နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

လူမှုကွန်ရက်စာမျက်နှာအချို့ကနေ စစ်အုပ်စုရဲ့ ဝါဒမှိုင်းဖြန့်အကောင့်တွေ ဖယ်ရှားခံရ

ဒီဇင်ဘာလ (၁၈)ရက်။

Twitch၊ Facebook၊ YouTube နဲ့ MediaFire တို့ကနေ အကြမ်းဖက်စစ်အုပ်စုရဲ့ ဝါဒမှိုင်းဖြန့်အကောင့်တွေ ဖယ်ရှားခံရတယ်လို့ Justice for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

Justice for Myanmar အပါအဝင် အရပ်ဘက်အဖွဲ့တွေက နည်းပညာကုမ္ပဏီတွေထံ အဲ့ဒီဝါဒဖြန့်အကောင့်တွေကို လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်မှုတွေရှိတဲ့အပေါ် ဒဏ်ခတ်ပိတ်ဆို့ဖို့ စာရေးသားပေးပို့ပြီးနောက် ဖြုတ်ချခံရတာလို့ ဆိုပါတယ်။

ဒီလို စစ်အုပ်စုပြန်ကြားရေးနဲ့ စစ်တပ်ရဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓါတ်စစ်ဆင်ရေးဌာနတို့က ကြီးကြပ်အသုံးပြုနေတဲ့ ဝါဒဖြန့်အကောင့်တွေကို မကြာမီက အရေးယူခဲ့တဲ့အပေါ် ကြိုဆိုတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး စစ်အုပ်စုဟာ ရိုဟင်ဂျာတွေအပေါ် အမုန်းစကားဖြန့်ဝေတာ၊ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ သွေးထိုးတာနဲ့ အတုအယောင်ရွေးကောက်အပါအဝင် သတင်းမှားတွေကို နိုင်ငံပိုင်မီဒီယာတွေနဲ့ ဝါဒဖြန့်ချီရေးရုပ်သံလိုင်းတွေကို အသုံးပြုလုပ်ဆောင်တဲ့ ရှည်လျားတဲ့ သမိုင်းမှတ်တမ်းရှိတယ်လို့ ရေးသားထားပါတယ်။

Amazon ပိုင် ဗီဒီယိုပလက်ဖောင်းဖြစ်တဲ့ Twitch ဟာ MRTV နဲ့ မြန်မာ့ရေဒီယိုလိုင်း (၁၄)ခုကို ဝက်ဆိုဒ်အပါအဝင် Google နဲ့ Apple Apps store တွေရှိ သူတို့ရဲ့ Apps တွေကနေ ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။

နောက်ပြီး Facebook ဟာ MITV စာမျက်နှာကို ဖျက်သိမ်းခဲ့သလို YouTube ကလဲ စစ်အုပ်စုပြန်ကြားရေးဝန်ကြီးဌာနရဲ့ အကောင့်တခုကို သူတို့ရဲ့ ပလက်ဖောင်းကနေ ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။

Facebook ရဲ့ အရေးယူတာဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သူတို့ချမှတ်ခဲ့တဲ့ စစ်တပ်ထိန်းချုပ်တဲ့ နိုင်ငံပိုင်မီဒီယာအဖွဲ့တွေအပေါ် ပိတ်ပင်တားမြစ်ချက်တွေနဲ့ ကိုက်ညီတယ်လို့ ‌ထုတ်ပြန်ထားပါတယ်။

အခုလို Justice for Myanmar က တိုင်ကြားခဲ့တဲ့ စစ်အုပ်စုအကောင့်တွေကို အမေရိကန်၊ ယူကေ၊ အီးယူ၊ ကနေဒါနဲ့ ဩစတြေးလျအပါအဝင် နိုင်ငံများစွာရဲ့ ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေက ထိန်းချုပ်ထားတာလို့ ထည့်သွင်းပြောဆိုထားပါတယ်။

ဒါ့အပြင် Google ရဲ့ မိခင်ကုမ္ပဏီ Alphabet အပါအဝင် Apple၊ TikTok၊ X၊ Telegram၊ Cloudflare နဲ့ APKPure တို့ကိုလဲ စာပေးပို့ထားပေမယ့် အခုအချိန်အထိ အရေးယူတာမရှိသေးဘူးလို့ ရေးသားထားပါတယ်။

ဒါ့ကြောင့် နည်းပညာကုမ္ပဏီတွေအနေနဲ့ ဖော်ထုတ်တွေ့ရှိထားတဲ့ စစ်အုပ်စုဝါဒမှိုင်းဖြန့်အကောင့်တွေကို ဖြုတ်ချဖို့နဲ့ သူတို့ရဲ့ပလက်ဖောင်းတွေကို စစ်အုပ်စုက အသုံးပြုနေတာတွေကို ပိတ်ပင်ဖို့ Justice for Myanmar က တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 39 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 38 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 41 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 32 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 42 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 33 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို