နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ထရန့်နှင့် ပူတင်တို့ တွေ့ဆုံရန် သဘောတူပြီးနောက် အိမ်ဖြူတော်တွင် ဒုံးကျည်များရရှိရေး အတွက် ဇယ်လန်းစကီးက အခိုင်အမာ တင်ပြမည်

BBC- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၇ရက်

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးသည် သောကြာနေ့ (အောက်တိုဘာ ၁၇) တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ဝါရှင်တန်၌ တွေ့ဆုံမည်ဖြစ်သည်။ ထရန့်အနေဖြင့် ရုရှားနိုင်ငံထဲအထိ နက်နက်ရှိုင်းရှိုင်းထိ ပစ်ခတ်နိုင်သော တွမ်မဟော့ခ်(Tomahawk) ဒုံးကျည်များကို ယူကရိန်းအား လက်နက်တပ်ဆင်ပေးသင့်၊ မပေးသင့် ချိန်ဆနေချိန်တွင် ယခုတွေ့ဆုံမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ထရန့်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ဖုန်းခေါ်ဆိုမှုအတွင်း “ကြီးမားသော တိုးတက်မှု” ရရှိခဲ့ပြီး၊ သူတို့နှစ်ဦးသည် ဟန်ဂေရီတွင် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးရန် သဘောတူခဲ့ သည် ဟု ပြောကြားပြီးနောက် တစ်ရက်အကြာတွင် ၎င်းတို့၏ တွေ့ဆုံမှု ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ဩဂုတ်လလယ်နောက်ပိုင်း ပူတင်နှင့် ပထမဆုံးအကြိမ် ဖုန်းခေါ်ဆိုမှုသည် “အလွန်အကျိုး

ဖြစ်ထွန်းသည်” ဟု ထရန့်က ပြောကြားခဲ့ပြီး၊ ဝါရှင်တန်နှင့် မော်စကိုမှ အဖွဲ့များ လာမည့် ရက်သတ္တပတ်တွင် တွေ့ဆုံကြမည်ဟုလည်း ထပ်လောင်းပြောခဲ့သည်။

ဇန်နဝါရီလနောက်ပိုင်း တတိယအကြိမ်မြောက် အမေရိကန်သို့ ရောက်ရှိလာသည့် ဇယ်လန်းစကီးက မော်စကိုသည် “Tomahawk များအကြောင်း ကြားကြားချင်း ဆွေးနွေးမှု ပြန်လည်စတင်ရန် အလုအယက် ကြိုးစားနေသည်” ဟု ပြောကြားခဲ့သည်။

ဇယ်လန်းစကီးသည် တာဝေးပစ်ခတ်နိုင်သည့် အကွာအဝေး ၂,၅၀၀ ကီလိုမီတာ (မိုင် ၁,၅၀၀) အထိသွားသော အဆင့်မြင့် ဒုံးကျည်များကို ယူကရိန်းအား ပံ့ပိုးပေးရန် အမေရိကန်ကို တောင်းဆိုခဲ့သည်။

Tomahawk များကို ယူကရိန်းအား ပေးအပ်ရန် ထရန့် စဉ်းစားနေပါသလားဟု ယခုရက်သတ္တပတ် အစောပိုင်းက မေးမြန်းသောအခါ ၎င်းက “ကြည့်သေးတာပေါ့ ပေးကောင်းပေးနိုင်ပါတယ် ” ဟု ပြောခဲ့သည်။ သို့သော် ပူတင်နှင့် ဖုန်းခေါ်ဆိုပြီး နောက် ထိုအလားအလာနှင့်ပတ်သက်၍ မေးမြန်းသောအခါ ထရန့်က အမေရိကန်၏ Tomahawk သိုလှောင်မှုကို “မကုန်ခန်းစေရန်လိုအပ်” ကြောင်း ပြောကြားပြီး “ကျွန်တော်တို့လည်း လိုအပ်ပါတယ်… ဒါကြောင့် အဲဒီကိစ္စ ဘာလုပ်ရမလဲဆိုတာ မသိသေးဘူး” ဟု ဖြည့်စွက်ခဲ့သည်။

ပူတင်နှင့် ဖုန်းပြောဆိုမှု အပြီးတွင် ထရန့်က ၎င်း၏ Truth Social လူမှုကွန်ရက်တွင် ရေးသား ရာ၌ ရုရှား-ယူကရိန်းနှင့် စစ်ပွဲပြီးဆုံးသွားသည့်အခါ “ရုရှားနှင့် အမေရိကန်ပြည်ထောင်စု အကြား ကုန်သွယ်ရေးအကြောင်းကို အချိန်အတော်ကြာ ဆွေးနွေးခဲ့ကြသည်” ဟု ဆိုခဲ့သည်။

အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ဦးဆောင်ပြီး နှစ်နိုင်ငံမှ “အဆင့်မြင့် အကြံပေးများ” သည် လာမည့်ရက်သတ္တပတ်အတွင်း နေရာအတိအကျ မပြောနိုင်သည့် တစ်နေရာရာတွင် တွေ့ဆုံကြမည်ဟု ၎င်းက ပြောကြားခဲ့သည်။

ထရန့်က ၎င်းသည် ပူတင်နှင့် ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို သောကြာနေ့တွင် ဇယ်လန်းစကီးအား အသိပေးမည်ဖြစ်ကြောင်းနှင့် “ဒီနေ့ ဖုန်းပြောဆိုမှုမှာ ကြီးမားတဲ့ တိုးတက်မှု ရရှိခဲ့တယ်လို့ ကျွန်တော် ယုံကြည်တယ်” ဟုလည်း ဖြည့်စွက်ပြောဆိုခဲ့သည်။

နောက်ပိုင်းတွင် ၎င်းက သတင်းထောက်များအား ဟန်ဂေရီ၌ ပူတင်နှင့် “နှစ်ပတ်အတွင်း” တွေ့ဆုံရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အကြံပေးများနှင့် ရူဘီယိုတွေ့ဆုံပြီးနောက် တစ်ပတ်အကြာတွင် ပူတင်နှင့် ထရန့်တို့ စကားပြောဆိုနိုင်သည်ဟု ဟန်ဂေရီဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ဗစ်တာ အော်ဘန်က ရုရှားသမ္မတနှင့် သောကြာနေ့ နောက်ပိုင်းတွင် စကားပြောဆိုမည် ဖြစ်ကြောင်း နိုင်ငံပိုင် ရေဒီယိုသို့ ပြောကြားခဲ့သည်။

“ဥရောပသမဂ္ဂ (EU) က စစ်လိုလားနေတဲ့အတွက်၊ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲကနေ ချန်လှပ်ခံရတာကတော့ ယုတ္တိရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဘူဒါပက်စ်တွင် စီစဉ်ထားသော တွေ့ဆုံပွဲသည် “ကမ္ဘာ့ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသူများ အတွက် သတင်းကောင်း” ဖြစ်သည်ဟု အော်ဘန်က ကြာသပတေးနေ့တွင် X (ယခင် Twitter) တွင် ရေးသားခဲ့ပြီး ထရန့်နှင့် ဖုန်းပြောဆိုခဲ့ကြောင်းလည်း ဖြည့်စွက်ခဲ့သည်။

ထို့အပြင် ၎င်းက “ငြိမ်းချမ်းရေးဆိုတာ စိတ်ရှည်သည်းခံမှု၊ ခွန်အားနဲ့ နှိမ့်ချမှုကို လိုအပ်ပါတယ်။ ဥရောပဟာ သူ့ရဲ့ ရပ်တည်ချက်ကို ပြောင်းလဲရပါမယ်။ မာနကြီးပြီး အဆုံးမရှိ စစ်ပွဲမီးကို မွှေးပေးမယ့်အစား ရုရှားနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လိုအပ်ပါတယ်။ စကားပြောဆိုမှုကသာ ကျွန်တော်တို့ရဲ့ တိုက်ကြီးကို ငြိမ်းချမ်းမှု ယူဆောင်လာနိုင်မှာပါ” ဟုလည်း ပြောကြားခဲ့သည်။

ထရန့်-ပူတင် ဖုန်းခေါ်ဆိုမှု မပြုလုပ်မီ နာရီအနည်းငယ်အလိုတွင် ရုရှားက ယူကရိန်းအပေါ် တစ်နှစ်တာအတွင်း အကြီးဆုံး တိုက်ခိုက်မှုများထဲမှ တစ်ခုကို လုပ်ဆောင်ခဲ့ပြီး၊ ပစ်ခတ်မှု များတွင် ပဲ့ထိန်းဒုံးကျည် ၂၈ လုံးနှင့် ဒရုန်း ၃၂၀ ပါဝင်ကြောင်း ယူကရိန်း၏ အမေရိကန်ဆိုင်ရာ သံအမတ်ကြီး အိုလ်ဂါ စတီဖန်နီရှီနာက ပြောကြားခဲ့သည်။

ဖုန်းခေါ်ဆိုမှုမတိုင်မီ ယူကရိန်းအပေါ် ရုရှား၏ ညတွင်းချင်း တိုက်ခိုက်မှုများ ပြုလုပ်ခြင်းက “မော်စကိုရဲ့ ငြိမ်းချမ်းရေးအပေါ် တကယ့်သဘောထားကို ဖော်ထုတ်ပြသလိုက်တာပါ” ဟု စတီဖန်နီရှီနာက ပြောကြားခဲ့သည်။

သူမက ဘီဘီစီ၏ အမေရိကန် မိတ်ဖက် CBS သို့ ထုတ်ပြန်ချက်တွင် “ဒီတိုက်ခိုက်မှုတွေက မော်စကိုရဲ့ ဗျူဟာဟာ အကြမ်းဖက်မှုနဲ့ ပင်ပန်းနွမ်းနယ်အောင် လုပ်ဆောင်ခြင်းပဲ ဖြစ်ကြောင်း ပြသနေပါတယ်။ ထိရောက်တဲ့ တစ်ခုတည်းသော တုံ့ပြန်မှုကတော့ ပိုမို တင်းကျပ်တဲ့ ပိတ်ဆို့အရေးယူမှုတွေ၊ လေကြောင်းကာကွယ်ရေးကို အားဖြည့်ပေးတာတွေနဲ့ တာဝေးပစ် စွမ်းရည်တွေ ပံ့ပိုးပေးခြင်းကတစ်ဆင့် ဖိအားပေးဖို့ပါပဲ” ဟု ဖြည့်စွက်ခဲ့သည်။

ဩဂုတ်လတွင် အလက်စကာ၌ မျက်နှာချင်းဆိုင် ထိပ်သီးအစည်းအဝေးက ငြိမ်းချမ်းရေး သဘောတူညီမှု ဖော်ဆောင်ရန် ကြိုးပမ်းမှုများတွင် အပြတ်အသား တိုးတက်မှု မရရှိ ခဲ့သည့် နောက်ပိုင်း ထရန့်သည် ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ ပူတင်အပေါ် ပိုမိုတင်းကျပ်သော ရပ်တည်ချက်ကို ပြောင်းလဲခဲ့သည်။

ထိုနှစ်ဦးသည် ဩဂုတ်လ ၁၅ ရက်နေ့တွင် အမေရိကန်မြေပေါ်၌ တွေ့ဆုံခဲ့ကြပြီး၊ ထိုထိပ်သီး အစည်းအဝေးက ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန်အတွက် ပြည့်စုံသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ စတင်ရန် ရုရှားသမ္မတကို ဆွဲဆောင်နိုင်လိမ့်မည်ဟု အမေရိကန်သမ္မတက မျှော်လင့်ခဲ့သည်။ ရုရှားသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းကို အပြည့်အဝ ကျူးကျော် ဝင်ရောက်ခဲ့သည်။

ထိုနောက် ရက်အနည်းငယ်အကြာတွင် ထရန့်က ဇယ်လန်းစကီးနှင့် ဥရောပခေါင်းဆောင် များနှင့် တွေ့ဆုံနေစဉ်ကို ဖြတ်တောက်ကာ ပူတင်ထံ ဖုန်းခေါ်ဆိုခဲ့သောအခါ ၎င်းတို့နှစ်ဦး ထပ်မံစကားပြောဖြစ်ခဲ့ကြသည်။

ထိုအချိန်မှစ၍ အိမ်ဖြူတော် သို့မဟုတ် ခရမ်လင်နန်းတော် နှစ်ခုစလုံးက ၎င်းတို့နှစ်ဦးအကြား ဆက်သွယ်ပြောဆိုမှုများကို လူသိရှင်ကြား အတည်ပြုခဲ့ခြင်း မရှိသေးပေ။

ထရန့်သည် သူ၏ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွင်း ယူကရိန်းစစ်ပွဲကို ရက်ပိုင်းအတွင်း အဆုံးသတ်နိုင်မည်ဟု ကြွေးကြော်ခဲ့သော်လည်း၊ အာဏာပြန်ရပြီးနောက် ဤပဋိပက္ခကို ဖြေရှင်းရန်မှာ သူပါဝင်ခဲ့သည့် မည်သည့် ပဋိပက္ခထက်မဆို ပိုမိုစိန်ခေါ်မှု များပြားကြောင်း နောက်ပိုင်းတွင် ဝန်ခံခဲ့သည်။

ထရန့်သည် သူ၏ ရှေ့မှ သမ္မတ ဂျိုးဘိုင်ဒန်ထက် ရုရှားအပေါ် ပိုမိုထောက်ခံသူအဖြစ် ရှုမြင်ခံခဲ့ရပြီး၊ ဇယ်လန်းစကီးနှင့် ဆက်ဆံရေး တင်းမာမှုသည် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အထွတ်အထိပ်သို့ ရောက်ခဲ့ပြီး ထိုနေ့၌ ၎င်းနှင့် ဒုသမ္မတ ဂျေဒီ ဗန့်စ်တို့က ယူကရိန်းသမ္မတကို သမတဘဲဥပုံရုံးခန်းထဲ့တွင် ရုပ်မြင်သံကြား တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ပြစ်တင်ဝေဖန် ခဲ့ကြသည်။

သို့သော် ဇယ်လန်းစကီးနှင့် လူထုဆက်ဆံရေးသည် မကြာသေးမီ လများအတွင်း များစွာ တိုးတက်လာခဲ့သည်။

စက်တင်ဘာလတွင် ထရန့်က ပဋိပက္ခအပေါ် သူ၏အမြင်တွင် အဓိကပြောင်းလဲမှုတစ်ခုကို အရိပ်အမြွက်ပြခဲ့ပြီး၊ ကိယက်ဗ်သည် ရုရှားသိမ်းပိုက်ထားသော နယ်မြေကို စွန့်လွှတ်ရန် သူ၏ လူသိရှင်ကြား တောင်းဆိုမှုများနှင့် လုံးဝကွဲပြားစွာဖြင့် “မူလပုံစံအတိုင်း ယူကရိန်း တစ်ခုလုံးကို ပြန်လည်ရယူနိုင်သည်” ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ပူတင်နှင့် ထရန့်တို့ နောက်ဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့သည်မှာ ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် အလက်စကာရှိ အမေရိကန် စစ်အခြေစိုက်စခန်း၌ ဖြစ်သည်။

ဇူလိုင်လနှောင်းပိုင်းတွင် ထရန့်က ပူတင်အား အပစ်အခတ်ရပ်စဲရေး သဘောတူရန် သို့မဟုတ် ရုရှားနှင့် ဆက်လက် ကုန်သွယ်နေသည့် နိုင်ငံများအပေါ် အရေးယူမှုများ အပါအဝင် ကျယ်ပြန့်သော ပိတ်ဆို့အရေးယူမှုများကို ရင်ဆိုင်ရရန်အတွက် နှစ်ပတ်ထက် မပိုသော နောက်ဆုံးရက်ကို သတ်မှတ်ခဲ့သည်။

သို့သော် ပူတင်က အလက်စကာတွင် ထရန့်နှင့် တွေ့ဆုံရန် သဘောတူခဲ့ပြီးနောက် ထရန့်က ထိုခြိမ်းခြောက်မှုကို ဆက်လက်လုပ်ဆောင်ခြင်း မရှိခဲ့ပေ။ ရုရှားသမ္မတနှင့် တွေ့ဆုံမှုက တိကျသော ရလဒ်တစ်စုံတစ်ရာ မဖြစ်ထွန်းခဲ့သော်လည်း အမေရိကန်သမ္မတက ထိုတွေ့ဆုံမှုကို အရေးပါသော သံတမန်ရေးရာ အောင်မြင်မှုအဖြစ် ထိုစဉ်က ချီးကျူးခဲ့သည်။

ကြာသပတေးနေ့ အစောပိုင်းတွင် အိန္ဒိယ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ကြီးချုပ် နရန်ဒရာ မိုဒီသည် ရုရှားရေနံ ဝယ်ယူမှုများ ရပ်တန့်ရန် သဘောတူခဲ့သည်ဟု ထရန့်၏ တစ်ရက် အစောပိုင်းက ပြောကြားခဲ့သော ပြောဆိုချက်အပေါ် သံသယရှိကြောင်း ထုတ်ဖော်ခဲ့သည်။

ထရန့်က မိုဒီသည် ဝယ်ယူမှုများကို “အချိန်တိုအတွင်း” ရပ်တန့်မည်ဟု အာမခံခဲ့ကြောင်း ပြောကြားပြီးနောက်၊ အိန္ဒိယအစိုးရ ပြောရေးဆိုခွင့်ရှိသူက ယခင်နေ့က “ခေါင်းဆောင် နှစ်ဦးအကြား မည်သည့် စကားပြောဆိုမှုမှ ဖြစ်ပေါ်ခဲ့ကြောင်းကို မသိရှိခဲ့” ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သည် ခရင်မလင်နန်းတော်အပေါ် စီးပွားရေးဖိအား တိုးမြှင့်ရန် ကြိုးပမ်းသည့် အနေဖြင့် နိုင်ငံများ—အထူးသဖြင့် အိန္ဒိယ၊ တရုတ်နှင့် နေတိုးအဖွဲ့ဝင်များ—အား ရုရှား စွမ်းအင် ဝယ်ယူမှုများ ရပ်တန့်ရန် တွန်းအားပေးခဲ့သည်။ ဇယ်လန်းစကီးကလည်း ထိုတောင်းဆိုမှုများကို အကြိမ်ကြိမ် ပဲ့တင်ထပ်ခဲ့သည်။

ပူတင်နှင့် Trump တို့သည် 2025 ခုနှစ်သြဂုတ်လတွင် Alaska ရှိအမေရိကန်အခြေစိုက်စခန်းတွင်နောက်ဆုံးတွေ့ဆုံခဲ့စဥ်။ (ဓါတ်ပုံ)

ဇလန်းစကီးနှင့်ထရန့်တို့အိမ်ဖြူတော်တွင်တွေ့ဆုံကြစဥ် (ဓါတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 69 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 61 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 78 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 71 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက