နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 28 ရက်

အစ္စရေး

အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်က အီရန်အား ခြွင်းချက်မရှိ လက်နက်ချရန် တောင်းဆို

ဇွန်လ ၁၈ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် “ခြွင်းချက်မရှိ လက်နက်ချရန်” အီရန်ဇွန်လ ၁၇ ရက်နေ့တွင် တောင်းဆိုခဲ့ပြီး အမေရိကန်၏ စိတ်ရှည်မှုသည်ကန့်သတ်ချက်သို့ ရောက်ရှိနေသည်ဟု သတိပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် ၎င်းက အီရန်၏ အဓိပတိခေါင်းဆောင် အယာတိုလာ ခါမေနီကို လုပ်ကြံရန် ကြံရွယ်ချက်မရှိဟု ပြောကြားခဲ့သည်။

“ထိပ်တန်းခေါင်းဆောင်” လို့ ခေါ်တဲ့သူရဲ့ ပုန်းအောင်းနေတဲ့နေရာကို အတိအကျ သိပါတယ်။ သူက လွယ်ကူတဲ့ ပစ်မှတ်ဖြစ်ပေမယ့် သူအဲဒီမှာ ဘေးကင်းပါတယ်။ အနည်းဆုံးတော့ သူ့ကို ဖယ်ရှားမှာမဟုတ်ဘူး” ဟု ထရန့်၏ လူမှုကွန်ရက်စာမျက်နှာ Truth Social တွင် ရေးသားခဲ့သည်။

“အရပ်သားတွေနဲ့ အမေရိကန်စစ်သားတွေကို ဒုံးကျည်နဲ့ တိုက်ခိုက်တာကို ကျွန်တော်တို့ မလိုလားပါဘူး။ ကျွန်တော်တို့ရဲ့ စိတ်ရှည်သည်းခံမှုဟာ ကုန်သွားပါပြီ” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

အစ္စရေး-အီရန် ပဋိပက္ခတွင် ၎င်း၏ ပါဝင်ပတ်သက်မှု ပိုမိုနက်ရှိုင်းလာစေရန် အမေရိကန်က စဉ်းစားနေချိန်တွင် ထရန့်က အီရန်အပေါ် ပိုမိုပြင်းထန်သော ရပ်တည်မှု လက္ခဏာတစ်ရပ်အဖြစ် ရပ်တည်လာသည်။

အစောပိုင်းတွင် အစ္စရေးကာကွယ်ရေးဝန်ကြီး ကာ့(ဇ) (Katz) က ခါမေနီသည် ၂၀၀၆ ခုနှစ်တွင် အမေရိကန် ဦးဆောင်သော ကျူးကျော်တိုက်ခိုက်မှုတွင် ဖြုတ်ချခံခဲ့ရသော အီရတ်သမ္မတဟောင်း ဆက်ဒမ်ဟူစိန်ကဲ့သို့ ကံကြမ္မာကို ခါမေနီ ခံစားရနိုင်ကြောင်း ပြောကြားခဲ့ဖူးသည်။

အီရန်နိုင်ငံ မြို့တော် တီဟီရန်နှင့် အလယ်ပိုင်း Isfahan တို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး အစ္စရေးနှင့် အီရန်တို့ကြား စစ်ရေးပဋိပက္ခ ငါးရက်မြောက်နေ့အထိ အပြန်အလှန် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။ “အီရန်က ဒုံးကျည်တွေ ထပ်ပြီး ပစ်ခတ်ခဲ့တယ်” ဟု အစ္စရေးက ပြောသည်။ စီးပွားရေးမြို့တော် တဲလ်အဗစ်နှင့် အစ္စရေးတောင်ပိုင်းတို့တွင် လေကြောင်းတိုက်ခိုက်မှု သတိပေးချက် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ။

ဇွန်လ ၁၇ ရက်နေ့က အီရန်၏ အဓိပတိခေါင်းဆောင် အယာတိုလာ ခါမေနီသည် မည်သည့်နေရာတွင် ရှိနေသည်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အတိအကျ သိရှိပြီး ၎င်းသည် လွယ်ကူသော ပစ်မှတ်ဖြစ်နေသော်လည်း၊ အနည်းဆုံးတော့ ၎င်းတို့သည် ယခုအချိန်အထိ လုပ်ကြံသတ်ဖြတ်မည် မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့စဉ် ရိုက်ထားသော ဓာတ်ပုံ/ရိုက်တာ/Kevin Lamarque)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 36 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 34 Views