နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ကမ္ဘာကျော်သဌေးကြီး ဝါရင်ဘတ်ဖတ်က ကုမ္ပဏီရာထူးမှ နုတ်ထွက်ရသည့် အကြောင်းရင်းကို ထုတ်ဖော်ပြော

မေလ (၁၈) ရက်။

၁၄ ရက်နေ့ထုတ် Wall Street ဂျာနယ်နှင့် အင်တာဗျူးတွင် ကျော်ကြားတဲ့ အမေရိကန်ရင်းနှီးမြှုပ်နှံသူ အသက် (၉၄) နှစ်အရွယ် ဝါရင်ဘတ်ဖတ်က ဘာ့ခ်ရှီးယား ဟက်သာဝေး ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၏စီအီးအိုကနေ နုတ်ထွက်ရတဲ့အကြောင်းရင်းကို ရှင်းပြခဲ့ပါတယ်။

ဘတ်ဖတ်ဟာ မေလ (၃) ရက်နေ့က ပြုလိုက်တဲ့ ကုမ္ပဏီရဲ့ နှစ်ပတ်လည် အစုရှယ်ယာရှင်များ အစည်းအဝေးမှာ ဒီနှစ်ကုန်မှာ ရာထူးမှ နုတ်ထွက်မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

သူ့နေရာကို ဆက်ခံမယ့်သူကတော့ ဘာ့ခ်ရှီးယား ဟက်သာဝေး စွမ်းအင်ရဲ့ စီအီးအိုနဲ့ ဘာ့ခ်ရှီးယား အာမခံမဟုတ်တဲ့ စီးပွားရေးလုပ်ငန်းရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ ဂရက်အေဘယ်လ် (Greg Abel) ဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၆ ခုနှစ်အစောပိုင်းမှာ ဘတ်ဖတ်နေရာမှာ တာဝန်ယူဖို့ မျှော်လင့်ထားပါတယ်။ ဘတ်ဖတ်ကတော့ သူကွယ်လွန်ချိန်အထိ ကုမ္ပဏီရဲ့ နာယကအဖြစ် ဆက်ရှိနေမှာ ဖြစ်ပါတယ်။

ဂရက်အေဘယ်လ်ကို သူ့ရာထူးလွှဲပြောင်းပေးဖို့ ဆုံးဖြတ်ချက်ချရတဲ့ အကြောင်းရင်းက ရိုးရှင်းပါတယ်လို့ ဆိုပါတယ်။

“မှော်အခိုက်အတန့် မရှိပါဘူး” ဟု ဘတ်ဖတ်က WSJ ကို ပြောကြားခဲ့ပါတယ်။ “ကိုယ်တိုင် ဘယ်တော့ အိုမင်းလာမယ်ဆိုတာ သိနိုင်စရာ အကြောင်းမရှိပါဘူး။”

“ဘာကြောင့်မှန်းတော့ မသိဘူးဗျာ၊ ကျွန်တော် အသက် ၉၀ လောက်အထိ ကျွန်တော် အိုမင်းလာတယ်လို့ မခံစားရဘူး။” လို့ သူက ဆိုပါတယ်။ “ဒါပေမယ့် တစ်ကြိမ် အိုမင်းမှု စတင်လာရင် အရင်လို ဘယ်တော့မှ ပြန်ဖြစ်မလာတော့ဘူး။” လို့ သူက ဆက်ပြီးပြောပါတယ်။

အသက်အရွယ်ကြီးရင့်လာတဲ့ လက္ခဏာတွေကတော့ ဟန်ချက်ပျက်လာတာ၊ နာမည်တွေကို မမှတ်မိတော့တာ၊ သတင်းစာဖတ်ဖို့ ခက်ခဲလာတာတွေလို့ သူက ပြောပြပါတယ်။

ဒါပေမယ့် ဘတ်ဖတ်က သူအလုပ်ဆက်လုပ်ဖို့ စီစဉ်ထားပြီး သူ့ရဲ့ ရင်းနှီးမြုပ်နှံမှုစွမ်းရည်က မပျက်မစီးကျန်နေသေးတယ်လို့ WSJ ကို ပြောခဲ့ပါတယ်။

“ကျွန်တော် ကျန်းမာရေးကောင်းနေတယ်၊ ​​နေ့တိုင်းနေကောင်းတယ်လို့ ခံစားရတယ်” “ရုံးခန်းထဲမှာ အရေးပါတဲ့လူတွေနဲ့ အတူတူ အလုပ်လုပ်နေပါတယ်။ သူတို့ကလည်း ကျွန်တော့်ကို အရမ်းသဘောကျကြပါတယ်။ ကျွန်တော်တို့ ကောင်းမွန်တဲ့အချိန်တွေကို ဖြတ်သန်းနေကြပါတယ်။” လို့ ဘတ်ဖတ် က ပြောခဲ့ပါတယ်။

သူ့အငြိမ်းစားယူပြီးတဲ့နောက် သူ့ရဲ့အစီအစဉ်နဲ့ ပတ်သက်ပြီး မေးတဲ့အခါ ဘတ်ဖတ်က “ကျွန်တော် အိမ်မှာထိုင်ပြီး ဇာတ်လမ်းတွဲ ထိုင်ကြည့်ဖို့ မရည်ရွယ်ပါဘူး။ ကျွန်တော့်ရဲ့ စိတ်ဝင်စားမှုက ပြောင်းလဲသွားမှာ မဟုတ်ဘူး” လို့ ပြောခဲ့ပါတယ်။

နောက်ခံအကြောင်း။

ဝါရင်ဘတ်ဖတ်ဟာ အမေရိကန်ရင်းနှီးမြုပ်နှံသူတစ်ဦးဖြစ်ပြီး ဘာ့ခ်ရှီးယား ဟက်သာဝေး လုပ်ငန်းစုကြီးရဲ့ ရှယ်ယာအများဆုံးပိုင်ဆိုင်သူ၊ စီအီးအိုတယောက်ဖြစ်ပြီး ကမ္ဘာ့အချမ်းသာဆုံးလူများစာရင်းမှာ အမြဲတမ်း ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 82 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 93 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 93 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 89 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 90 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 105 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက