နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာတွင် အစ္စရေးစစ်တပ်၏ ပြင်းထန်စွာ တိုက်ခိုက်မှုကြောင့် တရက်တည်း အနည်းဆုံး ၂၅၀ သေဆုံး

မေလ (၁၇) ရက်။

ဂါဇာတွင် အစ္စရေးစစ်တပ်၏ ပြင်းထန်စွာ တိုက်ခိုက်မှုကြောင့် တရက်တည်း အနည်းဆုံး ၂၅၀ သေဆုံးခဲ့တယ်လို့ ဂါဇာရှိ ကျန်းမာရေးအာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ အပစ်အခပ်ရပ်စဲရေးအပြီး အစ္စရေးရဲ့တိုက်ခိုက်မှုအတွင်း တရက်တည်း အသေအပျောက် အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကလည်း အမေရိကန်သမတ ဒေါ်နယ်ထရန့်ရဲ့ အရှေ့အလည်ပိုင်း ခရီးစဉ်မှာ အပစ်အခပ်ရပ်ဆဲရေးက ရှေ့ဆက်မတိုးတော့ဘူးဆိုရင်ဂါဇာကို ပြင်းထန်တဲ့စစ်ဆင်ရေး လုပ်ဆောင်မှာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

အစ္စရေးစစ်တပ်ကလည်း ဂါဇာမှာ စစ်ဆင်ရေးတွေ ချဲ့ထွင်ဖို့တိုက်ခိုက်မှုတွေကို ပိုမိုပြင်းထန်စွာ ဆောင်ရွက်လျက်ရှိတယ်လို့ အစ္စရေးစစ်တပ်ရဲ့ ပြန်ကြားရေးဌာနက ကြေညာခဲ့ပါတယ်။

“ ပြီးခဲ့တဲ့၂၄ နာရီအတွင်း IDF ဟာ ဂါဇာရှိ စစ်ဆင်ရေးဇုံတွေမှာ ထိန်းချုပ်မှု ရရှိဖို့ ကျယ်ပြန့်တဲ့ တိုက်ခိုက်မှုတွေ စတင်ခဲ့ပြီး စစ်ဆင်ရေး ပိုမိုချဲ့ထွင်ဖို့နဲ့ စစ်ပွဲရဲ့ ရည်မှန်းချက်တွေ ပြည့်မီဖို့အတွက် မိမိတပ်တွေကို စုစည်းခဲ့တယ်။ ရည်မှန်းချက်က ဓားစာခံတွေလွတ်မြောက်ရေးနဲ့ ဟားမားစ်အဖွဲ့ကို ချေမှုန်းရေးတို့ ပါဝင်တယ်” လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာစောင့်ကြည့်သူတွေက အစ္စရေးစစ်တပ်က မြေပြင်စစ်ပွဲတွေ စလာရင် အရပ်သားတွေ ဒီထက်သေဆုံးမှာကို စိုးရိမ်မိတယ်လို့ ပြောဆိုထားပါတယ်။

အမေရိကန်သမတ ဒေါ်နယ်ထရန့်ကတော့ သူ့ရဲ့ အရှေ့အလယ်အပိုင်းခရီးစဉ်မှာ “ ဂါဇာမှာ အငတ်ဘေး ကြုံတွေ့နေရတာကို သူ သိရှိကြောင်းနဲ့ အကူအညီပေးနိုင်ဖို့ ဆွေးနွေးနေတယ်” လို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 14 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 12 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 14 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 19 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို