နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

စစ်ပွဲအပြီး ဂါဇာတွင် အိမ်ခြံမြေဆောက်လုပ်ရေးများ “ အလွန်ထွန်းကားဖွံ့ဖြိုးလာမည်” ဟု အစ္စရေး၏ လက်ယာစွန်း ဘဏ္ဍာရေးဝန်ကြီးက အကြံပြုပြောကြား

CNN-၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၈ရက်

အစ္စရေး ဘဏ္ဍာရေးဝန်ကြီး ဘက်ဇာလယ် စမော့ထရစ်ခ်ျ (Bezalel Smotrich) က ဂါဇာကို အိမ်ခြံမြေ “ ရတနာသိုက်” ဖြစ်လာနိုင်သည့် အလားအလာရှိသော နေရာတစ်ခုအဖြစ် ဖော်ပြခဲ့ပြီး စစ်ဒဏ်သင့်ဒေသကို မည်သို့ ခွဲဝေမည်ကို အမေရိကန်ပြည်ထောင်စုနှင့် ဆွေးနွေးနေသည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့တွင် တဲလ်အဗစ်မြို့၌ ကျင်းပသော မြို့ပြပြန်လည်တည်ဆောက်ရေး ထိပ်သီး အစည်းအဝေးတွင် ပြောကြားရာ၌ အဆိုပါ လက်ယာစွန်းဝန်ကြီးက “ အစ္စရေးနှင့် အမေရိကန်တို့သည် စစ်ပွဲအတွက် ငွေအမြောက်အမြား သုံးစွဲခဲ့ရသောကြောင့် ဂါဇာရှိ မြေရောင်းချမှုများမှ ရာခိုင်နှုန်းများကို ကျွန်ုပ်တို့ ခွဲဝေယူရန် လိုအပ်သည်” ဟု ပြောကြား ခဲ့သည်။

စမော့ထရစ်ခ်ျက ဂါဇာကို မည်သို့ခွဲဝေမည်နှင့် ပတ်သက်၍ အမေရိကန်နှင့် ညှိနှိုင်းမှုများ စတင်နေပြီဖြစ်ကြောင်းနှင့် ဤကိစ္စနှင့်ပတ်သက်သည့် စီးပွားရေးစီမံချက်တစ်ခုမှာ “ သမ္မတ (ဒေါ်နယ်) ထရမ့်၏ စားပွဲပေါ်တွင်” ရှိနေသည်ဟုလည်း အခိုင်အမာ ပြောကြားခဲ့သည်။
ဤကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် CNN သတင်းဌာနက အိမ်ဖြူတော်သို့ ဆက်သွယ်မေးမြန်းထားသည်။

“ မြို့ပြပြန်လည်တည်ဆောက်ရေးရဲ့ ပထမဆုံးအဆင့်ဖြစ်တဲ့ ဖြိုဖျက်ခြင်းအဆင့်ကို ကျွန်ုပ်တို့ လုပ်ဆောင်ပြီးပါပြီ – အခု ကျွန်ုပ်တို့ တည်ဆောက်ဖို့ လိုအပ်ပါတယ်” ဟု သူက ပြောကြားခဲ့သည်။

စမော့ထရစ်ခ်ျ၏ မှတ်ချက်များသည် အစ္စရေး၏ လက်ယာစွန်း အမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘန်ဂဗီယာ (Itamar Ben Gvir) ၏ အလားတူပြောဆိုမှုများအပြီး ထွက်ပေါ် လာခြင်း ဖြစ်သည်။ ဘန်ဂဗီယာက တနင်္လာနေ့တွင် ဂါဇာမြို့တော်၌ အစ္စရေး၏ စစ်ဆင်ရေးပြီးဆုံးသွားပါက အစ္စရေးရဲအရာရှိများအတွက် “ ခမ်းနားကြီးကျယ်သော ရပ်ကွက်ကြီးတစ်ခု” တည်ဆောက်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

ထရမ့်ကလည်း ယခင်က ဂါဇာကို “ ကြီးမားသော အိမ်ခြံမြေနေရာတစ်ခု” အဖြစ် ရှုမြင်ပြီး ပါလက်စတိုင်းလူမျိုး ၂.၁ သန်းကို ထိုနယ်မြေမှ နှင်ထုတ်ကာ အမေရိကန်က ပိုင်ဆိုင်မည့် “ ကမ္ဘာလှည့်ခရီးသွားများ အပန်းဖြေရာနေရာ (Riviera)” အဖြစ်သို့ ပြောင်းလဲရန် အဆိုပြုခဲ့ဖူးသည်။

ဖေဖော်ဝါရီလတွင် သမ္မတထရမ့်သည် သူ၏ Truth Social အကောင့်တွင် ဗီဒီယိုတစ်ခုပင် တင်ခဲ့သည်။ ထိုဗီဒီယိုမှာ generative AI ဖြင့် ဖန်တီးထားပုံရပြီး ဂါဇာကို ပင်လယ်ကွေ့ နိုင်ငံများကဲ့သို့ အပန်းဖြေစခန်းအဖြစ် ပြောင်းလဲခြင်းကို ကြော်ငြာထားသည်။ ထိုဗီဒီယိုထဲတွင် သူ၏ ရွှေရုပ်တု၊ ဟင်းမ်မတ်စ် (hummus) စားနေသော အီလွန် မက်စ် (Elon Musk) နှင့် ကမ်းခြေတွင် အပန်းဖြေနေသော အင်္ကျီမပါသည့် အမေရိကန်နှင့် အစ္စရေး ခေါင်းဆောင်များ ပါဝင်သည်။

ဤအဆိုပြုချက်သည် နိုင်ငံတကာအသိုင်းအဝိုင်းထံမှ ပြင်းထန်သော ရှုတ်ချမှုများကို ရရှိခဲ့သည်။
အစ္စရေး၏ လက်ယာစွန်းအုပ်စုသည် ပါလက်စတိုင်းလူမျိုးများကို ဂါဇာမှ ဖယ်ရှားလိုသည်မှာ ကြာပြီဖြစ်ပြီး၊ ဝေဖန်သူများက ထိုအလားအလာသည် လူမျိုးတုန်းသန့်စင်မှုအထိ ဖြစ်လာနိုင်သည်ဟု ပြောဆိုကြသည်။

ဂါဇာ၏ အကြီးဆုံးမြို့ဖြစ်သော ဂါဇာမြို့တော်ကို စီစဉ်ထားသည့်အတိုင်း ကျူးကျော်မှု စတင်လိုက်ပြီဖြစ်ကြောင်း အစ္စရေးက ပြောကြားခဲ့ပြီးနောက် ဂါဇာ၏ ဆိုးရွားသော အခြေအနေအတွက် စိုးရိမ်မှုများ ပိုမိုမြင့်တက်လာနေသည်။ ဤကျူးကျော်မှုကြောင့် ဒေသခံ ၁ သန်းကျော်သည် ကမ်းမြောင်၏ တောင်ဘက်ပိုင်းရှိ လူထူထပ်သော နေရာများသို့ ပိုမိုရွှေ့ပြောင်းသွားခဲ့ရသည်။

မျက်မြင်သက်သေများနှင့် ဂြိုလ်တုဓာတ်ပုံများအရ ဗုဒ္ဓဟူးနေ့အထိ အစ္စရေးတင့်ကား များသည် စီစဉ်ထားသော မြေပြင်စစ်ဆင်ရေးမတိုင်မီ ဂါဇာမြို့တော်၏ အစွန်အဖျားတွင် တပ်စွဲထားသည်။

အစ္စရေး၏ လက်ယာစွန်း ဘဏ္ဍာရေးဝန်ကြီး ဘက်ဇာလယ် စမော့ထရစ်ခ်ျ (Bezalel Smotrich) (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 22 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 23 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 27 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 32 Views
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ) ပတ်ထားသည့် လူငယ်တစ်ဦးသည် သူ၏ AK-47 ရိုင်ဖယ်ကို တစ်စစီဖြုတ်ကာ ကျောက်ဆောင်ထူထပ်သည့် မြေပြင်ပေါ်တွင်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန် အီတလီ

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုမှုကြောင့် လူထုဒေါသထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်တပ်ဖွဲ့ဝင်များကို ထရမ့် ချီးကျူးစကားဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 34 Views
CNN- ဇန်နဝါရီ ၂၅၊ ၂၀၂၆ ဝါရှင်တန် ဒီစီ နှင့် လန်ဒန်မြို့ — အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှု များကို လျှော့ချပြောဆိုခဲ့သည့် ၎င်း၏ မှတ်ချက်များအပေါ် လူထုဒေါသ အပြင်းအထန် ထွက်ပေါ်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ