နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထိပ်တန်းဒီမိုကရက်တစ်ပါတီသည် ထရမ့်က လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဆိုသော စစ်ရာဇ၀တ်ကောင်များကို ထောက်ခံအားပေးခဲ့သည့်ဟက်ဆက် (Hegseth) အား ဖိအားပေးမေးမြန်းခဲ့သည်။

ဇန်နဝါရီလ (၁၆) ရက်။

စစ်ဘက်တရားစီရင်ရေးစနစ်အပေါ် ဟက်ဆက်၏ သဘောထားအမြင်များကို ၎င်း၏ကြားနာမှုတွင် မေးခွန်းထုတ်ခဲ့သည်။

ဟက်ဆက်သည် ကာကွယ်ရေးဝန်ကြီးဖြစ်ရန်အတွက် ၎င်း၏အရည်အချင်းများကို စုံစမ်းစစ်ဆေးနေသည့်ကော်မတီ အထက်လွှတ်တော်အမတ်များအား အင်္ဂါနေ့တွင် “ တင်းကျပ်သော စည်းမျဉ်းများ” သည် “ ကျွန်တော်တို့ရဲ့ရန်သူတွေကို အနိုင်ယူရန် ပိုမိုခက်ခဲစေပါတယ်” ဟု ပြောဆိုမှုအပေါ် ဒီမိုကရက်တစ်များက စစ်ပွဲဥပဒေများကို ဟက်ဆင် တန်ဖိုးထားသင့်ကြောင်း အကြံပြုခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာနကို ဦးဆောင်ရန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က ရွေးချယ်ထားသည့် ဟက်ဆက်က ကော်မတီဝင် ထိပ်တန်းဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဂျက်ရီးဒ် (Jack Reed) အား သူဦးစားပေးသော စစ်ဘက်ဆိုင်ရာ ထိရောက်မှုစေရေးအတွက် ရှေ့နေများသည် ရှေ့မှကာဆီးနေသူများ မဖြစ်သင့်ကြောင်း ပြောကြားခဲ့သည်။

Fox News အစီအစဉ် တင်ဆက်သူအဖြစ် တာဝန်ထမ်းဆောင်စဉ် ဟက်ဆက်၏ စစ်ရာဇဝတ်မှု ကျူးလွန်သူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန်အတွက် တွန်းအားပေးမှုသည် စစ်ဘက်တရားစီရင်ရေးလုပ်ငန်းစဉ်အပေါ် ဟက်ဆက်သည် လေးစားမှုမရှိကြောင်း ကော်မတီအဖွဲ့ဝင်များမှ အဆိုပြုသူအား မေးခွန်းထုတ်သောအချိန်တွင် ရိဒ်က မေးမြန်းခဲ့သည်။

ထရန့်သည် ၎င်း၏ပထမအုပ်ချုပ်မှုအပြီးတွင် စစ်တရားရုံးမှ ပြစ်ဒဏ်ချမှတ်ထားသည့်အမှုနှစ်ခု အပါအဝင် လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းအပေါ် ဟက်ဆက်က လူသိရှင်ကြား ထောက်ခံခဲ့မှုအပေါ် ရိဒ်က ကိုးကားပြီး “ အဲ့ဒီအမှုနှစ်ခုအတွက် ပြစ်ဒဏ်ကျခံနေရတဲ့ တပ်မတော်သားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတာကို တပ်မတော်သားတွေနဲ့ တိုက်ပွဲတွေမှာ ပါဝင်ခဲ့သူတွေ ဝန်ဆောင်မှုအဖွဲ့ဝင်တွေက မထောက်ခံခဲ့ကြပါဘူး” ဟု ရိဒ်က ဆိုခဲ့သည်။

“သူတို့က စစ်ရာဇ၀တ်မှုတွေကို သတင်းပို့ဖို့ စစ်သားတွေရဲ့ တာဝန်အရ လုပ်ခဲ့တယ်” ဟု ရိဒ်က ပြောကြားခဲ့သည်။ “ စစ်ရာဇ၀တ်မှု ကျူးလွန်သူတွေကို ဒီလိုလုပ်တာ မမှန်ဘူးလို့ မတ်တပ်ရပ်ပြီး ပြောတဲ့သူတွေကို ခင်ဗျားက ထောက်ခံအားပေးရမှာကို အဲ့ဒီလို စစ်ရာဇ၀တ်မှု ကျူးလွန်သူတွေရဲ့ လုပ်ရပ်ကို မှန်ကန်တယ်ဆိုပြီး မင်းက ပွေ့ဖက်အားပေးနေပုံရတယ်” ဟု ဆိုခဲ့သည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ထရန့်၏လွတ်ငြိမ်းချမ်းသာခွင့်မပေးမီ ဟက်ဆက်က သမတအနေနဲ့ စစ်တပ်ဒုဗိုလ် ကလင့်လောရင့်စ်နှင့် ဦးထုတ်စိမ်းတပ် မေဂျာ မတ် ဂိုလ်စတင်းတို့ကို စစ်ရာဇ၀တ်မှုများချမှတ်ထားခြင်းနှင့် ရေတပ် ကွန်မင်ဒိုဆီးလ် တပ်ဖွဲ့ဝင် အယ်ဒီဂလယ်ဂါ (Navy SEAL Eddie Gallagher) ကို အီရတ်သို့ တပ်ဖြန့်မှုအတွင်း ဒဏ်ရာရ အစ္စလာမ္မစ်နိုင်ငံတော်မှ သုံ့ပန်းတစ်ဦးကို သတ်ဖြတ်မှုမှ တရားသေ လွတ်ခဲ့သော်လည်း အလောင်းနှင့် ဓါတ်ပုံအတူ ရိုက်တင်ခဲ့မှုကြောင့် ထောင်ဒဏ် လေးလနှင့် ရာထူးလျှော့ချခံရခြင်းတို့အပေါ် သမ္မတသည် မကြာမီ ကူညီနိုင်လိမ့်မည်ဟု ဟက်ဆက်က ပြောကြားခဲ့သည်။

“ တရားဝင်မှုနဲ့ သေခြင်းတရားကြားက ချိန်ခွင်လျှာကို ကျွန်တော်က လေးလေးနက်နက် စဉ်းစားထားပြီးပါပြီ” ဟု ဟက်ဆက်က ဗုဒ္ဓဟူးနေ့၏ အတည်ပြုကြားနာမှုတွင် ရိ့ဒ်အား ပြောကြားခဲ့သည်၊ “ ရှေ့တန်းရှိ အမျိုးသားနှင့် အမျိုးသမီးတို့ဟာ ရန်သူကို သုတ်သင်ပစ်ဖို့ အခွင့်အလမ်းရှိပြီး သူတို့ရဲ့အရှေ့မှာ ရှေ့နေတွေက ကာဆီးမနေသင့်ဘူး” ဟု ဆိုခဲ့သည်။

လွတ်လပ်သောပုဂ္ဂလိက အထက်လွှတ်တော်အမတ် အန်းဂပ်ကင်း (Angus King) ၏မေးမြန်းမှု အပေါ် ဟက်ဆက်က ဂျီနီဗာကွန်ဗင်းရှင်းသည် “ မြေပေါ်ရှိ ဥပဒေ” ဖြစ်ကြောင်း သဘောတူခဲ့သော်လည်း ယင်းစစ်ဥပဒေများသည် “ လက်တွေ့ကျမှု၏ အပေါ်ယံတွင်သာ ရှိနေခဲ့ကြောင်း” နှင့် နိုင်ငံတကာဥပဒေများနှင့် စစ်မြေပြင်တိုက်ပွဲများအကြား “ နည်းဗျူဟာပိုင်းအရ ခြားနားမှု” ရှိကြောင်းဖြေဆိုခဲ့သည်။

“ တပ်ခွဲတစ်ခု ဒါမှမဟုတ် တပ်စုတစ်ခု ဒါမှမဟုတ် တပ်စုအဆင့်ကို ကျဆင်းသွားတဲ့အခါမှာ သင့်တွင် ဘယ်သူကမှ အသိအမှတ် မပြုနိုင်တဲ့ တိုက်ခိုက်ရမဲ့အနေအထားနဲ့ စည်းမျဥ်းသတ်မှတ်မှုကလည်း ရှိနေတယ်။ အဲ့ဒီအချက်က စစ်မြေပြင်မှာ ခင်ဗျားအလုပ်ကို ခင်ဗျားအနေနဲ့ အမှန်တကယ် လုပ်ဆောင်ဖို့ မယုံနိုင်လောက်အောင် ခက်ခဲစေပါတယ်” ဟု တိုက်ခိုက်ရေးသမားဟောင်း ဟက်ဆက်က ထောက်ပြခဲ့သည်။

“ ကျနော်တို့က စည်းကမ်းတွေကို လိုက်နာတယ်။ ဒါပေမယ့် ဒီစစ်ပွဲတွေကို အနိုင်ယူဖို့ မဖြစ်နိုင်တဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်စေတဲ့ ထိတွေ့ဆက်ဆံမှု စည်းမျဉ်းတွေ မလိုအပ်ပါဘူး” ဟု ၎င်းက ဆိုသည်။

စစ်မှုထမ်းဟောင်းတစ်ဦးလည်းဖြစ်သည့်ရိဒ်က “ဂျီနီဗာကွန်ဗင်းရှင်း၊ တရားဥပဒေ စည်းမျဉ်းတွေ အစရှိတာတွေကို ခင်ဗျားက သရော်တဲ့စာ ရေးသားခဲ့ပြီးပြီ၊ အဲ့ဒီလို လူတစ်ယောက်အနေနဲ့ အမေရိကန် စစ်တပ်ကို ဘယ်လို ထိရောက်စွာ ဦးဆောင်နိုင်မလဲ။ စစ်တပ်မှာ အဓိကအချက်တွေထဲက တစ်ခုက စည်းကမ်းပဲဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ်အနေနဲ့ တရားဥပဒေအရပေးအပ်ထားတဲ့ အုပ်ချုပ်မှုကို ဘယ်လို လေးစားလိုက်နာအောင်လုပ်မလဲ?”

ဆီးနိတ်လွှတ်တော်အမတ်သည် ဟက်ဆက်၏ “ War on Warriors” စာအုပ်တွင် “ JAGs” ရှိ တပ်မတော်ရှေ့နေများအကြောင်းကို “ Jagoffs” ဟု ဖော်ပြခဲ့သည့် အသုံးအနှုန်းတစ်ခုအတွက် အထက်လွှတ်တော်အမတ်သည် ဟက်ဆက်ကို ရှင်းလင်းဖြေဆိုရန် တောင်းဆိုခဲ့သည်။

“တပ်မတော်ရှေ့နေတွေက ခြေလျင်တပ်သားလို မဟုတ်ဘူး” ဟု ဟက်ဆက်က ထိုအချိန်က ရေးသားခဲ့သည်။

ဟက်ဆက်သည် ပထမအကြိမ် မေးမြန်းသောအခါ အသေးစိတ်ကို ဖြေဆိုရန် ငြင်းဆိုခဲ့သော်လည်း ရိဒ် မှ ဒုတိယအကြိမ် ထပ်မံဖိအားပေးမေးခဲ့ရာ ” တပ်မတော်ရှေ့နေ (JAG officer) တစ်ဦးဟာ သူတို့ရဲ့ပုဂ္ဂိုလ်ရေးဦးစားပေးမှုတွေကို စစ်ပွဲမှာတိုက်နေသူတွေကို ရှေ့မှာထားပြီး သူတို့အတွက် ရာထူးတိုးမှု၊ ဆုတံဆိပ်တွေ ရလိုမှုတွေကိုပဲ ဦးစားပေးနေကြတယ်” ဟု ပြန်ဖြေခဲ့ပါသည်။

ရိဒ်က “ စိတ်ဝင်စားဖို့ကောင်းတယ်” ဟု ပြန်ငေါ့လိုက်သည်။

ဆီးနိတ်အမတ် အဲလစ်ဆာ စ‌လော့ကင် (Elissa Slotkin) က ၎င်းတို့အား ဟက်ဆက်က ပြောင်းလဲရန် ကြိုးပမ်းခြင်း ရှိမရှိ မေးမြန်းသောအခါဟက်ဆက်က တူညီသော စစ်ဘက်ဆိုင်ရာ တရားမျှတမှု ကျင့်ထုံးဥပဒေသည် လွှတ်တော်မှ သတ်မှတ်သည့် ဥပဒေများဖြင့် ဖွဲ့စည်းထားကြောင်းကို သူက အသိအမှတ်ပြုသည်ဟု ပြန်ဖြေခဲ့သည်။ စ‌လော့ကင်က တောင်ကယ်ရိုလိုင်းနား ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် လင်းဆေးဂရေဟမ် (Lindsey Graham) သည် သူ့ဘဝတလျှောက်လုံး “ JAG အရာရှိ” ဖြစ်သည်ဟု မှတ်ချက်ပြုခဲ့သည်။

ဟက်ဆက်က “ ကျွန်တော်နဲ့ ဆက်ဆံခဲ့ရသော JAG အရာရှိတွေ အကြောင်းကိုသာ ပြောနေတာ ဖြစ်တယ်” ဟု ၎င်း၏ အစောပိုင်းရေးသားမှုတွင် ပြောကြားခဲ့သည်။

ဓာတ်ပုံ။

၁။ အမေရိကန်ကာကွယ်ရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဟက်ဆက်။

၂။ ၂၀၁၃ ခုနှစ်တွင် အာဖဂန်အမျိုးသားများအား လူသတ်မှုနှင့် သတ်ဖြတ်ရန် ကြိုးပမ်းမှုတို့ အတွက် ပြစ်ဒဏ်ချမှတ်ခံထားရသော တပ်မ ၁ မှ ဒုဗိုလ်-ကလင်း လော်ရန့်စ်သည် လက်ဗွေရာနှင့် DNA အထောက်အထားများကို ထုတ်ဖော်ပြောကြားခြင်း မရှိသည့်အတွက် အာဖဂန်အမျိုးသားများသည် အရပ်သားများမဟုတ်ဘဲ အကြမ်းဖက် ဖောက်ခွဲရေးသမားများဖြစ်ကြောင်း သက်သေပြနိုင်စေမည့် အယူခံကိုဝင်ခဲ့သည်။

၃။ မက်သူယူး ဂိုလ်စတိန်း(Matthew Golsteyn) ကို ဤမွမ်းမံထားသော (ဓာတ်ပုံ) တွင် မြင်တွေ့ရသည်။ ABC News မှ ရရှိသည်။

၄။ ရေတပ်အထူးစစ်ဆင်ရေးအကြီးအကဲ အက်ဒဝပ် ဂဲခ်လာဂါ (Edward Gallagher) သည် ဆန်ဒီယာဂို (San Diego) ရှိ ရေတပ်အခြေစိုက်စခန်းတွင် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂ ရက်၊ ကြိုတင်ပြင်ဆင်ထားသော လူသတ်မှုမှ လွတ်မြောက်ပြီးနောက် ဇနီးဖြစ်သူ အန်ဒရီယာ (Andrea) နှင့် ဂုဏ်ပြုပွဲကျင်းပခဲ့သည် (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်အစိုးရ ထောက်ပံ့ထားသော Radio Free Europe နှင့် Voice of America (VOA) မှ ဌာနများကို ပိတ်ပစ်ရန် မတ်စ် တောင်းဆို

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၁၁) ရက်။ ဘီလျံနာအီလွန်မတ်စ်က ဖေဖော်ဝါရီ ၉ ရက်နေ့က အမေရိကန်အစိုးရက ငွေကြေးထောက်ပံ့ထားတဲ့ Radio Free Europe
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

တပ်ခရိုင် (Tak) ၏ ရဲမှူးချုပ်နှင့် အမှတ် (၅) စစ်ဆေးရေးတပ်မ (၅) တိုင်းမှူး ရဲမှူးချုပ် တို့ကို နေရာရွှေ့ပြောင်း

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 7 Views
ဖေဖော်ဝါရီလ (၁၁) ရက်။ မြဝတီမြို့နယ်ရှိ ရာဇ၀တ်ဂိုဏ်းနှင့် ပတ်သက်သည်ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်၍ စစ်ဆေးရန် ဆိုင်းငံ့ထားသည့် အမှတ် (၅)
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဓားစာခံတွေ ပြန်လွှတ်ပေးရေးအတွက် ရက်ရွှေ့ဆိုင်းမယ်လို့ ဟားမတ်စ်က ကြေညာခဲ့ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်တယ်လို့ နှစ်ဖက်စလုံးက အပြန်အလှန်စွပ်စွဲ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၁၁) ရက်။ ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်း အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေးက ချိုးဖောက်တယ်လို့ စွပ်စွဲကာ ဓားစာခံတွေ ပြန်လွှတ်ပေးဖို့ မူလက စီစဉ်ထားတဲ့ ဖေဖော်ဝါရီလ (၁၅) ရက်ကို ရွှေ့ဆိုင်းလိုက်တယ်လို့
နိုင်ငံတကာသတင်း အမေရိကန်

အီလွန်မတ်စ်သည် ChatGPT ၏ မိခင်ကုမ္ပဏီကို ဒေါ်လာ ၁၀၀ ဘီလီယံနီးပါးဖြင့် ဝယ်ယူရန် ကမ်းလှမ်း

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၁၁) ရက်။ ဥာဏ်ရည်တု (Artificial Intelligence) ၏ အနာဂတ်ကို ပြန်လည်ပုံဖော်နိုင်သည့် ChatGPT ၏မိခင်ကုမ္ပဏီဖြစ်သော OpenAI ကို ဒေါ်လာ ၉၇.၄ ဘီလီယံဖြင့် ဝယ်ယူရန် ကမ်းလှမ်းထားသည်။ မတ်စ်သည် OpenAI
နိုင်ငံတကာသတင်း အာရှ

တရုတ်နိုင်ငံမှာ အိမ်ထောင်ပြုမှု စံချိန်တင် ကျဆင်းခဲ့ပြီး ကွာရှင်းမှုက မြင့်တက်လာခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 9 Views
ဖေဖော်ဝါရီလ (၁၀) ရက်။ ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံမှာ လူဦးရေကျဆင်းမှုကို ရပ်တန့်တားဆီးဖို့ လူငယ်တွေကို အိမ်ထောင်ပြုပြီး ကလေးမွေးကြဖို့ အစိုးရရဲ့ကြိုးပမ်းအားထုတ်မှုတွေ ရှိနေပေမဲ့ တရုတ်နိုင်ငံမှာ မှတ်တမ်းတင်ထားတဲ့ အိမ်ထောင်သစ် အရေအတွက်ဟာ မနှစ်က စံချိန်တင် ကျဆင်းသွားခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာ
နိုင်ငံတကာသတင်း ဥရောပ

ထရန့်ရဲ့ ဥရောပသမဂ္ဂအပေါ်အခွန်စည်းကြပ်မည့်အပေါ် ပြင်သစ်သမတမက်ခရွန်က ဘယ်လိုတုံ့ပြန်မလဲ။

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 6 Views
ထရန့်ရဲ့ ဥရောပသမဂ္ဂအပေါ်အခွန်စည်းကြပ်မည့်အပေါ် ပြင်သစ်သမတမက်ခရွန်က ဘယ်လိုတုံ့ပြန်မလဲ။ ကျွန်တော်တို့မှာ ယူကရိန်းရဲ့ပြဿနာတွေရှိပြီး အရှေ့အလယ်ပိုင်းမှာလည်း ပြဿနာတွေ ရှိနေပါတယ်။ အမေရိကန်နဲ့ တရုတ်အကြားမှာလဲ ပြိုင်ဆိုင်မှုတွေရှိနေပြီး ကျွန်တော်တို့အားလုံးမှာဉာဏ်ရည်တုပညာ AI တီထွင်မှုတွေကနေ သန့်ရှင်းတဲ့နည်းပညာတွေအထိ ဆန်းသစ်တီထွင်မှုအားလုံး လုပ်ဆောင်ကြဖို့ ရှိပါတယ်။ ရိုးရိုးသားသားပြောရရင်
နိုင်ငံတကာသတင်း အာရှ

မိုဒီ၏ပါတီသည် ၂၇ နှစ်အတွင်း အိန္ဒိယမြို့တော်တွင် ပထမဆုံးအကြိမ်အနိုင်ရပြီး အာဏာပြန်ရလာသည်။

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်
  • 10 Views
ဖေဖော်ဝါရီလ (၉) ရက်။ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာဒီ၏ ဟိန္ဒူအမျိုးသားရေးဝါဒီပါတီသည် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဒေလီမြို့တော်၌ စနေနေ့က ရွေးကောက်ပွဲတွင် ၎င်း၏အထင်ရှားဆုံး ဝေဖန်ရေးသမားများထဲမှတစ်ဦးကို ယမန်နှစ်က ရှုံးနိမ့်ခဲ့သော်လည်း ယခုအခါ အနိုင်ရယူနိုင်ခဲ့သည်။ မိုဒီ၏ ဘာရာတီရာ
နိုင်ငံတကာသတင်း အမေရိကန်

Time မဂ္ဂဇင်းရဲ့ မျက်နှာဖုံးဓာတ်ပုံကြောင့် ဝေဖန်မှု အငြင်းပွားမှုများ ဖြစ်ပွားနေ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်
  • 10 Views
ဖေဖော်ဝါရီလ (၇) ရက်။ အသစ်ထွက်လာတဲ့ Time မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ အိမ်ဖြူတော်ရဲ့ ဘဲဥပုံရုံး စားပွဲခုံမှာ စွန့်ဦးတီထွင်သူ အီလွန်မတ်က ထိုင်နေတဲ့ ဓာတ်ပုံနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ သမ္မတထရန့် အသစ်ဖွဲ့စည်းထားတဲ့ အစိုးရစွမ်းဆောင်ရည်ထိရောက်ရေးဌာန (DOGE)