နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကန့်ဘလူ ပလဖအချုပ်စခန်းမှာ အချုပ်သူအချို့ မုဒိန်းကျင့်ခံရတဲ့ဖြစ်စဉ်က ကျူးလွန်သူတွေကို တာဝန်ရပ်ဆိုင်းထားတယ်လို့ဆို

ကန့်ဘလူ ပလဖအချုပ်စခန်းမှာ အချုပ်သူအချို့ မုဒိန်းကျင့်ခံရတဲ့ဖြစ်စဉ်က ကျူးလွန်သူတွေကို တာဝန်ရပ်ဆိုင်းထားတယ်လို့ဆို

ဖေဖော်ဝါရီလ (၁၈)ရက်။

ကန့်ဘလူရှိ ပလဖအချုပ်စခန်းတစ်ခုမှာ အချုပ်သူအချို့ကို မုဒိန်းကျင့်တဲ့ဖြစ်စဉ်က ပြစ်မှုကျုးလွန်သူတွေကို တာဝန်ကနေ ရပ်ဆိုင်းထားတယ်လို့ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ဒီကနေ့ Press Briefing မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ကန့်ဘလူမြို့နယ်မှာ ဖမ်းဆီးချုပ်နှောင်ထားတဲ့ အချုပ်သူ (၃)ဦးကို မြို့နယ်ပအဖနဲ့ ပလဖတာဝန်ရှိသူတချို့က မတော်မတရားလုပ်တာကို တိုင်ကြားတာ ရှိခဲ့ပါတယ်”လို့ သူက ဆိုပါတယ်။

အချုပ်စခန်းက အချုပ်သူ (၃)ဦးကို မုဒိန်းမှုကျူးလွန်ခဲ့တာမှာ မြို့နယ်ပအဖနဲ့ ပလဖ တာဝန်ရှိသူအချို့ပါဝင်ကာ တိုင်ကြားချက်ရရှိတာနဲ့ တပြိုင်ထဲ ဗဟိုတိုင်ကြားစာကော်မတီက အွန်လိုင်းကနေ စစ်ဆေးဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

“အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲချုပ်က ဦးဆောင်ကာ မြေပြင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်နေသလို တိုင်ကြားခံထားရသူ (၃)ဦးကို တာဝန်ကနေ ယာယီရပ်ဆိုင်းထားပြီး အမှုမှန်ပေါ်ပေါက်ဖို့အတွက် ဆက်လက်ဆောင်ရွက်နေတယ်”လို့ သူက ဆက်ပြောပါတယ်။

နောက်ပြီး ကျူးလွန်ခံရတဲ့ အချုပ်သူတွေရဲ့ လုံခြုံရေးနဲ့ လွတ်လပ်စွာ ထွက်ဆိုနိုင်ဖို့နဲ့ တရားမျှတမှု ရှိစေဖို့အတွက်ကိုလဲ အချုပ်နေရာ ပြောင်းလဲချုပ်နှောင်ပြီး စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျန်ရှိနေသေးတဲ့ အမှုတွဲတွေ စစ်ဆေးဆောင်ရွက်ပြီးပါက တွေ့ရှိချက်တွေအပေါ် မူတည်ပြီး တရားဥပဒေအရ ဝန်ထမ်းရေးရာ လုပ်ထုံးလုပ်နည်းတွေအရ အရေးယူသွားမယ်လို့လဲ ပြောဆိုခဲ့ပါတယ်။

ပလဖအချုပ်စခန်းမှာ ဖမ်းဆီးခံထားရတဲ့ အချုပ်သူအချို့ မုဒိန်းကျင့်ခံရတဲ့အမှုဟာ ၂၀၂၃ခုနှစ်ကစပြီး ပေါ်ပေါက်ခဲ့ပေမယ့် (၂)နှစ်နီးပါးခန့်အကြာမှသာ NUG က အခုလို ထုတ်ဖော်ပြောဆိုလာတာပါ။

အဲ့ဒီလို အချုပ်သူအချို့ မုဒိန်းကျင့်ခံရတဲ့ဖြစ်စဉ်ထဲ ကျူးလွန်သူတွေဟာ ခရိုင်ပအဖခေါင်းဆောင် ဦးမြင့်ဇော်ဦး(ခ)မဲခေါင်အပြင် စခန်းမှူး ဦးရဲရင့်နဲ့ ပလဖအဖွဲ့ဝင် ဦးအာကာတို့ဖြစ်တယ်လို့ ‌နီးစပ်သူတွေထံက သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 137 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 111 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 103 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 83 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို