နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

စစ်ပွဲအပြီး ဂါဇာတွင် အိမ်ခြံမြေဆောက်လုပ်ရေးများ “အလွန်ထွန်းကားဖွံ့ဖြိုးလာမည်” ဟု အစ္စရေး၏ လက်ယာစွန်း ဘဏ္ဍာရေးဝန်ကြီးက အကြံပြုပြောကြား

CNN-၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၈ရက်

အစ္စရေး ဘဏ္ဍာရေးဝန်ကြီး ဘက်ဇာလယ် စမော့ထရစ်ခ်ျ (Bezalel Smotrich) က ဂါဇာကို အိမ်ခြံမြေ “ရတနာသိုက်” ဖြစ်လာနိုင်သည့် အလားအလာရှိသော နေရာတစ်ခုအဖြစ် ဖော်ပြခဲ့ပြီး စစ်ဒဏ်သင့်ဒေသကို မည်သို့ ခွဲဝေမည်ကို အမေရိကန်ပြည်ထောင်စုနှင့် ဆွေးနွေးနေသည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့တွင် တဲလ်အဗစ်မြို့၌ ကျင်းပသော မြို့ပြပြန်လည်တည်ဆောက်ရေး ထိပ်သီး အစည်းအဝေးတွင် ပြောကြားရာ၌ အဆိုပါ လက်ယာစွန်းဝန်ကြီးက “အစ္စရေးနှင့် အမေရိကန်တို့သည် စစ်ပွဲအတွက် ငွေအမြောက်အမြား သုံးစွဲခဲ့ရသောကြောင့် ဂါဇာရှိ မြေရောင်းချမှုများမှ ရာခိုင်နှုန်းများကို ကျွန်ုပ်တို့ ခွဲဝေယူရန် လိုအပ်သည်” ဟု ပြောကြား ခဲ့သည်။

စမော့ထရစ်ခ်ျက ဂါဇာကို မည်သို့ခွဲဝေမည်နှင့် ပတ်သက်၍ အမေရိကန်နှင့် ညှိနှိုင်းမှုများ စတင်နေပြီဖြစ်ကြောင်းနှင့် ဤကိစ္စနှင့်ပတ်သက်သည့် စီးပွားရေးစီမံချက်တစ်ခုမှာ “သမ္မတ (ဒေါ်နယ်) ထရမ့်၏ စားပွဲပေါ်တွင်” ရှိနေသည်ဟုလည်း အခိုင်အမာ ပြောကြားခဲ့သည်။
ဤကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် CNN သတင်းဌာနက အိမ်ဖြူတော်သို့ ဆက်သွယ်မေးမြန်းထားသည်။

“မြို့ပြပြန်လည်တည်ဆောက်ရေးရဲ့ ပထမဆုံးအဆင့်ဖြစ်တဲ့ ဖြိုဖျက်ခြင်းအဆင့်ကို ကျွန်ုပ်တို့ လုပ်ဆောင်ပြီးပါပြီ – အခု ကျွန်ုပ်တို့ တည်ဆောက်ဖို့ လိုအပ်ပါတယ်” ဟု သူက ပြောကြားခဲ့သည်။

စမော့ထရစ်ခ်ျ၏ မှတ်ချက်များသည် အစ္စရေး၏ လက်ယာစွန်း အမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘန်ဂဗီယာ (Itamar Ben Gvir) ၏ အလားတူပြောဆိုမှုများအပြီး ထွက်ပေါ် လာခြင်း ဖြစ်သည်။ ဘန်ဂဗီယာက တနင်္လာနေ့တွင် ဂါဇာမြို့တော်၌ အစ္စရေး၏ စစ်ဆင်ရေးပြီးဆုံးသွားပါက အစ္စရေးရဲအရာရှိများအတွက် “ခမ်းနားကြီးကျယ်သော ရပ်ကွက်ကြီးတစ်ခု” တည်ဆောက်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

ထရမ့်ကလည်း ယခင်က ဂါဇာကို “ကြီးမားသော အိမ်ခြံမြေနေရာတစ်ခု” အဖြစ် ရှုမြင်ပြီး ပါလက်စတိုင်းလူမျိုး ၂.၁ သန်းကို ထိုနယ်မြေမှ နှင်ထုတ်ကာ အမေရိကန်က ပိုင်ဆိုင်မည့် “ကမ္ဘာလှည့်ခရီးသွားများ အပန်းဖြေရာနေရာ (Riviera)” အဖြစ်သို့ ပြောင်းလဲရန် အဆိုပြုခဲ့ဖူးသည်။

ဖေဖော်ဝါရီလတွင် သမ္မတထရမ့်သည် သူ၏ Truth Social အကောင့်တွင် ဗီဒီယိုတစ်ခုပင် တင်ခဲ့သည်။ ထိုဗီဒီယိုမှာ generative AI ဖြင့် ဖန်တီးထားပုံရပြီး ဂါဇာကို ပင်လယ်ကွေ့ နိုင်ငံများကဲ့သို့ အပန်းဖြေစခန်းအဖြစ် ပြောင်းလဲခြင်းကို ကြော်ငြာထားသည်။ ထိုဗီဒီယိုထဲတွင် သူ၏ ရွှေရုပ်တု၊ ဟင်းမ်မတ်စ် (hummus) စားနေသော အီလွန် မက်စ် (Elon Musk) နှင့် ကမ်းခြေတွင် အပန်းဖြေနေသော အင်္ကျီမပါသည့် အမေရိကန်နှင့် အစ္စရေး ခေါင်းဆောင်များ ပါဝင်သည်။

ဤအဆိုပြုချက်သည် နိုင်ငံတကာအသိုင်းအဝိုင်းထံမှ ပြင်းထန်သော ရှုတ်ချမှုများကို ရရှိခဲ့သည်။
အစ္စရေး၏ လက်ယာစွန်းအုပ်စုသည် ပါလက်စတိုင်းလူမျိုးများကို ဂါဇာမှ ဖယ်ရှားလိုသည်မှာ ကြာပြီဖြစ်ပြီး၊ ဝေဖန်သူများက ထိုအလားအလာသည် လူမျိုးတုန်းသန့်စင်မှုအထိ ဖြစ်လာနိုင်သည်ဟု ပြောဆိုကြသည်။

ဂါဇာ၏ အကြီးဆုံးမြို့ဖြစ်သော ဂါဇာမြို့တော်ကို စီစဉ်ထားသည့်အတိုင်း ကျူးကျော်မှု စတင်လိုက်ပြီဖြစ်ကြောင်း အစ္စရေးက ပြောကြားခဲ့ပြီးနောက် ဂါဇာ၏ ဆိုးရွားသော အခြေအနေအတွက် စိုးရိမ်မှုများ ပိုမိုမြင့်တက်လာနေသည်။ ဤကျူးကျော်မှုကြောင့် ဒေသခံ ၁ သန်းကျော်သည် ကမ်းမြောင်၏ တောင်ဘက်ပိုင်းရှိ လူထူထပ်သော နေရာများသို့ ပိုမိုရွှေ့ပြောင်းသွားခဲ့ရသည်။

မျက်မြင်သက်သေများနှင့် ဂြိုလ်တုဓာတ်ပုံများအရ ဗုဒ္ဓဟူးနေ့အထိ အစ္စရေးတင့်ကား များသည် စီစဉ်ထားသော မြေပြင်စစ်ဆင်ရေးမတိုင်မီ ဂါဇာမြို့တော်၏ အစွန်အဖျားတွင် တပ်စွဲထားသည်။

အစ္စရေး၏ လက်ယာစွန်း ဘဏ္ဍာရေးဝန်ကြီး ဘက်ဇာလယ် စမော့ထရစ်ခ်ျ (Bezalel Smotrich) (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 82 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက