်အဖြစ် အသုံးချခဲ့သည့်အတွက် “ ရွံရှာဖွယ်ကောင်းသည်” ၊ “ ရက်စက်သည်” နှင့် “ မသင့်လျော်ဘူး” ဟု ဝေဖန်ခဲ့ကြသည်။

အကျဉ်းချုပ်အားဖြင့် ဆိုရသော် – လူသတ်မှုဖြစ်ပွားရသည့် အကြောင်းရင်းအစစ်အမှန်မှာ မိသားစုတွင်း စိတ်ကျန်းမာရေးနှင့် မူးယစ်ဆေးပြဿနာ ကြောင့် ဖြစ်သော်လည်း၊ ထရန့်က ၎င်းကို နိုင်ငံရေးရန်ငြိုး နှင့် ဆက်စပ်ပြီး မှတ်ချက်ပေးခဲ့သောကြောင့် ၎င်း၏ မဟာမိတ်များ ပင်လျှင် လက်မခံနိုင်ဖြစ်ကာ ကန့်ကွက်ခဲ့ကြခြင်း ဖြစ်ပါသည်။

ပီးရားစ်မော်ဂင်(Piers Morgan), အောက်လွှတ်တော်အမတ် မာဂျော်ရီတေလာဂရင်း(Marjorie Taylor Greene) နှင့်စတက်ဖရီဘိုက်စ် (Stephanie Bice)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ထရမ့် နှင့် ရှီ တို့သည် ကြိုဆိုပွဲအခမ်းအနားတစ်လျှောက် ရင်းနှီးပွင့်လင်းစွာ စကားပြောဆိုခဲ့ကြသည်

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 19 Views
၂၀၂၆ခုနှစ်၊ မေလ ၁၄ရက် ဘီဂျင်း။ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်အတွက်
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

အဆုံးအဖြတ်ပေးမည့် ရှီနှင့်တွေ့ဆုံပွဲမတိုင်မီ ထရမ့် တရုတ်နိုင်ငံသို့ ဆိုက်ရောက်

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 16 Views
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့သည် နည်းပညာ၊ ကုန်သွယ်ရေး၊ အီရန်နှင့် ထိုင်ဝမ် အရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကြရမည်ဖြစ်သည်။ CNN –
တရုတ် နိုင်ငံတကာသတင်း

တရုတ်လူငယ်များသည် ပြင်းထန်သောပြိုင်ဆိုင်မှုများကို စွန့်လွှတ်နေကြခြင်းမှာ နိုင်ငံခြားတိုင်းပြည်များတွင် တာဝန်ရှိသည်ဟု တရုတ်ထောက်လှမ်းရေးများကဆို

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 15 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၃ရက် ဟောင်ကောင် — တရုတ်နိုင်ငံ၏ ထိပ်တန်းထောက်လှမ်းရေးအေဂျင်စီသည် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလာခဲ့သည်။  တရုတ်လူငယ်များသည် နိုင်ငံခြားအင်အားစုများ၏ လှည့်ဖြားမှုကို ခံနေရကြောင်း၊ ထိုအင်အားစုများက လူငယ်များကို အလုပ်ကြိုးစားမှုအား ရှောင်လွှဲရန်နှင့် အမျိုးသားဖွံ့ဖြိုးတိုးတက်မှုထက်
နိုင်ငံတကာသတင်း အမေရိကန်

“ မင်းသားခေါင်းထဲကိုကျဥ်ဆံပစ်ထည့်လိုက်မယ်” တက္ကဆက် ပြည်နယ်အောက်လွှတ်တော်အမတ်ဟောင်း မာဂျော်ရီတေလာဂရင်း (Marjorie Taylor Greene) ၏ ရင်ဖွင့်သံ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 28 Views
၂၀၂၆ ခုနှစ်၊ မေလ ၃ ရက် ကျွန်မ အသတ်ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ စတင်ရရှိခဲ့တယ်၊ အဲဒါက ကျွန်မကို “သစ္စာဖောက်” လို့ ခေါ်ဆိုတာနဲ့ ပတ်သက်နေပါတယ်။ “မင်းက သစ္စာဖောက်ပဲ၊ မင်း သေထိုက်တယ်”။ “မင်းက
နိုင်ငံတကာသတင်း ရုရှား အာဖရိက

သူပုန်များက ပူတင်၏တပ်များကို အရေးပါသော အာဖရိကမြို့တစ်မြို့မှ မောင်းထုတ်၊ ရုရှား၏ ဒေသတွင်းဩဇာ လျော့ပါးလာနေ

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 21 Views
CNN-၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အဘူဂျာ (Abuja) — ပြီးခဲ့သည့်လက မာလီနိုင်ငံမြောက်ပိုင်းရှိ မဟာဗျူဟာမြောက် ခံတပ်မြို့ ဖြစ်သော ကီဒယ် (Kidal) မှ ရုရှားတပ်ဖွဲ့များ ဆုတ်ခွာသွားခဲ့ရသည်။ ၎င်းတို့ က နှိမ်နင်းရန် သွားရောက်ခဲ့သည့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ပူတင်က ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်ခြေရှိကြောင်း အရိပ်အမြွက်ပြသ၊ သို့သော် အဘယ်ကြောင့် ယခုမှပြောလာသနည်း

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 20 Views
CNN- နစ်ခ် ပါတန် ဝေါ့ရှ် (Nick Paton Walsh) ၏ ဝေဖန်ဆန်းစစ်ချက်  ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် ပြင်းထန်သော ဖိအားများ ကြုံတွေ့နေရသည့် အချိန်တွင် ထွက်ပေါ်လာသော ထူးခြားသည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်ထံ တင်ပြသည့် ကမ်းလှမ်းချက်မှာ “ကျိုးကြောင်းဆီလျော်မှုရှိကြောင်း” ထရမ့်၏ ပယ်ချမှုအပြီးတွင် အီရန် ပြောကြား

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ် ဘာဂါယီ (Esmail Baghaei) က စစ်ပွဲအဆုံးသတ်ရန် အမေရိကန်ထံ တင်ပြခဲ့သည့် အီရန်၏ နောက်ဆုံးကမ်းလှမ်းချက်မှာ ကျိုးကြောင်းဆီလျော်ပြီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အစိုးရနှင့် ဆက်လက်ဆွေးနွေးသွားမည်ဟု ထရမ့် အရိပ်အမြွက်ပြောကြား

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်ဘက်မှ နောက်ဆုံးကမ်းလှမ်းချက်ကို ပယ်ချခဲ့သော်လည်း လက်ရှိအီရန်အစိုးရနှင့် သံတမန်နည်းလမ်းအရ ဆက်လက်ဖြေရှင်း သွားမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် အရိပ်အမြွက် ပြောကြားခဲ့သည်။ အီရန်အစိုးရအတွင်းရှိ သဘောထားတင်းမာသူများနှင့် ပတ်သက်၍လည်းကောင်း၊ ခေါင်းဆောင်မှုပိုင်း