နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ကယ်လီဖိုးနီးယားသည် အခွန်စည်းကြပ်မှုနှင့်ပတ်သက်၍ ထရန့်အစိုးရကို တရားစွဲဆိုထား

++++++++++++++++++++

ထရန့်၏ အခွန်အကောက်အစီအစဉ်သည် ကမ္ဘာပေါ်တွင် ပဉ္စမမြောက်အကြီးဆုံးဖြစ်သည့် ၎င်း၏စီးပွားရေးကို ကြီးမားသော ခြိမ်းခြောက်မှုကို ဖြစ်စေသည်ဟု ဆိုသည်။

ကယ်လီဖိုးနီးယားသည် ၎င်း၏အခွန်စည်းကြပ်မှုများနှင့်ပတ်သက်၍ သမ္မတဒေါ်နယ်ထရန့်အား ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုအမိန့်ကို မြှင့်တင်ရာတွင် ၎င်း၏လုပ်ပိုင်ခွင့်အာဏာကို ကျော်လွန်ကာ ကယ်လီဖိုးနီးယား၏ စီးပွားရေးကို ပြင်၍မရနိုင်သောထိခိုက်မှု အန္တရာယ်ကို ချက်ချင်း ဖြစ်စေသည်ဟု စွပ်စွဲထားသည်။

အစိုးရကို ကာလီဖိုးနီးယားအုပ်ချုပ်ရေးမှူးဂါဗင်နယူဆမ်(Gavin Newsom) နှင့် ကယ်လီဖိုးနီးယားရှေ့နေချုပ် ရော့ဘ် ဘွန်တာ(Rob Bonta) တို့က ဗုဒ္ဓဟူးနေ့နံနက်တွင် ထုတ်ပြန်ခဲ့သည့် အဆိုပါ တရားစွဲဆိုမှုသည် အမေရိကန်ကုန်သွယ်ရေးမိတ်ဖက်များအပေါ် အခွန်ကောက်ခံရန် ထရန့်၏အခွင့်အာဏာကို စိန်ခေါ်လျက်ရှိသည်။ ထရန့်အား ကယ်လီဖိုးနီးယား မြောက်ပိုင်း ခရိုင်တရားရုံးတွင် ဗုဒ္ဓဟူးနေ့တွင် တရားစွဲဆိုရန် စီစဉ်ထားသည်။

အကောက်ခွန်များ ပြဋ္ဌာန်းရန် အပြည်ပြည်ဆိုင်ရာ စီးပွားရေး အရေးပေါ် ပါဝါများ အက်ဥပဒေအား ထရန့်၏ အသုံးပြုမှုသည် သူ့အား အချို့သော လုပ်ထုံးလုပ်နည်းများကို ကျော်ဖြတ်လုပ်ဆောင်နိုင်ခွင့်ပေးခြင်းသည်။ “တရားမှုမရှိဘဲ မကြုံစဖူးကိစ္စ” ဖြစ်သည်ဟု တရားစွဲဆိုထားသည်။ ၎င်း၏အခွန်စည်းကြပ်မှုသည် “နိုင်ငံ၏အကြီးဆုံးစီးပွားရေး၊ ကုန်ထုတ်လုပ်မှုနှင့် စိုက်ပျိုးရေးပြည်နယ်တခုဖြစ်သည့် ကယ်လီဖိုးနီးယားကိုပြည်နယ်ကို ချက်ချင်းနှင့် ပြန်လည်ပြုပြင်၍ မရနိုင်သော အန္တရာယ်များကိုဖန်တီးနေသည်” ဟု နယူဆွမ် (Newsom) ၏ ရုံးကပြောကြားခဲ့သည်။

“ကယ်လီဖိုးနီးယားပြည်နယ်သားများသည် သမ္မတ၏ရွေးချယ်မှုကြောင့် ဖြစ်လာသည့်အကျိုးသက်ရောက်မှုကို ရင်ဆိုင်နေကြရသည်။ အလယ်ချိုင့်ဝှမ်း(Central Valley) ရှိ လယ်သမားများမှနေပြီး စာကရာမန်တို (Sacramento) ရှိ အသေးစား စီးပွားရေးလုပ်ငန်းများအထိ၊ မီးဖိုချောင်ထဲရှိ မိသားစုများက စိုးရိမ်နေကြသည်။ သမတ၏ ကစားကွက်သည် ကျွန်ုပ်တို့ပြည်နယ်တစ်ဝှမ်းရှိ ကယ်လီဖိုးနီးယားပြည်သူများအတွက် အမှန်တကယ် အကျိုးဆက်များကို ဖြစ်စေသည်” ဟု ဘွန်တာ (Bonta) က ကြေငြာချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။

ကယ်လီဖိုးနီးယားသည် ၎င်း၏အခွန်စည်းကြပ်မှုနှင့်ပတ်သက်၍ ထရန့် အစိုးရအား တရားစွဲသည့် ပထမဆုံးပြည်နယ်ဖြစ်သည်။ အခွန်စည်းကြပ်မှုအပေါ် ထရန့်၏စည်းမျဥ်း စည်းကမ်း မရှိဘဲ ချဉ်းကပ်လုပ်ဆောင်မှုသည် ကမ္ဘာ့စီးပွားရေးတစ်ဝှမ်းတွင် နက်ရှိုင်းသော စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေခဲ့ပြီး ၎င်းအချက်သည် ကမ္ဘာပေါ်တွင် ပဉ္စမမြောက် အကြီးဆုံး ဖြစ်သည့် ကယ်လီဖိုးနီးယား၏စီးပွားရေးအတွက် အထူးခြိမ်းခြောက်မှုကြီးတစ်ရပ် ဖြစ်စေခဲ့သည်။

တရားစွဲခံရသည့် သတင်းအတွက် အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကပ်ရှ် ဒေဆိုင်း(Kush Desai) က CNBC မှ ကြေငြာချက်တစ်ခုတွင် “ကယ်လီဖိုးနီးယားအနေနှင့် များပြားလှသော ရာဇ၀တ်မှု၊ အိုးမဲ့အိမ်မဲ့ဖြစ်မှုနှင့် ငွေကြေးမတတ်နိုင်မှုတို့ကို အာရုံစိုက်မည့်အစား ဂါဗင်နယူဆမ် (Gavin Newsom) သည် ကျွန်ုပ်တို့နိုင်ငံ၏ မပြောင်းမလဲရှိနေသော ကုန်သွယ်မှု လိုငွေပြမှုကို နောက်ဆုံးဖြေရှင်းရန် သမ္မတ ထရန့်၏ သမိုင်းဝင်ကြိုးပမ်းအားထုတ်မှုများကို ပိတ်ဆို့ရန် ကြိုးစားနေပါသည်” ဟု ထုတ်ပြန်ခဲ့သည်။

၂၀၂၈ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပြိုင်ဖက်တစ်ဦးအဖြစ် ကျယ်ပြန့်စွာ အမြင်ခံထားရသော နယူဆမ် (Newsom) သည် အမေရိကန်အစိုးရမှ သီးခြားလွတ်လပ်သော ၎င်းပြည်နယ်၏ ကုန်သွယ်မှုမိတ်ဖက်များအား အာမခံချက်ပေးရန် ကြိုးပမ်းခဲ့သည်။ သို့သော် ၎င်း၏အကြီးဆုံး ကုန်သွယ်ဖက် သုံးခုဖြစ်သည့် မက္ကဆီကို၊ ကနေဒါနှင့် တရုတ်တို့အတွက် အခွန်နှုန်းထားများ တိုးမြင့်မှုသက်ရောက်လာခဲ့သဖြင့် ကယ်လီဖိုးနီးယားတစ်ခုတည်းကသာ အများစုကို လုပ်ဆောင်ရဖွယ်ရှိသည်။

May be an image of 1 person

See insights and ads

Boost post

All reactions:

22

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 52 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 52 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 47 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 49 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 63 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 58 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက