နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ထရန့်နှင့် ပူတင်တို့ တွေ့ဆုံရန် သဘောတူပြီးနောက် အိမ်ဖြူတော်တွင် ဒုံးကျည်များရရှိရေး အတွက် ဇယ်လန်းစကီးက အခိုင်အမာ တင်ပြမည်

BBC- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၇ရက်

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးသည် သောကြာနေ့ (အောက်တိုဘာ ၁၇) တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ဝါရှင်တန်၌ တွေ့ဆုံမည်ဖြစ်သည်။ ထရန့်အနေဖြင့် ရုရှားနိုင်ငံထဲအထိ နက်နက်ရှိုင်းရှိုင်းထိ ပစ်ခတ်နိုင်သော တွမ်မဟော့ခ်(Tomahawk) ဒုံးကျည်များကို ယူကရိန်းအား လက်နက်တပ်ဆင်ပေးသင့်၊ မပေးသင့် ချိန်ဆနေချိန်တွင် ယခုတွေ့ဆုံမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ထရန့်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ဖုန်းခေါ်ဆိုမှုအတွင်း “ ကြီးမားသော တိုးတက်မှု” ရရှိခဲ့ပြီး၊ သူတို့နှစ်ဦးသည် ဟန်ဂေရီတွင် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးရန် သဘောတူခဲ့ သည် ဟု ပြောကြားပြီးနောက် တစ်ရက်အကြာတွင် ၎င်းတို့၏ တွေ့ဆုံမှု ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ဩဂုတ်လလယ်နောက်ပိုင်း ပူတင်နှင့် ပထမဆုံးအကြိမ် ဖုန်းခေါ်ဆိုမှုသည် “ အလွန်အကျိုး

ဖြစ်ထွန်းသည်” ဟု ထရန့်က ပြောကြားခဲ့ပြီး၊ ဝါရှင်တန်နှင့် မော်စကိုမှ အဖွဲ့များ လာမည့် ရက်သတ္တပတ်တွင် တွေ့ဆုံကြမည်ဟုလည်း ထပ်လောင်းပြောခဲ့သည်။

ဇန်နဝါရီလနောက်ပိုင်း တတိယအကြိမ်မြောက် အမေရိကန်သို့ ရောက်ရှိလာသည့် ဇယ်လန်းစကီးက မော်စကိုသည် “ Tomahawk များအကြောင်း ကြားကြားချင်း ဆွေးနွေးမှု ပြန်လည်စတင်ရန် အလုအယက် ကြိုးစားနေသည်” ဟု ပြောကြားခဲ့သည်။

ဇယ်လန်းစကီးသည် တာဝေးပစ်ခတ်နိုင်သည့် အကွာအဝေး ၂,၅၀၀ ကီလိုမီတာ (မိုင် ၁,၅၀၀) အထိသွားသော အဆင့်မြင့် ဒုံးကျည်များကို ယူကရိန်းအား ပံ့ပိုးပေးရန် အမေရိကန်ကို တောင်းဆိုခဲ့သည်။

Tomahawk များကို ယူကရိန်းအား ပေးအပ်ရန် ထရန့် စဉ်းစားနေပါသလားဟု ယခုရက်သတ္တပတ် အစောပိုင်းက မေးမြန်းသောအခါ ၎င်းက “ ကြည့်သေးတာပေါ့ ပေးကောင်းပေးနိုင်ပါတယ် ” ဟု ပြောခဲ့သည်။ သို့သော် ပူတင်နှင့် ဖုန်းခေါ်ဆိုပြီး နောက် ထိုအလားအလာနှင့်ပတ်သက်၍ မေးမြန်းသောအခါ ထရန့်က အမေရိကန်၏ Tomahawk သိုလှောင်မှုကို “ မကုန်ခန်းစေရန်လိုအပ်” ကြောင်း ပြောကြားပြီး “ ကျွန်တော်တို့လည်း လိုအပ်ပါတယ်… ဒါကြောင့် အဲဒီကိစ္စ ဘာလုပ်ရမလဲဆိုတာ မသိသေးဘူး” ဟု ဖြည့်စွက်ခဲ့သည်။

ပူတင်နှင့် ဖုန်းပြောဆိုမှု အပြီးတွင် ထရန့်က ၎င်း၏ Truth Social လူမှုကွန်ရက်တွင် ရေးသား ရာ၌ ရုရှား-ယူကရိန်းနှင့် စစ်ပွဲပြီးဆုံးသွားသည့်အခါ “ ရုရှားနှင့် အမေရိကန်ပြည်ထောင်စု အကြား ကုန်သွယ်ရေးအကြောင်းကို အချိန်အတော်ကြာ ဆွေးနွေးခဲ့ကြသည်” ဟု ဆိုခဲ့သည်။

အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ဦးဆောင်ပြီး နှစ်နိုင်ငံမှ “ အဆင့်မြင့် အကြံပေးများ” သည် လာမည့်ရက်သတ္တပတ်အတွင်း နေရာအတိအကျ မပြောနိုင်သည့် တစ်နေရာရာတွင် တွေ့ဆုံကြမည်ဟု ၎င်းက ပြောကြားခဲ့သည်။

ထရန့်က ၎င်းသည် ပူတင်နှင့် ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို သောကြာနေ့တွင် ဇယ်လန်းစကီးအား အသိပေးမည်ဖြစ်ကြောင်းနှင့် “ ဒီနေ့ ဖုန်းပြောဆိုမှုမှာ ကြီးမားတဲ့ တိုးတက်မှု ရရှိခဲ့တယ်လို့ ကျွန်တော် ယုံကြည်တယ်” ဟုလည်း ဖြည့်စွက်ပြောဆိုခဲ့သည်။

နောက်ပိုင်းတွင် ၎င်းက သတင်းထောက်များအား ဟန်ဂေရီ၌ ပူတင်နှင့် “ နှစ်ပတ်အတွင်း” တွေ့ဆုံရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အကြံပေးများနှင့် ရူဘီယိုတွေ့ဆုံပြီးနောက် တစ်ပတ်အကြာတွင် ပူတင်နှင့် ထရန့်တို့ စကားပြောဆိုနိုင်သည်ဟု ဟန်ဂေရီဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ဗစ်တာ အော်ဘန်က ရုရှားသမ္မတနှင့် သောကြာနေ့ နောက်ပိုင်းတွင် စကားပြောဆိုမည် ဖြစ်ကြောင်း နိုင်ငံပိုင် ရေဒီယိုသို့ ပြောကြားခဲ့သည်။

“ ဥရောပသမဂ္ဂ (EU) က စစ်လိုလားနေတဲ့အတွက်၊ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲကနေ ချန်လှပ်ခံရတာကတော့ ယုတ္တိရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဘူဒါပက်စ်တွင် စီစဉ်ထားသော တွေ့ဆုံပွဲသည် “ ကမ္ဘာ့ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသူများ အတွက် သတင်းကောင်း” ဖြစ်သည်ဟု အော်ဘန်က ကြာသပတေးနေ့တွင် X (ယခင် Twitter) တွင် ရေးသားခဲ့ပြီး ထရန့်နှင့် ဖုန်းပြောဆိုခဲ့ကြောင်းလည်း ဖြည့်စွက်ခဲ့သည်။

ထို့အပြင် ၎င်းက “ ငြိမ်းချမ်းရေးဆိုတာ စိတ်ရှည်သည်းခံမှု၊ ခွန်အားနဲ့ နှိမ့်ချမှုကို လိုအပ်ပါတယ်။ ဥရောပဟာ သူ့ရဲ့ ရပ်တည်ချက်ကို ပြောင်းလဲရပါမယ်။ မာနကြီးပြီး အဆုံးမရှိ စစ်ပွဲမီးကို မွှေးပေးမယ့်အစား ရုရှားနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လိုအပ်ပါတယ်။ စကားပြောဆိုမှုကသာ ကျွန်တော်တို့ရဲ့ တိုက်ကြီးကို ငြိမ်းချမ်းမှု ယူဆောင်လာနိုင်မှာပါ” ဟုလည်း ပြောကြားခဲ့သည်။

ထရန့်-ပူတင် ဖုန်းခေါ်ဆိုမှု မပြုလုပ်မီ နာရီအနည်းငယ်အလိုတွင် ရုရှားက ယူကရိန်းအပေါ် တစ်နှစ်တာအတွင်း အကြီးဆုံး တိုက်ခိုက်မှုများထဲမှ တစ်ခုကို လုပ်ဆောင်ခဲ့ပြီး၊ ပစ်ခတ်မှု များတွင် ပဲ့ထိန်းဒုံးကျည် ၂၈ လုံးနှင့် ဒရုန်း ၃၂၀ ပါဝင်ကြောင်း ယူကရိန်း၏ အမေရိကန်ဆိုင်ရာ သံအမတ်ကြီး အိုလ်ဂါ စတီဖန်နီရှီနာက ပြောကြားခဲ့သည်။

ဖုန်းခေါ်ဆိုမှုမတိုင်မီ ယူကရိန်းအပေါ် ရုရှား၏ ညတွင်းချင်း တိုက်ခိုက်မှုများ ပြုလုပ်ခြင်းက “ မော်စကိုရဲ့ ငြိမ်းချမ်းရေးအပေါ် တကယ့်သဘောထားကို ဖော်ထုတ်ပြသလိုက်တာပါ” ဟု စတီဖန်နီရှီနာက ပြောကြားခဲ့သည်။

သူမက ဘီဘီစီ၏ အမေရိကန် မိတ်ဖက် CBS သို့ ထုတ်ပြန်ချက်တွင် “ ဒီတိုက်ခိုက်မှုတွေက မော်စကိုရဲ့ ဗျူဟာဟာ အကြမ်းဖက်မှုနဲ့ ပင်ပန်းနွမ်းနယ်အောင် လုပ်ဆောင်ခြင်းပဲ ဖြစ်ကြောင်း ပြသနေပါတယ်။ ထိရောက်တဲ့ တစ်ခုတည်းသော တုံ့ပြန်မှုကတော့ ပိုမို တင်းကျပ်တဲ့ ပိတ်ဆို့အရေးယူမှုတွေ၊ လေကြောင်းကာကွယ်ရေးကို အားဖြည့်ပေးတာတွေနဲ့ တာဝေးပစ် စွမ်းရည်တွေ ပံ့ပိုးပေးခြင်းကတစ်ဆင့် ဖိအားပေးဖို့ပါပဲ” ဟု ဖြည့်စွက်ခဲ့သည်။

ဩဂုတ်လတွင် အလက်စကာ၌ မျက်နှာချင်းဆိုင် ထိပ်သီးအစည်းအဝေးက ငြိမ်းချမ်းရေး သဘောတူညီမှု ဖော်ဆောင်ရန် ကြိုးပမ်းမှုများတွင် အပြတ်အသား တိုးတက်မှု မရရှိ ခဲ့သည့် နောက်ပိုင်း ထရန့်သည် ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ ပူတင်အပေါ် ပိုမိုတင်းကျပ်သော ရပ်တည်ချက်ကို ပြောင်းလဲခဲ့သည်။

ထိုနှစ်ဦးသည် ဩဂုတ်လ ၁၅ ရက်နေ့တွင် အမေရိကန်မြေပေါ်၌ တွေ့ဆုံခဲ့ကြပြီး၊ ထိုထိပ်သီး အစည်းအဝေးက ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန်အတွက် ပြည့်စုံသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ စတင်ရန် ရုရှားသမ္မတကို ဆွဲဆောင်နိုင်လိမ့်မည်ဟု အမေရိကန်သမ္မတက မျှော်လင့်ခဲ့သည်။ ရုရှားသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းကို အပြည့်အဝ ကျူးကျော် ဝင်ရောက်ခဲ့သည်။

ထိုနောက် ရက်အနည်းငယ်အကြာတွင် ထရန့်က ဇယ်လန်းစကီးနှင့် ဥရောပခေါင်းဆောင် များနှင့် တွေ့ဆုံနေစဉ်ကို ဖြတ်တောက်ကာ ပူတင်ထံ ဖုန်းခေါ်ဆိုခဲ့သောအခါ ၎င်းတို့နှစ်ဦး ထပ်မံစကားပြောဖြစ်ခဲ့ကြသည်။

ထိုအချိန်မှစ၍ အိမ်ဖြူတော် သို့မဟုတ် ခရမ်လင်နန်းတော် နှစ်ခုစလုံးက ၎င်းတို့နှစ်ဦးအကြား ဆက်သွယ်ပြောဆိုမှုများကို လူသိရှင်ကြား အတည်ပြုခဲ့ခြင်း မရှိသေးပေ။

ထရန့်သည် သူ၏ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွင်း ယူကရိန်းစစ်ပွဲကို ရက်ပိုင်းအတွင်း အဆုံးသတ်နိုင်မည်ဟု ကြွေးကြော်ခဲ့သော်လည်း၊ အာဏာပြန်ရပြီးနောက် ဤပဋိပက္ခကို ဖြေရှင်းရန်မှာ သူပါဝင်ခဲ့သည့် မည်သည့် ပဋိပက္ခထက်မဆို ပိုမိုစိန်ခေါ်မှု များပြားကြောင်း နောက်ပိုင်းတွင် ဝန်ခံခဲ့သည်။

ထရန့်သည် သူ၏ ရှေ့မှ သမ္မတ ဂျိုးဘိုင်ဒန်ထက် ရုရှားအပေါ် ပိုမိုထောက်ခံသူအဖြစ် ရှုမြင်ခံခဲ့ရပြီး၊ ဇယ်လန်းစကီးနှင့် ဆက်ဆံရေး တင်းမာမှုသည် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အထွတ်အထိပ်သို့ ရောက်ခဲ့ပြီး ထိုနေ့၌ ၎င်းနှင့် ဒုသမ္မတ ဂျေဒီ ဗန့်စ်တို့က ယူကရိန်းသမ္မတကို သမတဘဲဥပုံရုံးခန်းထဲ့တွင် ရုပ်မြင်သံကြား တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ပြစ်တင်ဝေဖန် ခဲ့ကြသည်။

သို့သော် ဇယ်လန်းစကီးနှင့် လူထုဆက်ဆံရေးသည် မကြာသေးမီ လများအတွင်း များစွာ တိုးတက်လာခဲ့သည်။

စက်တင်ဘာလတွင် ထရန့်က ပဋိပက္ခအပေါ် သူ၏အမြင်တွင် အဓိကပြောင်းလဲမှုတစ်ခုကို အရိပ်အမြွက်ပြခဲ့ပြီး၊ ကိယက်ဗ်သည် ရုရှားသိမ်းပိုက်ထားသော နယ်မြေကို စွန့်လွှတ်ရန် သူ၏ လူသိရှင်ကြား တောင်းဆိုမှုများနှင့် လုံးဝကွဲပြားစွာဖြင့် “ မူလပုံစံအတိုင်း ယူကရိန်း တစ်ခုလုံးကို ပြန်လည်ရယူနိုင်သည်” ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ပူတင်နှင့် ထရန့်တို့ နောက်ဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့သည်မှာ ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် အလက်စကာရှိ အမေရိကန် စစ်အခြေစိုက်စခန်း၌ ဖြစ်သည်။

ဇူလိုင်လနှောင်းပိုင်းတွင် ထရန့်က ပူတင်အား အပစ်အခတ်ရပ်စဲရေး သဘောတူရန် သို့မဟုတ် ရုရှားနှင့် ဆက်လက် ကုန်သွယ်နေသည့် နိုင်ငံများအပေါ် အရေးယူမှုများ အပါအဝင် ကျယ်ပြန့်သော ပိတ်ဆို့အရေးယူမှုများကို ရင်ဆိုင်ရရန်အတွက် နှစ်ပတ်ထက် မပိုသော နောက်ဆုံးရက်ကို သတ်မှတ်ခဲ့သည်။

သို့သော် ပူတင်က အလက်စကာတွင် ထရန့်နှင့် တွေ့ဆုံရန် သဘောတူခဲ့ပြီးနောက် ထရန့်က ထိုခြိမ်းခြောက်မှုကို ဆက်လက်လုပ်ဆောင်ခြင်း မရှိခဲ့ပေ။ ရုရှားသမ္မတနှင့် တွေ့ဆုံမှုက တိကျသော ရလဒ်တစ်စုံတစ်ရာ မဖြစ်ထွန်းခဲ့သော်လည်း အမေရိကန်သမ္မတက ထိုတွေ့ဆုံမှုကို အရေးပါသော သံတမန်ရေးရာ အောင်မြင်မှုအဖြစ် ထိုစဉ်က ချီးကျူးခဲ့သည်။

ကြာသပတေးနေ့ အစောပိုင်းတွင် အိန္ဒိယ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ကြီးချုပ် နရန်ဒရာ မိုဒီသည် ရုရှားရေနံ ဝယ်ယူမှုများ ရပ်တန့်ရန် သဘောတူခဲ့သည်ဟု ထရန့်၏ တစ်ရက် အစောပိုင်းက ပြောကြားခဲ့သော ပြောဆိုချက်အပေါ် သံသယရှိကြောင်း ထုတ်ဖော်ခဲ့သည်။

ထရန့်က မိုဒီသည် ဝယ်ယူမှုများကို “ အချိန်တိုအတွင်း” ရပ်တန့်မည်ဟု အာမခံခဲ့ကြောင်း ပြောကြားပြီးနောက်၊ အိန္ဒိယအစိုးရ ပြောရေးဆိုခွင့်ရှိသူက ယခင်နေ့က “ ခေါင်းဆောင် နှစ်ဦးအကြား မည်သည့် စကားပြောဆိုမှုမှ ဖြစ်ပေါ်ခဲ့ကြောင်းကို မသိရှိခဲ့” ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သည် ခရင်မလင်နန်းတော်အပေါ် စီးပွားရေးဖိအား တိုးမြှင့်ရန် ကြိုးပမ်းသည့် အနေဖြင့် နိုင်ငံများ—အထူးသဖြင့် အိန္ဒိယ၊ တရုတ်နှင့် နေတိုးအဖွဲ့ဝင်များ—အား ရုရှား စွမ်းအင် ဝယ်ယူမှုများ ရပ်တန့်ရန် တွန်းအားပေးခဲ့သည်။ ဇယ်လန်းစကီးကလည်း ထိုတောင်းဆိုမှုများကို အကြိမ်ကြိမ် ပဲ့တင်ထပ်ခဲ့သည်။

ပူတင်နှင့် Trump တို့သည် 2025 ခုနှစ်သြဂုတ်လတွင် Alaska ရှိအမေရိကန်အခြေစိုက်စခန်းတွင်နောက်ဆုံးတွေ့ဆုံခဲ့စဥ်။ (ဓါတ်ပုံ)

ဇလန်းစကီးနှင့်ထရန့်တို့အိမ်ဖြူတော်တွင်တွေ့ဆုံကြစဥ် (ဓါတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ရုရှား အမေရိကန်

နျူကလီးယားစွမ်းအင်သုံး ဘာရီဗက်နစ် (Burevestnik) ဒုံးကျည် တီထွင်သူများကို ပူတင် ဂုဏ်ပြု၊ အနောက်နိုင်ငံများသို့ နောက်ဆုံး သတိပေးအချက်ပြလိုက်ခြင်း

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 8 Views
CNN- ၂၀၂၅ခုနှစ် နိုဝင်ဘာလ ၆ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် နျူကလီးယားစွမ်းအင်သုံး Burevestnik ခရုစ်ဒုံးကျည် နှင့် ပိုဆီဒွန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်နိုင်ငံတွင် ဝန်ထမ်းလျှော့ချမှု ကြေညာချက်များသည် ပြီးခဲ့သည့်လက အလျင်အမြန် မြင့်တက်လာ၊ ၂၂ နှစ်အတွင်း အောက်တိုဘာလတွင် အဆိုးရွားဆုံးဖြစ်ခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 10 Views
CNN -၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၇)ရက် ဝါရှင်တန်။ ဉာဏ်ရည်တု (AI)အစားထိုးသုံးစွဲမှု က အလုပ်သမားဈေးကွက်ကို ဆက်လက် ထိခိုက်စေကြောင့် အောက်တိုဘာလတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေဇုန် (Amazon) မှ ဝန်ထမ်း ၁၄,၀၀၀ ကို ထုတ်ပယ်ခြင်းသည် ငွေကြေးကြောင့် မဟုတ်ဘဲ ‘ယဉ်ကျေးမှု’ ကြောင့် ဖြစ်သည်ဟုဆို

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 13 Views
CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၇)ရက် နယူးယောက် — အမေဇုန်၏ အမှုဆောင်အရာရှိချုပ် (CEO) အန်ဒီ ဂျက်ဆီ (Andy Jassy) ၏ ကုမ္ပဏီမှ ဝန်ထမ်း ၁၄,၀၀၀ ကို အဘယ်ကြောင့် လျှော့ချရသည်
နိုင်ငံတကာသတင်း အမေရိကန်

တက်စလာ ရှယ်ယာရှင်များက အီလွန် မတ်စ် (Elon Musk) ကို ဒေါ်လာ ၁ ထရီလီယံ တန်ဖိုးရှိ လစာသတ်မှတ်ချက်ကို အတည်ပြု

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 17 Views
CNN – နိုဝင်ဘာ ၇၊ ၂၀၂၅ တက်စလာ ရှယ်ယာရှင်များက ကြာသပတေးနေ့က အတည်ပြုလိုက်သော လစာသတ်မှတ် ချက်ကို ရရှိသွားသောကြောင့် လက်ရှိတွင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်နေသော တက်စလာ ၏ စီအီးအို (CEO) အီလွန်
နိုင်ငံတကာသတင်း အမေရိကန်

၂၀၂၅ခုနှစ်၊ နယူးယောက်၊ နယူးဂျာစီနှင့် ဗာဂျီးနီးယား ရွေးကောက်ပွဲရလဒ်များ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 30 Views
၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် အမေရိကန်နိုင်ငံတွင် အဓိကရွေးကောက်ပွဲများ ကျင်းပခဲ့ရာ၊ ဒီမိုကရက်တစ်ပါတီဝင်များက အရေးပါသော ရာထူးနေရာများစွာကို အနိုင်ရရှိခဲ့ပါသည်။ နယူးယောက် (New York)ရာထူးအမည်။
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးစစ်တပ်၏ ထိပ်တန်းရှေ့နေဖြစ်သူ အမျိုးသမီးစစ်ဗိုလ်ချုပ် အီဖက်တိုမီယူဆလာမီ (Maj Gen Yifat Tomer-Yerushalmi) အရေးယူခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 42 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၄ရက်။ ပါလက်စတိုင်းအကျဥ်းသားများကိုလိင်မှုဆိုင်ရာအစ္စရေးစစ်တပ်မှကျူးလွန်မှုကိုဖွင့်ချလိုက်ခြင်းကြောင့် ဟုဆို။ CNN နှင့် အခြားသတင်းဌာနများမှ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့သည့် သတင်းအချက် အလက်များကို အောက်ပါအတိုင်း အကျဉ်းချုပ် ဖော်ပြထားပါသည်။ ၁။ စွပ်စွဲချက်များနှင့် CNN ၏ ဖော်ပြချက်
နိုင်ငံတကာသတင်း

 အမေရိကန်နိုင်ငံရေး၊ အစ္စရေး-ဟားမတ်စ်စစ်ပွဲနှင့် ရုရှား-ယူကရိန်းစစ်ပွဲတို့နှင့် ပတ်သက်သည့် နောက်ဆုံးရသတင်းအချက်အလက်များကို အကျဉ်းချုပ် တင်ပြပေး လိုက်ပါတယ်။

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 33 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၄ရက် အမေရိကန်နိုင်ငံရေး (US Politics) အစိုးရလုပ်ငန်း ရပ်ဆိုင်းမှုနှင့် တရားရုံးစီရင်ချက်များ: လက်ရှိတွင် အမေရိကန်အစိုးရ၏ လုပ်ငန်းများ (Government Shutdown) ဆက်လက် ရပ်ဆိုင်းနေပြီး၊ ဒီမိုကရက်များနှင့် ရီပတ်ဘလစ်ကန်များကြား အငြင်းပွားမှုများ ရှိနေဆဲဖြစ်သည်။ သမ္မတဟောင်း
နိုင်ငံတကာသတင်း အမေရိကန်

ရီပတ်ဘလစ်ကန် ခေါင်းဆောင်များက ဖီလီဘက်စတာကို အပြီးသတ်ဖျက်သိမ်းရန် ထရန့်ဖ်၏ တောင်းဆိုမှုကို ပယ်ချ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 50 Views
CNN- ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက် သမ္မတ ဒေါ်နယ်လ် ထရန့်ဖ်က အစိုးရ လုပ်ငန်းများ ရပ်ဆိုင်းနေသည်ကို အဆုံးသတ်ရန် အတွက် ဆီးနိတ်လွှတ်တော် ဖီလီဘက်စတာ(Filibuster) (ဥပဒေကြမ်းအပေါ် အချိန် ကြာမြင့်စွာ ငြင်းခုန်ခြင်း)