နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာမှာ အစားအစာလာယူသူတွေကို အစ္စရေးစစ်တပ်က ဒုံးကျည်နဲ့ပစ်ရာ အနည်းဆုံး လူ ၅၁ ဦးသေဆုံးပြီး အမြောက်အများ ဒဏ်ရာရ

++++++++++++++++

ဂါဇာကမ်းမြောင်ဒေသတွင် အကူအညီများ အလွန့်အလွန် လိုအပ်နေသောကြောင့် သူတို့အနေနှင့် အကူအညီထောက်ပံ့မှုများ ရှာဖွေနေခြင်းကို အစ္စရေး၏ ပစ်ခတ်မှုကြောင့် ဒါဇင်နဲ့ချီ သေဆုံးခဲ့သည်ဟု ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၇ ရက်

အင်္ဂါနေ့နံနက်အစောပိုင်းတွင် ဂါဇာတောင်ပိုင်းရှိ ခန်းယူနစ် (Khan Younis) သို့ ရောက်လာရန် ရှိသည့် ကယ်ဆယ်ရေး ထရပ်ကားများကို စောင့်ဆိုင်းနေစဉ် အစ္စရေး၏ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၅၁ ဦး သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်ရပ်သည် အနီးနားတွင် လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း အကူအညီများ ရှာဖွေနေကြစဉ် သေဆုံးသူ အရေအတွက် အမြင့်ဆုံးဖြစ်ကြောင်း သိရသည်။ အစ္စရေးသည် ဂါဇာတွင် သီတင်း ၁၁ ပတ်ကြာ ပိတ်ဆို့ထားမှုအား ရုတ်သိမ်းပြီး အကူအညီများကို အနည်းငယ် ဝင်ရောက်ခွင့်ပြုပြီးနောက် အကူအညီပေးရေး စင်တာများ အနီးတွင် ပါလက်စတိုင်းသား ၄၀၀ နီးပါး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က အင်္ဂါနေ့က ထုတ်ပြန်ချက်တစ်ခုတွင် “အကူအညီ ဖြန့်ဖြူးရေးထရပ်ကားတစ်စီး Khan Younis ဧရိယာတွင် ပိတ်မိနေပြီး ထိုနေရာ တဝိုက်တွင် လူများစုဝေးလာမှုကို တွေ့ရှိခဲ့ကြောင်းနှင့်ထိုဒေသတွင် လှုပ်ရှားနေသော IDF တပ်ဖွဲ့ဝင်များ နှင့် လည်း နီးကပ်စွာရှိကြောင်း သိရသည်။

IDF မှ “ လူအုပ်ကြီး၏ချဉ်းကပ်မှုနောက်တွင် IDF ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ အများအပြား နှင့်ပတ်သက်သောအစီရင်ခံစာများကိုသတိပြုမိသည်” “ ဖြစ်ရပ်အသေးစိတ် အချက်အလက်များကိုပြန်လည်သုံးသပ်နေသည်” နှင့် “ ကျွန်ုပ်တို့၏တပ်သားများ၏ လုံခြုံရေးကို ထိန်းသိမ်းထားစဉ်သူတို့ကိုထိခိုက်မှုအနည်းဆုံးဖြစ်စေရန်လုပ်ဆောင်နေသည်” ဟု IDF မှပြောကြားခဲ့သည်။

မျက်မြင်သက်သေတစ်ဦးဖြစ်သည့် မိုဟာမက် အဘူ အဗဒ်က လူတစ်စုသည် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိမှန်ခဲ့ကြောင်း ပြောကြားခဲ့သည်။ သူက CNN သတင်းဌာနကို “ ကျွန်တော်တို့ ဂျုံမှုန့်ကားတွေကို စောင့်နေပါတယ်။ ရုတ်တရက်တော့ လူတွေကြားထဲကို ဒုံးကျည်နှစ်စင်း ကျရောက်ပေါက်ကွဲသွားတယ်၊ လူတွေရဲ့အလောင်းတွေ၊ အကြွင်းအကျန်တွေ၊ အသားအပိုင်းအစတွေကို နေရာအနှံ့ ပြိုကွဲသွားအောင် ထိမှန်သွားတယ်။ ဘာပြောရမှန်းတောင် မသိဘူး၊ သူတို့က ဘာမှမရှိတဲ့ လက်နက်မဲ့ လူတွေကို သတ်ပစ်လိုက်တယ်။”

“သူတို့က ကလေးတွေအတွက် ပေါင်မုန့် ဒါမှမဟုတ် ဂျုံမှုံလောက်ပဲ လာယူကြတာပါ။ သူတို့က ငါတို့ကို သွေးအေးအေးနဲ့ သတ်ခဲ့တယ်” ဟု အဘူအဗဒ်က ပြောကြားခဲ့သည်။

IDF သည် အင်္ဂါနေ့တွင် ထိုဒေသရှိ လေကြောင်းတိုက်ခိုက်မှုကို သတိမထားမိကြောင်း CNN သို့ ပြောကြားခဲ့သည်။

ခန်းယူနစ်တွင် အင်္ဂါနေ့က အခင်းဖြစ်ပွားရာနေရာမှ ဗီဒီယိုတွင် ဒါဇင်ပေါင်းများစွာသော အလောင်းများသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး သွေးများဖြင့် ဖုံးလွှမ်းထားသည်။

ဂါဇာကမ်းမြောင်ဒေသတွင် နေထိုင်သူ ၂.၁ သန်းကျော်အတွက် သေဆုံးမှု၊ အကြမ်းဖက်မှုနှင့် စိတ်ပျက်အားငယ်မှုတို့၏ နောက်ဆုံးမြင်ကွင်းများသည် အငတ်ဘေးနှင့် နီးကပ်လာနေသည် ဟု ကုလသမဂ္ဂက သတိပေးထားသည်။

ဂါဇာကမ်းမြောင်ဒေသတွင် ထောက်ပံ့ကူညီမှုများသည် ပြီးခဲ့သောလနှောင်းပိုင်းတွင် ၎င်း၏ ဖြန့်ဖြူးရေးဂိတ်များကို ဖွင့်လှစ်ပြီးကတည်းက ကမ္ဘာလုံးဆိုင်ရာ စိစစ်မှုအောက်တွင် တည်ရှိနေသည့် အငြင်းပွားဖွယ် ဂါဇာလူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့ (Gaza Humanitarian Foundation (GHF)) နှင့်အတူ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများက လောလောဆယ်တွင် လိုအပ်သည့် အစိတ်အပိုင်း၏ အနည်းငယ်မျှသာ ဖြန့်ဖြူးနိုင်သည်ဟု လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများက ပြောကြား ခဲ့သည်။

စတင်ချိန်မှစ၍ GHF ဖြန့်ဖြူးရေးနေရာများသို့ ပါလက်စတိုင်းသားများ အကြိမ်ကြိမ် အပစ်ခတ်ခံခဲ့ရပြီး သေဆုံးသူများအပြင် လူပေါင်း ၃၀၀၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အင်္ဂါနေ့က ရာဖာအနောက်ဘက်ရှိ အကူအညီပေးရေး ဖြန့်ဖြူးရေးနေရာအနီးတွင် အစ္စရေး၏ ပစ်ခတ်မှုကြောင့် လူရှစ်ဦး သေဆုံးခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အစ္စရေး-အမေရိကန်ကျောထောက်နောက်ခံပြုပုဂ္ဂလိကကန်ထရိုက်တာ GHF သည် တက်ကြွသောတိုက်ခိုက်ရေးဇုန်များကြားတွင် ၎င်း၏ဖြန့်ဖြူးရေး စင်တာများ ထူထောင်မှုအတွက် နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီအများအပြားက ဝေဖန်ပြစ်တင်ခဲ့သည်။ အဖွဲ့အစည်းသည် ၎င်းတို့၏ ဆိုက်များတွင် အကြမ်းဖက်မှု မရှိကြောင်း အကြိမ်ကြိမ် ပြောဆိုခဲ့သည်။ သို့သော် GHF သည် “ ကျွန်ုပ်တို့၏ လုံခြုံသောဖြန့်ဖြူးရေးဆိုက်ထက် ကျော်လွန်သည်” ဟုဖော်ပြထားသော ပတ်ဝန်းကျင် ဒေသများတွင် ပါလက်စတိုင်း သေဆုံးမှုများ ရှိနေကြောင်း GHF မှယခုလအစောပိုင်းတွင်အသိအမှတ်ပြုခဲ့သည်။ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက နောက်ထပ်မေးခွန်းများကို အစ္စရေးစစ်တပ်ထံ ကိုးကားခဲ့သည်။

IDF သည် ရာဖာတွင် အင်္ဂါနေ့က ဖြစ်ပွားခဲ့သည့် CNN ၏ မှတ်ချက်ကို တုံ့ပြန်ခြင်းမရှိသေးပါ။

အင်္ဂါနေ့တွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်ကာတပ်ခ် (Volker Türk) က X တွင် “ အစ္စရေးသည် ရိက္ခာနှင့် အသက်ကယ် ထောက်ပံ့မှုများကို ပိတ်ဆို့ထားပြီး လက်နက်သဖွယ် အသုံးပြုနေခဲ့သည်။ အစားအစာ ဖြန့်ဖြူးရေးစင်တာများသို့ အပူတပြင်း ဝင်ရောက်ရန် ကြိုးစားနေသော အရပ်သားများကို သေစေလောက်သော တိုက်ခိုက်မှုများအတွက် ချက်ချင်း ဘက်မလိုက်ဘဲ စုံစမ်းစစ်ဆေးရန် တိုက်တွန်းပါသည်” ဟု Xတွင် ရေးသားခဲ့သည်။

အင်္ဂါနေ့က ခန်းယူနစ် တွင် သေဆုံးခဲ့သူများထဲမှ တစ်ဦးမှာ မိသားစုအတွက် စားနပ်ရိက္ခာနှင့် ပြန်လာရန် မျှော်လင့်ချက်ဖြင့် ထိုနေရာသို့ ခရီးထွက်လာခဲ့သည့် အသက်၂၀ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်သည်။

သူ့အမေက မျက်ရည်တွေကျပြီး “သူ ပျော်ပွဲစားထွက်ဖို့သွားတာ မဟုတ်ဘူး။ သူ့အဖေနဲ့သားချင်းတွေအတွက် စားစရာ ယူလာပေးဖို့ သွားတာပါ။”

အနီးနားရှိ နာဆာကျန်းမာရေးအဆောက်အအုံ (Nasser Medical Complex) တွင် ရပ်ကွက်တစ်ခုလုံး အသေအပျောက်များဖြင့် ပြည့်ကျပ်နေကြောင်း ဆေးရုံဝန်ထမ်းများက ပြောသည်။ ဆေးရုံမှ ဗီဒီယိုဖိုင်တွင် လူဒါဇင်နှင့်ချီသော ဒဏ်ရာများဖြင့် ရောက်လာကြပြီး ဆေးရုံအတွင်း၌ အခြားသူများမှာ ကြမ်းပြင်ပေါ်တွင် လဲလျောင်းလျက် ကုသမှုခံယူရန် စောင့်ဆိုင်းနေကြသည်ကို တွေ့ရသည်။

အင်္ဂါနေ့တွင် ဆေးရုံမှလူနာများစွာကို လက်ခံရရှိခဲ့ပြီး “ ခန်းယူနစ်စ်ရှိ အကူအညီပေးဝေသည့် နေရာများကို အစ္စရေးစစ်တပ်၏ ပစ်မှတ်ထားမှုကြောင့် ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိပြီး အများအပြားသေဆုံးခဲ့သည်” ဟု ဗြိတိန်အခြေစိုက် Medical Aid for Palestinians (MAP) မှ အထူးကြပ်မတ်ကုသရေးဆရာဝန်တစ်ဦးက ပြောကြားခဲ့သည်။

“ဒီနေရာက အခြေအနေက စိတ်ကူးပြီးတွေးကြည့်ထားတာထက် ပိုပြီးဆိုးရွားပါတယ်” ဟု ဆရာဝန်က ပြောကြားပြီး ရေခဲတိုက်ထဲတွင်အလောင်းများ ပြည့်ကြပ်နေပြီး နောက်ထပ် အလောင်းများကို အဆောက်အအုံအပြင်ဘက်တွင် ထားရှိထားကြောင်း ပြောဆိုခဲ့သည်။

“ ကျွန်တော်တို့ အကောင်းဆုံးကြိုးစားနေပါတယ်၊ ဒါပေမယ့် အရေအတွက်က များလွန်းနေတယ်” ဟု ၎င်းက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 22 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 23 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 27 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 32 Views
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ) ပတ်ထားသည့် လူငယ်တစ်ဦးသည် သူ၏ AK-47 ရိုင်ဖယ်ကို တစ်စစီဖြုတ်ကာ ကျောက်ဆောင်ထူထပ်သည့် မြေပြင်ပေါ်တွင်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန် အီတလီ

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုမှုကြောင့် လူထုဒေါသထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်တပ်ဖွဲ့ဝင်များကို ထရမ့် ချီးကျူးစကားဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 35 Views
CNN- ဇန်နဝါရီ ၂၅၊ ၂၀၂၆ ဝါရှင်တန် ဒီစီ နှင့် လန်ဒန်မြို့ — အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှု များကို လျှော့ချပြောဆိုခဲ့သည့် ၎င်း၏ မှတ်ချက်များအပေါ် လူထုဒေါသ အပြင်းအထန် ထွက်ပေါ်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ