နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 4 ရက်

အစ္စရေး

အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်က အီရန်အား ခြွင်းချက်မရှိ လက်နက်ချရန် တောင်းဆို

ဇွန်လ ၁၈ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် “ ခြွင်းချက်မရှိ လက်နက်ချရန်” အီရန်ဇွန်လ ၁၇ ရက်နေ့တွင် တောင်းဆိုခဲ့ပြီး အမေရိကန်၏ စိတ်ရှည်မှုသည်ကန့်သတ်ချက်သို့ ရောက်ရှိနေသည်ဟု သတိပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် ၎င်းက အီရန်၏ အဓိပတိခေါင်းဆောင် အယာတိုလာ ခါမေနီကို လုပ်ကြံရန် ကြံရွယ်ချက်မရှိဟု ပြောကြားခဲ့သည်။

“ ထိပ်တန်းခေါင်းဆောင်” လို့ ခေါ်တဲ့သူရဲ့ ပုန်းအောင်းနေတဲ့နေရာကို အတိအကျ သိပါတယ်။ သူက လွယ်ကူတဲ့ ပစ်မှတ်ဖြစ်ပေမယ့် သူအဲဒီမှာ ဘေးကင်းပါတယ်။ အနည်းဆုံးတော့ သူ့ကို ဖယ်ရှားမှာမဟုတ်ဘူး” ဟု ထရန့်၏ လူမှုကွန်ရက်စာမျက်နှာ Truth Social တွင် ရေးသားခဲ့သည်။

“ အရပ်သားတွေနဲ့ အမေရိကန်စစ်သားတွေကို ဒုံးကျည်နဲ့ တိုက်ခိုက်တာကို ကျွန်တော်တို့ မလိုလားပါဘူး။ ကျွန်တော်တို့ရဲ့ စိတ်ရှည်သည်းခံမှုဟာ ကုန်သွားပါပြီ” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

အစ္စရေး-အီရန် ပဋိပက္ခတွင် ၎င်း၏ ပါဝင်ပတ်သက်မှု ပိုမိုနက်ရှိုင်းလာစေရန် အမေရိကန်က စဉ်းစားနေချိန်တွင် ထရန့်က အီရန်အပေါ် ပိုမိုပြင်းထန်သော ရပ်တည်မှု လက္ခဏာတစ်ရပ်အဖြစ် ရပ်တည်လာသည်။

အစောပိုင်းတွင် အစ္စရေးကာကွယ်ရေးဝန်ကြီး ကာ့(ဇ) (Katz) က ခါမေနီသည် ၂၀၀၆ ခုနှစ်တွင် အမေရိကန် ဦးဆောင်သော ကျူးကျော်တိုက်ခိုက်မှုတွင် ဖြုတ်ချခံခဲ့ရသော အီရတ်သမ္မတဟောင်း ဆက်ဒမ်ဟူစိန်ကဲ့သို့ ကံကြမ္မာကို ခါမေနီ ခံစားရနိုင်ကြောင်း ပြောကြားခဲ့ဖူးသည်။

အီရန်နိုင်ငံ မြို့တော် တီဟီရန်နှင့် အလယ်ပိုင်း Isfahan တို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး အစ္စရေးနှင့် အီရန်တို့ကြား စစ်ရေးပဋိပက္ခ ငါးရက်မြောက်နေ့အထိ အပြန်အလှန် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။ “ အီရန်က ဒုံးကျည်တွေ ထပ်ပြီး ပစ်ခတ်ခဲ့တယ်” ဟု အစ္စရေးက ပြောသည်။ စီးပွားရေးမြို့တော် တဲလ်အဗစ်နှင့် အစ္စရေးတောင်ပိုင်းတို့တွင် လေကြောင်းတိုက်ခိုက်မှု သတိပေးချက် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ။

ဇွန်လ ၁၇ ရက်နေ့က အီရန်၏ အဓိပတိခေါင်းဆောင် အယာတိုလာ ခါမေနီသည် မည်သည့်နေရာတွင် ရှိနေသည်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အတိအကျ သိရှိပြီး ၎င်းသည် လွယ်ကူသော ပစ်မှတ်ဖြစ်နေသော်လည်း၊ အနည်းဆုံးတော့ ၎င်းတို့သည် ယခုအချိန်အထိ လုပ်ကြံသတ်ဖြတ်မည် မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့စဉ် ရိုက်ထားသော ဓာတ်ပုံ/ရိုက်တာ/Kevin Lamarque)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အိမ်ဖြူတော်မှ ကာကွယ်ရေးအသုံးစရိတ် အကြီးအကျယ်တိုးမြှင့်ရန် ဘတ်ဂျက်အသစ်တွင် ဒေါ်လာ ၁.၅ ထရီလီယံ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ထရန့်အစိုးရသည် အီရန်နှင့် စစ်မက်ဖြစ်ပွားနေစဉ်အတွင်း စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို ခေတ်သစ်သမိုင်းတစ်လျှောက်
နိုင်ငံတကာသတင်း အမေရိကန် အီရတ်

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန် (Shelly Kittleson) ပြန်ပေးဆွဲခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန်သည် အင်္ဂါနေ့က အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် ပြန်ပေးဆွဲခံခဲ့ရကြောင်း သတင်းရင်းမြစ်များနှင့် သူမအလုပ်လုပ်ကိုင်ရာ သတင်းဌာနက ပြောကြား ခဲ့သည်။ အမေရိကန်အစိုးရအနေဖြင့်
နိုင်ငံတကာသတင်း အမေရိကန်

ဟက်ဂ်ဆက်သ်က အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို အီရန်စစ်ပွဲအတွင်း ရာထူးမှထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 13 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် (Pete Hegseth) သည် အီရန်စစ်ပွဲ ဆက်လက်ဖြစ်ပွား နေစဉ်အတွင်း အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို ကြာသပတေးနေ့တွင်
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်က ပမ် ဘွန်ဒီ (Pam Bondi) ကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် သမ္မတ ဒေါ်နယ်ထရမ့်သည် ပမ် ဘွန်ဒီကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ ၎င်း၏နေရာတွင် လက်ထောက်ရှေ့နေချုပ် တော့ဒ် ဘလန့်ချ် (Todd Blanche)
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲစတင်ကတည်းက အီရန်တွင် နေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ ပျက်စီးခဲ့ကြောင်း အီရန်လခြမ်းနီအသင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်လခြမ်းနီအသင်း၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ စစ်ပွဲစတင်ချိန်မှစ၍ အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ နီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်နှင့်စစ်ဖြစ်ပွားနေခြင်းသည် အမှန်တကယ်ပင် ‘အမေရိကကို ပထမဦးစားပေး (America First)’ ဖြစ်နေသလားဟု အမေရိကန်ပြည်သူများထံသို့ ပေးပို့သောစာတွင် အီရန်သမ္မတ မေးခွန်းထုတ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်သမ္မတသည် အမေရိကန်ပြည်သူများထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသား ပေးပို့ ခဲ့ပြီး၊ ထရမ့်အစိုးရနှင့် မိမိတို့နိုင်ငံအကြား ဖြစ်ပွားနေသော စစ်ပွဲသည် “အမေရိကကို ပထမ ဦးစားပေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်ဆောင်လာကြသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ဆီစျေးနှုန်းများသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်လျှင်