နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ပါလက်စတိုင်းအရာရှိများက အစ္စရေးစစ်တပ်၏ လုံခြုံရေးနှင့် “စစ်ဆင်ရေးလိုအပ်ချက်” ဟု အကြောင်းပြကာ သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း (West Bank) နယ်မြေအတွင်း ဆက်တိုက်ဖျက်သိမ်းရန် အမိန့်ပေးမှုများအပေါ် “အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းမှု” ဖြစ်လာ နိုင်ကြောင်း သတိပေးလိုက်သည်။

CNN – ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက်

ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာဌာနက တူလ်ကာရန် (Tulkarem) အနီးရှိ နာရှမ်း (Nur Shams) ဒုက္ခသည်စခန်းမှ လူနေအဆောက်အအုံ ၂၅ လုံးကို ဖျက်သိမ်းရန် အစ္စရေးအာဏာပိုင် များ၏ ဆုံးဖြတ်ချက်ကို “နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ခြင်း” ဖြစ်သည်ဟု အင်္ဂါနေ့က ထုတ်ပြန်ချက်တွင် ပြင်းထန်စွာ ရှုတ်ချခဲ့သည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ကြားဝင်စွက်ဖက်ပေးရန် တောင်းဆိုရာတွင် အဆိုပါ ဌာနက “နာရှမ်းစခန်းရှိ စနစ်တကျ ဖျက်သိမ်းသည့် မူဝါဒသည် မိသားစုပေါင်းများစွာကို အတင်းအဓမ္မ နေရပ်စွန့်ခွာစေမည် ဖြစ်ကြောင်း၊ ၎င်းမှာ ပါလက်စတိုင်းစခန်းများကို လူသူကင်းမဲ့စေရန်နှင့် ၎င်းတို့၏ တည်ရှိမှုကို ဖျောက်ဖျက်ရန်၊ ရေရှည်ထိန်းချုပ်မှုများ ပြုလုပ်ရန်ဖြစ်ပြီး ဂျေရုဆလင်အရှေ့ပိုင်း အပါအဝင် အနောက်ဖက်ကမ်းကို သိမ်းပိုက်မည့် ပိုမိုကျယ်ပြန့်သော အစီအစဉ်များ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ဝက်စ်ဘန့်ခ်ရှိ UNRWA အေဂျင်စီ၏ ညွှန်ကြားရေးမှူး ရိုလန်ဖရက်ဒရစ်ချ်(Roland Friedrich) က အဆိုပါ ဖျက်သိမ်းမှုများကို ဒီဇင်ဘာ ၁၈ ရက်ကတည်းက စတင်လုပ်ဆောင်ရန် သတ်မှတ် ထားကြောင်း တနင်္လာနေ့က X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

အစ္စရေးစစ်တပ်ကမူ “ရှင်းလင်းပြီး လိုအပ်သော စစ်ဆင်ရေးလိုအပ်ချက်အရ” စခန်းအတွင်းရှိ “အဆောက်အအုံအချို့ကို ဖျက်သိမ်းရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်” ဟု အင်္ဂါနေ့ထုတ်ပြန်ချက် တွင် ပြောဆိုခဲ့သည်။

ဖရက်ဒရစ်ချ်(Friedrich) က ၎င်းမှာ “စိတ်ပျက်ဖွယ် သတင်းဆိုး” ဖြစ်ကြောင်းနှင့် အဆိုပါ အဆောက်အအုံ ၂၅ လုံးသည် “ချက်ချင်းဖျက်သိမ်းခံရမည့် အခြေအနေ” နှင့် ရင်ဆိုင်နေရပြီး “အတင်းအဓမ္မ နေရပ်စွန့်ခွာရသူ ရာပေါင်းများစွာ” အပေါ် သက်ရောက်မှုရှိမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ဒီဖျက်သိမ်းမှု အမိန့်သစ်ဟာ အနောက်ဖက်ကမ်း မြောက်ပိုင်းက စခန်းတွေကို ရေရှည် ထိန်းချုပ်နိုင်ဖို့နဲ့ သူတို့ရဲ့ မြေမျက်နှာသွင်ပြင်ကို အမြဲတမ်း ပြောင်းလဲပစ်ဖို့ အိမ်ခြေတွေကို ဖျက်ဆီးနေတဲ့ အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဒီနှစ်အတွင်း လုပ်ဆောင်နေကျ ပုံစံထဲက တစ်ခုပဲ ဖြစ်တယ်” ဟု ဖရက်ဒရစ်ချ် က ဆိုသည်။

စစ်တပ်၏အမိန့်သည် အစ္စရေးအစိုးရအဖွဲ့မှ အနောက်ဖက်ကမ်း ရှိ အခြေချနေထိုင်သူများ၏ စခန်းငယ်များစွာကို တရားဝင်အဖြစ် သတ်မှတ်ပေးပြီး တည်ထောင်ရန် အတည်ပြုခဲ့ပြီး နောက် ရက်ပိုင်းအတွင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ ၎င်းဆုံးဖြတ်ချက်အရ အနောက်ဖက်ကမ်း တစ်ခွင်ရှိ စခန်းငယ် ၁၉ ခုကို ခွင့်ပြုပေးခဲ့ပြီး ထိုအထဲတွင် ၂၀၀၅ ခုနှစ် ရုတ်သိမ်းရေးအစီအစဉ်အရ ဖယ်ရှားခဲ့သော နေရာနှစ်ခုလည်း ပါဝင်သည်။

အစ္စရေး အခြေချနေထိုင်မှုများကို စောင့်ကြည့်သည့် Peace Now အဖွဲ့ကမူ “အစိုးရသည် အဆိုပါနယ်မြေများတွင် အစ္စရေး၏ တည်ရှိမှုကို ခိုင်မာစေရန်နှင့် အနာဂတ်တွင် လူမျိုး နှစ်မျိုးအတွက် နိုင်ငံနှစ်ခုအဖြစ် ငြိမ်းချမ်းစွာ ယှဥ်တွဲနေထိုင် တည်ရှိနိုင်မည့် အခွင့်အလမ်း များကို ပိတ်ပင်ရန် တတ်နိုင်သမျှ အရာအားလုံး လုပ်ဆောင်နေခြင်းဖြစ်သည်” ဟု တုံ့ပြန် ခဲ့သည်။

အခြေချနေထိုင်မှုများကို နိုင်ငံတကာဥပဒေအရသော်လည်းကောင်း၊ နိုင်ငံတကာ အသိုင်း အဝိုင်း အတော်များများကသော်လည်းကောင်း တရားမဝင်ဟု သတ်မှတ်ထားသည်။ Peace Now ၏ အဆိုအရ လက်ရှိ အစ္စရေးလက်ယာယိမ်းအစိုးရသည် ၂၀၂၃ ခုနှစ်တွင် တာဝန် စတင် ယူကတည်းက အခြေချစခန်း ၆၈ ခုအထိ တည်ထောင်ခဲ့ပြီး ၎င်းမှာ အခြေချမှု လုပ်ငန်းစဉ် များကို အရှိန်အဟုန်ဖြင့် သိသိသာသာ ချဲ့ထွင်လာခြင်းဖြစ်သည်ဟု ဆိုသည်။

အစ္စရေးစစ်တပ်ကမူ အနောက်ဖက်ကမ်း မြောက်ပိုင်းရှိ နေရာများသည် “လူဦးရေ ထူထပ် သော အရပ်သား နယ်မြေများအတွင်းမှ လှုပ်ရှားနေသည့် အကြမ်းဖက်သမားများ၏ အဓိက အချက်အချာနေရာ ဖြစ်လာသောကြောင့်” အဆောက်အအုံများကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ထို့ကြောင့် ယခုအပတ်အစောပိုင်းတွင် မြို့ပြစီမံခန့်ခွဲရေးဌာနက နာရှမ်းဒေသရှိ အဆောက် အအုံ အချို့ကို ဖျက်သိမ်းရန် ရည်ရွယ်ထားကြောင်း ဒေသခံများကို အကြောင်းကြားခဲ့သည်။ ဒေသခံများအား ၎င်းတို့၏ ပုဂ္ဂိုလ်ရေးပိုင်ဆိုင်မှုများကို ဖယ်ရှားရန် အခွင့်အရေး ပေးမည် ဖြစ်သည်” ဟု အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက်တွင် ထပ်လောင်းဖော်ပြထားသည်။

ဖရက်ဒရစ်ချ် ကမူ “အနောက်ဖက်ကမ်း မြောက်ပိုင်းရှိ ပါလက်စတိုင်းဒုက္ခသည် ၃၂,၀၀၀ ကျော်၏ အတင်းအဓမ္မ နေရပ်စွန့်ခွာရမှုသည် အမြဲတမ်း ဖြစ်မသွားသင့်ပါ။ ဒေသခံများသည် အိမ်ပြန်ရန်အတွက် ၁၁ လတိုင်တိုင် စိုးရိမ်တကြီး စောင့်ဆိုင်းနေခဲ့ကြခြင်းဖြစ်သည်။ မြေထိုးစက်များ၏ ထိုးနှက်ချက် တစ်ခုချင်း စီတိုင်းက ၎င်းတို့၏ မျှော်လင့်ချက်များကို ပိုမိုဝေးကွာသွားစေပါသည်” ဟု ပြောကြားခဲ့သည်။

အဆိုပါ ဖျက်သိမ်းမှုများသည် နာရှမ်း၊ တူလ်ကာရန် နှင့် ဂျီနင် (Jenin) အပါအဝင် အနောက်ဖက်ကမ်း မြောက်ပိုင်းရှိ ဒုက္ခသည်စခန်းများတွင် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်ဖြစ်ပွားနေစဉ်အတွင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ အစ္စရေးက ၎င်းစစ်ဆင်ရေး များသည် ပါလက်စတိုင်း လက်နက်ကိုင်ကွန်ရက်များကို ဖြိုခွင်းရန်နှင့် တိုက်ခိုက်မှုများကို ကာကွယ်ရန် ဖြစ်သည်ဟု ဆိုသော်လည်း ပါလက်စတိုင်းအရာရှိများနှင့် လူ့အခွင့်အရေးအဖွဲ့ များကမူ ယင်းလုပ်ရပ်များသည် အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းမှုနှင့် အစုအဖွဲ့လိုက် ပြစ်ဒဏ် ခတ်မှုများသာ ဖြစ်သည်ဟု ချေပပြောဆိုနေကြသည်။

(ဓာတ်ပုံအညွှန်း) – တူလ်ကာရန် အရှေ့ပိုင်း နာရှမ်းဒုက္ခသည်စခန်းရှိ နေအိမ်များသို့ ပြန်ခွင့်ပေးရန် တောင်းဆိုဆန္ဒပြနေစဉ် ပါလက်စတိုင်း သက်ကြီးရွယ်အိုတစ်ဦးက အစ္စရေးစစ်ကားများကို အော်ဟစ်ဆဲဆိုနေပုံ – Nasser Ishtayeh/SOPA Images/LightRocket/Getty Images)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 27 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 19 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 22 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 30 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 28 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက