နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထိပ်တန်းဒီမိုကရက်တစ်ပါတီသည် ထရမ့်က လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဆိုသော စစ်ရာဇ၀တ်ကောင်များကို ထောက်ခံအားပေးခဲ့သည့်ဟက်ဆက် (Hegseth) အား ဖိအားပေးမေးမြန်းခဲ့သည်။

ဇန်နဝါရီလ (၁၆) ရက်။

စစ်ဘက်တရားစီရင်ရေးစနစ်အပေါ် ဟက်ဆက်၏ သဘောထားအမြင်များကို ၎င်း၏ကြားနာမှုတွင် မေးခွန်းထုတ်ခဲ့သည်။

ဟက်ဆက်သည် ကာကွယ်ရေးဝန်ကြီးဖြစ်ရန်အတွက် ၎င်း၏အရည်အချင်းများကို စုံစမ်းစစ်ဆေးနေသည့်ကော်မတီ အထက်လွှတ်တော်အမတ်များအား အင်္ဂါနေ့တွင် “တင်းကျပ်သော စည်းမျဉ်းများ” သည် “ကျွန်တော်တို့ရဲ့ရန်သူတွေကို အနိုင်ယူရန် ပိုမိုခက်ခဲစေပါတယ်” ဟု ပြောဆိုမှုအပေါ် ဒီမိုကရက်တစ်များက စစ်ပွဲဥပဒေများကို ဟက်ဆင် တန်ဖိုးထားသင့်ကြောင်း အကြံပြုခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာနကို ဦးဆောင်ရန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က ရွေးချယ်ထားသည့် ဟက်ဆက်က ကော်မတီဝင် ထိပ်တန်းဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဂျက်ရီးဒ် (Jack Reed) အား သူဦးစားပေးသော စစ်ဘက်ဆိုင်ရာ ထိရောက်မှုစေရေးအတွက် ရှေ့နေများသည် ရှေ့မှကာဆီးနေသူများ မဖြစ်သင့်ကြောင်း ပြောကြားခဲ့သည်။

Fox News အစီအစဉ် တင်ဆက်သူအဖြစ် တာဝန်ထမ်းဆောင်စဉ် ဟက်ဆက်၏ စစ်ရာဇဝတ်မှု ကျူးလွန်သူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန်အတွက် တွန်းအားပေးမှုသည် စစ်ဘက်တရားစီရင်ရေးလုပ်ငန်းစဉ်အပေါ် ဟက်ဆက်သည် လေးစားမှုမရှိကြောင်း ကော်မတီအဖွဲ့ဝင်များမှ အဆိုပြုသူအား မေးခွန်းထုတ်သောအချိန်တွင် ရိဒ်က မေးမြန်းခဲ့သည်။

ထရန့်သည် ၎င်း၏ပထမအုပ်ချုပ်မှုအပြီးတွင် စစ်တရားရုံးမှ ပြစ်ဒဏ်ချမှတ်ထားသည့်အမှုနှစ်ခု အပါအဝင် လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းအပေါ် ဟက်ဆက်က လူသိရှင်ကြား ထောက်ခံခဲ့မှုအပေါ် ရိဒ်က ကိုးကားပြီး “အဲ့ဒီအမှုနှစ်ခုအတွက် ပြစ်ဒဏ်ကျခံနေရတဲ့ တပ်မတော်သားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတာကို တပ်မတော်သားတွေနဲ့ တိုက်ပွဲတွေမှာ ပါဝင်ခဲ့သူတွေ ဝန်ဆောင်မှုအဖွဲ့ဝင်တွေက မထောက်ခံခဲ့ကြပါဘူး” ဟု ရိဒ်က ဆိုခဲ့သည်။

“သူတို့က စစ်ရာဇ၀တ်မှုတွေကို သတင်းပို့ဖို့ စစ်သားတွေရဲ့ တာဝန်အရ လုပ်ခဲ့တယ်” ဟု ရိဒ်က ပြောကြားခဲ့သည်။ “စစ်ရာဇ၀တ်မှု ကျူးလွန်သူတွေကို ဒီလိုလုပ်တာ မမှန်ဘူးလို့ မတ်တပ်ရပ်ပြီး ပြောတဲ့သူတွေကို ခင်ဗျားက ထောက်ခံအားပေးရမှာကို အဲ့ဒီလို စစ်ရာဇ၀တ်မှု ကျူးလွန်သူတွေရဲ့ လုပ်ရပ်ကို မှန်ကန်တယ်ဆိုပြီး မင်းက ပွေ့ဖက်အားပေးနေပုံရတယ်” ဟု ဆိုခဲ့သည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ထရန့်၏လွတ်ငြိမ်းချမ်းသာခွင့်မပေးမီ ဟက်ဆက်က သမတအနေနဲ့ စစ်တပ်ဒုဗိုလ် ကလင့်လောရင့်စ်နှင့် ဦးထုတ်စိမ်းတပ် မေဂျာ မတ် ဂိုလ်စတင်းတို့ကို စစ်ရာဇ၀တ်မှုများချမှတ်ထားခြင်းနှင့် ရေတပ် ကွန်မင်ဒိုဆီးလ် တပ်ဖွဲ့ဝင် အယ်ဒီဂလယ်ဂါ (Navy SEAL Eddie Gallagher) ကို အီရတ်သို့ တပ်ဖြန့်မှုအတွင်း ဒဏ်ရာရ အစ္စလာမ္မစ်နိုင်ငံတော်မှ သုံ့ပန်းတစ်ဦးကို သတ်ဖြတ်မှုမှ တရားသေ လွတ်ခဲ့သော်လည်း အလောင်းနှင့် ဓါတ်ပုံအတူ ရိုက်တင်ခဲ့မှုကြောင့် ထောင်ဒဏ် လေးလနှင့် ရာထူးလျှော့ချခံရခြင်းတို့အပေါ် သမ္မတသည် မကြာမီ ကူညီနိုင်လိမ့်မည်ဟု ဟက်ဆက်က ပြောကြားခဲ့သည်။

“တရားဝင်မှုနဲ့ သေခြင်းတရားကြားက ချိန်ခွင်လျှာကို ကျွန်တော်က လေးလေးနက်နက် စဉ်းစားထားပြီးပါပြီ” ဟု ဟက်ဆက်က ဗုဒ္ဓဟူးနေ့၏ အတည်ပြုကြားနာမှုတွင် ရိ့ဒ်အား ပြောကြားခဲ့သည်၊ “ရှေ့တန်းရှိ အမျိုးသားနှင့် အမျိုးသမီးတို့ဟာ ရန်သူကို သုတ်သင်ပစ်ဖို့ အခွင့်အလမ်းရှိပြီး သူတို့ရဲ့အရှေ့မှာ ရှေ့နေတွေက ကာဆီးမနေသင့်ဘူး” ဟု ဆိုခဲ့သည်။

လွတ်လပ်သောပုဂ္ဂလိက အထက်လွှတ်တော်အမတ် အန်းဂပ်ကင်း (Angus King) ၏မေးမြန်းမှု အပေါ် ဟက်ဆက်က ဂျီနီဗာကွန်ဗင်းရှင်းသည် “မြေပေါ်ရှိ ဥပဒေ” ဖြစ်ကြောင်း သဘောတူခဲ့သော်လည်း ယင်းစစ်ဥပဒေများသည် “လက်တွေ့ကျမှု၏ အပေါ်ယံတွင်သာ ရှိနေခဲ့ကြောင်း” နှင့် နိုင်ငံတကာဥပဒေများနှင့် စစ်မြေပြင်တိုက်ပွဲများအကြား “နည်းဗျူဟာပိုင်းအရ ခြားနားမှု” ရှိကြောင်းဖြေဆိုခဲ့သည်။

“တပ်ခွဲတစ်ခု ဒါမှမဟုတ် တပ်စုတစ်ခု ဒါမှမဟုတ် တပ်စုအဆင့်ကို ကျဆင်းသွားတဲ့အခါမှာ သင့်တွင် ဘယ်သူကမှ အသိအမှတ် မပြုနိုင်တဲ့ တိုက်ခိုက်ရမဲ့အနေအထားနဲ့ စည်းမျဥ်းသတ်မှတ်မှုကလည်း ရှိနေတယ်။ အဲ့ဒီအချက်က စစ်မြေပြင်မှာ ခင်ဗျားအလုပ်ကို ခင်ဗျားအနေနဲ့ အမှန်တကယ် လုပ်ဆောင်ဖို့ မယုံနိုင်လောက်အောင် ခက်ခဲစေပါတယ်” ဟု တိုက်ခိုက်ရေးသမားဟောင်း ဟက်ဆက်က ထောက်ပြခဲ့သည်။

“ကျနော်တို့က စည်းကမ်းတွေကို လိုက်နာတယ်။ ဒါပေမယ့် ဒီစစ်ပွဲတွေကို အနိုင်ယူဖို့ မဖြစ်နိုင်တဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်စေတဲ့ ထိတွေ့ဆက်ဆံမှု စည်းမျဉ်းတွေ မလိုအပ်ပါဘူး” ဟု ၎င်းက ဆိုသည်။

စစ်မှုထမ်းဟောင်းတစ်ဦးလည်းဖြစ်သည့်ရိဒ်က “ဂျီနီဗာကွန်ဗင်းရှင်း၊ တရားဥပဒေ စည်းမျဉ်းတွေ အစရှိတာတွေကို ခင်ဗျားက သရော်တဲ့စာ ရေးသားခဲ့ပြီးပြီ၊ အဲ့ဒီလို လူတစ်ယောက်အနေနဲ့ အမေရိကန် စစ်တပ်ကို ဘယ်လို ထိရောက်စွာ ဦးဆောင်နိုင်မလဲ။ စစ်တပ်မှာ အဓိကအချက်တွေထဲက တစ်ခုက စည်းကမ်းပဲဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ်အနေနဲ့ တရားဥပဒေအရပေးအပ်ထားတဲ့ အုပ်ချုပ်မှုကို ဘယ်လို လေးစားလိုက်နာအောင်လုပ်မလဲ?”

ဆီးနိတ်လွှတ်တော်အမတ်သည် ဟက်ဆက်၏ “War on Warriors” စာအုပ်တွင် “JAGs” ရှိ တပ်မတော်ရှေ့နေများအကြောင်းကို “Jagoffs” ဟု ဖော်ပြခဲ့သည့် အသုံးအနှုန်းတစ်ခုအတွက် အထက်လွှတ်တော်အမတ်သည် ဟက်ဆက်ကို ရှင်းလင်းဖြေဆိုရန် တောင်းဆိုခဲ့သည်။

“တပ်မတော်ရှေ့နေတွေက ခြေလျင်တပ်သားလို မဟုတ်ဘူး” ဟု ဟက်ဆက်က ထိုအချိန်က ရေးသားခဲ့သည်။

ဟက်ဆက်သည် ပထမအကြိမ် မေးမြန်းသောအခါ အသေးစိတ်ကို ဖြေဆိုရန် ငြင်းဆိုခဲ့သော်လည်း ရိဒ် မှ ဒုတိယအကြိမ် ထပ်မံဖိအားပေးမေးခဲ့ရာ ” တပ်မတော်ရှေ့နေ (JAG officer) တစ်ဦးဟာ သူတို့ရဲ့ပုဂ္ဂိုလ်ရေးဦးစားပေးမှုတွေကို စစ်ပွဲမှာတိုက်နေသူတွေကို ရှေ့မှာထားပြီး သူတို့အတွက် ရာထူးတိုးမှု၊ ဆုတံဆိပ်တွေ ရလိုမှုတွေကိုပဲ ဦးစားပေးနေကြတယ်” ဟု ပြန်ဖြေခဲ့ပါသည်။

ရိဒ်က “စိတ်ဝင်စားဖို့ကောင်းတယ်” ဟု ပြန်ငေါ့လိုက်သည်။

ဆီးနိတ်အမတ် အဲလစ်ဆာ စ‌လော့ကင် (Elissa Slotkin) က ၎င်းတို့အား ဟက်ဆက်က ပြောင်းလဲရန် ကြိုးပမ်းခြင်း ရှိမရှိ မေးမြန်းသောအခါဟက်ဆက်က တူညီသော စစ်ဘက်ဆိုင်ရာ တရားမျှတမှု ကျင့်ထုံးဥပဒေသည် လွှတ်တော်မှ သတ်မှတ်သည့် ဥပဒေများဖြင့် ဖွဲ့စည်းထားကြောင်းကို သူက အသိအမှတ်ပြုသည်ဟု ပြန်ဖြေခဲ့သည်။ စ‌လော့ကင်က တောင်ကယ်ရိုလိုင်းနား ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် လင်းဆေးဂရေဟမ် (Lindsey Graham) သည် သူ့ဘဝတလျှောက်လုံး “JAG အရာရှိ” ဖြစ်သည်ဟု မှတ်ချက်ပြုခဲ့သည်။

ဟက်ဆက်က “ကျွန်တော်နဲ့ ဆက်ဆံခဲ့ရသော JAG အရာရှိတွေ အကြောင်းကိုသာ ပြောနေတာ ဖြစ်တယ်” ဟု ၎င်း၏ အစောပိုင်းရေးသားမှုတွင် ပြောကြားခဲ့သည်။

ဓာတ်ပုံ။

၁။ အမေရိကန်ကာကွယ်ရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဟက်ဆက်။

၂။ ၂၀၁၃ ခုနှစ်တွင် အာဖဂန်အမျိုးသားများအား လူသတ်မှုနှင့် သတ်ဖြတ်ရန် ကြိုးပမ်းမှုတို့ အတွက် ပြစ်ဒဏ်ချမှတ်ခံထားရသော တပ်မ ၁ မှ ဒုဗိုလ်-ကလင်း လော်ရန့်စ်သည် လက်ဗွေရာနှင့် DNA အထောက်အထားများကို ထုတ်ဖော်ပြောကြားခြင်း မရှိသည့်အတွက် အာဖဂန်အမျိုးသားများသည် အရပ်သားများမဟုတ်ဘဲ အကြမ်းဖက် ဖောက်ခွဲရေးသမားများဖြစ်ကြောင်း သက်သေပြနိုင်စေမည့် အယူခံကိုဝင်ခဲ့သည်။

၃။ မက်သူယူး ဂိုလ်စတိန်း(Matthew Golsteyn) ကို ဤမွမ်းမံထားသော (ဓာတ်ပုံ) တွင် မြင်တွေ့ရသည်။ ABC News မှ ရရှိသည်။

၄။ ရေတပ်အထူးစစ်ဆင်ရေးအကြီးအကဲ အက်ဒဝပ် ဂဲခ်လာဂါ (Edward Gallagher) သည် ဆန်ဒီယာဂို (San Diego) ရှိ ရေတပ်အခြေစိုက်စခန်းတွင် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂ ရက်၊ ကြိုတင်ပြင်ဆင်ထားသော လူသတ်မှုမှ လွတ်မြောက်ပြီးနောက် ဇနီးဖြစ်သူ အန်ဒရီယာ (Andrea) နှင့် ဂုဏ်ပြုပွဲကျင်းပခဲ့သည် (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 27 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 19 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 23 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 31 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 29 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက