နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

လယ်ဒိုမြို့မှာ စစ်ကောင်စီရဲ့ မတရားစစ်မှုထမ်းခိုင်းခံရတဲ့ စစ်သား (၃)ဦး KNLA ထံ အလင်းဝင်

ဖေဖော်ဝါရီလ (၁၇)ရက်။

လယ်ဒိုမြို့နယ်ရှိ KNLA တပ်ရင်း (၉)ထံ စစ်ကောင်စီရဲ့ မတရားစစ်မှုထမ်းခိုင်းခံရတဲ့ စစ်သား (၃)ဦး လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီစစ်သား (၃)ဦးဟာ အသက်(၂၀)နှစ်အရွယ် တပ်သား မိုးသောက်ယံ၊ (၂၁)နှစ်အရွယ် တပ်သား မြတ်မင်းသူနဲ့ (၂၄)နှစ်အရွယ် တပ်သား ဝင်းမင်းကိုတို့ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ဟာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မတရားဖမ်းဆီးတာကိုခံရကာ ပြည်သူ့စစ်မှုထမ်းအဖြစ်သို့ အတင်းအဓ္ဓမစစ်မှုထမ်းစေခိုင်းတာကို ခံခဲ့ရသူတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်သား (၃)ဦးဟာ သူတို့နဲ့အတူ MA-3 (၂)လက်၊ MA-1 (၁)လက်၊ ကျည်ဘောက် (၁၁)ခု၊ ကျည် (၇၇၆)တောင့်နဲ့ လက်ပစ်ဗုံး (၁)လုံးတို့ကို ယူဆောင်လာခဲ့ကြတယ်လို့ ရေးသားထားပါတယ်။

အခုလို လက်နက်ချအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား (၃)ဦးကို လယ်ဒိုမြို့နယ် တာဝန်ရှိသူတွေနဲ့ တပ်ရင်း(၉) တာဝန်ရှိသူတွေက တစ်ဦးကို ကျပ်(၁၀)သိန်းစီချီးမြင့်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ မတရားဖမ်းဆီးကာ အတင်းအဓ္ဓမ စစ်မှုထမ်းစေခိုင်းခံရတဲ့ တပ်သားတွေအနေနဲ့ နီးစပ်ရာ တိုင်းရင်းသားတော်လှန်ရေးတပ်တွေနဲ့ PDF တွေထံ ရရာနည်းနဲ့ လက်နက်ချအလင်းဝင်ဖို့ KNU က တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

နောင်ချိုမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ဒေသခံ (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 1 Views
မတ်လ (၂၇)ရက်။ မနေ့က ည (၆)နာရီခွဲအချိန် နောင်ချိုမြို့ရှိ ကျေးရွာတွေကို စစ်ကောင်စီက ဂျက်ဖိုက်တာ (၂)စီးနဲ့ ဗုံး (၅)လုံး
မြန်မာသတင်း

ဆောမြို့ပေါ်ရှိ အရက်၊ ဘီယာအရောင်းဆိုင်တွေ သင်္ကြန်ကာလထဲ ယာယီပိတ်ထားဖို့ ကာကွယ်ရေးတပ်တွေ အမိန့်ထုတ်

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 5 Views
မတ်လ (၂၇)ရက်။ ဆောမြို့ပေါ်ရှိ အရက်၊ ဘီယာဆိုင်တွေကို ယာယီပိတ်ထားဖို့ နယ်မြေခံကာကွယ်ရေးတပ်ရင်းတွေက မတ်လ (၁၆)ရက်နေ့ရက်စွဲနဲ့ အမိန့်ထုတ်ပြန်ထားတယ်လို့ ဒေသတွင်းသတင်းတွေထံက သိရပါတယ်။
မြန်မာသတင်း

စစ်တပ်ရဲ့ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းနေတယ်ဆိုပြီး စစ်ခေါင်းဆောင်က အငြိမ်းစားစစ်တပ်အရာရှိတွေနဲ့တွေ့ဆုံချိန် ပြောဆိုခဲ့

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 10 Views
မတ်လ (၂၇)ရက်။ စစ်တပ်ရဲ့ အစဉ်အလာတွေကို ဆက်လက်ထိန်းသိမ်းနေတယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာ တပ်မတော်နေ့ကို တက်ရောက်မယ့် အငြိမ်းစားစစ်တပ်အရာရှိတွေကို ဂါရဝပြုချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်ခေါင်းဆောင်က အခု အခမ်းအနားကို တက်ရောက်လာတဲ့ အငြိမ်းစားစစ်တပ်အရာရှိကြီးတွေဟာ
မြန်မာသတင်း

မကြာမီ ပြည်သူတွေအားလုံး အောင်ပွဲဆွတ်ခူးနိုင်တော့မယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 5 Views
မတ်လ (၂၇)ရက်။ မကြာမီကာလမှာ ပြည်သူတွေအားလုံးအတွက် အောင်ပွဲဆွတ်ခူးနိုင်တော့မယ်လို့ NUG က ဒီကနေ့မှာကျရောက်တဲ့ (၈၀)နှစ်ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG အနေနဲ့ အတိတ်သမိုင်းကာလတွေမှာ တိုင်းရင်းသားပြည်သူတွေအားလုံး စုစည်းညီညွတ်မှု၊ အပြန်အလှန် ယုံကြည်လေးစား အသိအမှတ်ပြုမှုတို့နဲ့
မြန်မာသတင်း

ကနီမြို့ပေါ်ရှိ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲခံရပြီး တစ်ဦးသေဆုံးကာ (၅)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ မတ်လ 26 ရက်
  • 11 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၃)ရက်နေ့ကစပြီး (၂၅)ရက်နေ့အထိ ကနီမြို့ပေါ်ရှိ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KLG-PDF ကျောက်လုံးကြီးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီ (၃)ရက်တာထဲ ကနီမြို့ပေါ်က စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ နတ်ကြီးရွာရေဆိပ်ကို
မြန်မာသတင်း

ထိုင်း-မြန်မာနယ်စပ် စစ်ကောင်စီရဲ့ ခလယ်ဒေးတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 26 ရက်
  • 14 Views
မတ်လ (၂၆)ရက်။ မနေ့က ထိုင်း-မြန်မာနယ်စပ် လှိုင်းဘွဲ့မြို့နယ်ထဲရှိ စစ်ကောင်စီရဲ့ ခလယ်ဒေးတပ်စခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ခလယ်ဒေးတပ်စခန်းကို တော်လှန်ရေးတပ်တွေက မတ်လ (၂၂)ရက်နေ့က
မြန်မာသတင်း

ရန်ကုန်-မော်လမြိုင်လမ်းပေါ် ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီစသုံးလုံးအဖွဲ့ တိုက်ခိုက်ခံရပြီး (၂)ဦးသေဆုံး

  • 2025 ခုနှစ်၊ မတ်လ 26 ရက်
  • 15 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၃)ရက်နေ့ ညနေ (၅)နာရီ (၂၀)မိနစ်အချိန်က ကျိုက်ထိုမြို့ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က စစ်ကောင်စီရဲ့ စသုံးလုံးအဖွဲ့တွေကို တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းပေါ်မှာ လမ်းသွားလမ်းလာတွေ
မြန်မာသတင်း

နွားထိုးကြီးမှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတာကြောင့် မိသားစုဝင် (၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 26 ရက်
  • 22 Views
မတ်လ (၂၆)ရက်။ မနေ့က နေ့လယ် (၁)နာရီဝန်းကျင်က နွားထိုးကြီးမြို့ မာန်လည်ရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချင်တွေအရ သိရပါတယ်။ “ နေ့လယ် (၁)နာရီလောက် မာန်လည်ရွာတောင်ပိုင်းကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စကစက