နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

ငြိမ်းချမ်းရေးဆွေး‌နွေးပွဲအပြီး နာရီပိုင်းအတွင်း ရုရှားလက်စွမ်းပြ

မေလ (၁၇) ရက်။

ဆူမီဒေသတွင် ရုရှားဘတ်စ်ကားတစ်စီး တိုက်ခိုက်မှုကြောင့် ကိုးဦးသေဆုံးကြောင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး နာရီပိုင်းအကြာတွင် ယူကရိန်းက ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ရုရှားမောင်းသူမဲ့ လေယာဉ်တစ်စီး၏ တိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံး လူကိုးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သုံးနှစ်အတွင်း ပထမဆုံးအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး နာရီပိုင်းအကြာ စနေနေ့တွင် ဖြစ်ပွားခဲ့သည်။

အပစ်အခတ်ရပ်စဲရေးနှင့် အကျဉ်းသား လဲလှယ်ရေး သဘောတူညီမှုတို့ကို နှစ်နိုင်ငံခေါင်းဆောင်များအကြား ဖြစ်နိုင်ချေရှိသော တွေ့ဆုံမှုတစ်ခု အဖြစ်ဆွေးနွေးခဲ့ကြသော်လည်း ကြီးကြီးမားမား အောင်မြင်မှုများ မရှိခဲ့ဘဲ ရုရှားက လေကြောင်းမှ ဆက်လက်တိုက်ခိုက်ခဲ့သည်။

ဆူမီ (Sumy) ၏ စစ်ဘက်အုပ်ချုပ်ရေးအကြီးအကဲ အိုလက်ဟီဟိုရော့ဗ် (Oleh Hrihorov) နှင့် ဆူမီ ဒေသရှိ ဘီလ်လိုပီလီရာ (Bilopillia) တွင် စနေနေ့နံနက်ပိုင်းက တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး လူခုနစ်ဦးဒဏ်ရာရခဲ့ပြီး သုံးဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့သည်။

“ဒါဟာ နောက်ထပ် ပစ်ခတ်မှုတစ်ခု မဟုတ်ပါဘူး၊ ဒါဟာ ရက်စက်တဲ့ စစ်ရာဇ၀တ်မှု တစ်ခုပါ” ဟု ယူကရိန်း အမျိုးသားရဲတပ်ဖွဲ့က Telegram တွင် ပြောကြားခဲ့သည်။ ရုရှားသည် အရပ်သားများကို ပစ်မှတ်ထား၍ ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။

မော်စကိုသည် အရပ်သားဘတ်စ်ကားကို တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်း၏ ပြောဆိုချက်ကို တုံ့ပြန်ခြင်း မရှိသေးပေ။

သို့သော်လည်း ရုရှားနိုင်ငံပိုင် သတင်းဌာန TASS က ကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး တစ်ချိန်တည်းတွင် ရုရှားတပ်ဖွဲ့များက ဆူမီဒေသရှိ ယူကရိန်း ကိရိယာတန်ဆာပလာများရှိရာနေရာကို မောင်းသူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ရုရှားနှင့် ယူကရိန်းတို့က အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်သည်ဟု နှစ်ဖက်စလုံးက ငြင်းဆိုထားသည်။

ယူကရိန်းအမျိုးသားရဲတပ်ဖွဲ့က မျှဝေထားသည့် ဓာတ်ပုံတစ်ပုံတွင် ခရီးသည်ထိုင်ခုံ၏ ညာဘက်နှင့် အပေါ်ဘက်ခြမ်းတွင် ကြီးမားသောအပေါက်များပါရှိသော ပျက်စီးနေသော ဗင်ကားတစ်စီးကို ပြသခဲ့သည်။ ပြတင်းပေါက်များ၊ လေကာမှန်များ ကွဲအက်နေခဲ့သည်။

ယူကရိန်းတွင် ဆူမီတွင် တိုက်ခိုက်မှု အပါအဝင် ခြုံငုံပြီး လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရုရှား၏ တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၁၃ ဦး သေဆုံးပြီး ၃၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်း အာဏာပိုင်များက ပြောကြားခဲ့သည်။ ဒွန်းနက်ခ် (Donetsk) ဒေသတွင် နှစ်ဦး သေဆုံးပြီး ခါကိ့ဗ် (Kharkiv) နှင့် ခါဆန် (Kherson) ဒေသနှစ်ခုတွင် တစ်ဦးစီ သေဆုံး ခဲ့သည်။

သောကြာနေ့ ဆွေးနွေးပွဲများသည် စစ်ပွဲ၏အစောပိုင်းရက်သတ္တပတ်များကတည်းက နှစ်ဘက်ကြား ပထမဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံမှုဖြစ်သည်။

တူရကီက ဦးဆောင်ပြီး အစ္စတန်ဘူလ်မှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲကို ရုရှားသမ္မတ ဗလာဒီမာပူတင်က ပထမဆုံး အဆိုပြုခဲ့သော်လည်း အငယ်တန်း ကိုယ်စားလှယ်အဖွဲ့ကို သာစေလွှတ်ခဲ့ပြီး ဆွေးနွေးပွဲကို တက်ရောက်ခဲ့ခြင်း မရှိခဲ့ပါ။ ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီးကလည်း ရုရှားသမ္မတ ပူတင်မှလွဲ၍ အခြားမည်သည့် ရုရှားအရာရှိနှင့်မျှ တွေ့ဆုံမည်မဟုတ်ကြောင်း ပြောကြားပြီး အဝေးမှနေခဲ့သည်။

ဆွေးနွေးပွဲများအတွင်း ရုရှားက ကိ့ဗ်၏ ထိန်းချုပ်မှုအောက်တွင်ရှိ မြေယာများကို ပေးအပ်ရန် ယူကရိန်းထံ တောင်းဆိုခဲ့သည်ဟု သောကြာနေ့က ဆွေးနွေးမှုများနှင့် ရင်းနှီးသော သတင်းရင်းမြစ်တစ်ခုက CNN သို့ ပြောကြားခဲ့သည်။ ထိုအချက်သည် ယူကရိန်းက ကာလကြာရှည်စွာ ငြင်းဆိုထားသည့် အနေအထားတစ်ခုဖြစ်သည်။ ယူကေ၊ ပြင်သစ်၊ ဂျာမနီနှင့် ပိုလန် ခေါင်းဆောင်များက ဆွေးနွေးပွဲများတွင် ရုရှားတောင်းဆိုချက်များသည် လက်ခံနိုင်ဖွယ်မရှိဟု ပြောဆိုခဲ့သည်။

အချို့သော အခြေအနေများနှင့် ကိုက်ညီမှသာ ပူတင်အနေနှင့် ဇလန်းစကီးနှင့် တွေ့ဆုံမှု ဖြစ်နိုင်မည်ဟု ကရင်မလင်က စနေနေ့တွင် ပြောကြားခဲ့သည်။

“အချို့သောသဘောတူညီချက်များရရှိရန်နှစ်ဘက်လုံး၏ကိုယ်စားလှယ်အဖွဲ့များ၏ အလုပ်ကြိုးစားမှုကြောင့် ဤကဲ့သို့သောတွေ့ဆုံမှုသည် ဖြစ်လာနိုင်သည်” ဟု ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ် ကပြောကြားခဲ့သည်။

ပက်စ်ကော့ဗ်သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် “လိုအပ်သည့် အချက်များ” စာရင်းကို ပြင်ဆင်ပြီးနောက် ယူကရိန်းဘက်သို့ ပေးမည်ဖြစ်ကြောင်း‌ ပြောခဲ့သည်။ ကိ့ဗ်နှင့် ၎င်း၏ မဟာမိတ်များသည် ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေးကို အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီး ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို တမင်တကာ ရပ်ဆိုင်းထားသည်ဟု ရုရှားအား စွပ်စွဲခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 82 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 93 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 93 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 89 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 90 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 105 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက