နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဆော်ဒီအာရေးဗီးယားတွင် အမေရိကန်နှင့် ရုရှားတို့ တွေ့ဆုံဆွေးနွေးနေခြင်းသည် အလွန်အပြုသဘောဆောင်သည်ဟု ကရင်မလင်ပြော

ဖေဖော်ဝါရီလ (၁၇) ရက်။

မော်စကို-ဝါရှင်တန် ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန်နှင့် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရန် အမေရိကန်နှင့် ရုရှားတာဝန်ရှိသူများက ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်တွင် တွေ့ဆုံဆွေးနွေးကြမည်မှာ အလွန်ကောင်းမွန်ကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က CNN သို့ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ပေါင်းစည်းစကားပြောရတာ အရမ်းကောင်းပြီး အပြုသဘောဆောင်ပါတယ်။ ဒါပေမယ့် ကြိုတင်ခန့်မှန်းမှုတစ်ခုလုပ်ဖို့ နည်းနည်းစောသေးတယ်။ အင်္ဂါနေ့အထိ စောင့်ကြည့်ရအောင်၊ ဆွေးနွေးပွဲရဲ့ အစက ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရအောင်” လို့ ပက်စ်ကော့ဗ်က ပြောပါသည်။

ဆွေးနွေးပွဲများကို ဆော်ဒီမြို့တော်၌ အင်္ဂါနေ့တွင် စတင်ရန် စီစဉ်ထားသည်။ အမေရိကန် ကိုယ်စားလှယ်အဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီး မာကိုရိုဘီရို၊ အမျိုးသားလုံခြုံရေးအကြံပေး မိုက်ဝ့ါလ်ဇ် (Mike Walz) နှင့် အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးကိုယ်စားလှယ် စတီဗ် ဝစ်ကော့ဖ် (Steve Witkof) တို့ ပါဝင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အစောပိုင်းတွင် အတည်ပြုခဲ့သည်။

ရုရှားကိုယ်စားလှယ်အဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ် (Sergey Lavrov) နှင့် သမ္မတလက်ထောက် ယူရီ ဦရှကော့ဗ် (Yury Ushakov) တို့ ပါဝင်မည်ဖြစ်ကြောင်း ကရင်မလင်ထံမှ သိရသည်။ ရုရှားနိုင်ငံ၏ အချုပ်အခြာအာဏာ ကြွယ်ဝမှုရန်ပုံငွေအဖွဲ့၏ အကြီးအကဲ ကီရီးလ် ဒီမီထရီဗ် (Kirill Dmitriev) သည် ဆွေးနွေးပွဲတွင် ပါဝင်မည်ဖြစ်ကြောင်း အခြေအနေကို သိရှိသည့် သတင်းရင်းမြစ်တစ်ခုက CNN သို့ ပြောကြားခဲ့သည်။

(ဓာတ်ပုံ)

ကရင်မလင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် (Dmitry Peskov) သည် ဒီဇင်ဘာလတွင် မော်စကို၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်နိုင်ငံမင်နီအာ့ပလစ် (Minneapolis) မြို့တွင် ဖြစ်ပွားခဲ့သည့် ကြေကွဲဘွယ် ပစ်သတ်ခံရသည့်သူနာပြု အဲလက်စ် ပရက်တီအကြောင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 12 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၆ရက် မင်နီယာပိုလစ် (Minneapolis) မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေး အရာရှိ များက ဝိုင်းပစ်ခတ်သည့်အတွက် သေဆုံးခဲ့ရသော
နိုင်ငံတကာသတင်း မြောက်ကိုရီးယား

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ဒုတိယဝန်ကြီးချုပ်တစ်ဦးကို ရာထူးမှထုတ်ပယ်၊ ‘နွားလှည်းကို ဆွဲတဲ့ဆိတ်’ ဟုခိုင်း နှိုင်းပြစ်တင်ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 28 Views
CNN- ဆိုးလ်မြို့ – AP မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် စက်ရုံအဆင့်မြှင့်တင်ရေး စီမံကိန်း တစ်ခု တွင် ပြဿနာများရှိခဲ့ခြင်းကြောင့် ဒုတိယဝန်ကြီးချုပ်တစ်ဦးကို
ဆော်ဒီအာရေးဘီးယား နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဆော်ဒီအာရေဗျတွင် ဒေါ်လာ ၂.၅ ထရီလီယံတန်ဖိုးရှိ သတ္တုတွင်းထွက် အရန်အင်အား ရှိကြောင်း ပြောကြား၊ ၎င်းသည် မြေရှားသတ္ထု (Rare Earths) ပြိုင်ပွဲတွင် အဓိက ကစား သမား ဖြစ်လာနိုင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ဂရင်းလန်းကျွန်းနှင့် ပတ်သက်၍ ရှားပါးမြေဒြပ်စင်ဆိုင်ရာ အခွင့်အရေးများ ပါဝင်မည့် ဖြစ်နိုင်ခြေရှိသော သဘောတူညီချက်တစ်ခု ရရှိခဲ့ကြောင်း ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့ပြီးနောက် သတ္တုတွင်းထွက်ပစ္စည်းများသည်
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

ဥရောပ၏ ‘လက်တွေ့ဘဝသစ်’ – အတ္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေးများ ပြိုကွဲသွားခဲ့သည့် သီတင်းပတ်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက် ဘရပ်ဆဲလ်မြို့ — ဒေါ်နယ်ထရမ့်အနေဖြင့် ကမ္ဘာသစ်တစ်ခုကို တည်ဆောက်ရန် ခြောက်ရက် သာ အချိန်ယူခဲ့ရသည်။ ခုနစ်ရက်မြောက်နေ့တွင်မူ သူ၏ ဥရောပမဟာမိတ်ဟောင်းများ အနေဖြင့် သူ့ကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ယနေ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့အတွက် ကမ္ဘာ့နိုင်ငံရေး၊ စစ်ရေးနှင့် အားကစားဆိုင်ရာ ထူးခြားသော သတင်းများကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 46 Views
နိုင်ငံရေးနှင့် စစ်ရေးသတင်းများ (Politics & Wars) ၁။ ဒေါ်နယ်ထရန့်၏ “ ငြိမ်းချမ်းရေးဘုတ်အဖွဲ့” (Board of Peace) နှင့် ဂါဇာအပစ်ရပ်ရေး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည်ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်(Davos)မြို့ တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အရှေ့ဂျေရုဆလင်ရှိ ကုလသမဂ္ဂ အေဂျင်စီဌာနချုပ်ကို ပိတ်ပင်ပြီးနောက် အစ္စရေးက စတင်ဖျက်ဆီး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ (UNRWA) ၏ လုပ်ငန်း ဆောင်ရွက်မှုများကို ပိတ်ပင်သည့် ဥပဒေတစ်ရပ် ပြဌာန်းပြီးနောက်၊ အစ္စရေးသည် အရှေ့ဂျေရုဆလင်ရှိ
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

အာတိတ်ဒေသအတွက် အားပြိုင်ပွဲကြီး – ရုရှား၊ တရုတ်နှင့် အမေရိကန်တို့ အဘယ်ကြောင့် အာရုံစိုက်နေကြသနည်း?

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 44 Views
အာတိတ်ဒေသအား ထိန်းချုပ်နိုင်ရန် ကြိုးပမ်းမှုသည် အဘယ်ကြောင့် အလွန်အရေးကြီး သနည်း? CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂရင်းလန်းကျွန်း (Greenland) ကို အမေရိကန်၏ အစိတ်အပိုင်းတစ်ခု
ဆီရီးယား နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဆီးရီးယားစစ်တပ်က ကာ့ဒ်တို့ထိန်းချုပ်ထားသည့် နယ်မြေအများအပြားကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 40 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် ဆီးရီးယားစစ်တပ်သည် ဒေသခံမျိုးနွယ်စု လက်နက်ကိုင်များ၏ အကူအညီဖြင့် နှစ်ရက်တာ ကာလအတွင်း ဆီးရီးယားမြောက်ပိုင်းရှိ ကာ့ဒ်တပ်ဖွဲ့များ ဆယ်စုနှစ်တစ်ခုကျော်ကြာ ထိန်းချုပ် ထားခဲ့သည့် နယ်မြေအကျယ်အဝန်းအများအပြားကို တိုက်ထုတ်သိမ်းပိုက် နိုင်ခဲ့သည်။