နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

အမေရိကန်က လုံခြုံရေးအာမခံချက်ပေးရင် မြေရှားသတ္တုပေးဖို့ သဘောတူညီချက်ကို ယူကရိန်းက လမ်းဖွင့်ထားတယ်လို့ ဇလန်းစကီးပြော

ဖေဖော်ဝါရီလ (၁၇) ရက်။

အမေရိကန်သည် ယူကရိန်းလုံခြုံရေးကို အာမခံခဲ့ပါက မြေရှားသတ္တုတွင်းထွက်များကို အမေရိကန်ပြည်ထောင်စုက ရရှိခွင့်ကို လက်မှတ်ရေးထိုးပေးရန် အဆင်သင့်ရှိကြောင်း ယူကရိန်းသမ္မတ ဗလာဒီမာ ဇလန်းစကီးက ပြောကြားခဲ့သည်။

“မေးစရာက ယူကရိန်းက ဘာပေးနိုင်မလဲထက်၊ ယူကရိန်းက ဘာရနိုင်မလဲဆိုတာပဲ ဖြစ်တယ်” ဟဟု ဇလန်းစကီးက တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲတွင်ည်။

သီတင်းပတ်ကုန်တွင်၊ ဇလန်းစကီးက ဝါရှင်တန်ထံမှ အနာဂတ် စစ်ရေးအကူအညီအတွက် ယူကရိန်း၏ ဓာတ်သတ္တုသိုက်များကို မေရိကန်အား ရယူခွင့်ပေးမည့် အမေရိကန်နှင့် ပထမဆုံး သဘောတူညီချက်မူကြမ်းကို ၎င်း၏၀န်ကြီးတစ်ဦးကိုမျှ လက်မှတ်မထိုးစေခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

တနင်္လာနေ့က ပြောကြားရာတွင် ယူကရိန်းသည် အမေရိကန်ထံမှ “အသေးစိတ် အစီအစဉ်” ကို မကြာမီ လက်ခံရရှိရန် မျှော်လင့်ထားကြောင်း ဇလန်းစကီးက ပြောကြားခဲ့သည်။ သတ္တုသိုက်များနှင့်ပတ်သက်၍ ဝါရှင်တန်နှင့် သဘောတူစာချုပ်ချုပ်ဆိုရာတွင် ယူကရိန်းသည် “အလွန်စိတ်ဝင်စားပါတယ်” ဟု အလေးပေး ပြောကြားခဲ့သော်လည်း လုံခြုံရေးအာမခံချက်များနှင့်ပတ်သက်၍ အမေရိကန်က အတိအကျ မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ဆိုသည့်အပေါ် ပိုမိုရှင်းလင်း ပြတ်သားစွာ သိလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

“သူတို့မှာ အလွန်တန်ဖိုးရှိတဲ့ မြေရှားသတ္တု၊ ရေနံ၊ သဘာဝဓာတ်ငွေနဲ့ တခြားအရာတွေ ရှိတယ်။ ငါတို့ပေးလိုက်တဲ့ငွေတွေအတွက် လုံခြုံစေချင်တယ်” ဟု ထရန့်က Fox News နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

လွန်ခဲ့သည့် သီတင်းပတ်က ထရမ့်အစိုးရသည် ရုရှားနှင့် ညှိနှိုင်းဖြေရှင်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် နေတိုးအဖွဲ့ဝင်ရန် ယူကရိန်း၏မျှော်လင့်ချက်ကို ထိုးနှက်ခဲ့သော်လည်း၊ အမေရိကန်နှင့် သဘောတူညီချက်သည် လုံခြုံရေးအာမခံချက်တစ်ခုခုကို အနည်းဆုံးဖော်ပြသင့်ပြီး ဥပမာအားဖြင့် နေတိုးကဲ့သို့သောအာမခံချက် သို့မဟုတ် အခြားရွေးချယ်စရာလမ်းရှိသင့်သည်ဟု ဇလန်းစကီးက ပြောကြားခဲ့သည်။

သတင်းရင်းမြစ်။ CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 80 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 91 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 90 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 88 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 86 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 103 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက