နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 13 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ကယ်လီဖိုးနီးယားသည် အခွန်စည်းကြပ်မှုနှင့်ပတ်သက်၍ ထရန့်အစိုးရကို တရားစွဲဆိုထား

++++++++++++++++++++

ထရန့်၏ အခွန်အကောက်အစီအစဉ်သည် ကမ္ဘာပေါ်တွင် ပဉ္စမမြောက်အကြီးဆုံးဖြစ်သည့် ၎င်း၏စီးပွားရေးကို ကြီးမားသော ခြိမ်းခြောက်မှုကို ဖြစ်စေသည်ဟု ဆိုသည်။

ကယ်လီဖိုးနီးယားသည် ၎င်း၏အခွန်စည်းကြပ်မှုများနှင့်ပတ်သက်၍ သမ္မတဒေါ်နယ်ထရန့်အား ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုအမိန့်ကို မြှင့်တင်ရာတွင် ၎င်း၏လုပ်ပိုင်ခွင့်အာဏာကို ကျော်လွန်ကာ ကယ်လီဖိုးနီးယား၏ စီးပွားရေးကို ပြင်၍မရနိုင်သောထိခိုက်မှု အန္တရာယ်ကို ချက်ချင်း ဖြစ်စေသည်ဟု စွပ်စွဲထားသည်။

အစိုးရကို ကာလီဖိုးနီးယားအုပ်ချုပ်ရေးမှူးဂါဗင်နယူဆမ်(Gavin Newsom) နှင့် ကယ်လီဖိုးနီးယားရှေ့နေချုပ် ရော့ဘ် ဘွန်တာ(Rob Bonta) တို့က ဗုဒ္ဓဟူးနေ့နံနက်တွင် ထုတ်ပြန်ခဲ့သည့် အဆိုပါ တရားစွဲဆိုမှုသည် အမေရိကန်ကုန်သွယ်ရေးမိတ်ဖက်များအပေါ် အခွန်ကောက်ခံရန် ထရန့်၏အခွင့်အာဏာကို စိန်ခေါ်လျက်ရှိသည်။ ထရန့်အား ကယ်လီဖိုးနီးယား မြောက်ပိုင်း ခရိုင်တရားရုံးတွင် ဗုဒ္ဓဟူးနေ့တွင် တရားစွဲဆိုရန် စီစဉ်ထားသည်။

အကောက်ခွန်များ ပြဋ္ဌာန်းရန် အပြည်ပြည်ဆိုင်ရာ စီးပွားရေး အရေးပေါ် ပါဝါများ အက်ဥပဒေအား ထရန့်၏ အသုံးပြုမှုသည် သူ့အား အချို့သော လုပ်ထုံးလုပ်နည်းများကို ကျော်ဖြတ်လုပ်ဆောင်နိုင်ခွင့်ပေးခြင်းသည်။ “ တရားမှုမရှိဘဲ မကြုံစဖူးကိစ္စ” ဖြစ်သည်ဟု တရားစွဲဆိုထားသည်။ ၎င်း၏အခွန်စည်းကြပ်မှုသည် “ နိုင်ငံ၏အကြီးဆုံးစီးပွားရေး၊ ကုန်ထုတ်လုပ်မှုနှင့် စိုက်ပျိုးရေးပြည်နယ်တခုဖြစ်သည့် ကယ်လီဖိုးနီးယားကိုပြည်နယ်ကို ချက်ချင်းနှင့် ပြန်လည်ပြုပြင်၍ မရနိုင်သော အန္တရာယ်များကိုဖန်တီးနေသည်” ဟု နယူဆွမ် (Newsom) ၏ ရုံးကပြောကြားခဲ့သည်။

“ ကယ်လီဖိုးနီးယားပြည်နယ်သားများသည် သမ္မတ၏ရွေးချယ်မှုကြောင့် ဖြစ်လာသည့်အကျိုးသက်ရောက်မှုကို ရင်ဆိုင်နေကြရသည်။ အလယ်ချိုင့်ဝှမ်း(Central Valley) ရှိ လယ်သမားများမှနေပြီး စာကရာမန်တို (Sacramento) ရှိ အသေးစား စီးပွားရေးလုပ်ငန်းများအထိ၊ မီးဖိုချောင်ထဲရှိ မိသားစုများက စိုးရိမ်နေကြသည်။ သမတ၏ ကစားကွက်သည် ကျွန်ုပ်တို့ပြည်နယ်တစ်ဝှမ်းရှိ ကယ်လီဖိုးနီးယားပြည်သူများအတွက် အမှန်တကယ် အကျိုးဆက်များကို ဖြစ်စေသည်” ဟု ဘွန်တာ (Bonta) က ကြေငြာချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။

ကယ်လီဖိုးနီးယားသည် ၎င်း၏အခွန်စည်းကြပ်မှုနှင့်ပတ်သက်၍ ထရန့် အစိုးရအား တရားစွဲသည့် ပထမဆုံးပြည်နယ်ဖြစ်သည်။ အခွန်စည်းကြပ်မှုအပေါ် ထရန့်၏စည်းမျဥ်း စည်းကမ်း မရှိဘဲ ချဉ်းကပ်လုပ်ဆောင်မှုသည် ကမ္ဘာ့စီးပွားရေးတစ်ဝှမ်းတွင် နက်ရှိုင်းသော စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေခဲ့ပြီး ၎င်းအချက်သည် ကမ္ဘာပေါ်တွင် ပဉ္စမမြောက် အကြီးဆုံး ဖြစ်သည့် ကယ်လီဖိုးနီးယား၏စီးပွားရေးအတွက် အထူးခြိမ်းခြောက်မှုကြီးတစ်ရပ် ဖြစ်စေခဲ့သည်။

တရားစွဲခံရသည့် သတင်းအတွက် အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကပ်ရှ် ဒေဆိုင်း(Kush Desai) က CNBC မှ ကြေငြာချက်တစ်ခုတွင် “ ကယ်လီဖိုးနီးယားအနေနှင့် များပြားလှသော ရာဇ၀တ်မှု၊ အိုးမဲ့အိမ်မဲ့ဖြစ်မှုနှင့် ငွေကြေးမတတ်နိုင်မှုတို့ကို အာရုံစိုက်မည့်အစား ဂါဗင်နယူဆမ် (Gavin Newsom) သည် ကျွန်ုပ်တို့နိုင်ငံ၏ မပြောင်းမလဲရှိနေသော ကုန်သွယ်မှု လိုငွေပြမှုကို နောက်ဆုံးဖြေရှင်းရန် သမ္မတ ထရန့်၏ သမိုင်းဝင်ကြိုးပမ်းအားထုတ်မှုများကို ပိတ်ဆို့ရန် ကြိုးစားနေပါသည်” ဟု ထုတ်ပြန်ခဲ့သည်။

၂၀၂၈ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပြိုင်ဖက်တစ်ဦးအဖြစ် ကျယ်ပြန့်စွာ အမြင်ခံထားရသော နယူဆမ် (Newsom) သည် အမေရိကန်အစိုးရမှ သီးခြားလွတ်လပ်သော ၎င်းပြည်နယ်၏ ကုန်သွယ်မှုမိတ်ဖက်များအား အာမခံချက်ပေးရန် ကြိုးပမ်းခဲ့သည်။ သို့သော် ၎င်း၏အကြီးဆုံး ကုန်သွယ်ဖက် သုံးခုဖြစ်သည့် မက္ကဆီကို၊ ကနေဒါနှင့် တရုတ်တို့အတွက် အခွန်နှုန်းထားများ တိုးမြင့်မှုသက်ရောက်လာခဲ့သဖြင့် ကယ်လီဖိုးနီးယားတစ်ခုတည်းကသာ အများစုကို လုပ်ဆောင်ရဖွယ်ရှိသည်။

May be an image of 1 person

See insights and ads

Boost post

All reactions:

22

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သဘောတူညီချက်လား၊ ထင်ယောင်ထင်မှားလား? ထရမ့်၏ အီရန်အပစ်အခတ်ရပ်စဲရေးနှင့် မြေပြင်မှ ရှုပ်ထွေးမှုများ ထိပ်တိုက်တွေ့ဆုံခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 30 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက် အီရန်အနေဖြင့် သဘောတူညီမှုတစ်ခု ရယူရန်၊ သို့မဟုတ်ပါက သေကြေပျက်စီးမှုများ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 56 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ သိသိသာသာ ထိုးဆင်းသွားပြီး စတော့ဈေးကွက်များမှာမူ အားကောင်းစွာ ပြန်လည်မြင့်တက်လာခဲ့သည်။ စစ်ပွဲကြောင့် ပိတ်ဆို့လုနီးပါးဖြစ်နေသည့် ဟော်မုဇ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 51 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 49 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 79 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 57 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 59 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး