နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကိုဗစ်ချေးငွေတွေကို သတိပေးစာနဲ့ ပြန်တောင်းဖို့ စစ်ကောင်စီ စီစဉ်နေ

ဇန်နဝါရီလ (၁၈)ရက်။

ကိုဗစ်-၁၉ ချေးငွေတွေအနေနဲ့ ထုတ်ချေးပေးထားတာတွေကို ပြန်တောင်းဖို့ဆိုပြီး စစ်ကောင်စီက အစည်းအဝေးပြုလုပ်ကာ စီစဉ်နေတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ကိုဗစ်ချေးငွေတွေ ပြန်တောင်းဖို့ကို ဇန်နဝါရီလ (၁၆)ရက်နေ့က ကော်မတီအစည်းအဝေးတရပ် ခေါ်ယူပြီး စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးက ပြောဆိုခဲ့တာပါ။

နိုင်ငံက ကိုဗစ်-၁၉ ချေးငွေအနေနဲ့ ထုတ်ချေးထားတဲ့ ကျပ်ဘီလီယံ (၂၀၀)ထဲက ပြန်လည်ပေးသွင်းတာမှာ ကျပ် (၈၂)ဘီလီယံ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

ကိုဗစ်ချေးငွေထဲက နိုင်ငံရဲ့ လှည့်ပတ်ရန်ပုံငွေကို ကျပ်(၅၀)ဘီလီယံနဲ့ အထွေထွေပိုလျှံငွေကနေ ထုတ်ပေးထားတဲ့ ကျပ် (၁၅၀)ဘီလီယံထဲက ကျပ် (၆၈)ဘီလီယံ စုစုပေါင်း ကျပ် (၁၁၈)ဘီလီယံကို ကောက်ခံပြီးပြီလို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့ အစည်းအဝေးထဲ နိုင်ငံကို ငွေပြန်လည်ပေးသွင်းတဲ့အခြေအနေ၊ ပြန်လည်ပေးဆပ်နေတာနဲ့ ပေးဆပ်ဖို့ကျန်နေတဲ့ ချေးငွေတွေကို ဆောင်ရွက်မယ့်အခြေအနေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

နောက်ပြီး မွေးမြူရေးကဏ္ဍနဲ့ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်း၊ မီဒီယာကဏ္ဍကို ထုတ်ပေးထားတဲ့ ချေးငွေတွေဟာ အခုနှစ်ထဲ သက်တမ်းပြည့်တော့မှာဖြစ်တာကြောင့် အသိပေးအကြောင်းကြားစာထုတ်ပြန်ဖို့ စစ်ကောင်စီက စီစဉ်နေပါတယ်။

စစ်တပ်အာဏာသိမ်းဖို့ကြိုးစားတဲ့ (၄)နှစ်တာကာလထဲ ပြည်သူတွေအနေနဲ့ အထွေထွေအကြပ်အတည်းမျိုးစုံနဲ့ ရင်ဆိုင်နေရကာ စစ်ကောင်စီက နည်းလမ်းမျိုးစုံနဲ့ ဖိနှိပ်ဖို့ ကြိုးစားနေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတယ်လို့ စစ်ခေါင်းဆောင်က အိန္ဒိယငြိမ်းချမ်းရေးသံတမန်နဲ့တွေ့ဆုံချိန် ပြောဆိုခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 21 Views
ဖေဖော်ဝါရီလ (၁၀)ရက်။ မနေ့က နေပြည်တော်မှာ အိန္ဒိယနိုင်ငံရဲ့ လူသားစာနာမှုခေါင်းဆောင်နဲ့ ငြိမ်းချမ်းရေးသံတမန်ဖြစ်တဲ့ Gurudev Sri Sri Ravi Shankar
မြန်မာသတင်း

မြေကြီးက ရွှေသီးအောင်လုပ်ဖို့ဆိုပြီး စစ်ခေါင်းဆောင်က အကယ်ဒမီပေးပွဲမှာပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၁၀)ရက်။ တိုင်းပြည်သာယာဝပြောအောင် မြေကြီးက ရွှေသီးအောင်လုပ်ဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ အကယ်ဒမီပေးပွဲမှာပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့အချိန်မှာ
မြန်မာသတင်း

ရန်ကုန် ဒေါပုံမြို့မရဲစခန်းမှာ အချုပ်သား (၄)ဦး ထွက်ပြေးမှုဖြစ်ပွား

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်
  • 8 Views
ဖေဖော်ဝါရီလ (၉)ရက်။ ဒီကနေ့ နံနက် (၂)နာရီအချိန်က ရန်ကုန်တိုင်း ဒေါပုံမြို့နယ် မြို့မရဲစခန်းက အချုပ်သားအချို့ အချုပ်ခန်းဖောက်ပြေးမှုဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေထံက သိရပါတယ်။ “ နံနက်အစောပိုင်း (၂)နာရီလောက် ဒေါပုံရဲစခန်းက အချုပ်သားတွေ သော့ဖျက်ပြီး အချုပ်ခန်းဖောက်ပြေးတာပါ၊ စုစုပေါင်း
မြန်မာသတင်း အာရှ

မြန်မာမှာ အကြမ်းဖက်တာတွေ ချက်ချင်းရပ်တန့်ဖို့ ဂျပန်နိုင်ငံခြားရေး ဒုဝန်ကြီး တောင်းဆို

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်
  • 16 Views
ဖေဖော်ဝါရီလ (၉)ရက်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်တာတွေ ချက်ချင်းရပ်တန့်ဖို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒုဝန်ကြီးက ထပ်မံတောင်းဆိုခဲ့တယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖေဖော်ဝါရီလ (၄)ရက်နေ့ ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး
မြန်မာသတင်း

တပတ်တာ တောင်ပိုင်းစစ်ဒေသတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀)ကျော်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်
  • 8 Views
ဖေဖော်ဝါရီလ (၉)ရက်။ ‌အခုတပတ်တာထဲ တောင်ပိုင်းစစ်ဒေသမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်တွေကို (၁၈)ကြိမ်ခန့် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ‌မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၅၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး (၂ဝ)ဦး ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးရဲဘော်တွေဘက်က (၄)ဦးကျဆုံးခဲ့ပြီး (၁၈)ဦး
မြန်မာသတင်း

မန္တလေးမှာ မူးယစ်မှောင်ခိုဂိုဏ်းတစ်ဖွဲ့ကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၉)ရက်။ ဖေဖော်ဝါရီလ (၁)ရက်နေ့က မန္တလေးမှာ မူးယစ်မှောင်ခိုဂိုဏ်းတစ်ဖွဲ့ကို ငွေကျပ် (၇)ဘီလီယံကျော်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မန္တလေး ပြည်ကြီးတံခွန်မြို့မှာ မူးယစ်ဆေးဝါးအရောင်းအဝယ်ပြုလုပ်မယ်ဆိုတဲ့ သတင်းအရ စောင့်ဆိုင်းခဲ့ရာကနေ အမျိုးသား (၂)ဦးကို
မြန်မာသတင်း

CDM ဝန်ထမ်းတွေအပေါ် အပြည့်အဝမကူညီနိုင်တာတွေကို နားလည်ပေးဖို့ NUG ယာယီသမ္မတပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၉)ရက်။ CDM ဝန်ထမ်းတွေအပေါ် အပြည့်အဝ မကူညီနိုင်ခဲ့တာတွေကို နားလည်ပေးဖို့ NUG ယာယီငမ္မတ ဒူဝါလရှီးလက မနေ့ကပြုလုပ်တဲ့ CDM ဝန်ထမ်းတွေကို ဂုဏ်ပြုတဲ့ (၄)နှစ်ပြည့်အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ပြည်သူတရပ်လုံးကို မေတ္တာရပ်ခံလိုတာကတော့
1027 Operations မြန်မာသတင်း

သီပေါမြို့အဝင်မုခ်ဦးပုံစံ TNLA ပြောင်းလဲတဲ့‌အပေါ် သျှမ်းအရပ်ဖက်အင်အားစုတွေ ကန့်ကွက်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 11 Views
ဖေဖော်ဝါရီလ (၈)ရက်။ TNLA က သီပေါမြို့အဝင်ဆိုင်းဘုတ်ကို ပုံစံပြောင်းလဲခဲ့တာနဲ့ပတ်သက်ပြီး သျှမ်းအရပ်ဖက်အင်အားစုတွေက ဒီကနေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ သီပေါမြို့ကို TNLA က သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီးနောက် မြို့အဝင်ဆိုင်းဘုတ်ကို ဒေသခံတွေရဲ့ သဘောဆန္ဒမပါဘဲ လူမျိုးစုတစ်ခုထဲသာ ကိုယ်စားပြုတဲ့