နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ပူတင်ရဲ့ဖုန်းခေါ်ဆိုမှုက ထရန့်ကို ခရမ်လင်နန်းတော်နဲ့ ပိုမိုနီးစပ်လာအောင် ဆွဲဆောင်နိုင်ပါ့မလား။

CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၇ရက်

သံတမန်ရေးရာမှာ အချိန်အခါသင့်မှုက အဓိကဖြစ်ပြီး၊ ခရင်မလင်နန်းတော်ဟာ ပြီးခဲ့တဲ့ ရှစ်လအတွင်း အဋ္ဌမအကြိမ်မြောက်ဖြစ်တဲ့ အိမ်ဖြူတော်နဲ့ နောက်ဆုံးပြုလုပ်ခဲ့တဲ့ ကြာရှည်တဲ့ ဖုန်းခေါ်ဆိုမှုတခုကို အချိန်ကိုက်ပြီး ပြည့်စုံအောင် စီစဉ်ပြီးခေါ်ခဲ့ပုံရပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ ယူကရိန်းခေါင်းဆောင် ဗိုလိုဒီမာ ဇယ်လန်းစကီးနဲ့ ဝါရှင်တန်မှာ တွေ့ဆုံဖို့ ပြင်ဆင်နေချိန်၊ ကိယက်ဗ်ကို တာဝေးပစ် တွမ်မာဟော့ခ်(Tomahawk) ခရုစ် ဒုံးကျည်တွေ ထောက်ပံ့ရေးကိစ္စရဲ့ အန္တရာယ်တွေကို လူသိရှင်ကြား စဉ်းစားသုံးသပ် နေချိန်မှာ၊ ရုရှားအရာရှိတွေက သူတို့စတင်ခဲ့တဲ့ အဲဒီဖုန်းခေါ်ဆိုမှုဟာ “အပြုသဘောဆောင်ပြီး အကျိုး ဖြစ်ထွန်းစေတယ်” ဆိုခဲ့တဲ့အပြင်၊ “တဦးကိုတဦး ယုံကြည်မှုရှိနေတဲ့ အခြေအနေကို ထိန်းသိမ်းထားရန် ပြုလုပ်ခဲ့တာပါ” လို့ဖော်ပြခဲ့ကြပါတယ်။

အမှန်စင်စစ်မှာတော့ ဒါဟာ သမ္မတ ဗလာဒီမာ ပူတင်ရဲ့ နာရီနှစ်နာရီခွဲနီးပါး ကြားဝင်စွက်ဖက် မှုဖြစ်ပြီး၊ ယူကရိန်းအတွက် စစ်ပွဲအခြေအနေကို ပြောင်းလဲပစ်နိုင်ဖွယ်ရှိတဲ့ အမေရိကန် လက်နက်တွေ ထောက်ပံ့ရေးဆိုင်ရာ အန္တရာယ်ရှိတဲ့ ပြောဆိုမှုတွေကို ရပ်တန့် စေဖို့အတွက် နောက်ဆုံးမိနစ်အနေနဲ့ ကြိုးပမ်းခဲ့တာပဲ ဖြစ်ပါတယ်။

မော်စကိုနဲ့ စိန့်ပီတာစဘတ်လို ရုရှားရဲ့ အဓိကမြို့ကြီးတွေကို ပစ်မှတ်ထားပစ်ခတ်နိုင်တဲ့ တာဝေးပစ် Tomahawk ဒုံးကျည်တွေဟာ စစ်မြေပြင်မှာ ထူးခြားထိရောက်တဲ့ သက်ရောက်မှု ရှိမှာ မဟုတ်ဘူးလို့ ထရန့်နဲ့ ဖုန်းပြောဆိုမှုမှာ ပူတင်က အလေးပေးပြောခဲ့ကြောင်း သိရ ပါတယ်။ ဒါတွေက ထရန့် အရမ်းတန်ဖိုးထားမှန်း သူသိထားတဲ့ အမေရိကန်-ရုရှား ဆက်ဆံရေးကိုသာ ထိခိုက်စေမယ်လို့ လည်း သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ခရမ်လင်နန်းတော်အရာရှိတစ်ဦးရဲ့ အဆိုအရ ပူတင်ဟာ ထရန့်ကို အရှေ့အလယ်ပိုင်းနဲ့ အခြားနေရာတွေမှာ ငြိမ်းချမ်းရေး ဖော်ဆောင်သူတစ်ဦးအဖြစ်လည်း ချီးကျူးခဲ့ပါတယ်။

စီးပွားရေးဆိုင်ရာ သဘောတူညီမှုတွေကိုလည်း ထပ်မံ ချပြခဲ့ပြီး၊ အရေးအကြီးဆုံးကတော့၊ ဒုတိယအကြိမ် မျက်နှာချင်းဆိုင် သမ္မတချင်းထိပ်သီးဆွေးနွေးပွဲလုပ်ဖို့အတွက် သဘောတူညီမှု ရရှိခဲ့ တာပါပဲ။ ဒီတစ်ကြိမ်မှာတော့ ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့မှာ ကျင်းပမှာဖြစ်ပြီး ယူကရိန်း စစ်ပွဲကို အဆုံးသတ်ရေးကိစ္စကို သဘောတူညီချက်မရရင်တောင်မှ တစ်ဖန် ဆွေးနွေး နိုင်ပါ လိမ့်မယ်။

ယင်းက လွန်ခဲ့တဲ့ လအနည်းငယ်က ကျရှုံးခဲ့တဲ့ အလက်စကာ ထိပ်သီးဆွေးနွေးပွဲနဲ့ မလွဲမသွေ နှိုင်းယှဉ်စရာဖြစ်လာပါလိမ့်မယ်။ အဲဒီတုန်းက ထရန့်က ပူတင်ကို ခမ်းနားစွာ ကြိုဆိုခဲ့ပေမယ့် ယူကရိန်းငြိမ်းချမ်းရေး သဘောတူညီချက် ဖော်ဆောင်ဖို့ သူ့ရဲ့ ကြိုးပမ်းမှုမှာတော့ တိကျတဲ့ ရလဒ် တစ်စုံတစ်ရာ ရရှိခဲ့ခြင်းမရှိပါဘူး။

ဒါပေမဲ့ အခုအခါမှာတော့ ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်ပေးနိုင်ခဲ့ခြင်းနဲ့ အစ္စရေး ဓားစာခံတွေကို လွှတ်ပေးနိုင်ခဲ့ခြင်းဆိုတဲ့ သူ့ရဲ့အောင်မြင်မှုတွေကြောင့် စိတ်အား ထက်သန် နေတဲ့ ထရန့်က အရှေ့အလယ်ပိုင်းမှာ မဖြစ်နိုင်ဘူးလို့ ယူဆရတဲ့ကြားက သူ့ရဲ့အောင်မြင်မှုဟာ ရုရှားနဲ့ ယူကရိန်းအကြား စစ်ပွဲကို အဆုံးသတ်ဖို့ အထောက်အကူဖြစ်စေလိမ့်မယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

မည်သို့မည်ပုံ လုပ်ဆောင်မည်ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ အလျှော့ အတင်းလုပ်ဖို့ ပြင်ဆင်ထားကြောင်း ခရမ်လင်နန်းတော်က အစပျိုးပြသခဲ့ခြင်း မရှိပါဘူး။ စစ်မြေပြင်မှာ ထိခိုက်သေဆုံးမှုတွေ များပြားလာနေတာနဲ့ ယူကရိန်းဒရုန်းတွေက စွမ်းအင် အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်မှုတွေ တိုးလာပြီး တစ်နိုင်ငံလုံးမှာ လောင်စာဆီ ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပေမယ့်လည်း ရုရှားက သူလိုချင်တဲ့ အမြင့်ဆုံး ရည်မှန်းချက်တွေ အောင်မြင်တဲ့အထိ ယူကရိန်းစစ်ပွဲကို ရပ်စဲမှာမဟုတ်ဘူးလို့ အမြဲတစေ ငြင်းဆိုထားပါတယ်။

၎င်းရည်မှန်းချက်များထဲမှာ သိမ်းပိုက်ပြီးသော်လည်း အပြည့်အဝမအောင်နိုင်သေးသည့် ယူကရိန်းပိုင်နက်နယ်မြေ ကျယ်ပြန့်စွာကို ထိန်းချုပ်နိုင်ရေး၊ စစ်ပြီးခေတ် ယူကရိန်းအပေါ် စစ်ရေးနဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ တင်းကျပ်တဲ့ ကန့်သတ်ချက်တွေ ချမှတ်ရေးတို့ ပါဝင် ပါတယ်။ ယင်းကိစ္စတွေဟာ မူအားဖြင့် ကိယက်ဗ်ကို မော်စကိုရဲ့ သြဇာအာဏာအောက်မှာ ထားရှိစေမှာ ဖြစ်ပါတယ်။

နောက်ဆုံးပြုလုပ်ခဲ့တဲ့ ထရန့်-ပူတင် ဖုန်းခေါ်ဆိုမှုမှာ ဒီအချက်တွေ ပြောင်းလဲသွားပြီဆိုတဲ့ အစပျိုးမှု တစ်စုံတစ်ရာမှ မရှိခဲ့ပါဘူး။

ဒါပေမဲ့ ထရန့်ရဲ့ ဒုတိယမြောက် အစိုးရသက်တမ်းရဲ့ ပြီးခဲ့တဲ့ ကိုးလအတွင်းမှာတော့ နှစ်ကိုယ်ချင်းတွေ့ဆုံရန် ကမ်းလှမ်းတာဟာရေတိုအောင်မြင်မှု ရနိုင်ခဲ့မှုကို ဖော်ပြပေးခဲ့ပြီး နာကျင်စရာ ကောင်းတဲ့ အလျှော့ပေးမှုတွေလိုပဲ ထိရောက်မှုရှိတယ်ဆိုတာကို ခရင်မလင် နန်းတော် က သင်ယူသိရှိခဲ့ပါတယ်။

ဝါရှင်တန်မှာ စုဝေးနေကြတဲ့ ယူကရိန်းအရာရှိတွေက Tomahawk ဒုံးကျည်တွေအကြောင်း ဆွေးနွေးမှုကြောင့်သာ ပူတင်ကို စကားပြောဆိုမှု (dialogue) ထဲ ပြန်ဝင်လာအောင် ဖိအား ပေးနိုင်ခဲ့တာလို့ ပြောကြပါတယ်။

ဒါက မှန်နိုင်ပါတယ်။ ဒါပေမဲ့ မော်စကိုမှာ တွက်ချက်ထားတာကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ တိုးတက်မှုရနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်သက်သက်ကပင် သဘောတူညီ ချက်ရဖို့ ဆာလောင်နေတဲ့ ထရန့်ကို သူ့ရဲ့စစ်ရေးခြိမ်းခြောက်မှုတွေ ရုပ်သိမ်းသွားအောင် ဆွဲဆောင်ဖို့ လုံလောက်နိုင်တယ်ဆိုတာပါပဲ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 69 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 61 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 78 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 71 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက