နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူက စိုးရိမ်ပူပန်မှုများ ထုတ်ဖော်ပြောဆိုပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် “ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း” မြန်မာစစ်ကောင်စီ က ပြောကြားလိုက်သည်။

CNN – ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက်

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် “ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း” မြန်မာစစ်ကောင်စီက အင်္ဂါနေ့တွင် ပြောကြား လိုက်သည်။ ယင်းမှာ အသက် ၈၀ အရွယ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနှင့် ပတ်သက်၍ သတင်းအချက်အလက် အနည်းငယ်သာ ရရှိထားကြောင်းနှင့် သူမ၏အခြေအနေကို မိမိမသိရှိဘဲ သေဆုံးသွားမည်ကို စိုးရိမ်မိကြောင်း သူမ၏သားဖြစ်သူ က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ပြီးနောက် တစ်ရက်အကြာတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

တိုကျိုမြို့တွင် ပြုလုပ်သည့် အင်တာဗျူးတစ်ခု၌ ကင်မ်အဲရစ် (Kim Aris) က သူ၏မိခင်ထံမှ သတင်းစကား မကြားရသည်မှာ နှစ်နှင့်ချီ ကြာမြင့်နေပြီဖြစ်ကြောင်းနှင့် သူမကို မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သော နေပြည်တော်တွင် ထိန်းသိမ်းထားသည်ဟု ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ်တွင် ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချကာ ပြည်တွင်းစစ်ကို ဖြစ်ပွားစေခဲ့သည့် စစ်အာဏာသိမ်းမှု အတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။ သူမသည် လှုံ့ဆော်မှု၊ အဂတိလိုက်စားမှုနှင့် ရွေးကောက်ပွဲ မသမာမှု အပါအဝင် သူမကိုယ်တိုင် ငြင်းဆိုထားသည့် စွဲချက်များစွာဖြင့် ထောင်ဒဏ် ၂၇ နှစ် ကျခံနေရသည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေး ကောင်းမွန်ပါတယ်” ဟု စစ်ကောင်စီက လုပ်ဆောင်နေသည့် Myanmar Digital News တွင် ဖော်ပြထားသော ထုတ်ပြန်ချက်တွင် ပါရှိသည်။ အဆိုပါ ထုတ်ပြန်ချက်၌ သူမ၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်သည့် အထောက်အထား သို့မဟုတ် အသေးစိတ် အချက်အလက်များကိုမူ တင်ပြထားခြင်း မရှိပေ။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ကိုကင်မ်အဲရစ်ထံသို့ မှတ်ချက်တောင်းခံရန် ချက်ချင်း ဆက်သွယ်၍ မရသေးပေ။

ဒီဇင်ဘာ ၂၈ ရက်တွင် စတင်မည့် မြန်မာနိုင်ငံ၏ အဆင့်ဆင့်ကျင်းပမည့် ရွေးကောက်ပွဲသည် သူ၏မိခင် ကြုံတွေ့နေရသည့် အခက်အခဲများကို လျှော့ချပေးနိုင်မည့် အခွင့်အလမ်း ဖြစ်နိုင် ကြောင်း ၎င်းက ပြောဆိုခဲ့သော်လည်း၊ နိုင်ငံခြားအစိုးရ အများအပြားကမူ အဆိုပါ ရွေးကောက်ပွဲသည် စစ်အုပ်ချုပ်ရေးကို တရားဝင်ဖြစ်စေရန် ကြိုးပမ်းသည့် ဟန်ပြသက်သက်သာ ဖြစ်သည်ဟု ပယ်ချထားကြသည်။

ရွေးကောက်ပွဲ မတိုင်မီ ဝေဖန်ကန့်ကွက်မှုများကို လျှော့ချရန်အတွက် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခြင်း သို့မဟုတ် နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ပေးခြင်းများ ပြုလုပ်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ကိုကင်မ်အဲရစ်က ပြောကြားခဲ့သည်။

(ဓာတ်ပုံအညွှန်း – မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကိုကင်မ်အဲရစ်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့က တိုကျိုမြို့ရှိ ဂျပန်အမျိုးသားသတင်းစာဆရာများအသင်း၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် စကားပြောကြားနေစဉ် – Eugene Hoshiko/AP)

စစ်ကောင်စီကမူ ကိုကင်မ်အဲရစ်ကို ရွေးကောက်ပွဲကို နှောင့်ယှက်ရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲခဲ့သည်။ အဆိုပါ ရွေးကောက်ပွဲသည် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို မသမာမှု လုပ်ဆောင်သည်ဟု စွပ်စွဲခဲ့သည့် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ ဖြစ်သည်။

“ဒါဟာ မကြာမီ ကျင်းပတော့မယ့် လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နှောင့်ယှက်ဖို့အတွက် အချိန်ကိုက် ဖြန့်ဝေထားတဲ့ လုပ်ကြံဖန်တီးချက်သက်သက်သာ ဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် မြန်မာနိုင်ငံ၏ အကြီးဆုံး နိုင်ငံရေးပါတီဖြစ်သော်လည်း လက်ရှိတွင် ဖျက်သိမ်းခံထားရဆဲဖြစ်ပြီး အခြားသော စစ်ကောင်စီဆန့်ကျင်ရေး နိုင်ငံရေးအဖွဲ့အစည်း အများအပြားကလည်း အဆိုပါ ရွေးကောက်ပွဲကို သပိတ်မှောက်ထားကြသည်။

နိုင်ငံတော်အစိုးရအကြံပေးဘဝက ‌ဒေါ်အောင်ဆန်းစုကြည် (ပုံ)

(ဓာတ်ပုံ) – မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကိုကင်မ်အဲရစ်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့က တိုကျိုမြို့ရှိ ဂျပန်အမျိုးသားသတင်းစာဆရာများအသင်း၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် စကားပြောကြားနေစဉ် – Eugene Hoshiko/AP)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 39 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 38 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 41 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 32 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 42 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 33 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို