နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရေစကြိုမြို့ မြေတော်ရွာကို စစ်ကောင်စီတပ်က (၂)ရက်ဆက်တိုက် မီးရှို့ဖျက်ဆီး၊ ကျေးရွာထဲ ခေါင်းဖြတ်မီးရှို့သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေ့ရှိခဲ့

မတ်လ (၁၇)ရက်။

မတ်လ (၁၄)ရင်နေ့နဲ့ (၁၅)ရက်တို့မှာ ရေစကြိုမြို့နယ်ရှိ မြေတော်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့တယ်လို့ Yesagyo Township Info Committee ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ အကြမ်းဖက် မအလ စခတွေက မြေ‌တော်ရွာကို (၁၄)ရက်နေ့ နံနက်အစောပိုင်းမှာ ဝင်လာပြီး ‌နေအိမ်တွေကို မွှေနှောက်ခိုးယူတာ မီးရှို့တာတွေကို (၂)ရက်ဆက်တိုက် လုပ်ပြီး ပြန်ထွက်သွားတာ” လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ (၂)ရက်ဆက်တိုက် မြေတော်ရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံတွေရဲ့ နေအိမ်တွေကို မွှေနှောက်ခိုးယူကာ မီးရှို့ဖျက်ဆီးခဲ့သလို ကျေးရွာဘုန်းကြီးကျောင်းက ပိုက်ဆံတွေကိုလဲ ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

“ စခတွေက ရွာက ပြည်သူတွေရဲ့ ရွှေ၊ ငွေပစ္စည်းတွေကို ခိုးယူရုံမဟုတ်ဘဲ ဘုန်းကြီးကျောင်းက ဝတ္ထုငွေကိုပါ ယူသွားကြတာ။ မနေ့က နံနက်ပိုင်း ကျေးရွာထဲ ပြန်ဝင်တဲ့အချိန် ခေါင်းဖြတ်ပြီး မီးရှို့သတ်ဖြတ်ခံထားရတဲ့ အလောင်းကိုလဲ တွေ့ခဲ့တယ်” လို့ သူက ဆက်ပြောပါတယ်။

နောက်ပြီး မနေ့က နံနက်ပိုင်းအချိန်မှာ ဒေသခံအချို့ ကျေးရွာထဲ ပြန်လည်ဝင်ရောက်တဲ့အခါ ခေါင်းဖြတ်ပြီး မီးရှို့သတ်ဖြတ်ခံထားရတဲ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး ဘယ်သူဘယ်ဝါဆိုတာကိုတော့ မသိရသေးပါ။

ဒါ့အပြင် မြေတော်ရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ မတ်လ (၁၅)ရက်နေ့ ည (၁၀)နာရီခွဲအချိန်မှာ ပြန်လည်ထွက်ခွာသွားခဲ့ပြီးနောက် မင်းရွာရှိ ပျူစောထီးတွေက လမ်းကြောင်းရှင်းပေးကာ ခိုးယူလုယက်ခဲ့တဲ့ ပြည်သူပိုင်ပစ္စည်းတွေကို ထော်ဘာဂျီတွေနဲ့ သယ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

နောက်ပြီး စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဆည်သစ်မြင်ရွာ၊ မြေစွန်းရွာ၊ ညောင်မွှေးပင်ရွာနဲ့ ဘိစပ်ကုန်းရွာတို့ကို အဲ့ဒီနေ့ ညပိုင်း (၁၁)နာရီအချိန်က ပစ်ခတ်ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူကာ မင်းရွာကို သယ်ဆောင်သွားခဲ့ပါသေးတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ မင်းရွာပျူစောထီးစခန်းက ပျုစောထီးတွေနဲ့ ထပ်မံပူးပေါင်းကာ အနီးဝန်းကျင်ရှိ ကျေးရွာတွေကို စစ်ကြောင်းထိုး မွှေနှောက်ရမ်းကားနေတယ်လို့ ‌ဆက်လက်ပြောဆိုထားပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ဆည်သစ်မြင်၊ မြေစွန်း၊ ညောင်မွှေးပင်၊ ဘိစပ်ကုန်း၊ နေရင်း၊ ပေါက်တောနဲ့ ပေါက်အူရွာအပါအဝင် အနီးဝန်းကျင်ရွာတွေက ဒေသခံထောင်နဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အိန္ဒိယနဲ့ မင်းအောင်လှိုင်တပ်တို့ စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေး

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 18 Views
မေလ (၅)ရက်။ မနေ့က နေပြည်တော်မှာ အိန္ဒိယရေတပ်ဦးစီးချုပ် ဦးဆောင်တဲ့အဖွဲ့နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ခန့် တပ်ချုပ် ရဲဝင်းဦးတို့ တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

တိုက်ပွဲဖြစ်ပွားနေတဲ့ စလင်းမြို့မှာ လုံခြုံရေးလိုက်နာကြဖို့ မြို့နယ်ပကဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 19 Views
မေလ (၅)ရက်။ တိုက်ပွဲဖြစ်ပွားနေတဲ့ စလင်းမြို့မှာ လုံခြုံရေးလိုက်နာကြဖို့ သတင်းမီဒီယာတွေနဲ့ အဖွဲ့အသည်းတွေကို မြို့နယ်ပကဖက မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မေလ(၁)ရက်နေ့ကစပြီး
မြန်မာသတင်း

PDF တည်ထောင်တဲ့ (၅)နှစ်ပြည့် အခမ်းအနားကို CRPH ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 19 Views
MOD အနေနဲ့ ပြည်သူကို အကာအကွယ်ပေးနိုင်မယ့် ဆောင်ရွက်ချက်တွေ ဆက်လက်ကြိုးစားဖို့ တိုက်တွန်း မေလ (၅)ရက်။ ဒီကနေ့ မေလ (၅)ရက်မှာ ကျရောက်တဲ့ PDF ဖွဲ့စည်းတည်ထောင်တဲ့ (၅)နှစ်ပြည့်အခမ်းအနားကို CRPH က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့
မြန်မာသတင်း

ပဲခူးတိုင်းစစ်ဌာနနယ်မြေကို NUG ဝန်ကြီးချုပ်နဲ့အဖွဲ့ ကွင်းဆင်းစစ်ဆေး

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 20 Views
မေလ (၅)ရက်။ ပဲခူးတိုင်းစစ်ဌာနနယ်မြေထဲ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့အဖွဲ့ ကွင်းဆင်းစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ် လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အမှတ်(၂)စစ်ဆင်ရေးနယ်မြေဖြစ်တဲ့ ပဲခူးတိုင်းစစ်ဌာနကို ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့အတူ ပြည်ထဲရေးနဲ့ လဝကဝန်ကြီး ဦးလွင်ကိုလတ်၊ ကာကွယ်ရေးဒုဝန်ကြီး
မြန်မာသတင်း

တောင်သာမှာ PDF တွေပါတဲ့ကား ခြုံခိုတိုက်ခိုက်ခံရပြီး (၁၁)ဦးကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 27 Views
မေလ (၄)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က တောင်သာမြို့မှာ PDF တွေလိုက်ပါတဲ့ကားကို စစ်တပ်က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ တောင်သာနယ်ထဲမှာ PDF တွေ ပါလာတဲ့ကားကို စစ်တပ်က ခြုံခိုတိုက်ခိုက်ခဲ့တာ။ ကျဆုံးတာကတော့ ရဲဘော်
မြန်မာသတင်း

ဂန့်ဂေါရှိ ခလရ(၅၀)က စစ်ကော်မရှင်တပ်သားတဦး CDF-KKG ဆီ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 22 Views
မေလ (၄)ရက်။ ဂန့်ဂေါမြို့ရှိ ခလရ(၅၀)က စစ်ကော်မရှင်တပ်သားတဦး လင်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ CDF-KKG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သူဟာ ခလရ(၅၀)က ရဲဘော် ကောင်းခန့်(ခ)အာဇာနည်(တ-၅၄၆၇၅၉)ဖြစ်ပြီး ဧပြီလ (၁၉)ရက်နေ့က CDF-KKG ဆီ
မြန်မာသတင်း

အင်းတော်နယ်ထဲ Star Link အသုံးပြုတာတွေ ယာယီပိတ်သိမ်းထားဖို့ မြို့နယ်ပအဖထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 22 Views
မေလ (၄)ရက်။ အင်းတော်မြို့နယ်ထဲ Star Link အသုံးပြုတာတွေကို ယာယီပိတ်သိမ်းထားဖို့ မြို့နယ်ပအဖက မနေ့ကရက်စွဲနဲ့ အကြောင်းကြားထားတယ်လို့ သိရပါတယ်။ မြို့နယ်ထဲ Star Link Wifi အသုံးပြုတာတွေကို NUG ရဲ့ ရုံးလုပ်ငန်းတွေ လည်ပတ်အသုံးပြုနေတဲ့
မြန်မာသတင်း

NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ အုပ်ချုပ်ရေးလုပ်ငန်းတွေ လွှဲပြောင်း

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 21 Views
မေလ (၄)ရက်။ မေလ (၁)ရက်နေ့က NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ အုပ်ချုပ်ရေးလုပ်ငန်းတွေ လွှဲပြောင်းတဲ့အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအခမ်းအနားကို Zoom Platform ကနေ ကျင်းပခဲ့ပြီး NUG ယာယီသမ္မတ၊