နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်အသံ (Voice of America) ကို ထရန့်က ဖျက်သိမ်းလိုက်ခြင်းနှင့် ပတ်သက်ပြီး ‘ဘယ်လောက်တောင် ကြည်နူးစရာ ကောင်းလဲ’ ဟု တရုတ်က ဂုဏ်ပြုမှာပါ။

မတ်လ (၁၈) ရက်။

တရုတ်အမျိုးသားရေးအင်ဖလူဝင်ဇာတစ်ဦးက ၎င်းကို “တကယ် ကျေနပ်စရာ” ဟု ပြောလိုက်ပြီး နောက်တစ်ယောက်ကလည်း ခေါင်းကိုငုံ့ကာ ရယ်လိုက်သည်။ ပြီးတော့ နိုင်ငံပိုင်မီဒီယာ အယ်ဒီတာ့အာဘော်တွင် “လိမ်လည်ပြောကြားနေတဲ့စက်ရုံ” ဟု ခေါ်ဆိုသည့် “ဗီအိုအေ” နိဂုံးချုပ်မှုကို ဝမ်းသာအားရ ထောက်ခံလိုက်ပါသည်။

တရုတ်နိုင်ငံနှင့်ပတ်သက်သည့် ဗီအိုအေနှင့် အာအက်ဖ်အေတို့၏ ဝေဖန်ပြောဆိုမှုများ အထူးသဖြင့် လူ့အခွင့်အရေးနှင့် ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်မှုများအတွက် နှစ်ပေါင်းများစွာ ပြောကြားနေမှုကို တရုတ်အစိုးရနှင့် ၎င်း၏ ဝါဒဖြန့်ချိရေးယန္တရားများသည် ပြန်လည်တိုက်ခိုက်လျက်ရှိနေခဲ့သည်။

အာဏာရှင်အစိုးရများကို ရည်ရွယ်ထုတ်လွှင့်ရန် ဖွဲ့စည်းတည်ထောင်ပေးထားသော အမေရိကန်အသံ (VOA)၊ အာရှအသံ (RFA) နှင့် အခြားအမေရိကန်အစိုးရမှ ထောက်ပံ့ထားသည့် မီဒီယာအဖွဲ့အစည်းများကို ဖျက်သိမ်းရန် သမ္မတ ‌ဒေါ်နယ်ထရန့်က သမ္မတအမိန့်ကို သောကြာနေ့က လက်မှတ်ရေးထိုးပြီးနောက် တရုတ်အမျိုးသားရေးဝါဒီများနှင့် နိုင်ငံပိုင်မီဒီယာများသည် သူတို့၏ ဝမ်းမြောက်ပီတိဖြစ်မှုကို မထိမ်းသိမ်းနိုင်လောက်အောင် ဖြစ်ခဲ့ကြသည်။

ယခုလည်း၊ ထရန့် အစိုးရသည် ဘီဂျင်းအစိုးရက အမြဲကြိုးစားတန်ပြန်နေရသည့် သတင်းဌာနကို ပိတ်ပင်လိုက်သည်။ တဖက်တွင် တရုတ်အစိုးရသည်သူ၏ နိုင်ငံပိုင်မီဒီယာကို ကမ္ဘာလုံးဆိုင်ရာ သူ၏ခြေရာကို ချဲ့ထွင်ရန် အကုန်အကျများစွာခံပြီး သုံးစွဲနေချိန်တွင် အမေရိကန်ဖက်တွင် အသံများ တိတ်ဆိတ်သွားခဲ့သည်။

ရန်လိုသော ကွန်မြူနစ်ပါတီပိုင် သတင်းစာဖြစ်သည့် Global Times ၏ တနင်္လာနေ့ အယ်ဒီတာ့အာဘော်တွင် ဗွီအိုအေကို “မုသားစက်ရုံ” အဖြစ် ရှုတ်ချခဲ့ပြီး တရုတ် နိုင်ငံနှင့် ပတ်သက်သည့် သတင်းပေးပို့မှုအပေါ် “ဆိုးဆိုးဝါးဝါးမှတ်တမ်း” ပြုခဲ့သည်ဟု ဝေဖန်ခဲ့သည်။

အနောက်အစွန်ဆုံး ဇင်ဂျင်း (Xinjiang) ဒေသရှိ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များမှ သတင်းပေးပို့ခြင်းမှ တောင်တရုတ်ပင်လယ်အငြင်းပွားမှုများ၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ ကိုရိုနာကူးစက်ရောဂါနှင့် တရုတ်စီးပွားရေးအကြောင်း အစီရင်ခံခြင်းအထိ “တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ အန္တရာယ်ရှိတဲ့ လိမ်လည်လှည့်ဖြားမှုတိုင်းလိုလိုမှာ VOA ရဲ့ လက်ဗွေရာတွေ ရှိတယ်” ဟု အယ်ဒီတာ့အာဘော်က ဆိုသည်။

“အမေရိကန်တွေက သူတို့ရဲ့ အချက်အလက်တွေကို ပိုးအိမ်တွေကို ဖောက်ထွက်ပြီး တကယ့်ကမ္ဘာနဲ့ ဘက်ပေါင်းစုံ တရုတ်နိုင်ငံကို မြင်လာတာနဲ့အမျှ VOA က ဖြန့်တဲ့ နတ်ဆိုးပုံပြင်တွေဟာ နောက်ဆုံးမှာ ခေတ်ရဲ့ ရယ်မောစရာ ဖြစ်လာလိမ့်မယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ဗွီအိုအေ၏ တရုတ်သတင်းပေးပို့ချက်များသည် ဆယ်စုနှစ်များစွာကြာအောင် ရှည်လျားခဲ့သည်။ ၁၉၈၉ တိန်အန်မင် (Tiananmen) ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲများအတွင်း ၎င်း၏ တရုတ်ဘာသာ ရေဒီယို ထုတ်လွှင့်မှုများသည် တရုတ်ပြည်သူများအတွက် ဆင်ဆာဖြတ်ခံ မထိသော နားထောင်နိုင်သည့် သတင်းအချက်အလတ် အရင်းအမြစ်များ ဖြစ်လာခဲ့သည်။ VOA သည် ၎င်း၏ တရုတ်ရေဒီယိုထုတ်လွှင့်မှုကို ၂၀၁၁ ခုနှစ်တွင် ရပ်ဆိုင်းခဲ့သော်လည်း ၎င်း၏ တရုတ်ဘာသာ စကား ဝဘ်ဆိုဒ်သည် တနင်္လာနေ့အထိ အွန်လိုင်းတွင် ရှိနေခဲ့သည်။)

၁၉၉၆ ခုနှစ်တွင် တည်ထောင်ခဲ့သော RFA သည် တရုတ်အစိုးရအား ဖိနှိပ်သည်ဟု ကာလရှည်ကြာ စွပ်စွဲခံထားရသော တိုင်းရင်းသား လူနည်းစုများကို ပံ့ပိုးပေးသည့် အင်္ဂလိပ်၊ တရုတ်၊ ဝီဂါနှင့် တိဗက်ဘာသာစကား ဝန်ဆောင်မှုများကို တရုတ်နိုင်ငံသို့ ထုတ်လွှင့်ပေးခဲ့သည်။

RFA အမှုဆောင်အရာရှိချုပ် ဘေးဖန်ဂ် (Bay Fang) က အမေရိကန်၏ ထောက်ပံ့ကြေး ဖြတ်တောက်မှုသည် တရုတ်ကွန်မြူနစ်ပါတီ အပါအဝင် အာဏာရှင်များနှင့် မတရား အုပ်စိုးသူများကို ဆုလာဒ်ချီးမြှင့်လိုက်ခြင်းဖြစ်ပြီး ထိုသူများသည် “သတင်းအချက်အလက် နေရာများတွင် ၎င်းတို့၏ သြဇာလွှမ်းမိုးမှုကို အစစ်အဆေးမရှိ ထုတ်လွှင့် နိုင်ခြင်းထက် သာလွန်ကောင်းမွန်သော အခြားအရာတို့ကို မလိုလားပါ” ဟု ပြောကြားခဲ့သည်။

တရုတ်ဆိုရှယ်မီဒီယာတွင် အမျိုးသားရေးဝါဒီများက VOA ရပ်ဆိုင်းသွားခြင်းအား အောင်ပွဲခံခဲ့ ကြပြီး VOA ဝန်ထမ်း ၁,၃၀၀ လုံးကို လစာပြည့် ခွင့်ပေးလိုက်ခြင်းနှင့် ဖယ်ဒရယ် ထောက်ပံ့ကြေးများ ရပ်စဲလိုက်ခြင်းကြောင့် မိမိတို့လုပ်ငန်းများ ရပ်ဆိုင်းနိုင်သည်ဟု RFA ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

“အမေရိကန်အသံက လေဖြတ်သွားပါပြီ၊ ဒီလိုပဲ Radio Free Asia (RFA) လည်းပိတ်သွားပြီ ဒီအသံလွှင့်ဌာနတွေဟာ တရုတ် မုန်းတီးရေးကိုရှေးရှုခဲ့တယ် တကယ့်ကို ကျေနပ်စရာကောင်းပါတယ် ဟု Global Times ၏ အယ်ဒီတာချုပ်ဟောင်းနှင့် ထင်ရှားသော အမျိုးသားရေးဝါဒီ ဝေဖန်သုံးသပ်သူ ဟူဇီဂျင်း (Hu Xijin) က ရေးသားခဲ့သည်။

“တရုတ်ပြည်သူအားလုံးနီးပါးက Voice of America: VOA ကို သိကြပြီး၊ ဒါဟာ တရုတ်နိုင်ငံထဲကို အမေရိကန်ရဲ့ အယူဝါဒ စိမ့်ဝင်မှုရဲ့ သင်္ကေတတစ်ခု ဖြစ်ပါတယ်” ဟု ဟူ (Hu) က နောက်လိုက် (Follower) ၂၅ သန်းနီးပါးရှိတဲ့ မိုက်ခရို ဘလောက်ဂျင်း (microblogging) Weibo မှာ ရေးသားခဲ့ပါသည်။ “တရုတ်လူမျိုးတွေက အမေရိကန်ရဲ့ တရုတ်ဆန့်ကျင်ရေး အယူဝါဒ အမာခံနယ်မြေ အတွင်းကနေ ပြိုပျက်သွားတာကို လန့်ဖြန့်ပြီး ပျံသန်းပြေးထွက်သွားတဲ့ ငှက်အုပ်စုတွေကို မြင်ရတာထက် ပိုပျော်တယ်လို့ (ကျနော်) ယုံကြည်ပါတယ်။”

နောက်ထပ်အမျိုးသားရေးဝါဒီ ဝေဖန်သူတဦးက VOA နှင့် RFA တို့သည် အရောင်တော်လှန်မှုများအတွက် နာမည်ဆိုးဖြင့်ကျော်ကြားသော ဝါဒဖြန့်စက်များဖြစ်သည်ဟု ဆိုကာ ယခင်ဆိုဗီယက်ယူနီယံနှင့် ဘော်လကန်ဒေသရှိ အစိုးရများကို ဖြုတ်ချခဲ့သည့် ၂၀၀၀ ပြည့်လွန်နှစ်များက ဆန္ဒပြပွဲများကို ရည်ညွှန်းပြီး စွပ်စွဲခဲ့သည်။

အခြားသူများကမူ ထရန့်ကိုအားပေးကြပြီး ထရန့်ပထမသမတသက်တမ်းတွင် သူ့အား နာမည်ပြောင် “Chuan Jianguo” သို့မဟုတ် တရုတ်နိုင်ငံတည်ဆောက်သူ” ဟု တရုတ်အင်တာနက်တွင် အမည်ပေးထားခဲ့သည်။ အမေရိကန်သမ္မတ၏ အထီးကျန်ဆန်သော နိုင်ငံခြားရေးမူဝါဒနှင့် သဘောထားကွဲလွဲနေသော ပြည်တွင်းအစီအစဉ်များက ဘီဂျင်းကို ကမ္ဘာ့ဇာတ်ခုံတွင် ဝါရှင်တန်ကို ကျော်တက်နိုင်ရန် ကူညီနေသည်ဟု အခြားသူများက လှောင်ပြောင်ကြသည်။

“ကျေးဇူးတင်ပါတယ်၊ ရဲဘော် Chuan Jianguo နဲ့ အီလွန်မတ်ခ် ကျေးဇူးပြုပြီး ဂရုစိုက်ပြီး ဘေးကင်းအောင်နေပေးပါ” ဟု Weibo အသုံးပြုသူတစ်ဦးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

အမေရိကန်အစိုးရအတွက် ဖြတ်တောက်လျော့ချမှုများကို ဦးဆောင်နေသည့် ထရန့်၏ ဘီလီယံနာ အကြံပေးသူဌေးကြီး အီလွန်မတ်စ်က VOA ကို ပိတ်ပစ်ရန် သူ့ရဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်း X ကို အသုံးပြုခဲ့ပါသည်။

“ဒီသတင်းက ခေတ်တစ်ခုရဲ့အဆုံးသတ်ပါပဲ” ဟု Weibo တွင် အခြားမှတ်ချက်တစ်ခုက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

အိမ်ဖြူတော်သည် စနေနေ့က ထုတ်ပြန်ချက်တစ်ခုတွင် ထရန့်၏သမတအမိန့်ကို ကာကွယ်ခဲ့ပြီး “အခွန်ပေးသူများသည် အစွန်းရောက်ဝါဒဖြန့်ချီခြင်းအတွက် အကုန်အကျခံရခြင်း မရှိတော့ကြောင်း သေချာစေမည်” ဟုဆိုသည်။

သသို့ရာတွင် အမေရိကန်က ထောက်ပံ့ထားသည့် အသံလွှင့်ရုံများ ပျက်သွားခြင်းကြောင့် တရုတ်က ကမ္ဘာကို သူပေးချင်သည့်သတင်းစကားများကို ချဲ့ထွင်ဖို့ အလုပ်ရှုပ်နေခဲ့သည်။

ခေါင်းဆောင်ရှီကျင်းဖျင့်လက်ထက်တွင် တရုတ်နိုင်ငံသည် အနောက်တိုင်းမှ တရားမျှတမှုမရှိ လွှမ်းမိုးထားသော သတင်းပြောကြားသော ကမ္ဘာတွင် တန်ပြန် “ဟောပြောနိုင်စွမ်း” ရရှိရန် တွန်းအားပေးမှု တစ်စိတ်တစ်ပိုင်းအဖြစ် ၎င်း၏နိုင်ငံပိုင်မီဒီယာများ၏ လက်လှမ်းမီမှုနှင့် သြဇာကို သိသိသာသာ ချဲ့ထွင်ခဲ့သည်။

၂၀၁၈ ခုနှစ်တွင် ဘေဂျင်းသည် နိုင်ငံရပ်ခြားမှ ပရိသတ်များကို ရည်ရွယ်ထားသည့် ပိုမိုကောင်းမွန်စွာ ပေါင်းစပ်နိုင်စေရန် ရည်ရွယ်သော လက်ရှိအစိုးရပိုင် ကွန်ရက်သုံးခုကို ပေါင်းစည်းခြင်းဖြင့် ဧရာမမီဒီယာလုပ်ငန်းစုကြီးတစ်ခု ထူထောင်ကြောင်း ကြေညာခဲ့သည်။ ၎င်း၏အမည်က “VOICE OF CHINA-တရုတ်အသံ” ဖြစ်ပါသည်။

CNN သတင်း။

May be an image of television, newsroom and text that says '្្រី 4 20:27474 autpscript 20:2 7:4 20:27:471 1 2027:4 20274 202 7.:4'

See insights and ads

Boost post

All reactions:

2020

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 82 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 93 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 90 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 88 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 89 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 104 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက